Sunday, November 21, 2010

Abu Al-hasan Al Mawardi


အဘွလ် ဟစန် အလ် မာဝါရ်ဒီ

အဘွလ် ဟစန် အလီ အိဗ်နီ မုဟမ္မဒ် အိဗ်နီ ဟဘီးဘ် အလ် မာဝါရ်ဒီ အား အေဒီ သက္ကရာဇ် ၉၇၂ ခုနှစ်တွင် ဘဆရာမြို့တွင် ဖွားမြင်ခဲ့ပါသည်။ သူသည် မိမိ၏ ပထမ အခြေခံပညာရပ်များကို ဘဆရာမြို့၍ လေ့လာသင်ကြားခဲ့ပြီး အစ္စလာမ့် အထက်တန်းပညာရပ်မျာ ဥပဒေပညာရပ်များကို ထိုအချိန်က ကျော်ကြား လွန်းသည် ဖိကာ ပညာရှင်ကြီး အဘူအလ် ၀ါဟိဒ် အလ် စီမာရီ ထံမှ လေ့လာသင်ကြားခဲ့ရသည်။ ထို့နောက် အလ် မာဝါဒီ သည် ဘဂ်ဒါဒ် မြို့သို့ သွားရောက်ကာ ထိုအချိန်က အလွန်ကျော်ကြားသော ပညာရှင်ကြီး ရှိက်ခ် အဗ်ဒွလ်ဟာမိဒ် နှင့် အဗ်ဒွလ္လာဟ် အလ်ဗါကီ တို့ထံမှာ လေ့လာသင်ကြားခဲ့ပါသည်။ သူသည် အစ္စလာမစ် ဥပဒေ၊ အစ္စလာမ့် ယဉ်ကျေးမှု၊ နိုင်ငံရေးသိပ္ပံနှင့် စာပေရေးရာ တွင် အလွန်ထက်မြက် ကျော်ကြားသဖြင့် ထင်ပေါ်လွန်းကား စင်တော်က ကောက်ခံရသည် ပညာရှင်တစ်ပါးဖြစ်ခဲ့ပါသည်။ သူသည် အစ္စလာမ် အဗ်ဗါစီ အင်ပါယာကြီး၏ နိုင်ငံတော် ဥပဒေပညာရှင်အဖြစ်သတ်မှတ်ခံရကာ အင်ပါယာ တရား သူကြီးအဖြစ် ခန့်အပ်ခံရပြီး နိုင်ငံ၏ နယ်မြေအရပ်ရပ်သို့ တရားသူကြီးအဖြစ် တာဝန်ပေးအပ်ခံရသူလည်း ဖြစ်သည်။ သူသည် တဖြေးဖြေးနှင့် နိုင်ငံတော်၏ ဥပဒေရေးရာများကိုလည်း ပြုပြင်ရေးသားရသူအဖြစ် သတ်မှတ်ခံရကာ အခြားပတ်ဝန်းကျင်ရှိ အင်အားကြီးထွားလာသော နိုင်ငံများဖြစ်သည် ဆဲလ်ဂျူးက်၊ ဘူဝါဟိဒ်နိုင်ငံများ (တရု့ပ်နိုင်ငံ ဂျင်ဂစ်ခန် မင်းအုပ်ချုပ်သည့် အချိန်) နှင့် ချစ်ကြည်ရေးအတွက် ကြိုးပမ်းခဲ့ သည့် ပညာရှင် တစ်ပါးလည်းဖြစ်သည်။ အလ် မ၀ါရ်ဒီ သည် အေဒီ ၁၀၅၈ ခုနှစ် တွင် အသက် ၈၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

အလ်မာဝါရ်ဒီ သည် သူ့ခေတ်တွင် အလွန်ကျော်ကြားသော ဥပဒေပညာရှင်ဖြစ်သည့်အပြင် ဟဒီးဆ်ပညာ ရပ်များ၊ လူမှု့ရေးနှင့် နိုင်ငံရေးတွင် အလွန်ကျောိကြားလှသည်။ သူရေးခဲ့သည့် ဥပဒေဆိုင်ရာ အလ် ဟာဝီ စာအုပ်သည် နိုင်ငံတကာ နိုင်ငံရေးရာ ပညာလေ့လာရေးတွင် မဖြစ်မနေ လေ့လာ သင်ကြားရသည့် စာအုပ် ဖြစ်သည်။ လူမှုရေးနှင့် နိုင်ငံရေးလောကတွင် သူေ၇းခဲ့သော စာအုပ်များစွာ၇ှိပြီး ကိသာဗ် အလ် အဟ်ကားမ် အစ် စွလ်သာနီးယ၊ ကိသာဗ် အန်နစီးဟ နှင့် ကာနူးန် အလ် ၀ဇာရာ စာအုပ်သည် အလွန်ကျော်ကြားလေ သည်။ သူရေးခဲ့သည် ကာနူးန် ၀ဇာရာ သည် အလွန်ကျော်ကြားရသည့် အချက်သည် ၄င်းစာအုပ်တွင် သူသည် ဘုရင်မင်းမြတ်တို့၏ တာဝန်များ၊ မင်းမြတ်တို့၏ လက္ခဏာ ကြံအင်များ၊ ၀န်ကြီးချုပ်၊ ၀န်ကြီးများ၊ မြို့စား နယ်စားများ၏ တာဝန် ၀တ္တရားများ၊ နိုင်ငံသားတို့၏ တာဝန် ၀တ္တရာများ၊ အုပ်ချုပ်သူတို့နှင့် နိုင်ငံသားတို့၏ အကြား ဆက်ဆံရေး တာဝန်များ လုပ်ငန်းများကို ကျေလည်စွာ တင်ပြရှင်းလင်းထားသဖြင့် ၄င်း၏စာအုပ်သည် ယနေ့တိုင် ကျော်ကြား အသုံးဝင်လျှက်ရှိပါသည်။ ထို့အပြင် စစ်ဘက်ဆိုင်ရာ တာဝန်များ စစ်နှင့်ဆိုင်သော လိုက်နာရမည့် အချက်များကိုလည် တင်ပြထားသဖြင့် သူ့ခေတ်တွင် နိုင်ငံတော်အတွက် အလွန် တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်အဖြစ် ကျော်ကြားခဲ့သည်။ သူရေးသော် အစ် စွန်သာနီယာ စာအုပ်နှင့် အလ် အဟ်ကာမ် ၀ဇီရ် စာအုပ်ကို အကြိမ်များစွာ ပုံနှိပ်ခဲ့ရပြီး အခြား ဘာသာစကား များစွာသို့လည်း ဘာသာပြန် ရေးသားထုပ်ပြန်ခဲ့ကြောင်း သိရပါသည်။ စင်စစ် သူ၏ အဆိုပါ စာအုပ်နှစ်အုပ် သည် နိုင်ငံတကာ ရေးရာလောကတွင် လစ်ဟာနေသော ကွက်လပ်ကို ဖြည့်ဆည်းလိုက်သည့် စာအုပ်များ အဖြစ် နိုင်ငံတကာ ပါရဂူများက လက်ခံယူဆကြပါသည်။

အလ်မာဝါဒီ၏ အယူအဆတွင် အုပ်ချုပ်မှုအာဏာကို ခလီဖွာ ဘုရင်မင်းမြတ် တွင်သာ ထားရှိရန်နှင့် နယ်စားများထံတွင် သတ်မှတ်ထားသည့် အာဏာ အကန့်အသတ်ကိုသာ ထားရှိရန် ဖြစ်သည်။ သို့ဖြစ်၏ နယ်စားများ၏ ပုန်ကန်မှု ပြဿာထွကြွမှုများကို ရှောင်ရှားနိုင်မည်ဟု ယူဆပါသည်။ ထို့အပြင် သူသည် အုပ်ချုပ်သူနှင့် ၄င်းတို့အား ရွေးချယ်တင်မြောက်မှုဆိုင်ရာ ဥပဒေများ၊ အုပ်ချုပ်တို့တွင် လိုအပ်သော အရည်အချင်းများ၊ အုပ်ချုပ်သူတို့၏ လိုအပ်သော ကိုယ်ကျင့်တရားများ၊ ပြည်သူများ၏ အခွင့်အေ၇းများ၊ မဲပေး ပိုင်ခွင့်နှင့် မဲေ၇းပေးဆိုင်ရာ ဥပဒေများကိုလည်း မကျန်အောင် စုံလင်စွာ တင်ပြေ၇းသားခဲ့သည်ကို တွေ့ရပါ သည်။

အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ စာပေတစ်အုပ်ဖြစ်သည့် ကိသာဗွလ် အာဒါဗ် ဖီ ဒွန္နီယာ ၀ဒ် ဒီးန် စာအုပ်သည် အလွန်ထိေ၇ာက်သာ အစ္စလာမ် ယဉ်ကျေးမှု စာအုပ်ဖြစ်သဖြင့် ယနေ့ အစ္စလာမ်နိုင်ငံများတွင် ၄င်းစာအုပ် ကို လက်မလွှတ်တန်း လေ့လာလိုက်စားကြကာ ကျောင်းသုံးစာအုပ်အဖြစ်လည်း ရိုက်နှိပ်ထုတ်ဝေကာ အကျိုးပြုလျှက်ရှိနေကြောင်း တင်ပြလိုက်ပါသည်။

အလ် မ၀ါရ်ဒီအား နိုင်ငံရေးလောကနှင့် အစ္စလာမ် ယဉ်ကျေးမှု အုပ်ချုပ်ရေး လောကတွင် အလွန်ကျော် ကြားသော အလယ်ခေတ် အစ္စလာမ် ပညာရှင်တစ်ပါးအဖြစ် လက်ခံကြကြောင်း တင်ပြလိုက်ပါသည်။ ယနေ့ တက္ကသိုလ်များတွင် နိုင်ငံရေး အုပ်ချုပ်ရေး လူမှုေ၇း စာပေများတွင် အလ်မာဝါရ်ဒီ၏ စာအုပ်များသည် မဖြစ်မနေ လေ့လာလိုက်စားရသည့် စာပေများဖြစ်သလို သူ၏ စာပေများကို နောက်ပိုင်းတွင် အိဗ်နီခလ်ဒွန်း က ပြန်လည်ပြုပြင်ေ၇းသားမှုများပြုလုပ်ကာ ယနေ့တိုင် ထင်ရှားကျော်ကြားသည့် အစ္စလာမ် ပညာရှင် အိဗ်နိ ခလ်ဒွန်းအဖြစ် ရောက်ရှိခဲ့သည်ကိုလည်း သိစေအပ်ပါသည်။

ဤကဲ့သို့သော် အစ္စလာမ့်ပညာရှင်များ၏ အကြောင်းကို တင်ပြဖေါ်ပြရခြင်းတွင် အလွန်ပြင်းပြသော ဆန္ဒရှိ ပါသည်။ အစ္စလာမ့် ပညာရှင်ဆိုသည်ကို ကျွန်ုပ်တို့ မည်သို့ အဓိပ္ပါယ် ဖေါ်ဆိုမည်နည်း။ ဖေါ်ပြပါ အစ္စလာမ်ပညာရှင်များကို လေ့လာပြီးသည့်နောက် အစ္စလာမ့်ပညာရှင်ဆိုသည်မှာ တကယ်တော့ အလွန် တတ်ကျွမ်းနားလည်သောသူ၊ လောကကို အကျိုးပြုနိုင်သူ၊ စာပေကျမ်းဂမ်များ ပြုစုခဲ့သောသူ၊ ၄င်းတို့၏ စာပေများဖြင့် ကမ္ဘာက အကျိုးခံစားခဲ့ရ ခံစားနေရဆဲဖြစ်သူ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်တတ်ရုံ နားလည်ရုံ ဟဒီးဆ်တော်များကို ဖတ်တတ်ရုံနားလည်ရုံသာမက ၄င်းတို့အပေါ် လက်တွေ့ကျင့်သုံးတတ်သူ၊ ဟာဖိဇ် အာလင်မ် ပညာရှင်များဖြစ်ကြောင်း သိစေအပ်ပါသည်။ ဥပမာ အိဗ်နိကသီးရ် ဆိုသော ပညာရှင်သည် ကျမ်းမြတ်ကု၇်အာန် ဟာဖိဇ် ဖြစ်သလို ဟဒီးဆ်ပညာရှင်၊ ဆေးဝါးနှင့် ကုသရေးပညာရှင်၊ ဆေးကုရေးပညာ ရပ်ကို သင်ကြားပေးသူ လက်ချာရာဖြစ်သလို၊ ဖီလိုဆိုဖီပညာရှင် တစ်ဦးလည်းဖြစ်ကြောင်း တင်ပြလိုက် ပါသည်။ အစ္စလာမ့်ပညာရှင်များ သဘောတွင် ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင်ခြင်း ဟဒီးဆ်တော်များကို လေ့လာတတ်မြောက်ခြင်း၊ အာရဗီပညာရပ်များကို တတ်မြောက်ခြင်းသည် အခြေခံဖြစ်သလို အခြားထင်ရှား သည့် လောကပညာရပ် တစ်ရပ်ရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခြင်းဖြင့် သူတို့သည် လောကတွင် နံမည်တလုံးဖြင့် အနောက်နိုင်ငံသားများကပါမကျန် အထင်ကြီး တပည့်ခံ ဂုဏ်ယူခံနိုင်သည့် သူများဖြစ်ကာ ပြောမဆုံးပေါင် တောသုံးထောင် အဖြစ် မှတ်စရာ စကားကျန်ပါလေမှ ပညာရှင် အကျော်အမော်ထိုက်မည်သာဖြစ်ကြောင်း သိစေအပ်ပါသည်။

No comments: