Tuesday, September 1, 2009

လူကောင်းဖြစ်အောင်

လူတို့၏ စိတ်ဓါတ်ကို လွှမ်းမိုးသည့် အကြောင်းတရားများ

လူတို့၏ စိတ်ဓါတ်ကို လွှမ်းမိုးသည် အခြေခံကျသော အကြောင်းတရားသည် လူတို့၏ ပတ်ဝန်းကျင်ဖြစ်သည်။

ပတ်ဝန်းကျင်ဟူသည် အချက် သုံးချက်အပေါ်မူတည်သည်။


၁။ ရုပ် ပတ်ဝန်းကျင် (Physical Environment)

ရုပ်ပတ်ဝန်းကျင်တွင် တည်ရှိသော အရာဝတ္တုများဖြစ်သည်။


၂။ လူမှု့ ပတ်ဝန်းကျင် (social Environment)


မိမိနှင့်ပတ်သက်ပြီး တိုက်ရိုက်ဆက်ဆံနေရသည့်သူများဖြစ်သော

မိဘ

ဆရာ

မိသားစုဝင်များ

သူငယ်ချင်းများ

ဆွေမျိုးသားချင်းများနှင့် ပတ်ဝန်ကျင်ရှိသူများ

မိမိနှင့်ပတ်သက်သော တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဆက်ဆံနေရသည့်သူများ

ရုပ်မြင်သံကြား အစီအစဉ်များ၊ ဗီဒွီယို၊

အင်တာနက်၊ မြူစစ် နှင့် ဆက်သွယ်ရေး စံနစ်များ ဖြစ်သည်။


၃။ မိမိနှင့် မိမိအတွင်း ပြောသောစကား (Inner Speech)


လူတို့သည် မိမိကိုယ်ကို အတွင်းပိုင်းမှ စကားပြောလေ့ရှိသည်။ ထိုသို့စကားပြောခြင်းကို တွေးတောခြင်း၊ စိတ်ကူးခြင်း ဟုလည်း ခေါ်နိုင်ပါသည်။ မိမိကိုယ်ကိုထိုသို့ပြောသည့် အတွင်းစကားသည် မိမိ၏ အလုပ်ကို လုပ်သင့်မလုပ်သင့်

ဆုံးဖြတ်ပေးသည်။ ၄င်းအတွေးနှင့် စိတ်ကူးသည် မိမိဘ၀တစ်လျှောက် ရုပ်ပတ်ဝန်းကျင်နှင့် လူပတ်ဝန်းကျင်များမှ စည်းပူးထားသည့် အတွေ့အကြုံများ (Total past Learning History-TPLH) မှ ထွက်ပေါ်လာသည်။ အတွင်းစကားသည် အမှားအမှန်ကို ဆုံးဖြတ်ရာတွင် အလွန်အသုံးဝင်သလို လူ့တို့၏ လွတ်လပ်စွာဆုံးဖြတ်သည့်စိတ်ကို အလုပ်လုပ်စေသည်။

လူ့အတွင်းစကားသည် တနည်းအားဖြင့် လူ့တို့၏ ဆုံးဖြတ်ချက်သည် ရုပ်ဝန်းကျင်၊ လူ့ဝန်းကျင် အတွေ့အကြုံ များအပေါ်အခြေခံသည်ကို ဆိုလိုသည်။ ၄င်းတို့သည် လူ့တစ်ဦးကို စိတ်ဓါတ်ကို ပေါ်လွင်စေသည်။ သို့ဖြင့် လူတို့၏ စိတ်ဓါတ်ကို အထက်ပါအချက်သုံးချက် လွမ်းမိုးကြောင်းသိသာပြီဖြစ်သည်။

လူသားတို့၏အမြင်

လူသားတို့၏ အတွေးအမြင်သည် မိမိတို့၏ အာရုံငါးပါးဖြင့် လက်ခံရရှိသမျှသော သတင်းအချက်အလက်များကို ဖြတ်တောက် စီစစ်မှုကို ပြုလုပ်ပေးပါသည်။ စီစစ်ပြီးသည့်တိုင်း ဆုံးဖြတ်သည် အစဉ် ပတ်ဝန်းကျင်သဘော တရားများ၏ လွှမ်းမိုးမှုကို ခံရတတ်ပါသည်။ ထို့ကြောင့် လူတစ်ဦးချင်းစီ၏ အမြင် ကွာခြင်းတတ်ခြင်းသည် တစ်ဦးချင်းစီ၏ ဘ၀တစ်လျှောက် လေ့လာစည်းပူးတွေ့ကြုံခဲ့ရသည်များ၏ ကွာခြားမှု့ကြောင့်ပင်ဖြစ်သည်။

ဥပမာအားဖြင့် ဆေးလိပ်သောက်တတ်သူတစ်ဦး၏ အမြင်နှင့် အတွေ့အကြုံကိုကြည့်ကြစို့။

ဆေးလိပ်သောက်သူသည် ဆေးလိပ်သောက်ခြင်းကို ပျော်ရွှင်စရာအဖြစ်၎င်း၊ စတိုင် တစ်ခုအဖြစ်၎င်း ထင်မြင် ကြသည်။ ဆေးလိပ်မသောက်သူတစ်ဦးသည် ဆေးလိပ်သောက်ခြင်းကို အသက်ရူကျပ်စေသည့် အငွေ့များ အဆိပ်ငွေ့သင့်အဆိပ်များ နှင့် ငွေကြေးဖြုံးတီးမှု မြင်တတ်ကြသည်။ ဤသည်မှာ သူတို့ နှစ်ဦး၏ အတွေ့အကြုံ မှဖြစ်လာသော အမြင်များဖြစ်သည်။

သို့ဖြစ်၍ မိဘများသည် မိမိတို့ ကလေးငယ်များ၏ စိတ်ဓါတ်သည် ပတ်ဝန်းကျင်ပေါ်တွင် မူတည်သည်ကို သဘောပေါက်ပါက မိမိတို့ကလေးငယ်များကို ကောင်းသည့်ပတ်ဝန်းကျင်တွင် ကြီးပြင်းစေခြင်းသည် ၄င်းတို့ အတွင်း ကောင်းသော စိတ်ကူးများအမြင်များ အတွေးများကို ဖြစ်စေလိမ့်မည်။ မိမိတို့၏ ကလေးသူငယ်များကို အစ္စလာမ်သာသနာ၏ ကောင်းသော အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်အတွက် သူတို့ကို အဆိုပါ ပတ်ဝန်းကျင်တွင် ကြီးပြင်းစေရန် ကြိုးပမ်းရမည်ဖြစ်သည်။

မိဘများသည် ကလေးငယ်များ၏ ဘ၀တစ်လျှောက် ကြိုးပမ်းမှုများ မှန်ကန်ရန် တာဝန်ရှိသည်

၁။ ကလေးငယ်တို့၏ စိတ်ဓါတ်သည် မိမိပတ်ဝန်းကျင်၏ အကောင်းအဆိုးအပေါ်မူသည်

၂။ အကောင်းအဆိုးတို့သည် ကလေးငယ်၏ ဗဟုသတ ဘဏ် တွင် အတွေ့အကြုံများအဖြစ် (Total past Learning History-TPLH) သိမ်းဆည်းထားပြီးဖြစ်သည်။

၃။ ၄င်းအတွေ့အကြုံများသည် ကလေးငယ်၏ စိတ်ဓါတ်နှင့် အကျင့်ကို ဖန်တီးပေးသည်။ ၄င်းအတွေ့အကြုံများ သည် အထက်တွင်ဖေါ်ပြခဲ့သည့် ပတ်ဝန်းကျင်၊ လူမဆက်ဆံရေးနှင့် အတွင်းစကား (Inner Speech) ဟူသည် အချက်သုံးချက် အနက် လူမှုဆက်ဆံရေးနှင့် (Inner Speech)သည် အလွန်အရေးကြီးပါသည်။

၎။ စင်စစ် အဆိုပါအချက် သုံးချက်သည် ကလေးငယ်များ၏ အတွေးအမြင် အထင်နှင့် လုပ်ရပ်များကို လွမ်းမိုးပါ သည်။

၅။ သို့ဖြစ်၍ မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များ၏အမြင်တွင် ကောင်းသော ပုံရိပ်များ အတွေ့အကြုံ များသာ လွမ်းမိုးရလေအောင် ဖန်တီးပေးရန် လိုအပ်ပါသည်။

မိဘများသည် ကလေးငယ်များတွင် မှန်ကန်သော စိတ်ဓါတ်သွတ်သွင်းပေးရမည်။

ဥပမာ အချို့သော မှန်ကန်သည့် စိတ်ဓါတ် ဖြစ်တွန်းစေသည့် အချက် အချို့ကို ဥပမာအနေဖြင့်တင်ပြရလျှင်

၁။ အလ္လာဟ်အရှင်မြတ်ကို ချစ်ခင်ခြင်း။
၂။ အချင်းချင်း ချစ်ခင်ခြင်း။
၃။ တစ်ဦးကိုတစ်ဦးလေးစားခြင်း။
၎။ မွန်မြတ်မြင့်မြတ်ခြင်း။
၅။ အများနှင့် ခိုက်ရန်ဖြစ်မှု မတရားတိုက်ခိုက်မှု စသည်တို့ကို ရှောင်ရှားခြင်း။
၆။ ရိုးသားကြိုးစားခြင်း။
၇။ သစ္စတရားထားခြင်း။

ကလေးငယ်များ၏ နှလုံးသားတွင် မှန်ကန်သော စိတ်ဓါတ်သွတ်သွင်းပေးရန်နည်းစနစ်

၁။ ကောင်းမွန်သည့် အလုပ်လုပ်တိုင်း ဆုချီးမြှင်ခြင်း။
၂။ မကောင်းသည့် အလုပ်များကို ရှောင်ကြဉ်တိုင်း ဆုချီးမြှင့်ခြင်း။
၃။ မကောင်းမှုလုပ်သည့်အချိန်တိုင်း ကောင်းသော ကြင်နာသော နည်းဖြင့် ပြန်လည်ပြုပြင်ရန် အကြံပြုခြင်း။ ၄င်းအချက်များကို တိုက်ရိုက် သင့်လျှော်သော လွှမ်းမိုးခြင်း နည်းစနစ် (Direct Positive Influence!) ဟုခေါ်သည်။

တိုက်ရိုက် သင့်လျှော်သော လွှမ်းမိုးခြင်း နည်းစနစ် (Direct Positive Influence!) သည် ကလေးငယ်များကို အစဉ် ကောင်းသည့်အလုပ်လုပ်တိုင်း ဆုချီးမြှင့်ခြင်း၊ မကောင်းသည့် အလုပ်မလုပ်ခဲ့တိုင်း ဆုချီးမြှင့်ခြင်းနှင့် အမှားလုပ် တိုင်းကလေးကို ငေါက်ငမ်းမည့်အစား ကြင်နာသောအကြည့် စကားဖြင့် ဆိုဆုံးမပဲ့ပြင်ခြင်းဖြစ်သည်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ပေးလျှင် ကလေးငယ်များအား ကောင်းသည်ထက် ကောင်းသည့်အရာများကို လုပ်ဆောင် ရန်အတွက် အားပေးဆောင်ရွက်သည့် သဘောဖြစ်စေလိမ့်မည်။ သဘောမှာ သူတို့သည် ကောင်းသည့်အရာ များကို ကောင်းကြောင်းမြင်လာတတ်ပြီး မကောင်းမှုများ မကောင်သည့်အရာများကို မကောင်းကြောင်း သိလာ သည့်အတွက်ကြောင့်ဖြစ်သည်။ သို့ဖြင် သူတို့ဘ၀သည် မကောင်းမှုများမှ ဝေးကွာသွားလိမ့်မည်။


မည်သည့် ဆုများချီးမြှင့်သင့်သနည်း

အထူးသဖြင့် ကလေးငယ်များအတွက် မိဘတို့သည် မေတ္တာတရားသည် အလွန်ပင်အရေးကြီးသလို သူတို့ကို ဂရုစိုက်သည်ဟူသည့် အတွေး သူတို့စိတ်တွင် ဖြစ်ပေါ်ခြင်းသည် အလွန်ကြီးမားသည့် ဆုလဒ်ဖြစ်သည်။ ဖေါ်ပြပါတို့ကို ဥပမာအဖြစ်တင်ပြလိုက်ပါသည်။

၁။ ဂရုစိုက်ခြင်း။
၂။ လေးစားမှုပြခြင်းနှင့် အသိအမှတ်ပြုခြင်း။
၃။ ချီးမြှင့်စကား ပြောခြင်း။
၎။ ကျေးဇူးတင်သည့် စကားပြောခြင်း။
၅။ ငါတို့ကလေးများ ကောင်းသည့်အလုပ် တစ်ခုကိုလုပ်ပြသည်ဟု ပြောဆိုခြင်း။
၆။ မိမိတို့၏ စကားတွင် ကြင်နာရိပ်နှင့် ဂရုစိုက်သည့် သဘောပါခြင်း။
၇။ ကလေးငယ်များကို မိမိနှင့်အတူ အပြင်လမ်းလျှောက်ထွက်ခြင်း။ လိုက်လည်ပြခြင်း။
၈။ တစ်ခါတစ်ရံ လက်ဆောင်နှင့် ဆုပေးခြင်း။

အထူးသဖြင့် ကလေးငယ်များကို သူတို့ကိုယ်တိုင် ကောင်းသည့်အလုပ်များ မိမိတို့အတွေး အမြင်တွင် အကျိုးရှိပုံကို ပြောစေခြင်းသည် အလွန်အကျိုးရှိသည့် သင်ကြားမှုဖြစ်သည်။

3 comments:

ardam said...

thank

ardam said...

hardish ko myanmar lo ma ya bu . bal lo loat ya ar lie.please help me.thank you for everything.

ardam said...

thank