Wednesday, May 21, 2014

Shabbi Baraat, The Night of Forgiveness

ရှ​ဗ်​ဗိ​ဘာ​ရာ​သ် (ငြိမ်း​ချမ်း​ခွင့်​ရသ​ည့် ည)

ရှာ​ဘာ​န်​လ ​၁​၅ ရက်​နေ့​ည မြန်မာ ပြက္ခဒိန်​အရ ဆို​လျှင် ရှာ​ဘာ​န်​လ ​၁​၄ ရက် ည

Islamic Calendar

1. Muharram
2. Safar
3. Rabi' al-awwal
4. Rabi' al-thani
5. Jumada al-awwal
6. Jumada al-thani
7. Rajab
8. Sha'aban
9. Ramadan
10. Shawwal
11. Dhu al-Qi'dah
12. Dhu al-Hijjah

ရှာ​ဘာ​န်​လ ဆန်း​ပြီ​ဆို​လျှင် မြန်မာ​ပြည်​တွင် ရှ​ဗ်​ဗိ​ဘာ​ရာ​သ်​ည ရောက်​တော့​မည်​ကို မွတ်​စ်​လင်​တိုင်း စိတ်​စော နေ​မိ​ပါ​သည်။ သောကြာနေ့ ခွ​သ်​ဗ​ဟ် များ​တွင်​လည်း ရှ​ဗ်​ဗိ​ဘာ​ရာ​သ်​ည အကြောင်း ကြိုတင် ဟော​ကြ​ပြော​ကြ​၍ လူ​တိုင်း​သည် ထို​ည​ကို စောင့် မျှော်​နေ​ကြ​ပါ​သည်။ ရှ​ဗ်​ဗိ​ဘာ​ရာ​သ် ည​သည် ရှာ​ဘာ​န်​လ ​၁​၅ ရက် ည​ပိုင်း ကျ ရောက်​ပါ​သည်။

အ​စ္စ​လာ​မ်​ဘာသာ​တွင် ည​အချိန်​သည် အရ​င်​ကျ​ရောက်​ပြီး နေ့​အချိန်​သည် နောက်မှ​ကျ​ရောက်​သည်။ ဥပမာ နေ့​တစ်​နေ့​၏ မဂ်​ရိ​ဗ် အချိန်​သည် ည​အစ​ဖြစ်​ပြီး ၎င်း​ည​သည် မိုးလင်း​နေထွက်​ချိန်​ထိ ရှိ​၏။ နေ့​အချိန်​သည် နေထွက်​ချိန်​မှာ နေဝင်​ချိန် အထိ​ဖြစ်​သည်။ ထို့​ကြောင့် မြန်မာ အချိန် ​၁​၄ ရက်​နေ့ မဂ်​ရိ​ဗ် ဆွ​လာ​သ်​အချိန်​သည် အ​စ္စ​လာ​မ်​ဘာသာ​အရ ​၁​၅ ရက်​နေ့​ည စတင်​ပြီ​ဖြစ်​သည်။

အရှေ့​အာ​ရှ​နိုင်ငံ​များ (အိန္ဒိယ၊ ပါ​က​စ္စ​တန်၊ ဘ​င်္ဂ​လာ​ဒေး​ရှ်၊ မြန်မာ) စ​သည့် နိုင်ငံ​များ​တွင် ရှ​ဗ်​ဗိ​ဘာ​ရာ​သ် ည​ကို နှစ်စဉ်​နှစ်​တိုင်း ကျင်းပ​လေ့​ရှိ​ပါ​သည်။ ကျွန်တော်​တို့ မှတ်​မှတ်​ရ​ရ​ဆို​လျှင် မြန်မာ​နိုင်ငံ​တွင် ဗ​လီ​ဝတ်ကျောင်း တော်​များ​၌ လူကြီး​လူ​ငယ် မ​ရွေး သွား​ရောက်​ကြ​ပြီး တရား​သွား​နားထောင်​ကြ၊ က​ဘ​ရ်​သင်္ချိုင်း​များ​သို့ သွား​ရောက်​ကြ၊ သေ​ဆုံး​သူ ဆွေ​မျိုး​သားချင်း​များ​ကို အပြစ်​အပေါင်း မှ​ကင်း​လွှတ်​စေ​လို​ကြော​င်း ဖတ်​ရွတ် ဆုတောင်း​ကြ လေ့​ရှိ​ပါ​သည်။ အ​စွာ​ရ် ဆွ​လာ​သ် အချိန် ကုန်​လွန်​သည်​နှင့် မြောက်​များ​စွာ​သော ရန်ကုန်မြို့​ရှိ လိုင်း​ကား​များ ဘတ်စ်ကား​များ တိုက်​စီ​ကား​များ​သည် မွတ်​စ်​လင်​မ် တို့​ကို အ​နယ်​နယ်​အရပ်​ရပ်​မှ တာ​မွေ​သင်္ချိုင်း၊ ကန်​တော်​ကလေး​သင်္ချိုင်း သို့ သယ်ယူ​ပို့ဆောင်​ရေး​လုပ်​ငန်း​ကို စတင်​လုပ်​ပေး​ကြ​ပြီ​ဖြစ်​သည်။ အထူးသဖြင့် မဂ်​ရိ​ဗ်​အချိန်​နောက်​ပိုင်း​တွင် ကား​များ၊ လူ​များ ကြိတ်​ကြိတ်​တိုး​နေ​အောင် တာ​မွေ နှင့် ကန်​တော်​ကလေး သင်္ချိုင်း​များ​တွင် စည်း​ကား​နေ​ပေ​တော့​သည်။ သင်္ချိုင်း​များ​အတွင်း​နှင့် အပြင်​ဘက်​တို့​တွင်​လည်း ကျောင်း​အလှူ​ငွေ ကောက်ခံ​သူ​များ​နှင့် ၎င်း​တို့​၏ ကောင်​တာ​များ၊ အ​စ္စ​လာ​မ့်​ပစ္စည်း​များ ရောင်းချ​သည့်​ဆိုင်​များ နှင့် တောင်းရမ်း​သူ ရာ​နှင့် ထောင်​နှင့်​ချီ နေ​အောင် တွေ့​နိုင်​သည်။ ဆုတောင်း​လာ​ကြ​သူ​တို့ သည် မိမိ​တို့​၏ ဆုတောင်း​ခြင်း၊ ပေး​လှူ​ခြင်း လုပ်​ငန်း​များ လုပ်ကိုင်​ပြီး​သည်​နှင့် မိမိ​အိမ်​များ​သို့ ကိုယ်စီ ပြန်​ကြ​တော့​သည်။

အချို့ ရပ်​ကွက်​ဗ​လီ​ဝတ်ကျောင်း​တော်​များ​တွင် အီ​ရှာ ဆွ​လာ​သ် ဖတ်​ပြီး​နောက် အီ​မာ​မ် ​ဆွာ​ဟိ​ဗ်​က ရှ​ဗ်​ဗီ​ဘာ​ရာ​သ် ည​မြတ် အကြောင်း သိ​ကောင်း​စရာ​များ​ကို ဟောပြော​လေ့​ရှိ​ပြီး လူ​ငယ်​များ​သည် ၎င်း​တရား​ကို အပြီး​တိုင်အောင် နားထောင်​ပြီး နောက် သင်္ချိုင်း​များ​သို့ သွား​ရောက်​လေ့​ရှိ​သည်။ အချို့​ရပ်​ကွက်​ဗ​လီ​များ​တွင် အီ​ရှာ​အချိန်​ကတည်းက ည ​၃ နာရီ​နောက်​ပိုင်း စဲ​ဟ်​ရီ လာ​ရောက်​စား​သုံး​နိုင်​ကြော​င်း ကြော်ငြာ​ဘုတ်​များ​တွင် ကျေ​ညာ​ချက်​များ တင်ပြ​ထား​လေ့​ရှိ​သည်။ လူ​ငယ်​သဘာ၀ အစား​အစား အကောင်း​ဆုံး ချက်​ပြုတ်​သော ဗ​လီ​များ​မှ ကျွေးမွေး​သော ​ဗီ​ရ်​ရာ​န​၊ီ အုန်းထမင်း၊ ဟ​လ​ဝါ နှင့် တ​ခါ​တ​ရံ ဖာ​လူ​ဒါ​ကို​ပါ​မ​ကျန် ပျော်​ပျော်ပါး​ပါး လိုက်လံ​စား​သုံး​လေ့ ရှိ​သည်​ကို မေ့​မ​ရ​နိုင်​ပါ။ အရွယ်ရောက်​လာ​သည့်​အခါ တ​ဖြေးဖြေး ​ရှ်​ဗ်​ဗီ​ဘာ​ရာ​သ်​ည ရန်ကုန် တွင် ယခင်​က​ကဲ့သို့ လူ​မစ​ည်​တော့​သည်​ကို သတိထား​မိ​သည်။ အကြောင်း​ကတော့ ​၁​၉​၉​၀ နောက်​ပိုင်း ရေ​ဝေး က​ဗ​ရ်​စ​တန် တည် ဆောက်​ပြီး​နောက် လူ​တို့​သည့် ဟို​ဘက်​သွား​လိုက် ဒီ​ဘက်​သွား​လိုက်​နှင့် ဖြစ်​နေ​သည်​ကို သတိထား​မိ​သည်။ မည်သို့​ပင်​ဖြစ်​စေ ယနေ့​တိုင် ဘာ​ရာ​သ်​ည​မြတ်​ကို မြန်မာ အိန္ဒိယ ပါ​က​စ္စ​တန် စ​သည့် နိုင်ငံ​များ​တွင် ဆက်လက်​ကျင်းပ​နေ​သည်​ကို သိ​ရသ​ည်။

ဗ​လီ​ဝတ်ကျောင်း​တော် အီ​မာ​မ် အများ​စု​က ၎င်း ရှ​ဗ်​ဗီ​ဘာ​ရာ​သ်​ည​နှင့် ပတ်သက်​လျှင် တင်ပြ​ရှင်း​ပြသ​ည်​မှာ မြန်မာ​မွတ်​စ်​လင်​မ် အများ​စု အနေ​ဖြင့် လက်ခံ​ကျင့်​သုံး​ကြ​သည်မှာ ရာ​စု​များ​စွာ​တိုင်အောင် အယူဝါဒ​မ​ကွဲပြား​ဘဲ တ​စိုက်​မတ်​မတ် လုပ်ဆောင်​လာ ကြ​သော်လည်း အာ​ရ​ဗ် နိုင်ငံ​များ၊ ထိုင်း၊ မ​လေး၊ အင်ဒို စ​သည့် ရှာ​ဖ​အီ မ​ဇ်​ဟ​ဗ် ကျင့်​သုံး​သည့် နိုင်ငံ​များ​တွင် ၎င်း​ည​အကြောင်း ပြော​လျှင် လုံး​ဝ​မ​သိ​ကြ​သ​လို လက်မ​ခံ​ကြ​သည်​ကို​လည်း တွေ့​ရ ပေ​သည်။ ၎င်း​တို့​က အများ​အား​ဖြင့် ပြော​ကြ​သည်မှာ ၎င်း​ည​၏ ထူး​မြတ်​ခြင်း၊ ၎င်း​ည​တွင် အမ​လ်​အီ​ဗါ​ဒ​သ်​အဖြစ် လုပ်ကိုင်​နေ​ခြင်း​များ၊သင်္ချိုင်း​များ​သို့ သွား​ရောက်​ဇီ​ယာ​ရ​သ်​လုပ်​ခြင်း​များ​သည် သာသနာ​တော်​တွင် မ​ရှိ​ကြော​င်း ပြော​ကြ​သည်။ မိမိ​တို့ ဆရာ​များ ဆွဲကိုင်​ထား​သော ဟ​ဒီး​ဆ်​တော်​များ​ကို ခိုင်မာ​မှု​မ​ရှိ​ကြော​င်း တင်ပြ​ကြ​သည်။
ထို့​ကြောင့် သူ​တို့​နိုင်ငံ​တွင် ​ရှ်​ဗ်​ဗီ ဘာ​ရာ​သ် အယူ​အဆ​များ​မ​ရှိ​ဟု ပြော​ကြ​လေ​သည်။


မိမိ​တို့ သိ​သော ​ရှ်​ဗ်​ဗိ​ဘာ​ရာ​သ် ည​နှင့် လုပ်ဆောင်​ချက်​များ​မှာ သိ​ရ်​မိ​ဇီ​ဟ​ဒီး​ဆ်​ကျမ်း​တွင် အိုင်​ရှာ (ရ) ၏ တင်ပြ​ချက်​ကို ​ဖေါ်​ပြ​ထား​သည်မှာ၊ တစ်​ည မိမိ​အိပ်ရာ​မှ နိုး​ချိန် တမန်​တော်​မြတ်​ကို မ​တွေ့​ရသ​ဖြင့် လိုက်​ရှာ​ရာ အိမ်​မှ​ထွက်​ခွါ​နေ​သော တမန်​တော်​မြတ်​ကို တွေ့​ရသ​ည်။ ထို​အခါ ကျွန်မ နောက်မှ လိုက်​ကြည့်​ရာ တမန်​တော်​မြတ်​သည် ​ဂျ​န္န​သ် ဗ​ကိ​အ်​ဖက်​သို့ သွား​နေ​သ​ဖြင့် ကျွန်မ​လည်း နောက်မှ​လိုက်​သွား​မိ​သည်။ တမန်​တော်​မြတ်​သည် က​ဗ​ရ်​ရှေ့​တွင် ရပ်​လျှ​က် သေ​ဆုံး​သူ​တို့​အတွက် ခွင့်လွှတ်​မှု​ကို​တောင်းခံ​နေ​ပေ​သည်။ ကျွန်မ​ကို တွေ့​လျှင် အို​အိုင်​ရှာ အ​လ္လာ​ဟ်​နှင့် အ​လ္လာ​ဟ်​တမန်​တော်​သည် အသင့်​ကို သစ္စာ ​ဖေါ​က်​သည်​ဟု အသင်​ထင်မြင်​နေ​သလား။ ကျွန်မ​က မဟုတ်​ကြော​င်း တမန်​တော်​မြတ် အနေ​ဖြင့် ကိစ္စ​ရှိ​မည်​ဖြစ်​၍ အခြား ဇနီး​တော် တစ်​ဦးဦး​ထံ သွား​နေ​သလား​ဟု​သာ ထင်မြင်​ကြော​င်း​ပြော​မိ​သည်။ တမန်​တော်​မြတ်​က အို​အိုင်​ရှာ ဤ​ည​သည် မည်​သည့်​ည ဖြစ်​သည်​ကို အသင်​မ​သည် သိ​ပါ​သလား​ဟု​မေး​ရာ ကျွန်မ​က အ​လ္လာ​ဟ်​နှင့် အ​လ္လာ​ဟ်​ရ​စူ​လ်​သာ အသိ​ဆုံး​ဖြစ်​ပါ​ကြော​င်း​ပြော​ရာ၊ တမန်​တော်​မြတ် က ဒီ​ည​သည် ရှာ​ဘာ​န်​လ ​၁​၅ ရက်​နေ့​ည​ဖြစ်​ကြော​င်း ဘာ​ရာ​သ်​ခေါ် လွတ်ငြိမ်း​ချမ်းသာ​ခွင့်​ပြု​သည့် ည​ဖြစ်​ကြော​င်း၊ အ​လ္လာ​ဟ်​အရှင်​မြတ်​သည် ဗ​နီ​က​လ်​ဗ် တို့​၏ သိုး​များ​ပေါ်​ရှိ အမွှေး​များ အရေအတွက်​နှင့် တူညီ သော လူ​တို့​၏ အရေအတွက်​ကို အပြစ်​ငရဲ​များ​မှ ခွင့်လွှတ်​မည်​ဖြစ်​ကြော​င်း ပြော​ပြ​ပါ​သည်။

ထို​အကြောင်း​များ​ကြောင့် မိမိ​တို့​သည် (၁) က​ဘ​ရ်​စ​တန်သင်္ချိုင်းများ သို့​သွား​ရောက်​ခြင်း (၂) တစ်​နေ့​လုံး​အတွက် ဆွ​လာ​သ် ​၅ ကြိမ် ရအောင် ဖတ်​ခြင်း ( ၃) မဂ်​ရိ​ဗ် ဆွ​လာ​သ် အပြီး န​ဖိ​လ် ဆွ​လာ​သ် ​၂ ရ​က​အ​သ် ​၃ ကြိမ် ဖတ်​ခြင်း (၄) စူ​ရာ ရာ​စီး​န် ​၃ ကြိမ်​ဖတ်​ခြင်း (၅) ည​အခါ သ​ဟ​ဂ်ျ​ဂျွ​ဒ် န​မာ​ဇ် ဖတ်​ခြင်း (၆) ကျမ်း​မြတ်​ကု​ရ်​အာ​န် ဖတ်​ခြင်း (၇) ဇိ​ကိ​ရ် ရသ​လောက်​လုပ် ခြင်း (၈) ဆွ​လာ​သ် သစ်​ဘိ​ဟ် ဖတ်​ခြင်း (၉) စ​ဟ်​ရီ​စား​သောက်​ခြင်း ရို​ဇာ​စောင့်ထိန်း​ခြင်း (၁​၀) တတ်အား​သ​၍ အလှူ​ဒါန​ပြုလုပ်​ခြင်း စ​သ​ဖြင့် မိမိ​တို့​၏ ရှ​ဗ်​ဗိ​ဘာ​ရာ​သ်​ကို အကောင်း​ဆုံး​ဖြစ်​အောင် အမ​လ်​အိ​ဗါ​ဒ​သ်​များ​ဖြင့် ကျေနပ်​စရာ​ဖြစ်​အောင် လုပ်ဆောင်​လေ့​ရှိ​ပါ​သည်။

သို့​သော်ငြားလည်း ယနေ့​ခေတ်​လူ​တို့​သည် အထက်​ပါ​ဖေါ်​ပြ​ချက်​များ မှန်ကန်​မှု​ရှိ​မ​ရှိ​ကို အ​ထူး​တ​လည် လိုက်လံ​မေးမြန်း ရှာဖွေ​ကြ​လေ့​ရှိ​သည်​ကို​လည်း သိ​သ​ဖြင့် ယနေ့ အိန္ဒိယ​တိုက်ခွဲ​တွင် ပါ​က​စ္စ​တန်​နိုင်ငံ​မှ ကမ္ဘာ​ကျော် အ​စ္စ​လာ​မ် သာ​သ​နာ့​ပညာ​ရှင် မောင်​လာ​နာ ​မု​ဖ်​သ​ကီး ​ဆွာ​ဟိ​ဗ် တင်ပြ​သည့် ရှ​ဗ်​ဗီ​ဘာ​ရာ​သ် အကြောင်း သိ​ကောင်း​စရာ​များ​ကို အောက်​ပါ​အတိုင်း မြန်မာဘာသာ​သို့ ပြန်ဆို​ရေးသား​လိုက်​ပါ​သည်။

၁။ ရှာ​ဘ​န်​လ​မြတ်​သည် မြင့်မြတ်​သော လ​မြတ်​များ​တွင် ပါ​ပြီး ၎င်း​လ​မြတ်​နှင့် ပတ်သက်​ပြီး တမန်​တော်​မြတ် (ဆွ) ၏​လမ်း​ညွှန်​ချက် များ​ကို လေ့​လာ​နိုင်​ပါ​သည်။ ဟ​ဒီး​ဆ်​တော်​များ​အရ တမန်​တော်​မြတ် (ဆွ) သည် လ​မြတ် ရှာ​ဘ​န်​တွင် ရက်​များ​စွာ​၌​ဥပုသ် တည်ဆောက်​သည်​ကို တွေ့​နိုင်​ပါ​သည်။ အ​ဆို​ပါ ဥပုသ်စောင့်​ထိန်း​ခြင်း​သည် တမန်​တော်​မြတ်(ဆွ)အပေါ်​တွင် ဖ​ရ​ဇ်​တာဝန် မ​ဖြစ်​မ​နေ​လုပ်​ရ​မည့် တာဝန်​အဖြစ် မ​တည်​ရှိ​သော်လည်း တမန်​တော်​မြတ်(ဆွ)သည် လာ​တော့​မည့် လ​မြတ်​ရ​မ်​ဇာ​န်​နှင့် ပတ်သက်​ပြီး ပြင်ဆင်​ခြင်း​လုပ်​ငန်း​များ​ကို လုပ်​သည့်​အနေ​ဖြင့် ရို​ဇာ​စောင့်ထိန်း​ခြင်း အခြား​လုပ်​ငန်း​များ​ကို လုပ်ကိုင်​ဆောင်ရွက် သည်​ကို လေ့​လာ​နိုင်​ပါ​သည်။

၂။ အနက်​စ်(ရ)တင်ပြ​သည်မှာ တမန်​တော်​မြတ်​အား ရ​မ်​ဇာ​န်​လ​မြတ်​ပြီး​နောက် မည်​သည့် လ​၏​ရို​ဇာ​သည် အမြင့်​မြတ်​ဆုံး​ဖြစ်​ပါ​သန​ည်း​ဟု မေး​ရာ​ဖြေ​ကြား​သည်မှာ ရှာ​ဘ​န်​လ​၏ ရို​ဇာ​ဖြစ်​ကြော​င်း​မိန့်​ပါ​သည်။

၃။ အိုစာ​မာ​ဗ​င်​ဇို​ဒ်(ရ)က တမန်​တော်​မြတ် (ဆွ) အား ပြောဆို​သည်မှာ “အို​တမန်​တော်​မြတ်(ဆွ) သခင်​သည် ရှာ​ဘာ​န်​လ​တွင် အများ​နှင့်​မ​တူ ထူး​ထူး​ကဲ​ကဲ ဥပုသ် ​စော့​င်​ထိန်း​လေ့​ရှိ​ပါ​သည်။ မည်​သည့် အကြောင်း​ကြောင့် ပါ​နည်း” ဟု​မေး​ရာ တမန်​တော်​မြတ်(ဆွ)က “အို အိုစာ​မာ ရှာ​ဘာ​န်​လ​သည် ရ​ဂျ​ဗ်​လ​နှု​င့် ရ​မ်​ဇာ​န်​လ​မြတ်​တို့ အကြား​တွင် ကျ​ရောက်​ပြီး များ​စွာ​သော​သူ​တို့​သည် ဤ​လ​ကို မေ့​ထား​ကြ​လေ့​ရှိ​သည်။ ၎င်း​နောက် ဤ​လ​တွင် လူ​တို့​၏ ကောင်းမှု မကောင်းမှု စာရင်း​အစု​စု​ကို အ​လ္လာ​ဟ်​အရှင် မြတ်​ထံ ဆက်သ​လေ့​ရှိ​ပါ​သည်။ မိမိ​သည် မိမိ​၏ စာရင်း​ဇယား​ကို အ​လ္လာ​ဟ်​အရှင်​မြတ်​ထံ တင်ပြ​သည့်​အချိန်​တွင် ရို​ဇာ​စောင့်ထိန်း​လျှ​က် ရှိ​နေ​ချင်​ပါ​သည်”” ဟု ဖြေ​ကြား​ပါ​သည်။

၄။ အိုင်​အိ​ရှာ (ရ) တင်ပြ​သည်မှာ တမန်​တော်​မြတ် (ဆွ) ရှာ​ဘာ​န် လ​တွင် တစ်​လ​လုံး ရို​ဇာ​စောင့်ထိန်း လေ့​ရှိ​ပါ​သည်။ သို့​ဖြင့် မိမိ​သည် တမန်​တော်​မြတ် (ဆွ) အား မေးမြန်း​သည်မှာ ““ ရှာ​ဘာ​န်​လ​သည် သ​ခ​င့် အတွက် အလွန်​အနှစ်​သက်​ဆုံး​သော လ​များ​တွင် ပါဝင်​ပါ​သလား”” သခင်​က ““ရှာ​ဘာ​န်​လ​တွင် အ​လ္လာ​ဟ် အရှင်​မြတ်​သည် ကွယ်​လွန်​သေ​ဆုံးမ​ည့်​သူ​များ စာရင်း​ကို ထုတ်ပြ​န်​လေ့​ရှိ ပါ​သည်။ မိမိ​သည် မိမိ​၏ သေ​စာရင်း​ကို ထုတ်ပြ​န်​သည့်​အချိန်​တွင် ရို​ဇာ​စောင့်ထိန်း​လျှ​က်​ရှိ​ချင်​ပါ​သည်”” ဟု ဖြေ​ကြား​ပါ​သည်။

၅။ အိုင်​အိ​ရှာ (ရ) မိန့်​သည်မှာ တမန်​တော်​မြတ် (ဆွ) သည် ရို​ဇာ​စောင့်ထိန်း​ပြီ​ဆို​လျှင် မိမိ​တို့​ထင်မြင်​မိ​သည်မှာ သခင်​သည် ရို​ဇာ​စောင့်ထိန်း​ခြင်း​ကို ရပ်ဆိုင်း​တော့​မည်​မဟုတ်​ဟု ဟူ၍​ဖြစ်​သည်။ ရို​ဇာ​စောင့်ထိန်း​ခြင်း​ကို ရပ်ဆိုင်း​လိုက်​ပြီ​ဆို လျှင် နောက်ထပ် ရို​ဇာ​စောင့်ထိန်း​တော့​မည်​မဟုတ်​ဟု ထင်မြင်​ကြ​သည်။ တမန်​တော်​မြတ် သည် ရ​မ်​ဇာ​န်​လ​မှ​လွဲ​လျှင် မည်​သည့်​လ​တွင်​မှ တစ်​လ လုံး​ပြည့် အောင် ရို​ဇာ​စောင့်ထိန်း​ခဲ့​သည်မ​ဟုတ်​ပါ။ သို့​သော် ရှာ​ဘ​န်​လ​တွင်​မူ အခြား​သော​လ​များ​ထက် ရို​ဇာ​အများ​ဆုံး စောင့်ထိန်း တော်​မူ​လေ့​ရှိ​ပါ​သည်။

၆။ အိုင်​အိ​ရှာ (ရ) တင်ပြ​သည်မှာ တမန်​တော်​မြတ် (ဆွ) သည် ရှာ​ဘာ​န်​လ​၏ ရို​ဇာ​စောင့်ထိန်း​ခြင်း​ကို အ​ထူး ဂရုပြု​စောင့်ထိန်း​သည်​ကို တွေ့​ရသ​ည်။ သခင်​သည် ရက်​အနည်း​မှ​လွဲ​၍ ရှာ​ဘာ​န် တစ်​လ​လုံး ရို​ဇာ​စောင့်ထိန်း လေ့​ရှိ​သည်။ မ​သိ​လျှင် သခင်​သည် ရှာ​ဘာ​န်​တစ်​လ​လုံး ရို​ဇာ​စောင့်ထိန်း​သည်​ဟု ထင်မြင်​ရ​ပါ​သည်။
စ​လီ​မာ (ရ) တင်ပြ​သည်မှာ တမန်​တော်​မြတ် (ဆွ) အား မိမိ​သည် လ​နှစ်​လ​တွင် တ​နှစ်​လုံး​ပြည့် အောင် ရို​ဇာ​စောင့်ထိန်း​တော်​မူ​လေ့​ရှိ သည်။ ထို​လ​နှစ်​လ​မှာ ရ​မ​ဇာ​န် နှင့် ​ရှုာ​ဘာ​န်​လ​တို့​ဖြစ်​သည်။

အထက်​ပါ ဟ​ဒီး​ဆ်​များ​ကို လေ့​လာ​ခြင်း​အား​ဖြင့် တမန်​တော်​မြတ် (ဆွ) သည် ရှာ​ဘာ​န်​လ​တွင် ရက်​များ​စွာ ရို​ဇာ​ဥ​ပုတ်​စောင့်ထိန်း လေ့​ရှိ​သည်​ကို တွေ့​ရ​ပါ​သည်။ ထိုသို့​စောင့်ထိန်း​ခြင်း​သည် တမန်​တော်​မြတ်​အပေါ်​တွင် ဖ​ရ​ဇ် တာဝန်​တစ်​ရပ်​မဟုတ်​သော်လည်း တမန်​တော်​အနေ​ဖြင့် တ​ဆိုက်​မတ်​မတ် ရို​ဇာ​စောင့်ထိန်း​ခြင်း​ကို ကြည့်​ခြင်း​ဖြင့် သိ​ရသ​ည်​မှာ ရှာ​ဘာ​န်​လ​သည် မြင့်မြတ်​သော လ​ဖြစ်​သည်မှာ သေချာ​ခြင်း​ပင်​ဖြစ်​ပါ​သည်။

သို့​သော် အ​ထူး​သတိထား​သင့်​သည်မှာ ရှာ​ဘာ​န်​လ ရို​ဇာ​စောင့်ထိန်း​ခြင်း​သည် သန်မာ​သော စွမ်းဆောင်နိုင် သော သူ​တို့​အတွက် သာ​ဖြစ်​သည်။ ရှာ​ဘာ​န်​လ​ရို​ဇာ​စောင့်ထိန်း​ခြင်း​ဖြင့် အားပြ​တ်​ကာ ရ​မ်​ဇာ​န်​လ ရို​ဇာ​စောင့်ထိန်း​ခြင်း မ​ပြုလုပ်​နိုင်​သည့် အခြေအနေ​ကို ရောက်​မ​သွား​ရန် သည်​အလွန်​ပင်​အရေးကြီး​ပါ​သည်။ သို့​ဖြင့်​၍ မည်​သူမ​ဆို ရှာ​ဘာ​န်​လ ရို​ဇာ​စောင့်ထိန်း​ခြင်း​ဖြင့် နေထိုင်​မ​ကောင်း ဖြစ်​ခြင်း၊ ရ​မ်​ဇာ​န်​လ​တွင် ရို​ဇာ​မ​စောင့်ထိန်း​နိုင်​လောက်​အောင် အားအင်​ရုတ်​ရော့ သွား​အောင်​ဖြစ်​မည်​ဆို​လျှင် မိမိ​တို့​အနေ​ဖြင့် ရှာ​ဘာ​န်​လ​တွင် ရို​ဇာ​မ​စောင့်ထိန်း​ရန်​သာ​ဖြစ်​သည်။ ရ​မ်​ဇာ​န်​လ​မြတ်​၏ ရို​ဇာ​စောင့်ထိန်း​ခြင်း​သည် ပိုမို​မြင့်မြတ်​သည်​ကို မိမိ​တို့ မ​မေ့​ကြ​ရန် အရေးကြီး​ပါ သည်။

တမန်​တော်​မြတ် (ဆွ) မိန့်​သည်မှာ သာမန် မွတ်​စ်​လင်​မ်​ထု​အနေ​ဖြင့် ရ​မ်​ဇာ​န်​လ​မ​ရောက်​ခင် နှစ်​ရက် ခန့်​အတွက် လုံး​၀ ရို​ဇာ​မ​စောင့် ထိန်း​ရန် လမ်း​ညွှန်​ထား​ခြင်း​ဖြစ်​ပါ​သည်။ “မည်​သူမ​ဆို ရ​မ်​ဇာ​န်​လ​မြတ်​၏ ရို​ဇာ​စောင့်ထိန်း​ခြင်း​ကို ရှာ​ဘာ​န်​လ​၏ နောက်ဆုံး ရို​ဇာ တစ်​ရက် သို့မဟုတ် နှစ်​ရက်​ဖြင့် အစ​မ​ပြု​ကြ​ပါ​နှင့်” ဟူ၍​ဖြစ်​ပါ​သည်။

အ​ဘူ​ဟို​ရိုင်​ရာ (ရ) တင်ပြ​ထား​သည်မှာ “ရှာ​ဘာ​န်​လ​၏ ပထမ နှစ်​ပတ် ကုန်​လွန်သွား​ပြီး​နောက် ရို​ဇာ​မ​စောင့် ထိန်း​ကြ​ရ” ဟု​၍​ဖြစ်​ပါ သည်။ သဘော​မှာ ရှာ​ဘာ​န်​လ​၏ နောက်ဆုံး နှစ်​ပတ်​တွင် မည်​သူ​မျှ ရို​ဇာ​စောင့်ထိန်း​ခြင်း​မ​ပြု​ကြ​နှင့်​ဟူ၍ ဖြစ်​ပါ​သည်။ တန​ည်း​အား ဖြင့် နောက်ဆုံး​နှစ်​ပတ် စား​စား​သောက်​သောက်​ဖြင့် ရ​မ်​ဇာ​မ်​လ​အတွက် ပြင်ဆင်​ထား​ကြ​ရန် သတိပေး​ထား​ခြင်း​ဖြစ်​ပါ သည်။

ရှာ​ဘာ​န်​လ​၏ ထူး​မြတ်​မှု​တစ်​ခု​သည် ၎င်း​လ​တွင် ည​တစ်​ည​ရှိ​ပါ​သည်။ ၎င်း​ည​ကို “လို​င်​လ​တွ​လ်​ဘာ​ရာ​သ် အပယ်​ငရဲ​မှ လွတ်မြောက်​မှု​ရ​နိုင်​သော​ည” ဟု​ခေါ်​ပါ​သည်။ ၎င်း​ည​သည် ရှာ​ဘာ​န်​လ ​၁​၄ ရက်​နေ့​နှင့် ​၁​၅ ရက်​နေ့ ည ၏ ကြား​ည​ဖြစ်​ပါ​သည်။ ဘာ​ရာ​သ်​ည​၏ ထူး​မြတ်​နှင့် ပတ်သက်​သော ဟ​ဒီး​ဆ်​တော်​များ​ကို ဆက်လက်​လေ့​လာ​ကြည့်​ကြ​ပါ​စို့။

အိုင်​အိ​ရှာ (ရ) တင်ပြ​သည်မှာ တမန်​တော်​မြတ် (ဆွ) သည် တစ်​ရက် သ​ဟ​ဂ်ျ​ဂျွ​ဒ် ဆွ​လာ​သ် ဖတ် နေ​စဉ် ​စိ​ဂ်ျ​ဒ​ဟ် ပြုလုပ်​နေ​သည် မှာ အ​တော်​ပင်​ကြာမြင့်​သွား​ပြီ​ဖြစ်​သည်၊ မည်​မျှ​ကြာ​သန​ည်း​ဟူ​မှု ကျွန်မ​အနေ​ဖြင့် ထင်​လိုက် သည်မှာ တမန်​တော်​မြတ် (ဆွ) ကွယ်​လွန်သွား​ပြီ​လား​ဟု ထင်​လိုက်​ရ​ပါ​သည်။ ကျွန်မ​လည်း အိပ်​နေရာ​မှ​ထ​လာ​ကာ တမန်​တော်​မြတ် (ဆွ) ၏ လက်မ​ကို မ​ကြည့် လိုက်​ရာ လှုပ်ရှား​လာ​သည်​ကို တွေ့​ရသ​ဖြင့် စိတ်သက်သာ​ရ​လာ​ပြီး မိမိ​နေရာ​သို့ ပြန်လာ​လိုက်​ပါ​သည်။ ထို့နောက် တမန်​တော်​မြတ် (ဆွ) စိ​ဂ်ျ​ဒ​ဟ် လုပ်​နေ​ရင်း နုတ်​မှ အောက်​ပါ အတိုင်း ရေရွတ်​သည်​ကို ကြား​ရ​ပါ​သည်။ “ ကျွန်တော်​မျိုး​သည် အရှင်​မြတ်​၏ အပြစ်ပေး​ခြင်း​ကို အရှင်​မြတ်​၏ ခွင့်လွှတ်​မှု အရိပ်​အောက်​တွင် ခိုလှုံ​ပါ​သည်၊ ကျွန်တော်​မျိုး​သည် အရှင်​မြတ်​၏ မနှစ်​သက်​မှု​ကို အရှင်​မြတ်​၏ နှစ်သက်​မှု အရိပ်​အောက်​တွင် ခိုလှုံ​ပါ​သည်၊ ကျွန်တော်​မျိုး​သည် အရှင်​မြတ်​၏ ဂရုဏာ​တော်​၏ အရိပ်​အောက် တွင် ခိုလှုံ​ပါ​သည်၊ ကျွန်တော်​မျိုး​သည် အရှင်​မြတ် ထိုက်တန်​သင့်မြတ်​သည့် အနေအထား​မျိုး​ဖြင့် ချီး​မွန်း​နိုင်​ခြင်း အလို​ငှာ မတတ်​သာ​လေ​ပြီ​ဖြစ်​သည်၊ အရှင်​မြတ်​သည် မိမိ​၏ သတ်​မှတ် တည်​ရှိ​မှု​အနေအထား​ဖြ​င်​ပင် တည်​ရှိ နေ​ပါ​သည်”။ ထို့နောက် တမန်​တော်​မြတ် (ဆွ) သည် မိမိ​၏ ​ဆိ​ဂ်ျ​ဒ​ဟ် မှ​ထ​လာ​ကာ ဆွ​လာ​သ်​ကို အဆုံးသတ် လိုက်ကာ မိမိ​ကို ပြော​ပါ​သည်၊ “ အို အိုင်​ရှာ အသင်​အနေ​ဖြင့် အ​လ္လာ​ဟ်​တမန်​တော် သည် အသင့်​ထံ​ပါး​မှ စွန့်​ခွါ​ထွက်​သွား​ပြီ​ဟု ထင်​ပါ​သလား၊ အိုင်​ရှာ (ရ) အို တမန်​တော် ကျွန်မ အနေ​ဖြင့် အလွန်​စိုးရိမ် သွား​သည်မှာ သခင် ​စိ​ဂ်ျ​ဒ​ဟ် လုပ်​နေ​သည်မှာ ကြာ​လွန်း​သ​ဖြင့် သခင်​၏ ​ဝိ​ဥါ​ည် ထွက်​သွား​ပြီ ဖြစ်​ပြီး​လား​ဟု ထင်မြင်​ရ​ခြင်း ဖြစ်​ပါ​သည်။ တမန်​တော်​မြတ် (ဆွ) မိန့်​သည်မှာ အို​အိုင်​ရှာ အသင်​သည် ဒီ​ည မည်​သည့်​ည​ဖြစ်​သည်​ကို သိ​ပါ​သလား၊ အိုင်​ရှာ​က အ​လ္လာ​ဟ်​နှင့် အ​လ္လာ​ဟ် တမန်​တော်​သာ အသိ​ဆုံး​ဖြစ်​ကြော​င်း​ပါ​ဟု ပြော​ပါ​သည်။ ထို​အခါ တမန်​တော်​မြတ်​က ဒီ​ည​သည် ရှာ​ဘာ​န်​လ​၏ ​၁​၅ ရက်​မြောက်​ည ဖြစ်​သည်။ ဤ​ည​တွင် အ​လ္လာ​ဟ်​အရှင်​မြတ် သည် မိမိ​၏ ကျေးကျွန်​များ​ကို ကြည့်​ရှု​ပြီး​နောက် ကောင်းမွန်​မြင့်မြတ်​သော မှန်ကန်​သော​သူ​တို့​အား အပြစ်​များ​ကို ခွင့်​လွတ်​တော်​မူ​ပြီး မိမိ​၏ ဂရုဏာ တရား​ကို ချီး​မြင့်​တော်​မူ​လေ​သည်။ သို့​သော် မ​မှန်ကန်​သူ အပြစ်​လုပ်​သူ​တို့​အတွက် ပြစ်​ဒါ​ဏ်​များ သတ်​မှတ်​တော်​မူ​ပြီး သူ​တို့​အနေ​ဖြင့် ခွင့်လွှတ်​မှု မ​တောင်းခံ​သ​မျှ ကာလ​ပတ်လုံး ၎င်း​အပြစ်​ဒါ​ဏ်​များ​ကို တည်​ရှိ​စေ​လေ​သည်။

အိုင်​ရှာ (ရ) တင်ပြ​သည်မှာ ထို​ည​မြတ်​တွင် အ​လ္လာ​ဟ်​အရှင်​မြတ်​သည် မိုးကောင်းကင် အောက်​သို့ ဆင်းသက် လာ​ပြီး​နောက် မြောက်​များ​စွာ​သော လူ​များ ၎င်း​တို့​၏ အရေအတွက်​သည် ဗ​နီ​ခ​လ်​ဗ် အမျိုး​နွယ်​ဝင်​တို့​၏ သိုး​များ​၏ အမွေး​အရေအတွက်​ထက် ပင်​များပြား​သော လူ​တို့​အား အပြစ်​များ​မှ ခွင့်လွှတ်​တော်​မူ​လေ​သည်။ မ​ဒီ​နာ မြို့​ပတ်ဝန်းကျင်​တွင် ဗ​နီ​က​လ်​ဗ် ဟူ​သော အမျိုး​နွယ် ဝင်​တို့​တွင် များ​စွာ​သော သိုး​များ​ရှိ​ပြီး ၎င်း​သိုး​တို့​၏ အမွှေး​များ​အရေအတွက်​သည် မည်​မျှ​များ​လိ်​မ့်​မည်​ကို မိမိ​တို့​ခန့်​မှန်း​နိုင်​သည်။ တန​ည်း​အား​ဖြင့် မြောက်​များ စွာ​သော လူ​တို့​၏ အရေအတွက်​ကို ဆိုလို​ခြင်း​ဖြစ်​ပြီး ၎င်း​တို့​၏ ပြစ်​ဒါ​ဏ်​များ​ကို ခွင့်လွှတ်​မည်​ဟု ဆိုလို​ရင်း​ဖြစ်​ပါ​သည်။

နောက်​ဟ​ဒီး​ဆ်​တော်​တစ်​ပုဒ်​တွင် အိုင်​ရှာ (ရ) က​ပင်​တင်ပြ​ခဲ့​သည်မှာ ““၎င်း​ည​တွင် ဗ​နီ​က​လ်​ဗ် တို​၏ သိုး​များ​၏ အမွှေး​များ အရည်​အတွက်​နှင့် ညီမျှ​သော လူအ​ရေ​အတွက်​အား ​ဂျ​ဟ​န္န​မ် ငရဲမီး​လောင် မြိုက်​နေရာ​မှ ခွင့်လွှတ်​မှု ပေး​သည်​ဟူ၍ ဖြစ်​ပါ​သည်။ အ​လ္လာ​ဟ်​အရှင်​မြတ် ခွင့်လွှတ် လိုက်သူ​များ​တွင် မည်​သူမ​ည်​ဝါ​ကို ခွဲ​ခြား​ခြင်း​မ​ပြု​ဘဲ တန​ည်း​အား​ဖြင့် ၎င်း​တို့​အတွင်း အ​လ္လာ​ဟ်​အရှင်​မြတ်​အား ရှိ​ရ်​က် လုပ်​သူ​များ၊ နှလုံးသား​များ​အတွင်း မကောင်းမှု များ​ဖြင့် ပြည့်​နက် နေ​သူ​များ၊ ဆွေ​မျိုး​ညာ​သကာ​နှင့် အဆက်​ဖြတ်​ထား​သူ​များ၊ ခြေမျက်စိ​အောက် ဂုဏ်မောက် သ​လို လုံချည် ဘောင်းဘီ ဝတ်​ကြ​သူ​များ၊ အရက်သေစာ သောက်​စား​သူ​များ စ​သ​ဖြင့် မ​ခွဲ​ခြား​ဘဲ အပယ် ငရဲ​မှ ထုတ်ယူ​ကာ အပြစ်​ခွင့်​လွတ်​လိုက်​ခြင်း​ဖြစ်​ပါ​သည်။

မု​အာ​ဇ် (ရ) တင်ပြ​သည်မှာ တမန်​တော်​မြတ်(ဆွ) မိန့်​တော်​မူ​သည်မှာ အ​လ္လာ​ဟ်​အရှင်​မြတ် သည် ဘာ​ရာ​သ်​ည အခါ​တွင် မိမိ​ဖန်ဆင်း​တော်​မူ​ခဲ့​သည့် လူအ​ပေါင်း​တို့​ကို ကြည့်​ရှု​တော်​မူ​လျှင် ၎င်း​တို့ အားလုံး​ကို အပြစ်​အပေါင်း​မှ ခွင့်လွှတ်​တော်​မူ​လေ​သည်။ သို့​သော် ၎င်း​တို့​အနက် အ​လ္လာ​ဟ် အရှင်​မြတ်​အား ရှိ​ရ်​က် လုပ်​သူ​အပေါင်း​တို့​နှင့် စိတ်နှလုံး​များ​အတွင်း မ​ကောင်း​စိတ်ထား​သူ​များ မ​ပါဝင်​ပါ​လေ။

ဖေါ်​ပြ​ပါ အ​ဟာ​ဒီး​ဆ် များ​နှင့် ပတ်သက်​ပြီး အများ​စု​သော ပညာ​ရှင်​များ​က အချို့​ဟ​ဒီး​ဆ်​တော်​များ​သည် ခိုင်မာ​မှု​ရှိ​ပြီး အချို့​သည် အားနည်း​ချက်​များ​ရှိ​သည်​ကို လက်ခံ​ကြ​ပါ​သည်။ သို့​သော် အချို့​သော​ပညာ​ရှင်​တို့​က ဟ​ဒီး​ဆ် အချို့​၏ ခိုင်မာ​မှု​ဆိုင်​ရာ ချို့​ယွင်း​ချက်​များ​အပေါ် လက်ခံ​မှု​မ​ပြု​ကြ​ဘဲ ဘာ​ရာ​သ်​ည​၏ ထွတ်​မြတ်​မှု​ကို ငြင်းပယ်​လိုက်​ကြ​သည် လည်း​ရှိ​ပါ​သည်။ ၎င်း​တို့​၏ ညင်း​ပယ်​မှု​ကို မည်သို့​မှ တုံ့​ပြန်ပြော​ဆိုလို​သော်​လ​ည့်း၊ အထက်​ပါ ဟ​ဒီး​ဆ်​များ​ကို စုပေါင်း​ကြည့်​လိုက်​သည့်​အခါ၊ များ​စွာ​သော ပညာ​ရှင်​တို့​သည် ၎င်း​ည​၏ ထွတ်​မြတ် မှု​ကို လက်ခံ​ကာ အမ​လ် အိ​ဗါ​ဒ​သ် လုပ်​ကာ အကျိုး​ပွား​များ​လာ​သည်မှာ နှစ်​အဆက်ဆက် ခေတ် အဆက်ဆက် ရှိ​ခဲ့​ပြီ​ဖြစ်​သည်။

ဘာ​ရာ​သ်​ည​၏ ထူး​မြတ်​မှု​ကို နားလည်​လက်ခံ​သော​သူ​တို့​အတွက် ၎င်း​ည​ကို ပိုင်နိုင်​စွာ​အသုံး​ချ​နိုင် လျှင် အကောင်း​ဆုံး​ဖြစ်​သည်။ ၎င်း​တစ်​ည​တာ​အတွက် နိုးနိုး​ကြား​ကြား ရှိ​နေ​သင့်​သည်။ သို့​သော် ည​တာ​၏ အချို့​အစိတ်​အပိုင်း​တွင် နိုးကြား​နေ​လျှင်​လည်း ကောင်း​လှ​ပါ​သည်။ ၎င်း​ည​၏ အစိတ်​အပိုင်း​သည် ညဦး​ပိုင်း​ဖြစ်​စေ မိုးလင်း​ပိုင်း​ဖြစ်​စေ ပြဿနာ မ​ဖြစ်​နိုင်​ပါ။ ၎င်း​နောက် အောက်​ဖေါ်​ပြ​ပါ အိ​ဗါ​ဒ​သ်​များ​ကို တတ်အား​သ​၍ လုပ်​နိုင်​ပါ​သည်။

(၁) ဆွ​လာ​သ် တည်​ဆောင်​မှု​သည် အမ​လ် အိ​ဗါ​ဒ​သ်​အပေါင်း​တွင်​အကောင်း​ဆုံး​ဖြစ်​သည်။ မည်​မျှ​သော ရ​က​အ​သ် ဖတ်​သင့်​ကြော​င်း အတိ​အကျ မ​ဆို​ထား​သော်လည်း ​၈ ရ​က​အ​သ် ဖတ်​ဖြစ်​နိုင်​လျှင် အကောင်း​ဆုံး​ဖြစ် သည်။ ပညာ​ရှင်​အများ​စု​သည် ​၈ ရ​က​အ​သ် အနည်း​ဆုံး ဖတ်​ကြ​သည်။ ဆွ​လာ​သ် ဖတ်​လျှင်​လည်း သတိပြု​သင့် သည်​က ဆွ​လာ​သ်​၏ ​စိ​ဂ်ျ​ဒ​ဟ်​နှင့် ရ​ကု​အ် ကို ခပ်​ကြာ​ကြာ ခါ​တိုင်း​ထက် အချိန်​ပို​ကာ လုပ်​သင့်​သည်။ စူ​ရာ​အတွဲ​များ​ကို​လည်း ရှည်​လျှား​သည့် စူ​ရာ​ကို ဖတ်​နိုင်​က​ကောင်း​သည်။ စူ​ရာ​အရှည် အလွတ်​မ​ဖတ်​နိုင်​က အ​တို​စူ​ရာ​များ​ကို တတ်နိုင်​သ​လောက်​တွဲ​ကာ ဖတ်​လျှင်​လည်းကောင်း​ပါ​သည်။

(၂) ဆွ​လာ​သ်​ဖတ်​ပြီး​သည့်​နောက် ကျမ်း​မြတ်​ကု​ရ်​အာ​န် ဖတ်​ခြင်း​သည် အကောင်း​ဆုံး​သော အ​အ်​မာ​လ် အိ​ဗါ​ဒ​သ် ဖြစ်​သည်။ ကျမ်း​မြတ်​ကု​ရ်​အာ​န်​မှ မည်​သည့် စူ​ရာ​ဖြစ်​စေ၊ ဖတ်​နိုင်​သ​လောက် ဖတ်​လေ ကောင်း​လေ ဖြစ်​သည်။

(၃) ကျမ်း​မြတ်​ကု​ရ်​အာ​န် ဖတ်​ခြင်း​ကို ရပ်နား​သည့်​အခါ သို့မဟုတ် အခြား​အမ​လ်​ကို လုပ်​ခြင်​လာ သည့်​အခါ ​ဇိ​ကိ​ရ် လုပ်​ခြင်း​သည် အကာ​င်း​ဆုံး​ဖြစ်​သည်။ ​ဇိ​ကိ​ရ် လုပ်​သည့်​အခါ အကောင်း​ဆုံး​မှာ​တော့ တမန်​တော်​မြတ် (ဆွ) အပေါ် ဆွ​လ​ဝါ​သ် ဖတ်​ပို့​ဖြ​င်း​ဖြစ်​သည်။ မိမိ ရသ​ည့် ဆွ​လ​ဝါ​သ် ကို ဖတ်​နိုင်​သ​လောက် ဖတ်​နိုင်​ပါ​သည်။ ​ဇိ​ကိ​ရ်​ကို ထိုင်​လျှ​က်​ဖြစ်​စေ၊ လျှော​င်း​လျှ​က်​ဖြစ်​စေ၊ လမ်းလျှောက်​လျှ​က်​ဖြစ်​စေ ဖတ်​ရွတ်​နိုင်​ပါ​သည်။

(၄) အ​ထူး​ဒို​အာ​တောင်းခံ​ခြင်း​ဖြစ်​သည်။ ဤ​ည​တွင် မိမိ​၏ ဆွ​လာ​သ်​များ၊ ကျမ်း​မြတ်​ကု​ရ်​အာ​န် ဖတ်​ခြင်း၊ ​ဇိ​ကိ​ရ်​စိတ်​ခြင်း စ​သည်​တို့​ကို လုပ်​ပြီး​သည့်​နောက် မိမိ​တို့​သည် အ​လ္လာ​ဟ်​အရှင်​မြတ် ထံ​တော်​မှ မိမိ​တို့​၏ အမ​လ် အိ​ဗါ​ဒ​သ်​များ​ကို လက်ခံ​အောင် လွတ်ငြိမ်း​ချမ်းသာ​ခွင့်​ရအောင် အပယ်​ငရဲမီး​မှ လွတ်ငြိမ်း​ခွင့်​ရအောင် အ​ထူး​ဒို​အာ တောင်းခံ​ရ​မည်။ ​ဒို​အာ​တောင်းခံ​ခြင်း ဟူ​သည် မိမိ​တို့​နှင့် အ​လ္လာ​ဟ်​အရှင်​မြတ်​အကြား အဆက်​အသွယ် ခိုင်မာ​သည်​ထက် ခိုင်မာ​အောင် လုပ်​ခြင်း ဖြစ်​သည်​ကို သဘောပေါက်​ရ​မည်။ ဒါ​ကြောင့် မိမိ​တို့​သည် ​ဒို​အာ​တောင်းခံ​ခြင်း​ကို အ​ထူး​ဂရုစိုက် တောင်းခံ​ရ​မည်။ ​ဒို​အာ​တောင်းခံ​လေ အ​လ္လာ​ဟ်​အရှင်​မြတ် နှစ်သက်​မြတ်နိုး လေ​ဖြစ်​သည်။ မိမိ​တို့​သည်မှာ ​ဒို​အာ​တောင်းခံ​ရင်း စိတ်ကုန်​သွား​လေ့​ရှိ​ပြီး အ​လ္လာ​ဟ်​အရှင်​မြတ် အနေ​ဖြင့်​မူ နားထောင်​ခြင်း​ကို မ​ငြီး​ညူ​နိုင်​အောင်​ပင်​ဖြစ်​တော့​သည်။ မိမိ​တို့​၏ ​ဒို​အာ​တောင်းခံ​ချက်​များ ချက်​ခြင်း မ​ပြည့်၀​သေး​သည်​ကို ​စိ်​တ်​ပျက်​စရာ​လည်း မ​လို​ပါ၊ ယခု​မ​တွေ့​သေး​ပေ​မဲ့ အချိန်​တန်​သည့်​အခါ တောင်း​သည့် အရာ​ထက် ပိုမို​ကောင်းမွန်​သော​အရာ​ကို ရ​ရှိ​သည့်​အတွက် စိတ်​အ​ပျော်​ကြီး​ပျော်​နေ​လိမ့်​မည်။

အမှန်​တော့ တမန်​တော်​မြတ် (ဆွ) တောင်းခံ​ခဲ့​သည် တောင်း​ဆု​ဒို​အာ​များ​သည် စံ​န​မူ​နာယူ​ထိုက် သည့် ​ဒို​အာ​များ​ပင်​ဖြစ်​သည်။ ပိုင်​ပိုင်နိုင်​နိုင်​ရှိ​မှု၊ ပြည့်စုံ​ကုံလုံ​မှု၊ တင်ပြ​ချက်​များ လေးနက်​မှု၊ စ​သည့် ဘက်​က​ကြည့်​လျှင် မည်​သူ​မျှ ယနေ့​တိုင် တမန်​တော်​မြတ် (ဆွ) ကဲ့သို့ ​ဒို​အာ​တောင်း​ခဲ့​နိုင်​မည် မဟုတ်​ပါ။ မည်​သည့်​လူ​သား​မျှ အ​ဆို​ပါ ​ဒို​အာ​များ​ကို ယှဉ်​ပြိုင် ရေးသား​တောင်း​ဆို​နိုင်​မည်​မဟုတ် ပါ။ သို့​ဖြစ်​၍ မိမိ​တို့​အနေ​ဖြင့် ၎င်း​ဒို​အာ​များ​ကို တတ်နိုင်​သ​၍ လေ့​လာ​ကာ နေ့စဉ်​မိမိ​တောင်း​ဆို သည့်​ဒို​အာ​ဖြစ် အစဉ်​တောင်း​ဆို​နေ​သင့်​သည်။ အကယ်၍ မိမိ​အနေ​ဖြင့် ​ဒို​အာ​မူရင်း​အတိုင်း အာ​ရ​ဗီ ဘာသာ​ဖြင့် မ​တောင်း​နိုင်​ပါ​က​လည်း စိတ်ပျက်​စရာ​မ​လို​ပါ။ မိမိ​တို့ ကိုယ်​ပိုင် ဘာသာ​စကား မြန်မာ​လို​တတ်​က မြန်မာ​လို အင်္ဂလိပ်​လို​တတ်​က အင်္ဂလိပ်​လို တောင်းခံ​နိုင်​ပါ​သည်။
အချို့​မိတ်ဆွေ​များ​သည် အကြောင်း​အမျိုး​မျိုး​ကြောင့် ည​အခါ ထ​ခြင်း ဖတ်​ရွတ်​ခြင်း မ​ပြုလုပ်​နိုင်​သ​ဖြင့် စိတ်ပျက်​မ​နေ​သင့်​ပါ။ အချို့​သည် နေ​မ​ကောင်း​သည့်​အတွက်၊ အချို့​က ခရီး​ထွက်​နေ​ခြင်း၊ စာပေ​လေ့​လာ နေ​ခြင်း၊ အမျိုးသမီး​များ ရာသီ​လာ​ခြင်း၊ ကိုယ်ဝန်ဆောင် နေ​သည့်​ကာလ​ဖြစ်​ခြင်း စ​သည့်​အကြောင်း​အမျိုး​မျိုးရှိ နေ​နိုင်​တတ်​ပါ​သည်။

ထို​သူ​တို့​အဖို့ အထူးသဖြင့် ဆွ​လာ​သ် ​၅ ကြိမ်​ကို မ​ပြတ်​တန်း​ဖတ်​ခြင်း​သည် အကောင်း​ဆုံး​ဖြစ် သည်။ တတ်နိုင်​ပါ​က ​ဇိ​ကိ​ရ်​ကို အဆက်​မ​ပြတ် ဖတ်​နေ​သင့်​သည်။ သွား​သွား​လာ​လာ စား​စား သောက်​သောက် လုပ်​နိုင်​ပါ​သည်။ အမျိုးသမီး​များ​အနေ​ဖြင့် ​ဇိ​ကိ​ရ်​တွင် အထက်​တွင် ​ဖေါ်​ပြသ​ည့် အတိုင်း တမန်​တော်​မြတ် (ဆွ) အပေါ် ဒ​ရူး​ဒ် ဆွ​လ​ဝါ​သ် တတ်အား​သ​၍ ဖတ်​နေ​သင့်​သည်။

ဘာ​ရာ​သ်​ည​တွင် ကျွန်ုပ် မြန်မာ​နိုင်ငံ၊ အိန္ဒိယ​နိုင်ငံ၊ ဘ​င်္ဂ​လာ​ဒေး​ရှ်၊ ပါ​က​စ္စ​တန်၊ အီ​ရန် စ​သည့်​နိုင်ငံ​များ​တွင် သင်္ချိုင်း သို့​သွား​ရောက်​ကြ​ပြီး သေ​ဆုံး​လေ​သူ မိဘ​ဖိုး​ဖွား​များ​အတွက် ခွင့်လွှတ်​မှု​တောင်းခံ​လေ့​ရှိ​သည်။ အချို့​သော် ပညာ​ရှင်​များ​က ထို​ည​တွင် တမန်​တော်​မြတ် (ဆွ) သည် အိပ်​နေရာ​မှ တိတ်​တစိ​တ် ​ဂျ​န္န​သွ​လ်​ဘ​ကီ​ဟ် သင်္ချိုင်း​သို့​သွား​ရောက်​ပြီး သေ​ဆုံး​လေ​သူ​များ​အတွက် ငြိမ်း​ချမ်း​မှု ကင်း​လွတ်​မှု​ကို တောင်းခံ​ခဲ့​ကြော​င်း တင်ပြ​ကြ​ပါ​သည်။ သို့​သော် ၎င်း​ဟ​ဒီး​ဆ်​တော်​များ သည် အလွန်​ပင် အထောက်​အ​ထား ခိုင်မာ​မှု အားနည်း​ပါး​လွန်း​သည့်​အတွက် ယနေ့​၎င်း​လုပ်​ရပ် ကို မ​လုပ်​ကြ​တော့​ပေ။ သို့​သော် များ​စွာ​သော​သူ​တို့​က ၎င်း​လုပ်​ရပ်​ကို မွတ်​စ်​သ​ဟ​ဗ် အဖြစ် သတ်​မှတ်​ကာ လုပ်​ကြ​သည်။ သို့​သော် မှတ်ထား​သင့်​သည်​က ၎င်း​လုပ်​ရပ်​သည် အရေးတကြီး မ​ဖြစ်​မ​နေ​လုပ်​ရ​မည့် အိ​ဗါ​ဒ​သ် မဟုတ်​သ​လို ပုံ​မှန်​လုပ်​စရာ​လည်း မ​လို​အပ်​သည့် အိ​ဗါ​ဒ​သ် တ​ခု ဖြစ်​ကြော​င်း​သိ​ရ​မည်။ တကယ်​တော့ မိမိ​အိမ်​တွင် ဖတ်​ရွတ်​ပြီး သေ​ဆုံး​သူ​များ​အတွက် ဖတ်​ရွတ်​ကာ လွတ်ငြိမ်း​ချမ်းသာ​မှု​ကို တောင်းခံ​နိုင်​ပါ​သည်။ ၎င်း​ည​တွင် အ​ထူး​သတိထား​သင့်​သည်မှာ မကောင်းမှု​နှင့် တတ်အား​သ​၍ ဝေး​သည်​ထက် ဝေး​အောင်​နေ ခြင်း​ဖြစ်​သည်။

ဘာ​ရာ​သ်​ည​တွင် ဘာ​တွေ​လုပ်​သင့်​သန​ည်း​ဆို​သည်​ကို နားလည်​သည့်​အခါ မိမိ​တို့​အနေ​ဖြင့် ၎င်း​လုပ်​ငန်း​များ​ကို လုပ်ကိုင်​ဆောင် ရွက်​နေ​ခြင်း​သည် မကောင်းမှု​မှ ကင်း​ဝေး​အောင်​နေ​နိုင်​ရန် အတွက် အကောင်း​ဆုံး​အခွင့် အရေး​တစ်​ခု​ပင်​ဖြစ်​သည်။ စင်စစ် ၎င်း​ည​သည် မိမိ​တို့​သည် ကိုယ်​ကိုယ်​ကို အ​လ္လာ​ဟ်​အရှင်​မြတ်​ထံ ဝကွက်​အပ်​နှံ ထား​ခြင်း​သည် အကောင်း​ဆုံး​လုပ်​ရပ်​ဖြစ်​သည်။

ထို​အခါ အ​လ္လာ​ဟ်​အရှင်​မြတ် မနှစ်​သက်​သည့် အလုပ်​မှန်​သ​မျှ​ကို မိမိ​တို့​သည် အဆင်​ပြေ​စွာ ရှောင်​ကြဉ်​နိုင်​မည့် အခြေ​အခြေအနေ​များ ရ​ရှိ​လာ​နိုင်​သည်။ အထူးသဖြင့် မိမိ​တို့​စိတ်​တွင် အတင်းပြော​ခြင်း​နှင့် မကောင်းမှု​ကို တွေး​ခြင်း မ​ဖြစ်​အောင် အ​ထူး​သတိပြု​ရ​မည်။ မကောင်းမှု​၏ အ​တွေး​သည် မကောင်းမှု​ကို ပြော​ဖြစ်​စေ​သ​လို လုပ်​လည်း လုပ်​ဖြစ်​စေ​ပါ​သည်။ ထို့​ကြောင့် အထက်​ပါ ဟ​ဒီး​ဆ်​တော်​တွင် တင်ပြ​ခဲ့​သည်မှာ မ​ကောင်း​စိတ်​ကို နှလုံးသား​တွင် မ​ရှိ​စေ​ခြင်း ဆို​သည့်​အချက်​ကို ကောင်း​ကောင်း​သတိပြု​စေ​ချင်​ပါ​သည်။

အချို့​သော မွတ်​စ်​လင်​မ်​တို့​သည် ၎င်း​ည​တွင် အ​ထူး​စားဖွယ်​သောက်​ဖွယ်​များ​ကို ချက်​ပြုတ်​ကြ​ခြင်း အကြီး​အကျ​ယ် ကျွေး​ပွဲ​ဲ ​မွေး​ပွဲ​များ ပြုလုပ်​ခြင်း၊ ဗ​လီ​ဝတ်ကျောင်း​တော်​များ၊ သင်္ချိုင်း​များ​ကို ဆင်​ယဉ်​ခြင်း၊ မီးထွန်း​ကြ​ခြင်း၊ အမွှေး​နံ့သာ​များ လိမ်း​လည်​သ​ပ္ပ​ယ်​ကြ​ခြင်း အချို့​နေရာ​များ​တွင် ပွဲလမ်း​သဘင်​များ​လုပ်​ကြ​ခြင်း၊ အရောင်းအဝယ် လုပ်​ငန်း​များ အကြီး​အကျ​ယ်​လုပ်​ကြ​ခြင်း၊ စ​သည့်​လုပ်​ရပ်​များ​သည် အခြေအမြစ်​မ​ရှိ​သည့် လုပ်​ငန်း​များ လုပ်​ရပ်​များ​ဖြစ်​သ​ဖြင့် ၎င်း​တို့​ကို မ​လုပ်​သင့်​ပါ။ မွတ်​စ်​လင်​မ်​များ ထိုသို့​လုပ်​ခြင်း​သည် အခြား​ဘာသာ​ဝင်​တို့​၏ ဘာသာ​ရေး​ပွဲ​တော်​များ​၏ လုပ်​ရိုး​လုပ်​စဉ်​များ​ကို ကူး​ချ​လုပ်​နေ​ခြင်း​ဖြစ်​သည်​ကို သတိထား​ရ​မည်။ သိ​လျှ​က်​နှင့် ဆက်လက်​လုပ်​လျှင် အပြစ်​ထိုက်​သည်​ကို သိ​သင့်​သည်။ မိမိ​ကိုယ်​၌​က​လည်း ထိုသို့​လုပ်​နေ​လျှင် မိမိ​လုပ်​ရ​မည့် ကောင်းမှု​ကုသိုလ်​များ​ကို မ​လုပ် နိုင်​သ​ဖြင့် မိမိ​၏ ကုသိုလ်​ရှာဖွေ​မှု အခွင့်အရေး ဆုံးရှုံး​နိုင်​ကြော​င်း သဘောပေါက်​ရ​မည်။

အချို့​သော​သူ​တို့​သည် ထို​ည​တွင် ဘာ​ရာ​သ် ည​၏ ထူး​မြတ်​မှု​များ​ကို ရှည်​လျှား​ထွေပြား​စွာ တရား​တ​ဘောင် ဟောကြား​နေ​သည်​ကို တွေ့​နိုင်​သည်။ ထိုသို့​ပြုလုပ်​ခြင်း​သည် အခြား​သူ​များ​၏ တန်ဖိုး​ရှိ​သော အချိန်​ကို ဖြုန်း​စေ​သည့်​အပြင် မိမိ​၏ အချိန်​လည်း ကုန်​ဆုံး​သည်​ကို သတိပြု​ရန် လို​အပ်​သည်။ အကယ်၍ ဘာ​ရာ​သ်​ည အကြောင်း​ကို အခြား​သူ​များ​သိ​လို​စေ​ပါ​က ကြိုတင်​ဟော ပြော​အကြောင်းကြား​ရန် လို​အပ်​ပါ​သည်။ ဤ​ည​သည် မိမိ​တို့​ကိုယ်စီ မိမိ​တို့​အတွက် ကြိုးပမ်း​ရန် သာ​လို​အပ်​သည်​ကို သတိပြု​ရ​မည်။

တရား​အားထုတ်​ရာ​တွင်​လည်း တစ်​သီး​ပု​ဂ္ဂ​လ ကြိုးပမ်း​ရ​မည်။ စုပေါင်း ဆွ​လာ​သ်​ဝတ်ပြု​ခြင်း၊ စုပေါင်း ​ဇိ​ကိ​ရ်​ပြုလုပ်​ခြင်း​များ မ​ပြုလုပ်​သင့်​ပါ။ ဤ​ည​သည် မိမိ​တို့​အနေ​ဖြင့် မိုး​မြေ​အဆုံး စကြာ​ဝ​ဠာ​တစ်​ခွင်​လုံး​၏ ဖန်ဆင်း​ရှင်​နှင့် တွေ့​ဆုံ​နိုင်​ရေ​အတွက် ကြိုးပမ်း​နေ​ချိန်​ဖြစ်​သ​ဖြင့် မိမိ​နှင့် အ​လ္လာ​ဟ်​အရှင်​မြတ်​အကြား အခြား​မည်​သူ​ကို​မျှ မ​လာ​ရောက်​နိုင်​ရေး၊ အဝင်​ရောက်​နိုင်​ရေး​ကို မိမိ​တို့​ကောင်း​ကောင်း​ကြီး သတိထား​သင့် ပါ​သည်။ ဥပမာ တမန်​တော်​မြတ် (ဆွ) ကို​ကြည့်​လျှင် ဤ​ည​မှာ တစ်​ကိုယ်တည်း အိ​ဗါ​ဒ​သ် လုပ်​နေ​တာ​ကို မြင်​ရ​သိ​ရ​လိမ့်​မည်။ ဇနီး​တော် အိုင်​ရှာ (ရ) သည် မိမိ​ဘာသာ ရှိ​နေ​သည်​ကို​လည်း တွေ့​ရ​မည်။ တမန်​တော်​မြတ်​သည် သူမ​ကို မိမိ​အိ​ဗါ​ဒ​သ် မှာ မ​ပါဝင်​စေ​ခဲ့​ဘူး။ တစ်​ကိုယ်တော် အိ​ဗါ​ဒ​သ် လုပ်​ခြင်း​ကို​သာ ပေါ်လွင်​စေ​ပါ​သည်။ တမန်​တော် မြတ်​သည် မ​စ်​ဂျိ​ဒ် န​ဗ​ဝီ​ကို ဆင်ယင်​ခြင်း၊ မီး​ရောင်​စုံ​ထွန်း​ခြင်း၊ အခြား​သူ​များ​ကို​ခေါ်​ပြီး အိ​ဗါ​ဒ​သ်​လုပ်​နေ​ခြင်း​ကို​လည်း မ​တွေ့​ရသ​ဖြင့် ဘာ​ရာ​သ်​ည​၏ အိ​ဗါ​ဒ​သ်​သည် တစ်​ကိုယ်တော် သီး​သန့်​လုပ်​သင့်​ကြော​င်း၊ ဗ​လီ​ဝတ်ကျောင်း​တော်​များ​တွင် လုပ်​ပါ​က​လည်း စုပေါင်း လုပ်​ခြင်း​ကို​သာ ရှောင်​ရှား​ပြီး မိမိ​ဘာသာ တစ်​ကိုယ်​လည် ထောင့်​တစ်​နေရာ​တွင် လုပ်​သင့်​ပါ​သည်။

ပညာ​ရှင်​အများ​စု​အနေ​ဖြင့် ၎င်း​ည​တွင် စဲ​ဟ်​ရီ​စား​သုံး​ပြီး ​၁​၅ ရက်​နေ့​တွင် ရို​ဇာ​ဥ​ပုတ် စောင့်ထိန်း​ကြ လေ့​ရှိ​ပါ​သည်။ ၎င်း​ရို​ဇာ​သည် မွတ်​စ်​သ​ဟ​ဗ် အဆင့် တန​ည်း​အား​ဖြင့် လုပ်​သင့်​ကြော​င်း အကြံ​ပြု​သည့်​အဆင့် သာ​ရှိ​ပါ​သည်။ လုပ်​ပါ​က ကောင်း​ပြီး မ​လုပ်​ပါ​က​လည်း အပြစ်​မ​ရှိ​ကြော​င်း၊ ဖ​ရ​ဇ် တာဝန်​မဟုတ်​ကြော​င်း သိ​စေ​ပါ​သည်။ တမန်​တော်​မြတ် (ဆွ) အနေ​ဖြင့် ၎င်း​ရက်​တွင် န​ဖိ​လ် ရို​ဇာ စောင့်ထိန်း​သင့်​ကြော​င်း အ​ထူး​သတိပေး​ခဲ့​ပါ​သည်။ အချို့​ကတော့ ဤ ဟ​ဒီး​ဆ်​တော်​ကို မ​မှန်ကန်​ကြော​င်း ပြော​ကြ​ပေ​လိမ့်​မည်။ သို့​သော် အထက်​တွင် ​ဖေါ်​ပြ​ခဲ့​သည့် ဟ​ဒီး​ဆ်​တော်​များ​ကို ကြည့်​လျှင် တမန်​တော်​မြတ်​သည် ရှာ​ဘာ​န်​လ​၏ ရို​ဇာ​ကို မ​ပြတ်​တမ်း​နှင့် အများ​ဆုံး​ရို​ဇာ​စောင့်ထိန်း​ခဲ့​သည်​ကို ကြည့်​ခြင်း​ဖြင့် တမန်​တော်​မြတ် ရို​ဇာ​စောင့်ထိန်း​ခဲ့​ခြင်း​ကို ငြင်း​ဆို​နိုင်​ဖွယ်​မ​ရှိ​ပါ။ ထို့​အပြင် မြောက်​များ​စွ​သော ပညာ​ရှင်​များ မိမိ​တို့​၏ အကြီးအကဲ​များ​သည် ရှာ​ဘာ​န်​လ​၏ မြင့်မြတ်​ခြင်း​အကြောင်း ရှာ​ဘာ​န်​လ​တွင် ရို​ဇာ​စောင့်ထိန်း​ခြင်း​အကြောင်း​ကို နှစ်​ပေါင်း ရာ​စု ထောင်​စု ချီ​ကာ တင်ပြ လုပ်​ပြ ခဲ့​သည်​ကို ကြည့်​ခြင်း​အား​ဖြင့် ဘာ​ရာ​သ် ည သည် အမှန်​ဖြစ်​ခြင်း ၎င်း​၏ အိ​ဗါ​ဒ​သ်​များ နေ့​အခါ ရို​ဇာ​စောင့်ထိန်း​ခြင်း​များ အကျိုး​ကျေးဇူး​များ​သည် မှန်ကန်​သည်​ဟု တင်ပြ​လိုက်​ပါ​သည်။

ကျွန်တော်​တို့ အ​မြဲ​ကြား​နေ​ရသ​ည့် ကျွန်တော်​တို့​၏ ဆရာ​သခင် မော်​လာ​နာ ဗ​ရှိ​ရွ​လ​ ႅာ​ဟ် ​ဆွာ​ဟိ​ဗ် (ရ) ၏ ရန်ကုန်မြို့ ​၁​၃​၆ လမ်း မ​ဒါး​ဗ​လီ​တွင် အီ​ရှာ​ဆွ​လာ​သ် အပြီး တရား​ဟော်​ပြော​မှု​ကို​မူ ကျွန်ုပ်​တို့​သည် မ​ဖြစ်​မ​နေ သွား​နားထောင်​မိ​သည်။ ဆရာ​ကြီး​က အထက် တွင် ​ဖေါ်​ပြသ​ည့် ဟ​ဒီး​ဆ်​တော်​များ၊ ကို တင်ပြ​လေ့​ရှိ​ပြီး အ​ထူး​သတိပေး​တတ်​သည်မှာ ၎င်း​ည​တွင် လုပ်ဆောင်​ရ​မည့် အမ​လ် အိ​ဗါ​ဒ​သ် များ​တွင် “ဆွ​လာ​သွ​လ် သစ်​ဘီ​ဟ်” ကို ဖတ်​ဖြစ်​အောင် ဖတ်​ကြ​ရန် ပင်​ဖြစ်​သည်။ ၎င်း​ဆွ​လာ​သ်​တွင် ဖတ်​ရ​မည့် ​ဇိ​ကိ​ရ်​မှာ “စူ​ဗ​ဟာ​န​လ္လာ​ဟိ ဝ​လ်​ဟ​မ်​ဒု​လိ​လ္လာ​ဟိ ဝ​လာ​အိ​လာ​ဟ အိ​လ​လ္လာ​ဟု ဝ​လ္လာ​ဟု ဝ​အက်​ဘ​ရ်” ပင်​ဖြစ်​ပါ​သည်။

ဆရာ​ကြီး​တင်ပြ​သည့် “ဆွ​လာ​သွ​လ် သစ်​ဘီ​ဟ်” ဖတ်​နည်း​မှာ ပထမ ​၄ ရ​က​အ​သ် ​နိ​ယ​သ်​ချီ​ပြီး​နောက် အ​လ္လာ​ဟု​အက်​ဘ​ရ် သက်​ဗီ​ရ် ဖတ်​ပြီး (၁) စူ​ရာ​ဖာ​သိ​ဟ​အရ​င် အထက်​ပါ​ဇိ​ကိ​ရ် ကို ​၁​၅ ခေါက်​ဖတ်​ပါ (၂) စူ​ရာ​ဖါ​သိ​ဟ​ဖတ်​ပြီး​နောက် ၎င်း​ဇိ​ကိ​ရ်​ကို ​၁​၀ ခေါက်​ဖတ်​ပါ (၃) ရူ​ကု​အ် စူ​ဘဟာ​န​လ္လာ​ရ​ဗ်​ဗိ​ယ​လ်​အ​ဇီး​မ် ​၃ ခါ ဖတ်​ပြီး ၎င်း​ဇိ​ကိ​ရ်​ကို ​၁​၀ ခေါက်​ဖတ်​ပါ (၄) ရု​ကု​အ်​အပြီး ပြန်​မတ်တတ်​ရပ်​ချိန်​တွင် ၎င်း​ဇိ​ကိ​ရ်​ကို ​၁​၀ ခေါက်​ဖတ်​ပါ (၅) ပထမ ​စိ​ဂ်ျ​ဒ​ဟ်​တွင် စူ​ဘဟာ​န​လ္လာ​ရ​ဗ်​ဗိ​ယ​လ်​အာ့​လာ ​၃ ကြိမ်​ဖတ်​ပြီး နောက် ၎င်း​ဇိ​ကိ​ရ်​ကို ​၁​၀ ခေါက်​ဖတ်​ပါ (၆) ပထမ ​စိ​ဂ်ျ​ဒ​ဟ် အပြီး ပြန်​ထိုင်​ချိန်​တွင် ၎င်း​ဇိ​ကိ​ရ်​ကို ​၁​၀ ခေါက်​ဖတ်​ပါ (၇) ဒုတိယ ​စိ​ဂ်ျ​ဒ​ဟ်​တွင် စူ​ဘဟာ​န​လ္လာ​ရ​ဗ်​ဗိ​ယ​လ်​အာ့​လာ ​၃ ကြိမ်​ဖတ်​ပြီး​နောက် ၎င်း​ဇိ​ကိ​ရ်​ကို ​၁​၀ ခေါက်​ဖတ်​ပါ။ ဤသို့​ဖြင့် (၁) ရ​က​အ​သ်​တွင် ၎င်း​ဇိ​ကိ​ရ် အကြိမ် ​၇​၅ ခေါက်​ဖတ်​မိ​သွား​လိမ့်​မည်။ ​၄ ရ​က​အ​သ် ဖတ်​မိ​လျှင် အကြိမ်​ပေါင်း ​၃​၀​၀ ဖတ်​မိ​လိမ့်​မည်။ ဤ​သည်မှာ ဆွ​လာ​သွ​လ် သစ်​ဘီ​ဟ် ပင်​ဖြစ်​သည်။

ဆရာ​ကြီး​ဆက်လက်​တင်ပြ​သည်မှာ မဂ်​ရိ​ဗ် ဆွ​လာ​သ်​အပြီး​တွင် န​ဖိ​လ် ဟာ​ဂျ​သ် ​၂ ရ​က​အ​သ် ​၃ ကြိမ် ဖတ်​ကာ အကြိမ်​တိုင်း အတွက် ပထမ​အကြိမ်​တွင် မိမိ အသက်​ရှည်​ကျန်းမာ​ရန်​အတွက်​၎င်း၊ ဒုတိယ အကြိမ်​တွင် ရို​ဇီ​ရိက္ခာ တိုးပွား​ရန်​အတွက်​၎င်း၊ တတိယ​အကြိမ်​တွင် ဘေး​အန္တရာယ်​အပေါင်း​မှ ကင်း​ဝေး​ရန်​အတွက် ၎င်း ​နိ​ယ​သ်​ထား​ကာ ဖတ်​သင့်​ကြော​င်း​တင်ပြ​လေ့​ရှိ​ပါ​သည်။ ဆက်လက်​တင်ပြ​သည်မှာ စူ​ရာ ရာ​စီး​န် ကို ​၃ ကြိမ် အထက်​ပါ ​နိ​ယ​သ်​ဖြင့် ဖတ်​သင့်​ကြော​င်း​ဖြစ်​ပါ​သည်။ တစ်​ခေါက် ဖတ်​ပြီး​တိုင်း အောက်​ပါ ​ဒို​အာ​ကို ဖတ်​သင့်​ကြော​င်း​တင်ပြ​ပါ​သည်။


မဂ်​ရိ​ဗ် ဖတ်​ပြီး​နောက် ဆွ​လာ​သ် ​၂ ရ​က​အ​သ် ​၃ ကြိမ် ဖတ်​သည်​ဆို​ရာ​တွင် ​၆ ရ​က​အ​သ် ဖြစ်​မည်။ ​၂ ရ​က​အ​သ် ဖတ်​ပြီး​တိုင်း အောက်​ပါ ​ဒို​အာ​ကို တစ်​ခေါက်​ဖတ်​ပါ​က အလွန်​ကောင်း​ပါ​သည်။ ထို​နည်း​အတိုင်း စူ​ရာ ရာ​စီး​န် ဖတ်​ရာ​တွင်​လည်း တစ်​ခါ ဖတ် ပြီး​တိုင်း အောက်​ပါ​ဒို​အာ​ကို တစ်​ခေါက်​ဖတ်​ပါ​က အလွန်​ကောင်း​ပါ​သည်။


ဒို​အာ​တောင်း​သည့်​အခါ​တွင်​လည်း ကောင်း​ကောင်းမွန်​မွန် စိတ်ဝင်စား​စွာ​ဖြင့် မိမိ​အလို​ဆန္ဒ​များ​ကို တောင်းခံ သင့်​ပါ​သည်။ မိမိ​အလို​ဆန္ဒ​များ​ကို တောင်းခံ​သည့်​အပြင် မိမိ​တို့ သိ​လျှ​က်​ဖြစ်​စေ မ​သိ​၍​ဖြစ်​စေ ကျူးလွန်​ခဲ့​သည် အပြစ်​များ​ကို​လည်း ခွင့်လွှတ်​ပါ​လို ကြော​င်း တောင်းခံ​သင့်​သည်။ အများ​အား​ဖြင့် မိမိ​တို့ ကျူးလွန်​တတ်​သည့် အပြစ်​ဂို​နာ​များ​တွင် (၁) ကု​ဖု​ရ်​နှင့် ရှိ​ရိ​က် လုပ်​ခဲ့​မိ​ခဲ့​လျှင် ၎င်း၊ (၂) မိမိ​ညီ​အကို​များ​နှင့် ရန်လို​မုန်းထား​မိ​ခဲ့ လျှင်​၎င်း၊ (၃) ဆွေ​မျိုး​သား​ခြင်း​များ​၏ အခွင့်အရေး​ကို မ​ပေး​ခဲ့​မိ​လျှင်​၎င်း၊ (၄) မိဘ များ​ကို ကလန်​က​ဆန် လုပ်​ခဲ့​မိ​သည်​များ​ကို​၎င်း၊ (၅) အရက်သေစာ သောက်​စား​မိ​ခဲ့​သူ​လျှင်​၎င်း၊ (၆) သူတစ်ပါး​ကို မ​တရား​လုပ်​ခဲ့​မိ ခဲ့​လျှင်​၎င်း၊ (၇)ခိုး​ယူ လိမ်လည် ခဲ့​မိ​လျှင်​၎င်း၊ (၈) သူ​များ​အကြောင်း မ​တရား​အတင်းပြော​ခြင်း၊ ​ဂုံး​တိုက်​ခြင်း၊ သူတစ်ပါး​ကို ​ဂျော​က် ကျအောင် လုပ်​ခဲ့​ခြင်း၊ စ​သ​ဖြင့် မိမိ​တို့​၏ ပြစ်​မှု​အပေါင်း​ကို အ​လ္လာ​ဟ်​အရှင်​မြတ်​ထံ စိတ်​ရော​ကိုယ်​ရော နှလုံး​အပါ လိုလို​လားလား​ဖြင့် အပြစ်​အပေါင်း​မှ ကင်း​လွှတ်​ခွင့်​ရအောင်​လည်း တောင်းခံ​ရန် မ​မေ့​သင့်​ပါ​ကြော​င်း​တင်ပြ​လိုက်​ပါ​သည်။


ဘာ​ရာ​သ် ည​တွင် အောက်​ပါ​ဒို​အာ​ကို အနည်း​ဆုံး သုံး​ကြိမ်​ဖတ်​က အလွန်​သင့်​တော်​ပါ​သည်။


အဆုံး​အနေ​ဖြင့် တင်ပြ​လို​သည်မှာ မွတ်​စ်​လင် ညီနောင်​အပေါင်း​တို့ မိမိ​တို့​သည် ကမ္ဘာ​၏ အရှေ့​အနောက် တောင်မြောက် အရပ်​တိုင်း​တွင် ရှိ​နေ​သည်။ အမေ​ရိ​က​မှာ မြန်မာ မွတ်​စ်​လင်​တွေ ရှိ​သ​လို အခြား နိုင်ငံ​များ အရှေ့​အလယ်​ပိုင်း အာ​စီ​ယံ​နိုင်ငံ​များ တောင်​အမေ​ရိ​က​နှင့် ဩ​စတေး​လျှ နိုင်ငံ​တို့​မှာ​လည်း ရှိ​ပါ​သည်။ အချို့​က မြန်မာ​နိုင်ငံ ပေါက် မွတ်​စ်​လင်​တွေ​ဖြစ်​သ​လို ဟ​န​ဖီ​မ​ဇ်​ဟ​ဗ် ဝင်​တွေ​ဖြစ်​ပါ​တယ်။ အချို့​က ရှာ​ဖ​အီ မ​ဇ်​ဟ​ဗ်​ဝင် တွေ​ဖြစ်​ကုန်​ပါ​တယ်။ အချို့​က အထက်​ပါ ဟ​ဒီး​ဆ်​တော်​တွေ​နှင့် ဘာ​ရာ​သ် ည​ကို လက်ခံ​ကျဉ်း​ပသ​လို အချို့​က လက်မ​ခံ​ဘူး​ဆို​တာ​ကို နားလည်​သဘောပေါက်​နိုင်​ပါ​တယ်။ သို့​သော် မည်သို့​ပင်​ဖြစ်​ပါ​စေ တစ်​ဦး​ကို တစ်​ဦး နားလည်​သဘောပေါက်​ပေး​မယ်​ဆို​ရင် ကျွန်တော်​တို့​ရဲ့ ယူ​နီ​တီ တစ်​ခု ရ​လာ​နိုင်​ပါ​တယ်။ အားလုံး​ငြိမ်း​ချမ်း နိုင်​ပါ​စေ​လို့ ဆု​မွန်​ကောင်း​တောင်း​လိုက်​ပါ​တယ်။ အာ​မီး​န်။