Thursday, March 3, 2011

Dr. Ismail Al Faruqi, Proffesor, Temple University, Philadelphia,



အမေရိကန်နိုင်ငံ ဖိဒဲလ်ဖီးယား ပြည်နယ်ရှိ တဲလ်ပဲလ် ယူနီဗါစီတီ အစ္စလာမစ် ဋ္ဌာနမှ
ပါမေါက္ခ အိစ်မာအီးလ် အလ် ဖာရူကီ








စတန်လေ ဘရိုက်စ် ဖရောစ် ဆိုသူ အမေရိကန် နိုင်ငံရေးသမားသည် အမေရိကန်နိုင်ငံ ဖိဒဲလ်ဖီးယား ပြည်နယ်ရှိ တဲလ်ပဲလ် ယူနီဗါစီတီ အစ္စလာမစ် ဋ္ဌာနမှ ပါမေါက္ခ ဖာရူကီကို ကမ္ဘာနှစ်ခုမှ လူသား ဟု အမည်ပေးခဲ့ သည်။ တနည်းအားဖြင့် ဖာရူကီးသည် ကမ္ဘာ့အရှေ့ခြမ်းတွင်လည်းကောင်း၊ အနောက်ခြမ်းတွင်းလည်းကောင်း နေထိုင်ခဲ့ပြီး ၄င်းနိုင်ငံတို့၏ နိုင်ငံရေး သဘောတရားများကို ကောင်းစွာ နားလည်သူတစ်ယောက်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ သို့သော် သူခမျာ မည်သည့် ကမ္ဘာဘက်ခြင်းတွင် ရှိပါစေ ဧခြမ်းစွာ နေထိုင်နိုင်ခဲ့သည် တော့မဟုတ်ပါ။ သူသည် အစဉ် အစ္စလာမ်သာသနာအတွက် အလွန်သောကရောက်နေတတ်သူဖြစ်ပြီး ၄င်း သောကနှင့်ပင် သူသည် အသက်စွန့်စတေးခံခဲ့ရသူဖြစ်သည်။


ရက်ကတော့ မေလ ၂၇ ရက်နေ့ ၁၉၈၆ ခုနှစ် ရမ်မဒမ်လ ၁၈ နေ့ဖြစ်သည်။ အလွန်တုန်လှုပ်ခြောက် ခြား ဖွယ်သတင်းဖြစ်သည့် ပါမေက္ခ ဖါရူကီနှင့် သူ၏ဇနီးဖြစ်သူ ပါမေက္ခ လူဝီစ်လမ်ယာ ဖါရူကီ နှစ်ဦးလုံးကို သူတို့၏ (ဝေးန်ကုတ်၊ ပေန်စေလ်ဗေးနီးယား) ရှိ နေအိမ်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံလိုက်ရပါ သည်။ မည်သူမဆို ပေန်စေလ်ဗေးနီးယား မြို့စွန်ရှိ ဖောရက်စ် ဟေးလ် သင်္ချိုင်းတွင် ၄င်းတို့နှစ်ဦးအား သင်းဂျိုလ် သည့် အခန်းအနားသို့ မတက်ရောက်ခဲ့နိုင်ပါက ၄င်းတို့ ယခုလိုသေဆုံးကြောင်း လုံးဝယုံကြည် လိမ့်မည်မဟုတ်ပါ။ ပါမေက္ခကြီးသေဆုံးသာသွားသည် သူ၏ကျောင်းသားများ၊ သူ့မိတ်ဆွေများနှင့် သူကိုသိကြ သော ကမ္ဘာအရပ်ရပ်မှ မိတ်ဆွေများအဖို့တော့ ဖါရူကီ တစ်ယောက် ရုပ်သာ မရှိတော့ပေမဲ့ သူ၏ ရုပ်လွှာနှင့် သူ့ ဟောပြော သင်ကြားနေသည့် အသံများကိုတော့ ကြားယောင်နေမိကြကြောင်း မျက်ရည်ရွဲလွဲဖြင့် ပြောပြနေ တတ်ကြပါသည်။ အထူးသဖြင့် ကျောင်းသားများနှင့် ဆရာများအဖို့ အစ္စလာမစ် ဒီပါတ်မဲန့်၊ အခန်းအမှန် ၆၃၆ မှသည် ပါမေက္ခကြီး၏ အ၀င်အထွက် အစဉ်ရှိနေသလို ခံစားနေရပြီး သူအစဉ်ပြောပြနေသည့် လုံ့လ၀ိရိယရှိဖို့၊ အစ္စလာမ်သာသနာနှင့် သောင်ဟိဒ်တရားအတွက် အစဉ်အလုပ်အကြွေးပြုဖို့၊ အစ္စလာမ့်ကမ္ဘာကို ခေတ်သစ် ကိုလိုနီလုပ်ချင်သည့် အနောက်နိုင်ငံများရှိ အစ္စလာမ်သာသနာတော်၏ရန်သူများ၊ ဇီယွန်ဝါဒီ ရဟူဒီများနှင့် ပါလဲစ်တိုင်းရှိ ဒုက္ခရောက်နေသူများကို ကယ်တင်ကြဖို့၊ အမြင်ကျဉ်းမြောင်းသည့် အန္တရယ်များမှ ရုန်းထွက်ဖို့ ကြိုးစားကြ ဟူသည့် အသံများကို ကြားယောင်နေမိပါသည်။

အမေရိကန်နိုင်ငံတွင် အစ္စလာမ်သာသနာ ပြန့်ပွားစေဖို့ သာသနာပြုဖို့ ကြိုးပမ်းနေသည့် အစ္စလာမ့် ပညာရှင် ဖါရူကီတို့ ဇနီးမောင်နှံကို မည်သူကများ ခုလို ရက်ရက်စက်စက်သတ်ဖြတ်သွားကြသနည်း။ အမှန်တော့ သူတို့အသက်ခံရသည့်နေမှာ သူတို့နှစ်ယောက်က နောက်ရက်ကြရောက်တော့မည့် အိဒ်နေ့ အတွက် ကျောင်းသားများနှင့် မိတ်ဆွေများအတွက် စားသောက်ဖွယ်ရာများ စုဆောင်းနေချိန်ဖြစ်သည်။ အဖက် ဖက်မှ မိတ်ဆွေများ ကျောင်းသားများထံမှ အိဒ် ကာဒ်များ အမှတ်ရစရာ စာတိုစာရှည်များ တဖွဲဖွဲ ရောက်နေကြပြီလည်းဖြစ်သည်။ ရက်ကနော့ မေလ ၂၇ ရက်နေ့ ရမ်ဇာမ်လဖြစ်ပြီး အချိန်ကတော့ ၁၂း၄၅ မိနစ်ရှိပြီ၊ ပါမောက္ခကြီးက သရာဝီဆွလာသ် အပြီး တရားဟောနေခြင်းကို ရပ်လိုက်ပြီး အိမ်ပြန်အနားယူရန် ပြင်ဆင်နေပြီးဖြစ်သည်။ မိုးဖွဲဖွဲ ရွာနေသော်လည်း ပါမေါက္ခကြီး အိမ်ရောက်လျှင် ၁း၃၀ လောက် ရှိလောက်မည် ဖြစ်ကြောင်း သိနေသူကတော့ သူတို့ကို သတ်မည့် လူသတ်သမားပင်ဖြစ်သည်။

လူသတ်သမားကတော့ ပါမေါက္ခကြီးအလာကို အိမ်အနားမှ စောင့်နေရန် စိတ်မချဖြစ်နေသဖြင့် အိမ်အ တွင်းသို့ နောက်ဖေးဘက်မှ ၀င်ရောက်လိုက်ပါသည်။ ဇနီးသည်ဖြစ်သူ မိစ်စက်ဖါရူကီမှာ နောက်ဖေးမှအသံ သဲ့သဲ့ကြားသဖြင့် အပေါ်ထပ်မှ အောက်ဖက်နောက်ဖေးခန်းသို့ ထွက်လာကြည့်ပါသည်။ လူသတ်သမားသည် ငြိမ်မနေတော့ဘဲ မိစ်စက် ဖါရူကီအနားရောက်လာသည်နှင့် သူမကို နောက်မှဆွဲကာ ရင်ဘက်သို့ မိမိတွင်ပါလာ သည့် ဓါးမြှောင်ဖြင့် တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ထိုးသွင်းနေလိုက်ပြီး၊ မကြာခင် မိစ်စက်ဖါရူကီတစ် ယောက် ပျော့ခွေတော့ကာ သွေးအိုင်အတွင်းကျရောက်ကာ ငြိမ်သက်သွားရှာလေသည်။ မိခင်၏ အော်သံကို ကြားလိုက်ရသော ကိုယ်ဝန်သည်သမီးဖြစ်သူ အမ်မာရ် ဖါရူကီမှာ အောက်ထပ်သို့ အပြေးဆင်းလာလိုက်ကာ နောက်ဖေးဘက်ခမ်းသို့ ၀င်ရောက်လိုက်ပါသည်။

လူသတ်သမားသည် အမ်မာရ်ကို မြင်လိုက်သည်နှင့် သူမ သည် သူ၏အဓိကအလုပ်ဖြစ်သည့် ပါမေါက္ခဖါရူကီးကို သတ်ဖြတ်ရမည့် လုပ်ငန်းတွင် အနှောက်အယှက်ပြုသူ အဖြစ်မြင်လိုက်ပြီး သူမကို ရန်မူရန် ပြင်ဆင်လိုက်သည်။ လူသတ်သမားသည် လျှင်မြန်စွာ အမ်မာရ်ကို ဖမ်းမိလိုက်ပြီး သူမ၏ ရင်ဘတ်နှင့် လက်မောင်းများကို ဓါးမြှောင်ဖြင့် သွင်သွင်ကြီး ထိုးသွင်းနေပါသည်။ မကြာခင်အမ်မာရ်လည်း ပျော့ခွေကာ ယိုင်လဲကျသွားပြန်ပါသည်။ ထိုအခိုက် ပါမေါက္ခကြီး ဖါရူကီးတစ်ယောက် အိမ်အတွင်းသို့ ၀င်ရောက်လာနေပြီး နောက်ဖေးဘက်မှ ဆူဆူညံညံ အသံများကြောင့် နောက်ဖေးသို့ အပြေးလိုက်ဝင်လာပါသည်။ ထိုအခါ မိမိ၏ ဇနီးသည်နှင့် သမီးဖြစ်သူတို့မှာ သွေးအိုင်တွင် လဲကျနေသည်ကို တွေ့မြင်လိုက်ရပြီးနောက် ရန်သူကိုကြည့်လိုက် သည့်အချိန် လူသတ်သမားသည် မိမိစောင့်မျှော်နေသော သူရောက်လာပြီကို တွေ့လိုက်သည်နှင့် ချက်ခြင်းပင် နောင့်ဆိုင်းခြင်းမရှိဘဲ၊ ပါမေါက္ခကြီးကို ချက်ခြင်းပင် သတ်ရန်အတွက် ပြင်ဆင်လိုက်သည်။ ပါမေါက္ခကြီးသည် အသက်၇၀ ကျော်ပြီဖြစ်သည် တန်ပြန်သတ်ဖြတ်ရန် မဟန်လေပြီ။ လူသတ်သမားသည် ထောင်ထောင်မောင်း မောင်း လူငယ်တစ်ယောက်ဖြစ်သည်။ မကြာခင်ပင် လူသတ်သမား၏ လက်ချက်ဖြင့် ပါမေါက္ခကြီးလည်း သွေး အိုင်အတွင်း ကျရောက်သေဆုံးလေပြီ။ လူသတ်သမားလည်း မိမိအလုပ်ကို သေချာကြောင်း သိပြီးသည့်နောက် ချက်ခြင်းပင် နောက်ဖေးပေါက်မှ ထွက်ခွာသွားလေပြီ။ ထိုအဖြစ်အပျက်များကို မြင်နေသူတစ်ဦးကတော့ ပါမေါက္ခကြီး၏ သမီးအငယ်ဆုံး ဖြစ်သူဖြစ်သည်။ သူမက နောက်ဖေးဘက်မှ အသံများကိုကြားသောအခါ အပြင်သို့ ထွက်မည့်အပြု သူမ၏ အမကလေး ရ လသားအရွယ်လေးမှာ ငိုယိုနေသဖြင့် ကလေးငယ်ကို ထိန်းသိမ်းနေကာ အနားရှိ ဘီဒိုတစ်ခု အတွင်းသို့ ၀င်ရောက်ပုန်းအောင်းနေလိုက်သည်။ သူမသာ အပြင်သို့ ထွက်ခဲ့ပါက သူမလည်း အသက်ချမ်းသာ ရာရမည်မဟုတ်သလို ဤအဖြစ်အပျက်ကိုလည်း ယခုကို အများသိအောင် ပြောပြနိုင်မည်မဟုတ်ပါ။ သမီးကြီး အမ်မာရ်မှာလည် သွေးလွန်ကာ မေ့မျောနေခြင်းဖြစ်ပြီး နောက်ပိုင်း ဆေးရုံတက်ပြန်လည်ကောင်းမွန်လာသောအခါ အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသဖြင့် အခြေအနေများကို ကောင်းစွာသိရခြင်းဖြစ်ပါသည်။

သမီးကြီးဖြစ်သူ အမ်မာရ်က ပြောပြသည်မှာ.. သူမသည် လူသတ်သမား ထွက်သွားပြီးနောက် တော်တော်နှင့် မလှုပ်နိုင်ဘဲ ရှိနေပြီး သတိပြန်ဝင်လာသည်နှင့် မဖြစ်ဖြစ်သည့်နည်းဖြင့် ပုလိပ်ဋ္ဌာနကို ဖုံးဆက် အကြောင်းကြားလိုက်ပါသည်။ ရဲများ ချက်ခြင်းရောက်လာပြီး ပါမေါက္ခကြီး အသတ်ခံရသည့် သတင်းသည် ချက်ခြင်းပင် တော်မီးပမာ တမဟုတ်ခြင်း ပတ်ဝန်းကျင်သို့ ပြန့်နံ့ရောက်သွားလေပြီ။ ရဲများကို အမ်မာရ်က ပြောပြသည်မှာ လူသတ်သမားသည် လူငယ် အသားမဲသူဖြစ်ပြီး ထောင်ထောင်မောင်းမောင်း ၆ ပေခန့်ရှိမည် ဖြစ်ပြီး ကိုယ်လုံကိုယ်ထည်ကောင်းကောင်းဖြင့် ပေါင်ချိန် ၂၀၀ ၀န်းကျင်ဖြစ်မည့်အကြောင်း ပြောပြပါသည်။ အနက်ရောက် သားရေဂျာကင်နှင့် ဘောင်းဘီဝတ်ထားကာ ရုပ်ကိုမူ ခေါင်းစွပ်စွပ်ထားသဖြင့် မမှတ်မိကြောင်း ပြောပြပါသည်။ ရဲများကလည်း လူသတ်သမားသုံးသည် သွေးစွန်းနေသည့် ဓါးမြှောင်၊ လက်အိပ်၊ နောက်ပြီး သူ၏ သွေးနံမူနာ၊ ဆံပင်နှင့် လက်ဗွေရာ တို့ကိုလည်း ရရှိလိုက်ပါသည်။

ရက်ရက်စက်စက် သတ်ဖြင့်ခံလိုက်ရသည် ပါမေါက္ခကြီး ဖါရူကီးတို့ ဇနီးမောင်နှံ၏ သတင်းသည် ရေဒီယို၊ တယ်လီဗွီးရှင်း၊ အင်တာနက်တို့မှတဆင့် အရပ်ရပ်သို့ ရောက်ရှိကုန်ပြီး၊ အလ် ဖါရူကီး၏ အိမ်သို့ အဖက်ဖက်မှ လူများ၊ မိတ်ဆွေများ၊ ဆရာများ၊ ကျောင်းသားများစွာတို့သည် မိုးလင်းသည်နှင့် ရောက်လာကုန် ကြပါသည်။ အထူးသဖြင့် ကျောင်းသားကျောင်းသူများသည် သူတို့ကို အဖေနှင့် အမေဟု ခေါ်ကြ၏။ သူတို့ မိဘများကို အခုလို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ခြင်းကို လုံးဝ မကျေနပ်ကြသဖြင့် သူတို့သည် သက္ကသိုလ် တ၀ိုက်တွင် ဆန္ဒပြကုန်၏။ သတင်းသမားတို့ကလည်း ပါမေါက္ခကြီး အိမ်တ၀ှိုက်တွင် ရှုပ်ရှပ်ခတ်နေ ကြပြီး လူအများနှင့် ပါမေါက္ခကြီး လင်မယားတို့နှင့် ပတ်သက်ပြီး အင်တာဗျူးယူကြ သတင်းများယူကြနှင့် အလုပ်များနေကြပါသည်။ လူအများကလည်း သူတို့ကို ဘယ်သူကများ ဘာကြောင့်များ သတ်ဖြတ်သွားသနည်း သူတို့၏ရန်သူမှာ ဘယ်သူတွေလည်း စသဖြင့် တွေးတောကာ မကြေမချမ်းဖြစ်နေကြလေသည်။

မေလ ၃၀ ရက်နေ့ ရမ်ဇါန်လမြတ် ၂၁ ရက်နေ့ ၁၆၀၆ ဟိဂ်ျရီ နေ့လည် ၀၁း၀၀ အချိန်တွင် ပါမေါက္ခကြီးတို့ ဇနီးမောင်နှံ့၏ ဈာပန အခန်းအနားသို့ ကျောင်းသား ကျောင်းသူများ၊ ဆရာများ၊ အမေရိကန် နိုင်ငံရှိ မွတ်စ်လင်မ် ခေါင်းဆောင်များ၊ အဖွဲ့အစည်းတာဝန်ခံများ၊ မွတ်စ်လင်မ် သံတမန်များ၊ ကမ္ဘာ့အဖွဲ့ အစည်းများမှ တာဝန်ခံများဖြင့် ထောင်ပေါင်း များစွာသော လူအများ စုဝေးရောက်ရှိလာကြကာ ဒဖနာ အခန်းအနားကို တက်ရောက်လာကြပြီး အမှန် ၄၇ လမ်းမကြီးရှိ ပါမေါက္ခကြီး အစဉ် တရားဟောနေကြ မက်စ်ဂျိဒ် မုဟမ္မဒ် တွင် ဂျနာဇာ ဆွလာသ် ဖတ်ရွတ်ပြီး၊ သင်းဂျိုလ်လိုက်ပါသည်။
ဈာပန အခန်းအနား ဖြစ်မြောက်ရေးကော်မီတီ ၀င်များတွင် မြောက်အမေရိက အစ္စလာမ် အဖွဲ့အစည်း များ (အိုင်အက်စ်အဲန်အေ)၊ အမေရိကန် မွတ်စ်လင်မ် သိပ္ပံပညာရှင်များ အဖွဲ့ (အေအမ်အမ်အက်စ်)နှင့် ခေတ်သစ် အစ္စလာမ့် အတွေးအခေါ်များ ဖေါ်ထုတ်ရေး အဖွဲ့ (အိုင်အိုင်အိုင်တီ) တို့မှ တာဝန်ခံများဖြင့် ဖွဲ့စည်း ခဲ့ပြီး ရန်ပုံငွေ ဖေါ်ဆောင်ရေးကော်မီတီများကလည်း အလ်ဖါရူကီ ပညာရေး ဖေါင်ဒေးရှင်းကို ဖွဲ့စည်းနိုင်ခဲ့သည်။ အထူးသဖြင့် ၄င်းကော်မီတီသည် ဂျဝိဒ် ဂျော့ ဟူသည့် အစ္စလာမ့် ရှေ့နေ စုံထောက် တစ်ဦး ကို အလ်ဖါရူကီ လူသတ်မှုကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးလိုက်သည်။

လူသတ်မှုကို ဖေါ်ထုတ်ရန်အတွက် ခရိုင်ရဲတပ်ဖွဲ့များ တာဝန်ယူလုပ်ဆောင်နေပြီး၊ အက်ဖ်ဘီအိုင်က လည်း ၀င်ရောက်ကူညီနေသည်ကို တွေ့ရသည်။ မောင့်ဂိုမာရီ ခရိုင်ရဲတပ်ဖွဲ့၏ ပထမဦး သတင်းပေးချက်မှာ လူသတ်သမားသည် ပစ္စည်းဝင်ရောက်ခိုးယူရန်အတွက် သွားရင် လူသတ်မိကြောင့် တင်ပြလေသည်။ သို့သော် မကြာခင်ပင် ခိုင်မာသည့် သတင်းတစ်ရပ်ထွက်လာသည်မှာ လူသတ်သမားသည် လူမဲမွတစ်လင်မ် တစ်ဦး ဖြစ်နိုင်ကြောင်းနှင့် သူသည် အလွန်ခိုင်မာသော ဂလဲ့စားချေလိုသည့် အကြောင်းကြောင့် လူသတ်ခဲ့ခြင်း ဖြစ်ကြောင်း တင်ပြခဲ့သည်။ သို့သော် မွတ်စ်လင်မ် လူထုသည် ပါမေါက္ခ ဖါရူကီးတို့လင်မယားကို သတ်ဖြတ်ခဲ့ ကြသူများသည် အမေရိကန် ဂျူးကာကွယ်ရေး အဖွဲ့(ဂျေဒီအဲလ်) မှဖြစ်နိုင်ကြောင်း စွပ်စွဲပြောနေကြပါသည်။ ဖြစ်နိုင်ဖွယ် အကြောင်းများကလည်း ရှိခဲ့သည်။ ပါမေါက္ခ ဖါရူကီ သည် ပါလဲစ်တိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူက ပါလဲစ်တိုင်းတို့သည် ဇီးယွန်နီဇဲန် ကြောင့် ဒုက္ခရောက်ခဲ့ရသည်။ ၄င်းအပြင် ဂျူးတို့ကြောင့် လည်း ယနေ့ ကမ္ဘာပေါ်တွင် မွတ်စ်လင်မ်တို့သည် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ ထို့ကြောင့် ဂျူးတို့ကို အာရဗ်မြေပေါ်မှ ဖယ်ရှားခြင်းသည် မွတ်စ်လင်မ်တိုင်းအတွက် မဖြစ်မနေလုပ်သင့်သော တာဝန် ဖြစ်သည်။ ထို့အပြင် အစ္စရေးလ် နိုင်ငံကိုလည်း ကမ္ဘာမြေပုံပေါ်မှ ဖယ်ရှားပစ်ရမည်ဖြစ်ကြောင်း သူက မကြာ ခဏပြောနေသလို ယုံကြည်သူလည်း ဖြစ်ကြောင်း အများကသိကြပါသည်။ ထို့အပြင် အလ် ဖါရူကီ၏ ဘ၀ တစ်လျှောက် ဖြတ်သန်းခဲ့ပုံများ ပညာသင်ကြားခြင်းနှင့် ပညာ ပြန်လည်သင်ပေးခြင်းလုပ်ငန်းတစ်လျှောက်တွင် အလွန်အံ့သြဖွယ်ကောင်းသော အတွေ့အကြုံများသည် ယနေ့ မွတ်စ်လင်မ်တို့အဖို့ လေ့လာစည်းပူး သင့်ပြီး ၄င်းအတွေ့အကြုံများသည် မွတစ်လင်မ်များအတွက် အစ္စလာမ်ပြန်လည်နိုးကြားရေးအတွက် အလွန် အထောက် အကူပြုမည့် သဘောတရားများပါဝင်နေသည်ကို တွေ့ရသည်။ ထို့အပြင် သူသင်ကြားနေသော တက္ကသိုလ်တွင် မြောက်များစွာသော ကမ္ဘာတစ်ဝှမ်းမှ မွတစ်လင်မ် ကျောင်းသား ကျောင်းသူများသည် ၄င်း အတွေ့အကြုံများကို ဆက်လက်ရရှိ အကောင်အထည်ဖေါ်လျှင် ဂျူးတို့၏ အကျိုးစည်းပွားကို ထိခိုင်နိုင်ဖွယ် ရှိကြောင်း ဂျူးတို့က ယုံကြည်ကြပါသည်။

ထို့အပြင် အလ် ဖါရူးကီးသည် ကမ္ဘာပေါ်ရှိ အစ္စလာမ် အဖွဲ့အစည်း များ၊ ရာဘေတာတွင်၊ အိုအိုင်စီတွင်၎င်း၊ အရှေ့အလယ်ပိုင်း အစ္စလာမ်နိုင်ငံများအဖွဲ့တွင်၎င်း၊ အမေရိကန် နိုင်ငံ အစ္စလာမ် အဖွဲ့များတွင်၎င်း၊ အစ္စလာမ်ကမ္ဘာက အလေးထားရသော အစ္စလာမ့်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ၏ အတွေးအခေါ်များတွင် မွတ်စ်လင်နိုင်ငံများနှင့် အစ္စလာမ်သာသနာဝင်များ ယနေ့ကမ္ဘာတွင် အဘယ် ကြောင့် ကျဆုံးရသနည်း၊ မည်သို့ မည်ပုံ ပြန်လည် အောင်မြင်အောင်လုပ်ရမည်နည်း စသည့် နည်းစံနစ်များစွာကို မိမိဘ၀တစ်လျှောက် တွေ့ကြုံခဲ့ရသမျှဖြင့် တင်ပြဆွေးနွေး သင်ကြားနေ သူဖြစ်ပါသည်။ စင်စစ် ထိုသို့သော် အစ္စလာမ့် အတွေးအခေါ်ပညာရှင်ကို မည်သည့် အစ္စလာမ် မဟုတ်သူများက ဆက်လက်ရှင်သန်ရပ်တည်ခွင့် ပေးခြင်ပါမည်နည်း။

သို့သော် အမေရိကန် ထောက်လှမ်းရေးဋ္ဌာနနှင့် ခရိုင်ရဲတာဝန်ခံများက လူသတ်သမားကို ဖေါ်ထုတ်လာပါသည်။ လူသတ်သမားသည် အလ် ဖါရူကီး၏ သမီး အမ်မာရ် တွေ့ခဲ့သူ အရပ် ၆ ပေရှိ မဲမဲထောင်ထောင်မောင်းမောင်း ကပ္ပလီ မွတစ်လင်မ် ဂျိုစက် လူးဝစ်ယောင် ဆိုသူပင်ဖြစ်ပါသည်။ သူကို တရားရုံးမှ သေဒါဏ်ချမှတ်လိုက်သော်လည်း သူက အယူခံဝင်လိုက်သဖြင့် ယနေ့တိုင် ထိုသူကို အမှန်တကယ် သေဒါဏ် စီရင်ကြောင်း အခိုင်အလုံးမသိနိုင်ပါ။ သို့သော် မွတစ်လင်မ် လူထုတစ်ရပ်လုံး သိထားသည်မှာတော့ လူသတ်သမားသည် သူအကြောင်းဖြစ်သူသတ်ရန် မည်သည့်နည်းနှင့်မှ အဖြစ်နိုင်ဘဲ သူ၏နောက်တွင် ခိုင်မာ သော ကြီးမားသော အစ္စလာမ်ရန်သူများ ကြိုးကိုင်နေကြောင်း ကောင်းကောင်းကြီးသိနေပါသည်။ တကယ်တော့ အမေရိကန်ရောက် မွတ်စ်လင်များ၏ နိုင်ငံရေး ဘာသာရေး ကြိုးပမ်းမှုများသည် အန္တရယ်များ စွာဖြင့် ပြည့်နက်နေသော်လည်း သူတို့သည် အစ္စလာမ်သာသနာအတွက် အလုပ်လုပ်နေရင်း သေရန်လည်း ကျေနပ်နေသူများဖြစ်ကြောင်း အမေရိကန် အစ္စလာမ် ခေါင်းဆောင်များ၏ ဒအ်ဝဟ်လုပ်ငန်းကို တင်ပြလိုက်ပါသည်။

No comments: