Friday, May 7, 2010

The First Talk, Lar Ilar Ha Illallah

ဒအ်ဝဟ် လုပ်ငန်း၏ အခြေခံ လုပ်ငန်းစဉ် ၆ ရပ် မှ
ပထမ လုပ်ငန်းစဉ် (ကလိမာ လာအိလာဟ အိလ္လလ္လာဟ်)

ဒအ်ဝဟ်အင်မြန်မာ အပိုင်း (၂) တွင် ဒအ်ဝဟ် လုပ်ငန်း၏ ရည်ရွယ်ချက်နှင့် အခြေခံသဘောတရားများကို တင်ပြခဲ့ပါသည်။ လုပ်ငန်း၏ ရည်ရွယ်ချက်သည် ကောင်းသည်နှင့်အမျှ ကြီးမားသည်နှင့်အမျှ အကျိုးတရား ကြီးမားနိုင်ပါသည်။ သို့ဖြစ်၍ မိမိသည် မိမိ၏ ဒအ်ဝဟ် လုပ်ငန်းကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ခုလုံး သို့ ကျယ်ပြန့်သွားစေရန် ရည်ရွယ်ပါသည်။ ဒါကြောင့်လည်း ဒအ်ဝဟ်အင်မြန်မာနှင့် ကမ္ဘာဟု မိမိလုပ်ငန်း ၀န်းကျင်ကို ဖြန့်ကားကျယ်ပြော စေလိုက်ပါသည်။ အလ္လာဟ်အရှင်မြတ် ဤဘလောဂ်ကို ထိန်းသိမ်းစောင့် ရှောက်တော်မူပါစေရန်နှင့် လက်ခံတော်မူပါစေရန်လည်း ဒိုအာပြုပြီး ဖတ်ရှု့လေ့လာကြသူ မွတ်စ်လင်မ် မုမင်န် အပေါင်းတို့ကိုလည်း ဒိုအာပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒအ်ဝဟ်လုပ်ငန်းလုပ်ကိုင်ကြမည့် သူတိုင်းသည် မဖြစ်မနေ နားလည်သဘောပေါက်ရမည့် အခြေခံလုပ်ငန်း စဉ် ၆ ရပ် အနက် ပထမဆုံးအချက်သည် ကလိမာ သွိုင်ယိဘာ ဟုခေါ်သည့် လာအိလာဟ အိလ္လလ္လာဟ် မုဟမ္မဒွန် ရစူလွလ္လလ္လာဟ်ကို ကောင်းစွာ နားလည်သဘောပေါက်ခြင်းပင်ဖြစ်သည်။ အဓိပ္ပါယ် မှာလည်း မွတ်စ်လင်မ်တိုင်း နားလည်ကြပါသည်။ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သော အရှင်မရှိ၊ မုဟမ္မဒ် သခင် (ဆွ) သည် အလ္လဟ်အရှင်မြတ်၏ စေလွှတ်တော်မူသော ရစူလ်တမန်တော်ဖြစ်သည်။

ကလိမာ လာအိလာဟ အိလ္လလ္လာဟ် နှင့်ပတ်သက်ပြီ အချက်လေးချက်ကို ထပ်မံနားလည်ရန် အရေးကြီးပါသည်။ (၁) မည်သူမဆို ၄င်းကလိမာကို ဖတ်ရွတ်ရာတွင် အသံထွက်နှင့် လေယူလေသိမ်းကို ကောင်းစွာ ဖတ်ရွန်နိုင်ရန် အရေးကြီးပါသည်။ မဖတ်နိုင်ပါက ဖတ်နိုင်သူထံတွင် မရှက်မကြောက်ဘဲ သင်ယူရန်အရေး ကြီးပါသည်။ (၂) ဤအချက်သည် ပိုအရေး ကြီးပါသည်။ ကလိမာဟ် ဖတ်ရွတ်သူသည် ၄င်းကလိမဟ်၏ အဓိပ္ပါယ်ကို ကောင်းစွာနား လည်သဘောပေါက်ရန် အရေးကြီးပြီး အလွတ်မှတ်သားရပါမည်။ အဓိပ္ပါယ် အပေါ်စာပိုဒ်တွင် ဖတ်ပါ။ (၃) တတိယအချက်သည် ၄င်းကလိမဟ်၏ အတွင်းအဓိပ္ပါယ်ကိုလည်း ကောင်းစွာ နားလည်သဘော ပေါက်ရန်အရေးကြီး ပါသည်။ ၄င်းအတွင်သဘောသည် မွတအလ်စ်လင်မ် တစ်ဦး အနေဖြင့် အလ္လဟ်အရှင်မြတ် ကို တမန်တော်မြတ် (ဆွ) ရှင်းလင်းတင်ပြသည့်အတိုင်း သတွေမတိမ်း ခ၀ပ်ရိုကျိုး အမိန့်တော်များကို လိုက်နာ ဆောင်ရွက်ပါမည်ဟူ၍ဖြစ်သည်။ (၄) စတုထ္ထအချက်သည် မွတ်စ်လင်မ်တိုင်းအနေဖြင့် ၄င်းကလိမဟ်၏ သဘောတရားကို ကောင်းစွာနားလည် သဘောပေါက်ခြင်းဖြစ် သည်။ သဘောတရားဟု ပြောလျှင် နောက်ထပ် အချက် ၄ ချက်ကို သတိပြုသင့်ပါသည်။

(က) အလ္လာဟ်အရှင်မြတ်သည် အရာရာကို ပိုင်စိုးတော်မူပြီး အရာရာကို အခြားမည်သည့် အဖန်ဆင်းခံတို့ ၏အကူအညီမပါဘဲ လုပ်ကိုင်ဆောင်ရွက်နိုင်တော်မူပါသည်။

(ခ) သူ၏ အဖန်ဆင်းခံတို့သည် အလ္လာဟ်အရှင်မြတ်၏ အကူအညီမပါရှိဘဲ မည်သည့်အလုပ်ကိုမျှ လုပ်ကိုင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

(၃) တမန်တော်မြတ် (ဆွ) ပြသသည့် နည်းလမ်းများ (စွန္နသ်တော်များ) များဖြင့်သာ မိမိတို့သည် နှစ်ဘ၀ ၏ အောင်မြင်မှုကို လက်လှမ်းရယူနိုင်ပါသည်။

(၄) အခြားမည်သည့် နည်းလမ်းဖြင့်ဖြစ်စေ မိမိတို့ ကြိုးပမ်းသည်ဖြစ်အံ့ အောင်မြင်ရန် မဖြစ်နိုင်ပါ။

မိမိတို့အထူးသတိထားရမည်မှာ အထက်ပါ သဘောတရာ ၄ ချက်ကို ပိုင်ပိုင်နိုင်နိုင် လေးလေးနက်နက် မိမိတို့ နှလုံးသားတွင် မယုံကြည်နိုင်သမျှ မိမိတို့၏ အီမာန်သည် ပိုင်နိုင်ပြီဟု မယူဆနိုင်ပါ။ ကြိုးစား ပမ်းစား လုပ်ကိုင်ရန် အရေးကြီးပါသည်။ အထုးသဖြင့် မိမိတို့ မည်မျှပင် ကြိုးပမ်းဆောင်ရွက်သည်ဖြစ်စေ အကြိုးဖြစ် ထွန်းရန်အတွက် မိမိသည် ကောင်းမွန်မြင့်မြတ်သော အသိုင်းအ၀န်းတွင် ရောက်ရှိရန်သည် အရေးကြီးပါသည်။ ထိုကောင်းမွန်သော အသိုင်းအ၀န်းတွင် ကြာကြာ နေထိုင်လေလေ ကြိုးပမ်းလေလေ မိမိအတွက် အီမာန်ခိုင်မြဲ အကြိုးဖြစ်ထွန်းနိုင်ရန် အခွင့်အရေးများလေလေဖြစ်သည်။ သတိထားသင့်သည် အထက်ပါ အချက် ၄ ချက် မိမိတို့ နှလုံးသားတွင် မခိုင် မမြဲသရွေ့ မိမိတို့၏ အီမာန်သည် ခိုင်မြဲပြည့်စုံမည်မဟုတ်ပါ။

အထက်ပါ အချက် ၄ ချက်ကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးဆုံး လုပ်သင့်သည့် နောက်ထပ် အချက် ၃ ချက်ကို တင်ပြချင်ပါသည်။ ၄င်းတို့မှာ (က) မိမိ မျက်စိကို ထိန်းသိမ်းစောင့်ရှောက် ခြင်း။ (ခ) မိမိ နားကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။ (ဂ) မိမိနုတ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အလုပ် တို့ပင်ဖြစ်ပါသည်။

အထက်ပါ အင်္ဂါ ၃ ခုသည် မိမိတို့ကို ပြင်ပကမ္ဘာနှင့် ဆက်ဆံမှုလုပ်ရာတွင် အဓိကကျပါသည်။ သူတို့အနေ ဖြင့်ကောင်းကောင်းမွန်စွာ တာဝန်ကျေပွန်ပါက မိမိတို့သည် လူပုံအလယ်တွင် တန်ဖိုးရှိသူများဖြစ်နိုင်သလို သူတို့သုံးဦး၏ မကောင်းမွန် မတင့်တယ်သည့် လုရပ်များသည် မိမိတို့ကို လူပုံအလယ်တွင် အရှက်ရစေမည် မှာသေချာပါသည်။ ထို့အပြင် လူတို့၏ အတွေးသည် ၄င်းအင်္ဂါ သုံးခုကြောင့်သာလျှင် ဖြစ်ပေါ်ဖွံ့ဖြိုးကြလေ သည်။ ထိုအပြင် လူတို့၏ အတွေးအပေါ်မူတည်ကာ ၄င်း၏ အီမာန်ယုံကြည်မှုသည် ဖြစ်ပေါ်လာကာ ထိုသူ့ ကို လွှမ်းမိုးလေသည်။ မိမိနှလုံးအတွင်း အီမာန် ရောက်ရှိ သိရှိ ခံစားရရှိလာချိန်တွင် လူသည် ၄င်းအီမာန်ကို ခန္ဓာတစ်ခုတည်းဖြင့် အသုံးချ ခံစား အိဗါဒသ် ပြုလုပ်ကြသည်သာကမ၊ မိမိ၏ အသိတရားနှင့် ဗဟုသုတ ဥါဏ်ကိုလည်း အသုံးချကာ အိဗါဒသ်ကို ပိုင်ပိုင်နိုင်နိုင် လုပ်တော့ကာ အရှင်မြတ်၏ ချစ်ခင်မှုကိုသာမက နှစ်သက်မှု ကို ရရှိနိုင်လေသည်။ ရိုးရိုး ချစ်ခင်မှုနှင့် နှစ်နှစ်ကာကာ ချစ်ခင်မှု၏ ကွာခြားမှုကို မိမိတို့ကောင်း ကောင်းသိပါသည်။

မိမိတို့၏ မျက်စိနှင့် နားကို အာရုံစိုက်ခြင်း သတိထားခြင်း မပြုမိပါက ၄င်းတို့သည် ကြည့်ခြင်သည့်အရာ တိုင်းကို၎င်း အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှု မရှိသည့်အရာများကိုလည်း၎င်း ကြည့်လိမ့်မည်။ နားသည် လည်း အလ္လာဟ် အရှင်မြတ် မနှစ်သက်သည့် အရာများကို နားထောင်တော့ကာ အရာကိုတိုင်းကို ကောင်း သည်ဟု ထင်မှတ်နေကာ ကိုယ်ခန္ဒာကလေးကို ယိမ်းတိမ်းတိမ်းလုပ်ကာ ကျေနပ်နေမိလိမ့်မည်။ ထိုအခါ နုတ်သည် ခန္ဓာ၏ ယိုင်းယိုင် လောက်အောင် ကျေနပ်မှုကို သိရှိတော့က ထိုလုပ်ရပ်သည် ကောင်းသည်ဟု ထင်မှတ်မိသည်။ အကြောင်းမှာ မျက်စိနှင့် နားသည် နုတ်လျှာကို သင်ကြားပေးလိုက်ခြင်းဖြစ်သည်။ ထိုအခါ နုတ်သည် ၄င်းလေ့လာမိသည့် အကြောင်း တစ်ရပ်ရပ်ကို အမှန်ဟုထင်ကာ ပြောချလိုက်ပါသည်။ ၄င်းပြောကြားချက်သည် ၄င်း၏ အမှန်စကား၊ တနည်အားဖြင့် ၄င်း၏ ယုံကြည်မှုဖြစ်လာတတ်ပါသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ချစ်ခင်မှု ယုံကြည်မှုကို ထိုသူသည် သတိမရတော့ဘဲ သူ၏နှလုံးသားသည် အီမာန်နှင့်ဝေးသွားလေတော့သည်။ တနည်းအားဖြင့် ကြည့်လျှင် ထိုသူသည် မိမိထင်မြင်သည့် မှားယွင်းနေ သည့် အကြောင်း ကို အမှန်ဟုထင်ကာ လုပ်နေခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် ဆက်ကာဆက်ကာ မှားယွင်းမှုများ၊ မပြေလည်စရာများ၊ ၀မ်းသာခြင်းမဖြစ်သည့် အကြောင်းတရားများ၊ မိမိနှင့် မိမိ၏ ပတ်ဝန်း ကျင်ကို ဖျက်လိုဖျက်စီး ဖြစ်စေမည့်အကြောင်းများ၊ စိတ်ဖိစီးမှုများ၊ အိပ်မပျော်စေသည့်အကြောင်းတရား များကို ဖြစ်ပေါ်စေပါသည်။ ထိုသူသည် စင်စစ် အမှားနှင့် အမှန်ကို ခွဲခြားနိုင်မှု မရှိတော့ဘဲ အမှားဝန်းကျင်တွင် တ၀ဲလယ်လယ်ဖြစ်နေပါတော့သည်။

မျက်စိ၏ကြိုးပမ်းမှု

မျက်စိ၏ကြိုးပမ်းမှုသည် မည်သည့်အရာကိုမဆို မှန်ကန်သည့် သဘောဖြင့် ကြည့်ရန်လိုအပ်သည်။ အမှန်တရားဆိုသည်မှာ အရာရာ၏ ဇစ်မြစ်ကို နားလည်ခြင်းဖြစ်သည်။ မည်သည့်အရာရာကို ကြည့် သည်ဖြစ်စေ ၄င်းအရာသည် မရှိသည့်နေရာမှ ဖြစ်တည်လာခြင်းဖြစ်သည်။ တနည်းအားဖြင့် အရာရာသည် မဖြစ်သေးသည့် အခြေအနေမှ တစ်ခုခုအဖြစ် ဖြစ်တည်လာခြင်းဖြစ်သည်ဟု နားလည်ရမည်။ ၄င်းအရာသည် တစ်နေ့ ၄င်းပျက်ခြင်း သဘောကို ပြန်ရောက်မည်ဖြစ်သည်ကို နားလည်သင့်သည်။ တနည်းအားဖြင့် အရာရာတိုင်းသည် အရင်က တည်ရှိသည်မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းခြင်းဖြစ်သည်။ အချိန်တန်လျှင် ၄င်းအရာသည် ပျက်စီးသွားမည် သာဖြစ်သည်။ လူဟူသည်လည်း ယနေ့ရှိသလို နောက်ရက် သေဆုံးခြင်းလည်း ဖြစ်သွားတတ်သည်။ မြေကြီးဖြစ်သွားလိမ့်မည်။ သည်တော့ မိမိသည် မည်သည့်အရာကို ကြည့်ကြည့် ၄င်းအရာ သည် မိမိကို အံ့သြအောင် လုပ်မိနိုင်တော့မည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် မိမိသည် အမှန်တရား ကို မြင်တတ်လာပြီဖြစ် သည့်အတွက်ကြောင့်ဖြစ်သည်။

သည့်တော့ မိမိသည် မည်သည့်လူကို မဆို သမ္မတစ်ဦးကို မြင်သည်ဖြစ်စေ၊ ၀န်ကြီးချုပ်တစ်ဦးကို မြင်သည်ဖြစ်စေ၊ အလွန်လှပသည့် မိန်းမတစ်ဦးကို မြင်သည်ဖြစ်စေ၊ အံ့သြနေတော့မည်မဟုတ်ပါ။ သူတို့သည် မြေကြီးမှ စတင်ဖြစ် ပေါ်လာပြီး နောက်ဆုံးတွင် မြေကြီးပြန်ဖြစ်သွားမည်သာဖြစ်သည်။ သို့ဖြစ်လျှင် ၄င်းလူတို့အတွင်း ကျန်ရှိစရာတစ်ခုတော့ ရှိသည်။ ၄င်းကျန်ရစ်သည် အရာသည် အလ္လာဟ်အရှင်မြတ်၏ ကွဒ်ရသ်ခေါ် ထူးဆန်းသည့်စွမ်းအားပင်ဖြစ်သည်။ လူသားကို ၀ိဥါည် ဟု ခေါ်သည့် စွမ်းအားဖြင့် အသက်သွင်းခြင်းဖြစ်သည်။ လူတိုင်းတွင် ၄င်း ၀ိဥါည်ရှိသည်။ ၄င်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြစ်သည်။


လူတိုင်းတွင် မိမိ၏ ပါဝါ၊ မိမိ၏ ဂုဏ၊် မိမိ၏ စွမ်းအား၊ မိမိ၏ ငွေကြေးဥစ္စာ၊ ဇနီးသားမယားများ ရှိသည်ဆိုကာ မိမိကိုယ် ကို အထင်ကြီးကြသလို ထိုသို့သော်လူများကို ကြည့်ကြသူတို့သည်လည်း သူတို့ကို အထင်ကြီးနေကြတတ်သည်။ မိမိကိုယ်ကို အထင်သေးနေတတ်ကြသည်။ မိမိ၏ မရှိသည့်အဖြစ် မစွမ်းသာသည့် အဖြစ်ကို စိတ်ပျက်နေတတ်ကြသည်။ တနည်းအားဖြင့် လူတို့သည် မိမိတို့၏ အမြင်မှားယွင်းနေမှုကို သတိမပြုကြသည့်အတွက်ကြောင့်သာဖြစ်သည်ကို သိလာလျှင် အဆင်ပြေသွားမည်ဖြစ်သည်။ စင်စစ် အရာရာသည် အလ္လာဟ်အရှင်မြတ် လုပ်ပေးသည့်အတွက် ဖြစ်တည် လာခြင်းဖြစ်သည်ကို သိမြင်လာလျှင် ထိုသူသည် မိမိ၏အီမာန် ယုံကြည်မှု မှန်ကန်တော်တည့် လာပြီဖြစ်သည်ကို သတိထားမိမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကို ပိုမိုယုံကြည်လာမည်ဖြစ်သည်။


တနည်းအားဖြင့် အလ္လာဟ် သဘောတူမှ ဖြစ်တာဘဲ၊ အလ္လာဟ်အရှင်မြတ် နှစ်သက်မှုဖြစ်မှ အရာရာသည် ဖြစ်တာဘဲ ဆိုတာကို နားလည် လာမည်ဖြစ်သည်။ ယုတ်ဆွအဆုံး သစ်ရွက်တစ်ရွက်သည်ပင် အလ္လာဟ်အရှင် မြတ် သဘောတူ ညီမှုမရှိလျှင် မလှုပ်နိုင်ဆိုသည့်စကားကို သဘောပေါက်လာမည်ဖြစ်သည်။ ငွေကြေးချမ်းသာမှုဆိုသည်မှာ စိတ်ချမ်းသာမှုနှင့် မဆိုင်သလို ၀မ်းသာခြင်းဆိုသည်မှာလည်း ဆင်းရဲမှုနှင့် မဆိုင်ပါ။ အရာရာသည် အလ္လာဟ်အရှင်မြတ်သာလျှင် ပေးနိုင်စွမ်းရှိပါသည်။ အလ္လာဟ်သာ သဘောတူလျှင် မည်သူမဆို အားလုံး ဖြစ်ချင်တာတွေကို ဖြစ်စေနိုင်လိမ့်မည်။ သည်တော့ မိမိတို့သဘောပေါက်ရမည်မှာ အရာရာ၏ သော့၏ အလ္လာဟ်အရှင်မြတ်၏ လက်တွင်းသာရှိပါသည်။ အလ္လာဟ်ကိုသာ သဘောတူစေရမည်ဖြစ်သည်။ အလ္လာဟ်သာ သဘောတူလျှင် မိမိလိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါသည်။ အဆုံးအနေဖြင့်ပြောရလျှင် မိမိအနေဖြင့် မိမိ၏မျက်စိကို ကောင်းစွာကြည့်မြင်တတ်ဖို့လိုသလို အမြင်တွင် အစင်းသိအတွင်းသိ ဖြစ်နေ တတ်ရန်လိုသည်။ ၄င်းအသိသည် မိမိ၏နုတ်နှင့် နှလုံးသားကို အမှန်သင်ကြားပေးလိမ့်မည်။ ၄င်းအသိ သည် အလ္လာဟ်အပေါ် ပိုမိုယုံကြည်စိတ်ခိုင်မြဲ လာမည်။ အီမာန်ယုံကြည်မှုခိုင်မြဲလာလေလေ မိမိ၏ လုပ်ရပ်များလည်း မှန်ကန်လာလေလေဖြစ်သည်။ ထိုအခါ မိမိသည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာ ခြင်းများလည်း ရရှိခံစားလာမည်ဖြစ်သည်။ ဤသည်မှာ အရာရာကို အမှန်အတိုင်းကြည့်တတ်ခြင်းဖြင့် မိမိ၏ အမှန်တရား အီမာန်တရားကို ခိုင်မာလာစေခြင်းဖြစ်သည်။

နား၏ကြိုးပမ်းမှု

နား၏ကြိုးပမ်းမှုသည် အလွန်လွယ်ကူပါသည်။ မိမိအနေဖြင့် မည်သည့်စကားကို အသံကိုကြားသည်ဖြစ်စေ အရာရာသည် အလ္လာဟ်အရှင်မြတ်၏ သဘောတူညီမှုကြောင့်သာလျှင် ဖြစ်ပျက်ကြပြီး စွမ်းအားရရှိလာခြင်း၊ စွမ်းအားပျက်သုန်းခြင်း ဖြစ်သည်ကို သဘောပေါက်ရမည်။ လူတစ်ဦး စွမ်းအားအလွန်ကောင်းသည်ဟု ကြားလျှင် မိမိသဘောပေါက်ရမည်မှာ သူ့ကို အလ္လာဟ်အရှင်မြတ်၏ သဘောတူသည့်အတွက် အားအင် ရရှိခြင်းဖြစ်သည်ဟု သဘောပေါက်သင့်ပေသည်။ အမေရိကန် အင်အားတောင့်တင်းခြင်း၊ တရုတ်တို့ ချမ်းသားလာခြင်းဟူသည်မှာလည်း အလ္လာဟ်အရှင်မြတ် ပေးအပ်သည့် အားအင်များသာဖြစ်သည်။ ယနေ့ မွတ်စ်လင်မ်များ အားအင်ဆုတ်ယုတ်လာ ခြင်းသည်လည်း အလ္လာဟ်အရှင်မြတ်အနေဖြင့် သင့်တော်သည့် ဆုံးဖြတ်ချက်ဖြင့် အားအင်ဆုတ်ယုတ်စေခြင်းဖြစ် သည်ကို နားလည်ရမည်ဖြစ်သည်။ မည်သူမဆို မိမိ၏ လုပ်ရပ်များ၏ ရလဒ်ကို ရကြခြင်းဖြစ်သည်။ ယနေ့ ကမ္ဘာကြီးပူနွေးလာခြင်း၊ မြေငလျှင်များများ လုပ်နေခြင်း၊ မုန်တိုင်းများ၊ တိုနေဒိုးများ၊ မြေပြိုခြင်းများ စသည်တို့သည် အလ္လာဟ်အရှင်မြတ် သဘောမတူဘဲ ဖြစ်သည် မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကြောင့်သာ ဖြစ်သည်ဟု အီမာန်ယုံကြည် လာရမည်။ နားထဲ ကြားသမျှသည် နုတ်ကထွက်ဆိုလာလိမ့်မည်။ နှလုံးသားက သက်သေခံလိမ့်မည်။ အီမာန်၏ယုံကြည်မှု ခိုင်မြဲခြင်းဖြစ်သည်။ တနည်းအားဖြင့် လာအိလာဟ အိလ္လလ္လာဟ် ကို အပြီး သက်သေခံခြင်း ဖြစ်သည်။

နုတ်၏ကြိုးပမ်းမှု

နုတ်မှလည်း အစဉ် မှန်သေားစကား အီမာန်ယုံကြည်ဆိုင်ရာ စကားဖြစ်သည့် အရာရာသည် အလ္လာဟ် အရှင်မြတ်၏ သဘောတော်အတိုင်း ဖြစ်ပျက်နေသည်ဟု တွင်တွင်ကြီးဆိုနေသင့်ပါသည်။ မည်သူတွေ ဘာတွေဘဲပြောပြော မည်သည့် ဖီလိုဆိုဖီ တွေဖြင့် သက်သေအမျိုးမျိုးပြကာ အမျိုးမျိုးဝေဖန်ပြောနေပါစေ မိမိအနေဖြင့် ၄င်းပြောဆိုချက် များကို ပယ်ချသင့်သည်။ နုတ်က တွင်တွင်ပြောဆိုနေသင့်သည်မှာ အလ္လာဟ် သည်သာ အရာရာကို ပိုင်စိုးတော်မူ သောအရှင်ဖြစ်သည်။ ထိုအခါ မိမိနုတ်တွင် အမှန်တရား၏ စွမ်းအားများ ရောက်ရှိလာတတ်သည်။ မိမိစကားကို အများကိုကြားလျှင် ကြည်နူးလာလိမ့်မည်။ လူတို့၏ အသင်၏ စကားတွင် အမှန်တရားကို ရှာဖွေတွေ့ရှိလာလိမ့်မည်။ အသင်သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်မှု ကြောင့် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားကို ယုံကြည်မှုကြောင့် အသင့်တွင် စွမ်းအားများ ၇ှိလာခြင်းဖြစ် သည်ကို တွေ့မြင်ရခြင်းဖြစ်သည်။ ထိုအခါ သင်သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ပါလေ။ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ကိုးကွယ်ခံထိုက်သူဆိုသည့် စကားကို ပိုမိုသိမြင်လာလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည်သာ အကြီးကျယ်ဆုံး အကြီးမားဆုံး၊ အသန့်ရှင်းဆုံး၊ အစွမ်းဆောင်နိုင်ဆုံးဆို သည်ကို သိလာ လက်ခံလာမည်ဖြစ်သည်။

တနည်အားဖြင့် အထက်ပါ အင်္ဂါ သုံးရပ်၏ မှန်ကန်သော ကြိုးပမ်းမှုဖြင့် မိမိသည် ကလိမဟ် လာအိလာဟ အိလ္လလ္လာဟ်၏ သဘောတရားကို ကောင်းစွာ သိမြင်လာမည်ဖြစ်သည်။ ထိုသို့သိမြင် နားလည်ကာ လက်တွေ့လုပ်ကိုင် အကျိုးခံစားခြင်းဟူသည် မြန်မြန်ကြီး ဖြစ်လာရန် မလွယ်ကူသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် မဖြစ်နိုင်ခြင်းဆို သည်မှာ မရှိပါ။ မိမိသည်သာ ဆက်ကာ ဆက်ကာ မျက်ခြေ မပျက် ကြိုးပမ်းလျှင် တစ်ရက်တော့ အမှန်တရားကို တွေ့မြင်လာမည်ဖြစ်သည်။ ယုံကြည်မှု ခိုင်မာ လာမည် ဖြစ်မည်။ အလ္လာဟ်သည်သာလျှင် အရာရာကို လုပ်နိုင်သည့် စွမ်းအားရှိသည်။ အလ္လာဟ်အရှင်၏ လုပ်ရပ်တွင် မည်သူ၏ အကူအညီကိုမျှ မလိုအပ်ပါ။ မည်သည့်လူသားမဆို အလ္လာဟ်၏သဘောတူညီချက် မရှိဘဲ ဘာမျှ လုပ်နိုင်မည်မဟုတ်ပါ။

ဒအ်ဝဟ် လုပ်ငန်းတွင် လုပ်ကိုင်ကြမည် မိတ်ဆွေများသည် အထက်ပါသဘောတရားကို ကောင်းစွာ ကျေညက်အောင် လုပ်ထားသင့်သည့်အပြင် မိမိကိုယ်တိုင်းလည်း အထက်ပါအတိုင်း သဘောပေါက်နားလည်ထားကာ အမလ်ကိုလည်း လုပ်ရမည်။ အခြားသူများကိုလည်း သဘောပေါက်နားလည်အောင် စိတ်ရှည်လက်ရှည် သင်ကြားပေးရမည်။ အထူးသဖြင့် အီမာန်ကို ခိုင်မြဲအောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေရမည်။ အလ္လာဟ်ထံတော်မှာ မိမိ၏ ခွင့်လွှတ်မှုကို အစဉ်တောင်းခံနေသင့်သည်။ မိမိ၏ လုပ်ရပ်များအတွင်းမှ မသမာမှုများ၊ ဟန်ဆောင်မှုများ၊ မယုံကြည်မှုများ၊ သံယသဖြစ်နေမှုများ၊ မရိုးသားမှု များ၊ အပြစ်ထိုက်မှုများမှ ခွင့်လွှတ်မှုကို အစဉ်တောင်းခံနေသင့်သည်။ လူသည် အစဉ် နေ့စဉ်နှင့်အမျှ အမှားလုပ်တတ်သူဖြစ်သည်။ မိမိကိုယ်ကို သိပ်အထင်မကြီးတတ်ရန်အရေးကြီးသည်။ အခြားသူများကို လည်းထိုအတိုင်း သင်ကြားပေးပါ။ သို့ဖြစ်လျှင် မိမိတို့သည် ကလိမာဟုခေါ်သည် ပထမဦးဆုံး ဒအ်ဝဟ် လုပ်ငန်း၏ သဘောကိုကောင်းကောင်းနားလည်ပြီဖြစ်သည်ဟုဆို၇မည်။ ဆက်လက်ပြီး ကလိမာဟ် လာအိလာဟအိလ္လလ္လဟ်၏ အကျိုးတရားများကိုလည်း လေ့လာလိုက်ကြဦးစို့။

ဆက်လက်ဖေါ်ပြဦးမည်။ အင်သျှာအလ္လာဟ်။

လာအိလာဟအိလ္လလ္လာဟ် ဟူသော ဇိကိရ်သည် လူ့ဘ၀ကို အမှန်တကယ်ပင် ပြောင်းလဲပစ်နိုင်ပါ သလား။ လာအိလာဟအလ္လလ္လာဟ်သည် ယနေ့မိမိတို့ကမ္ဘာကြီးကြုံတွေ့နေရသည့် အခက်အခဲများ အတွက် ဖြေရှင်းနိုင်မည့် အဖြေတစ်ခုဖြစ်ပါသလား။ တမန်တော်မြတ် (ဆွ) သည် လူသားတို့၏ ကောင်းကျိုး ကိုသယ်ပိုးရန်အတွက် စကြ၀ဠာ တစ်ခုလုံးအတွက် ကောင်းချီးမင်္ဂလာများ သယ်ဆောင်လာသူဟု ဆိုလျှင် မိမိတို့အနေဖြင့် သံသယ ဖြစ်မည်မဟုတ်ပါ။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ မည်သူမဆို လာအိလာဟ အိလ္လလ္လာဟ်ကို နေ့စဉ် များများရွတ်ဆိုပါက ထိုသူသည် ဂျန္နသ်ဥယဉ်သို့ ၀င်ရောက်ရမည်ဖြစ်ပါသည်။

လာအိလာဟ အိလ္လလ္လာဟ် ဇိကိရ်ကို လူမျိုးမရွေး ဘာသာမရွေး ဖတ်ရွတ် အကျိုးပွားနိုင်သည်။ ဖတ်ရွတ်သူသည် အထူးသဖြင့် မိမိ၏ ရည်ရွယ်ချက်မှန်ကန်ရန်ဖြစ်ပါသည်။ ကောင်းမှုအတွက် ကောင်းကျိုး အတွက် ရည်ရွယ်ချက်ကောင်းကောင်းဖြင့် တောင်းဆိုပါက ကောင်းကျိုးရမည်ဖြစ်ပါသည်။ လူတစ်ဦးသည် အလ္လာဟ်အရှင်မြတ် ထံတော်မှ သနားညှာတာမှုကို၎င်း ငြိမ်းချမ်းမှုကို၎င်း တောင်းခံပါက ၄င်းလူသည် ၄င်း ငြိမ်းချမ်းမှု သနားကြင်နာမှုကို ရရှိမည်ဖြစ်သည်။ သည့်ထက်ပိုက် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သေး သူ တစ်ဦးသည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကာ လာအိလာဟအိလ္လလ္လာဟ် ကိုဖတ်က လောက အကျိုး ဖြစ်ထွန်းမည့်အပြင် လောကုတ္တရာအတွက်လည်း အကျိုးဖြစ်ထွန်းပါလိမ့်မည်ဖြစ်သည်။

တနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ကြသေးသူများအတွက် သတင်းစကားပြောချင် သည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများသာဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ် စူရာ ဗနီအိစ်ရာအီလ် (၁၇း ၇၀) တွင် မိန့်သည်မှာ “ ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ်ပျံ၊ စသောအစီးအနင်းတို့ကို) လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန် စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။ တစ်ဖန် ငါအရှင်မြတ် သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ (သောသက်ရှိသက်မဲ့) တို့ထက် ထွတ်မြတ် စေတော်မူခဲ့လေသတည်း။

၎င်အာယသ်တော်ကို ကြည့်ခြင်းအားဖြင့် ဒီနေ့လောကတွင် မွတ်စ်လင်ဖြစ်စေ၊ ကာဖိရ်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသည့် အထက်ပါ နေ့မသ်များကို အသုံးပြုနေကြသည်မှာ ထင်ရှားပါ သည်။ ကာဖိရ်တို့သည်လည်း လူသားသာဖြစ်သည်။ လူသားကို အခြားသတ္တ၀ါများထက် ထွတ်မြတ်စေခဲ့ သည်ကိုလည်း ထင်ရှားစေပါသည်။ ကာဖိရ်တို့သည်သာ ယနေ့အလ္လာဟ်အရှင်မြတ်ကို အီမာန်ယူလာခဲ့ကြ လျှင် သူတို့သည် အလွန်ပင်အောင်မြင်သူများဖြစ်လာနိုင်ပါသည်။

ကျမ်းမြတ်ကုရ်အာန် ၂း ၂၁ တွင် အမိန့်တော်လာရှိသည်မှာ “အို လူသားအပေါင်းတို့ အသင်တို့၏ မွေးမြူ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ခ၀ပ်ကိုးကွယ်ကြလော့၊ ထိုအရှင်မြတ်သည် အသင်တို့ကို၎င်း၊ အသင်တို့အလျင် သူတို့ကို၎င်း ဖန်ဆင်းတော်မူခဲ့ပြီး၊ သို့မှသာ အသင်တို့သည် သူတော်စဉ်များဖြစ်တန် သတည်း။” ဤအာယသ်တော်ကို ကြည့်လျှင် အလ္လာဟ်အရှင်မြတ်သည် လူသားဟု အသုံးအနှုံးကို အသုံးပြုပြီး ကာဖိရ်တို့ကို မိန့်လေသည်။ သူတို့ကို အီမာန်ယူလာရန် အလ္လာဟ် နံမံတော်ကို ဖတ်ရွတ်ကြ တနည်းအားဖြင့် လာအလာဟအိလ္လလ္လဟ်ကို ဖတ်ရွတ်ကြကာ အကျိုးပွားများနိုင်ကြကြောင်း မိန့်ကြားခြင်း ဖြစ်သည်။ တနည်းအားဖြင့် လူတို့သည် မွေးရာပါ မိမိဖန်ဆင်းရှင်ကို ရှာဖွေတတ်ခြင်းသည် သဘာဝဖြစ် သည်။ အကြောင်းကတော့ လူတိုင်းသည် အစ္စလာမ်အဖြစ်မွေးဖွားလာခြင်းဖြစ်သည်။ အရွယ်လေးရလာ လျှင် မိမိတို့က ကာဖိရ်ဖြစ်လျှင် သူတို့ကို ကာဖိရ် လုပ်လိုက်ကြပါသည်။ မွတ်စ်လင်မ် ဖြစ်လို့ကတော့ ကံကောင်းခြင်းအဖြစ် မွတ်စ်လင်မ် ဖြစ်လာရသည်။

မည်သို့ပင်ဖြစ်စေ လူတိုင်းလူတိုင်းသည် လာအိလာဟ အိလ္လလ္လာဟ် ကို ဖတ်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။ တကယ်တော့ တမန်တော်မြတ် (ဆွ) မိန့်ပါသည်။ လာအိလာဟ အိလ္လလ္လာဟ် ၏ တန်ဖိုးသည် အလွန်ကြီး မားကြောင်း မိုးနှင့်မြေတို့ထက်ပင် အင်အားကြီးကြောင်း၊ မိုးနှင့်မြေအတွင်းရှိအရာအားလုံးထက်ပင် တန်ဖိုး ကြီးမားကြောင်း မိန့်ပါသည်။

တမန်တော်မြတ် (ဆွ) မိန့်သည်မှာ မည်သူမဆို လာအိလာဟ အိလ္လလ္လာဟ် ကို အကြိမ်များစွာ ရွတ်ဖတ်သူ ဖြစ်က သူသည် လောကတွင်၎င်း လောကုတ္တရာတွင်၎င်း ဂုဏ်ရည်မြင့်မားမှုကို ရရှိမည်ဖြစ်သည်။ ဆူဖီသူ တော်စဉ်တို့၏ လမ်းစဉ်တွင် အနည်းဆုံး ၅၀၀၀ တစ်နေဖတ်ကြောင်းလည်းသိရသည်။

၁။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ မည်သူမဆို လာအိလာဟ အိလ္လလ္လာဟ် ကို အကြိမ်များစွာ ရွတ်ဖတ်ပါ က ထိုသူသည် အလွန်ပင် ကုသိုလ်ကံထူးသူဖြစ်သည်။ ကိယာမသ်နေ့တွင် မိမိထံမှ ရှိဖါအသ် ကို ရရှိမည် ဖြစ်သည်။

၂။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ မည်သူမဆို လာအိလာဟ အိလ္လလ္လာဟ် ကို သန့်စင်သည့် နှလုံးသား ဖြင့် အကြိမ်များစွာ ရွတ်ဖတ်ပါ က ထိုသူသည် ဂျန္နသ် ဥယဉ်အတွင်းသို့ ၀င်ရောက်ခွင့် ပြုခံရမည်ဖြစ်သည်။ တမန်တော်မြတ် (ဆွ) ဆွဟာဘာ အချို့က သန့်စင်သည့် နှလုံးသားဆိုသည်မှာ အဘယ်နည်းဟုမေးရာ တမန်တော်မြတ် (ဆွ) မိန့်ကြားသည်မှာ “ ထိုသူသည် ဟရာမ် နှုင့် ဟလာလ် ကို ခွဲခြားတတ်သူ မည်သည့် အခါမျှ ဟရာမ်ကို မစားသုံးသူဖြစ်သည်ဟု မိန့်ကြားပါသည်။

၃။ လာအိလာဟ အိလ္လလ္လာဟ်ကို များစွာ ဖတ်ရွတ်သူအတွက် ဂျန္နသ်တံခါးသည် ပွင့်သွားမည်ဖြစ်သည်။ သူဖတ်ရွတ်သည် ဇိကိရ် သည် အရ်ရှ်ပုလ္လင်၏ အနီးအနားတွင် ရောက်ရှိနေလိမ့်မည်။ ထိုသူသည် အလွန်ပင် အပြစ်ဂိုနာများမှ ရှောင်တိမ်းသူဖြစ်မည်ဟု တမန်တော်မြတ် (ဆွ) က မိန့်ကြားခဲ့ပါသည်။

၎။ တမန်တော်မြတ် (ဆွ) က မိန့်ကြားခဲ့ပါသည်မှာ အိုမိမိ အီမာန်ရှင် မိတ်ဆွေအပေါင်းတို့ အသင်တို့သည် မိမိတို့၏ အီမာန်ကို ပြန်လည်ကာ လန်းဆန်းအောင် လုပ်ရမည်ဖြစ်သည်။ ထိုအခါ ဆွဟာဘာ အပေါင်းတို့ အိုတမန်တော် မည်သို့များ လန်းဆန်းအောင် လုပ်ရမည်နည်းဟုမေးသည့်အခါ တမန်တော်မြတ် (ဆွ) က အသင်တို့သည် လာအိလာဟ အိလ္လလ္လာဟ်ကို များစွာ ကြိမ်ဖန်များစွာ ဖတ်ရွတ်ပါလေ။

၅။ တမန်တော်မြတ် (ဆွ) က အသင်တို့သည် လာအိလာဟ အိလ္လလ္လာဟ်ကို စိတ်သန့်သန့်ဖြင့် များစွာ ကြိမ်ဖန်များစွာ ဖတ်ရွတ်လျှင် အသင်တို့အတွက် ဂျဟန္နမ် ငရဲမီးသည် ဟရာမ် ဖြစ်သွားလိမ့်မည်။

၆။ တမန်တော်မြတ် (ဆွ) က အသင်တို့သည် လာအိလာဟ အိလ္လလ္လာဟ်ကို ကြိမ်ဖန်များစွာ ဖတ်ရွတ်ကြ လော့။ ၄င်းသည် ဂျန္နသ် ဥယျဉ်၏ သော့ပင်ဖြစ်သည်ဟု မိန့်ကြားပါသည်။

၇။ တမန်တော်မြတ် (ဆွ) က အသင်တို့သည် လာအိလာဟ အိလ္လလ္လာဟ်ကို ကြိမ်ဖန်များစွာ ဖတ်ရွတ်ကြ သူတို့သည် ကိယာမသ် နေ့တွင် မည်သို့မျှ ကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။ သူတို့သည် မိမိတို့၏ သင်င်္ချိုင်း များမှာ အသာတကြည်ထကာ ဦးခေါင်းတွင် ရှိနေသော မြေမှုံ့များကို ခါရမ်းလိုက်ပြီးနောက် ဂျန္နသ်အတွင်း သို့ အသာတကြည် ၀င်ရောက်သွားပေးတော့မည်။

၈။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ လာအိလာဟ အိလ္လလ္လာဟ်၏ တန်ဖိုးသည် ကြီးမားမြင့်မားသလို အလေးချိန်သည်လည်း ကြီးမားပေသည်။ အကယ်၍ မိုးခုနှစ်ထပ် မြေခုနှစ်ထပ်ကို ချိန်ခွင် တစ်ဖက်တွင် ထည့်ပြီး အခြားတစ်ဖက်တွင် လာအိလာဟ အိလ္လလ္လာဟ် ကို ထည့်လျှင် လာအိလာဟ အိလ္လလ္လာဟ် သည် လေးသွားမည်ဖြစ်သည်။

၉။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ လူတစ်ဦးသည် အပြစ် ဂိုနာ ၉၉ ရာခိုင်နုန်း လုပ်ခဲ့အံ့။ ထိုသူသည် သေချာပေါက် ဂျဟန္နမ် ငရဲသို့ လားမည်မှာသေချာပါသည်။ သို့သော် ထိုသူသည် လာအိလာဟ အိလ္လလ္လာဟ် ဖတ်ခဲ့သူ တစ်ဦးဖြစ်အံ့။ ထိုသူအတွက် ၄င်း ၁ ရာခိုင်နုန်းသော လာအိလာဟ အိလ္လလ္လာဟ် သူ့ကို ဂျန္နသ် ဥယျဉ်သို့ ခေါ်ဆောင်သွားပေလိမ့်မည်။

၁၀။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ လာအိလာဟ အိလ္လလ္လာဟ် များစွာဖတ်ရွတ်သောသူသည် ကိယာမသ် နေ့ရောက်လျှင် ပျော်ရွင်ဝမ်းသာနေသူအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ သူ၏ နုတ်မှာ စိုဆွတ် နေပြီး မျက်နှာမှာ ရွင်လန်းတောက်ပနေမည်ဖြစ်သည်။ သူသည် သေချာပေါက် ဂျန္နသ် ဥယျဉ်သို့ ၀င်ရောက် လိမ့်မည်ဖြစ်သည်။

၁၁။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ လာအိလာဟ အိလ္လလ္လာဟ် ကိုများစွာ ဖတ်ရွတ်သူအတွက် ဂျန္နသ် ဥယျဉ်သည် မဖြစ်မနေ သူ့အတွက် ဆုလဒ် အဖြစ်ရရှိမည်ဖြစ်သည်။ ထို့အပြင် သူ့အတွက် ဂျန္နသ် ဥယျဉ် အတွင်း လာအိလာဟ အိလ္လလ္လာဟ် ဇိကိရ်မှ စာလုံးတစ်လုံးအတွက် သစ်ပင်တစ်ပင် စိုက်ပြီးသားဖြစ်နေ မည်။ သူ့အတွက် ဂျန္နသ်ဥယျဉ်တွင် မည်မျှများပြားသော သစ်ပင်များ စိုက်ပြီးဖြစ်နေမည်ကို မည်သူမျှ သိ၇ှိ နိုင်မည်မဟုတ်သလို၊ သူကိုယ်၌ပင်လျှင် လောကတွင် လာအိလာဟ အိလ္လလ္လာဟ် ကို မည်မျှ ဖတ်ခဲ့သည်ကို မှတ်မိမည်မဟုတ်ပါ။

အဆုံးမဟုတ်သော်လည်း နောက်ဆုံအနေဖြင့်ပြေပြရလျှင် လာအိလာဟ အိလ္လလ္လာဟ် ၏ အစွမ်းသတ္တိများ သည် အလွန်ပင် များပြားလှပါသည်။ စာရေးသူ၏ ဆရာသခင် မိန့်သည်မှာ လာအိလာဟ အိလ္လလ္လာဟ် ကို ၇ သောင်း တိတိကျကျ ဖတ်ပါက မိမိ လိုအပ်များ လောကတွင်ပင် ပြည့်စုံနိုင်မည် ဖြစ်ပါသည်။ ဥပမာ လာအိလာဟ အိလ္လလ္လာဟ် ကို တစ်ရက်လျှင် တစ်ထောင် ဖတ်လျှင် ၁၀ ရက်တွင် ၁ သောင်းဖြစ်မည်။ ရက် ၇၀ တွင် ၇ သောင်း ပြည့်မည်ဖြစ်သည်။ သို့မဟုတ်ပါက အကြိမ်ရေ မြှင့်ဖတ်က ရက်နည်းနည်းဖြင့် ပြီးနိုင်မည်ဖြစ်သည်။ အထူးသတိထားသင့်သည်မှာ ဟရာမ် ရှောင်ရမည်ဖြစ်သည်။ ဂိုနာ ရှောင်ကြဉ်ရမည် ဖြစ်သည်။

အထူးသဖြင့် အလ္လာဟ်လမ်းတွင် ဒအ်ဝဟ် လုပ်သူတို့သည် မိမိတို့အနက်မှ တစ်ဦးကို လာအိလာဟ အိလ္လလ္လာဟ် ဇိကိရ် လုပ်ရန် တာဝန်ပေးအပ်ထားကာ အခြားသူတို့က စည်းရုံးရေး ဂရှ် လုပ်ငန်းကို လုပ်လျှင် လုပ်ငန်းတွင် ထူးခြားသော အောင်မြင်မှုများ ရရှိတတ်သည်ကို တွေ့မြင်ရလိမ့်မည်ဖြစ်သည်။ အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။


No comments: