Renowned female Scholar: Aminah Assilmi
အမေရိကန် မွတ်စ်လင်မ် အမျိုးသမီး ပညာရှင် (ဒအ်ဝဟ် လုပ်ငန်းလုပ်ရင်း အသက်စွန့်သွားသူ)

"I am so very glad that I am a Muslim. Islam is my life. Islam is the beat of my heart. Islam is the blood that courses through my veins. Islam is my strength. Islam is my life so wonderful and beautiful. Without Islam I am nothing, and should Allah ever turn His magnificent face from me, I could not survive." Aminah Assilmi
သူမကတင်ပြသည်မှာ ကျွန်မ မွတ်စ်လင်မ် တစ်ယောက်ဖြစ်ရသည်ကို အလွန်ဘဲ ၀မ်းသာရရှိပါသည်။ ကျွန်မဘ၀ဟာ အစ္စလာမ်ဘဲဖြစ်ပါတယ်။ အစ္စလာမ်ဟာ ကျွန်မ နှလုံးသာရဲ့ ရိုက်ခတ်သံဘဲဖြစ်ပါတယ်။ အစ္စလာမ်ဆိုတဲ့ သွေးတွေဟာ ကျွန်မခန္ဒာကိုယ်ရဲ့ သွေးကြောတွေအတွင်းမှာ စီးဆင်းနေပါတယ်။ အဲ့ဒါဟာ ကျွန်မရဲ့ ခွန်အားတွေဘဲဖြစ်ပါတယ်။ တကယ်တော့ အစ္စလာမ်သာသနာဟာ အလွန်ကို အံ့သြစရာကောင်းလွန်း သလို အလွန်လည်း လှပတဲ့ သာသနာ တော်ဖြစ်ပါတယ်။ အစ္စလာမ်သာ မရှိခဲ့လျှင် ကျွန်မဘ၀ဟာ ဘာမျှမရှိ တော့ပါဘူး။ အကယ်၍ အလ္လာဟ်အရှင်မြတ်သာ အစ္စလာမ်သာသနာကို ကျွန်မဘ၀ကနေ ဖယ်ရှားပစ်လိုက်လျှင် တော့ ကျွန်မအသက်ရှင်လျှင် ကျန်ရှိဖို့ မလွယ်တော့ပါဘူး။ အမီနာ ရဲ့ ဘ၀ အခုလို ဖြစ်လာရတာဟာ ကွန်ပျူတာ ရဲ့ မှားယွင်းချက်တွေကနေဖြစ်လာတယ်လို့ဘဲ ပြောပါရစေ။ အဖြစ်က ဒီလိုပါ။
သူမသည် အမေရိကန် တောင်ပိုင်းသူ ခရိယာန် ဘဘ်တစ် ဂိုင်းဝင် အမျိုးသမီးတစ်ဦးပြီး ရေဒီယို ဂျာနယ်လစ် တစ်ဦးလည်း ဖြစ်သည်။ သူမသည် ကျောင်းနေစဉ်ကလည် အတန်းတွင် အစဉ် အမှတ်ကောင်းကောင်းရသူ ဖြစ်ကာ ကျောင်းပြီးနောက်လည်း လုပ်ငန်းတွင် အလွန်တော်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ ပညာတတ် လောကတွင် အစဉ် အပြိုင်အဆိုင် ပြောဆိုဆွေးနွေးတတ်သူ ဆုအများလည်း ရတတ်သူတစ်ဦးဖြစ်သည်။ တစ်နေ့ သူမသည် မိမိ၏ ခရစ်ယာန် သာသနာဆိုင်ရာ ဘာသာရေး အဆင့်မြင့် ဘွဲ့ရယူရန် တက္ကသိုလ်တစ်ခုတွင် လျှောက်လိုက်ရာ သူမအာ စကော်လာရှစ်ဖြင့် ၄င်းသင်တန်းတွင် လက္ခံလိုက်သည်။ သို့သော် ကွန်ပျူတာမှ မှားယွင်းကာ သူမအား အခြားသင်တန်းတစ်ခုတွင် စာရင်းသွင်း လိုက်သည်။ သူမသည် ဤအဖြစ်ကို မသိလိုက်သေးဘဲ ၄င်းတက္ကသိုလ်တွင် သင်တန်းစရက်ထက် ၂ ပတ် နောက်ကျနေမှ သွားမိလေသည်။ ဤအဖြစ်သည် သူမဘ၀ကို လုံးဝ ပြောင်းလဲလိုက်မည်ကို သူမလုံးဝမသိသေးပါ။
သူမတက်ရောက်ရမည့် သင်တန်းသည် ခရစ်ယန်ဘာသာဆိုင်ရာ ဘ၀လန်းဆန်းစေခြင်း ဆိုင်ရာ သင်တန်းဖြစ်သော်လည်း လက်တွေ့သူမတက်ရမည့်သင်တန်းသည် အစ္စလာမ်ဘာသာဆိုင်ရာ သင်တန်းဖြစ်နေသဖြင့် သူမအနေဖြင့် အလွန်ပင် စိတ်ပျက်နေမိသည်။ ထို့အပြင် အတန်းသားများသည် အာရဗ်အများစုဖြစ်ပြီး သူတို့နှင့် ယှဉ်တွဲကာ ပညာသင်ရန် လုံး ၀ စိတ်ပျက်သွားမိပါသည်။ ထို့ကြောင့် သူမအနေဖြင့် သင်တန်းမှနုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် စကော်လာရှစ် ယူထားသည်က တစ်ကြောင်း ကျောင်းမှဆရာများနှင့် သူမ၏ ယောက်ျားတို့က သူမကို ၀ိုင်းဝန်း အားပေးကာ သူမအနေဖြင့် ၄င်းသင်တန်းကို ပြီးဆုံးအောင်တက်ကာ ခရစ်ယာန်တစ်ယောက်အနေဖြင့် အစ္စလာမ်ဘာသာကို သိပါက မွတ်စ်လင်မ် တို့ကို ခရစ်ယာန်ဖြစ်အောင် လုပ်ရန်လွယ်ကူမည်ဖြစ်ကြောင်း အားပေးကြပါသည်။
သူမသည် ၂ ရက်ခန့် အိမ်တွင် တခါးပိတ် စဉ်းစားနေပြီးနောက် ၄င်းသင်တန်းကို အပြီးတိုင်တက်ရန်နှင့် မွတ်စ်လင်မ် ကျောင်းသားများကို ခရိယာန်ဘာသာသို့ ဖိတ်ခေါ်ရန်အတွက် ဤသင်တန်းသည် အကောင်းဆုံးအခွင့်အရေးဖြစ်မည်ဟု သတ်မှတ်ကာ သင်တန်းတက်ေ၇ာက်ရန် ဆုံးဖြတ်လိုက်သည်။

သူမက စဉ်းစားမိသည်မှာ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာက အာရဗ်တို့အားပြန်လည်ရှင်းပြခြင်သည်မှာ ၄င်းကျမ်းမြတ်သည် မည်မျှမှားယွင်းနေသည်၊ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) အလွန်မှားယွင်းသူဖြစ်ကြောင်း ပြန်ပြောပြနေခြင်သည်။ သို့ဖြစ် သူမသည် အာရဗ်ကျောင်းသားတစ်ယောက် ကို ကုရ်အာန်ကျမ်းတစ်စောင် ယူလာရန် တောင်းခဲ့သည်။ တစ်ရက် အာရဗ်ကျောင်းသားတစ်ယောက်က သူမအား ကျမ်းမြတ်ကုရ်အာန် အင်္ဂလိပ် အဓိပ္ပါယ် နှင့် အခြားအစ္စလာမ် ဆိုင်ရာ စာအုပ်များကို သူမအား လက်ဆောင်ပေးအပ်ခဲ့သည်။ သူမသည် ၄င်းစာအုပ်များကို ကောင်းစွာလေ့လာခဲ့သည်။ အစ္စလာမ်နှင့် ပတ်သက်သော ချို့ယွင်းချက်အချို့ကို ကောင်းစွာမှတ်သားပြီး အာရဗ်ကျောင်းသားများကို ပြောပြရန် ပြင်နေခဲ့သည်မှာ ကြာပေပြီ။ လက်တွေ့တွင် အကောင်အထည် မဖေါ်ပြနိုင်ခဲ့ပေ။
သူမသည် ကျမ်းမြတ်ကုရ်အာန်နှင့် အစ္စလာမ့်စာပေများကို တစ်နှစ်ကျော်ကြာ လေ့လာနေခဲ့ပြီးနောက် သူမသည် တဖြေးဖြေး ပြောင်းလဲလာနေသည်ကို သမကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။ သူမသည် သူမယောက်ျားနှင့် အားရက်များတွင် ကလပ်သွားခြင်း အရက်သောက်ခြင်း ၀က်သားစားခြင်းကိစ္စများကို လုပ်လေ့ရှိပါသည်။ သို့သော် သူမသည် တဖြေးဖြေး ထိုအလုပ်မျာကို လုပ်ခြင်းစိတ်မရှိတော့သည်ကို တွေ့ရသည်။ သူမယောက်ျားသည် သူမကို တဖြေးဖြေး သတိထားမိလာသည်။ သူမကို သတိပေးသော်လည် သူမကမူ လုံးဝ ပြောင်းလဲရန် စိတ်မဖြစ်လာသည်ကိုတွေ့ရသည်။ သူမယောက်ျားက သူမအား အခြားယောက်ျား တစ်ဦးဦးနှင့် ပတ်သက် နေပြီဟုထင်ကာ သူမကိုသူနှင့် ဝေးဝေးနေရန် သတိပေးတော့သည်။ သူမလည်း သို့ဖြင့် သူ့ယောက်ျားနှင့် သီးခြား နေထိုင်ကြရလေပြီ။
တစ်ရက်သူမအိမ်သို့ ရှိခ်အဗ်ဒွလ်အဇီးဇ် ဆိုသူ မွတ်စ်လင်မ်တစ်ဦးသည် မွတ်စ်လင်မ်တို့ ၀တ်ဆင်သော အင်္ကျီအရှည် ခေါင်းပေါင်းဝတ်ဆင်ထားလျှက် အဖေါ်နှစ်ဦးနှင့်အတူရောက်လာလေသည်။ ကနဦးတွင် သူမသည် သူ့ကို အလွန်မုန်းမိ သည်။ သူမလို ခရိယာန်တစ်ဦးအိမ်တွင် မွတ်စ်လင်မ်တစ်ဦး အဘယ်ကြောင့် ရောက်လာရသနည်း။ အဗ်ဒွလ် အဇီးဇ်က မိမိ သိရသည်မှာ အသင်မသည် အစ္စလာမ်ဘာသာကို ၀င်ရောက်ရန်အတွက် အသင့်ဖြစ်နေကြာင်းပင်ဖြစ်သည်။ အစတွင် သူမက ငြင်းဆန်သော်လည်း စင်စစ် သူမသည် အဗ်ဒွလ်အဇီးဇ်ကို သူမသိလိုသည့် အစ္စလာမ်အကြောင်းများကို မေးမြန်းခြင်စိတ်များဖြစ်လာသဖြင့် သူ့အား အိမ်အတွင်းသို့ ၀င်ခွင့်ပေးအပ်ကာ မေးစရာများကို မေးလေသည်။ သူမမေးသမျှကို အဗ်ဒွလ်အဇီးဇ်သည် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းလင်းပြပါသည်။ အဆုံးတွင် သူမသည် အလွန်ပင် စိတ်ရွှင်လန်းလာက မိမိကိုယ်ကို အစ္စလာမ်ဘောင်အတွင်းသို့ ၀င်ရောက်ရန်အတွက် သဘောတူလိုက်ပါသည်။ (အရှ်ဟဒိုအန်လာအိလာဟ အိလ္လလ္လာဟ် မုဟမ္မဒွန် ရစူလွလ္လာဟ်)။ အချိန်မှာ ၁၉၇၇ မေလ ၂၁ ရက်နေ့ဖြစ်ကြောင်း သူမ ကောင်းကောင်းကြီး မှတ်တမ်းတင်လိုက်ပါသည်။

မကြာမီပင် သူမ ယောက်ျားသည် သူမအစ္စလာမ်ဘာသာကို လက်ခံလိုက်သဖြင့် အတော်ပင် စိတ်ပျက်မိကာ သူမကို ဇနီးအဖြစ်မှ ကွာရှင်းကြောင်း ကြေငြာလိုက်ပါသည်။ သူမ၏ ဘ၀အတွက် ကံဆိုးခြင်းများကာ အစပြုမိလေတော့သည်။ သူမသည် မကြာမီအတွင်း မွတ်စ်လင်မ် အမျိုးသမီးတို့ အတွက်အရေးကြီးသော ဟိဂျာဗ် ကိုဝတ်ဆင်လိုက်ပါသည်။ သူမ၏ အလုပ်ရှင်သည်လည်း သူမကို အလုပ်မှထုတ်ပစ်လိုက်လေသည်။ သူမဘ၀အတွက် အလွန်ကြီးမားသော စမ်းသပ်မှုသည် ယခုမှအစပင် ရှိသေးသည်ကို သူမ မထင်မြင်မိသေးပါ။ သူမ အမတစ်ဦးသည် စိတ်ရောဂါကုဆရာဝန်ဖြစ်သည်။ သူမက သူ့ညီမသည် စိတ်ရောဂါဖြစ်သဖြင့် ယခုလို အခြားဘာသာ ကို စိတ်ဝင်စားမိခြင်းဖြစ်သည်။ ထို့ကြောင့် သူမကို စိတ်ရောဂါကုဆေးရုံသို့ တင်ကာ ကုသရန်ကြိုးပမ်းလေသည်။ သူမ၏ အဖေကြီးသည်လည်း အလွန်အစွန်း ရောက်သော ခရိယာန် ဘာသာဝင်တစ်ဦးဖြစ်သည်။ သူသည် သူ သမီးယခုလို အစ္စလာမ်ဘာသာ သို့ဝင်ရောက်သွားသည့်အတွက် အလွန်ဒေါသလည်းထွက် စိတ်လည်းတိုသဖြင့် သူ့သမီးကို သတ်ဖြတ်ရန် ဆုံးဖြတ်ကာ သေနပ်တစ်လက်ဖြင့်သူ့မထံသွားရောက်ရန် သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏ အမေနှင့် မောင်နှမများအားလုံးသည်လည်း အလွန်သောက ရောက်ရလေသည်။
အဆိုးဆုံးကတော့ သူမအလွန်ချစ်ခင်ရသော ကလေးငယ် နှစ်ဦးကိစ္စပင်ဖြစ်သည်။ သမီးကလေးနှင့် သားကလေးသည် သူမအတွက် အလွန်အရေးကြီးသော ကလေးနှစ်ယောက်ဖြစ်သည်။ သာမန်ကိစ္စတွင် လင်မယားနှစ်ဦးကွာရှင်းက ကလေး ငယ်များသည် မိခင်လက်တွင်နေထိုငိကြီးပြင်းခွင့်ပေးလေ့ရှိသည်။ သို့သော် သူမ၏ လက်ရှိအခြေအနေတွင် တစ်မျိုးဖြစ်နေ သည်။ တရားရုံးက သူမအား အပြတ်ပြောလိုက်သည်မှာ သူမအနေဖြင့် ခရိယာန်ဘာသာကို ပြန်လည်လက်ခံလျှင် ကလေး ငယ်နှစ်ဦးကို သူမအား ထိန်းသိမ်းခွင့်ပေး မည်ဖြစ်ပြီး အကယ်၍ သူမအနေဖြင့် အစ္စလာမ်ဘာသာကို ဆက်လက်ခံယူလျှင်မူ ကလေးငယ်နှစ်ဦးကို ဖခင်ဖြစ်သူက ထိန်းသိမ်းခွင့်ရမည်ဖြစ်ကြောင်း သတိပေးလေသည်။ သူမအား တရားရုံးတွင် မိနစ် ၂၀ အချိန်ပေးကာ စဉ်းစားရန် ပေးအပ်သည်။ ၄င်း မိနစ် ၂၀ သည် စင်စစ် သူမအတွက် အနှစ် ၂၀၀ ပင်ဖြစ်ပေတော့သည်။ သူမသည် အလွန့်အလွန်ခံစားချက်ပြင်းပြစွာဖြင့် စဉ်းစားမိသည်မှာ ငါသည် ကလေးငယ်များအတွက် အစ္စလာမ်သာသနာ ကိုစွန့်လွှတ်ရမည်လား၊ သို့မဟုတ် အစ္စလာမ်သာသနာအတွက် ကလေးငယ်များကို စွန့်လွှတ်ရမည်လား၊ သူမသည် အဆုံး တွင် အလ္လာဟ်အတွက် ကလေးငယ်များကို စွန့်လွှတ်ရန် ဆုံးဖြတ်ချက်ချလိုက်ကာ မိမိကလေးငယ်များနှင့် ဝေးကွာသည့် အကြီးမားဆုံး ဝေဒနာကို လက်ခံလိုက်ပါသည်။


တရက် သူမ အမေသည် သူမကို စာရေးလာသည်။ အစ္စလာမ်ဘာသာသည် ဘာကြောင့်များ သမီးကို စိတ်ဝင်စားစေပါ သနည်း။ အမေ့ကို ပြောပြပါဟုရေးလေသည်။ သို့ဖြင့် သမီးက သူမအမေအား အစ္စလာမ်ဘာသာအကြောင်း ရှင်းပြကာ စာအုပ်များကို အမေဖတ်ရန် ပေးပို့လေသည်။ သို့ဖြင့် အမေသည်လည်း ဟိဒါယသ်ရလာကာ အစ္စလာမ်ဘောင်အတွင်းသို့ ၀င်ရောက်လာလေသည်။ အမေက သူမကို သူမအဖေကို အမေအီမာန်ယူကြောင်း မပြောရန် တားမြစ်ထားပေသည်။ သို့အချိန်အတန်ကြာအောင် မိခင်နှင့် ဖခင်တို့နှစ်ဦးသည် တစ်ဦးကို တစ်ဦးအီမာန်ယူထားကြောင်း မသိဘဲဖြစ်နေခဲံ့သည်။ သိကြလေသော်အခါ ၀မ်းသာမဆုံးဖြစ်ကြကုန်၏။
မင်္ဂလာအရှိဆုံးကတော့ သူမ၏ သားကလေးသည် သူမကို သားအီမာန်ယူခြင်ကြောင်း ပြောလာသည့် နေ့ပင်ဖြစ်သည်။ သူမသည် အလ္လာဟ်အရှင်မြတ်ကို အထူးပင်ကျေးဇူးတင်မိသည်။ သူမ၏ ယခင်ယောက်ျား သည်လည်း သူမအား အစ္စလာမ်သာသနာနှင့် ပတ်သက်ပြီး မေးမြန်းမှုများလုပ်နေပြီး နောက်ဆုံးတွင် သူကိုယ်တိုင်လည်း အစ္စလာမ်ဘာသာသို့ ၀င်ရောက်ခဲ့သည်။ သူမ သမီးကလေးသည်လည်း အစ္စလာမ်ဘာသာ သို့ ၀င်ရောက်လာသည်ကို သူမအနေဖြင့် အလွန်ပင် ၀မ်းသာခဲ့ပါသည်။ အကောင်းဆုံးအချက်နောက်တစ်ခုက သူမ၏ ညီမဖြစ်သူ စိတ်ရောဂါကုဆရာဝန်မ ကိုယ်တိုင်က အစ္စလာမ်ဘာသာကို ၀င်ရောက်လာခြင်းပင်ဖြစ်သည်။ တချိန်က သူမကို ဤညီမဖြစ်သူက စိတ်မနှံ့ဆိုကာ စိတ်ရောဂါ ကုသသည့် ဆေးရုံသို့ ပို့သရန် ကြိုးပမ်းခဲ့သူပင် မဟုတ်ပါလား။
သို့သော် သူမသည် သူ့မ ယခင်ယောက်ျားနှင့် ကွာရှင်းပြီးနောက် မွတ်စ်လင်မ် အမျိုးသားတစ်ယောက်နှင့် နေကာလုပ်ခဲ့ သည်။ သူမသည် ယခင်ယောက်ျားနှင့် ကလေးနှစ်ယောက်မွေးဖွားပြီးနောက် ဆ၇ာဝန်က သူမအနေဖြင့် နောက်ထပ် ကလေး ဘယ်တော့မှ ရမည် မဟုတ်ဟုပြောခဲ့သည်။ သို့သော် အလ္လာဟ် အလိုတော်ဖြင့် နောက်ယောက်ျားဖြင့် ယောက်ျားကလေးတစ်ဦး ရရှိခဲ့သည်။ အလွန်ကံကောင်းပြီး အလ္လာဟ်အရှင်မြတ်၏ ဘရကသ်တော်ဖြစ်သဖြင့် သူမက ကလေးငယ်များ ဘရကာ ဟု အမည်မည့်ဖေါ်ခဲ့သည်။ သူမသည် ယခုအခါ အစ္စလာမ်သာသနာနှင့် ပတ်သက်သော ဒအ်ဝဟ် လုပ်ငန်းများ မွတ်စ်လင်မ် အမျိုးသမီးများ၏ အခွင့်အရေးများ အထူးသဖြင့် ကလေးငယ်များ၏ အစ္စလာမ် ဘာသာရေး အခြေခံပညာသင် ကြားရေး လုပ်ငန်းများကို အမေရိကန် နိုင်ငံ တ၀ှမ်းလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာစေရန် လုပ်ကိုင်ဆောင်ရွက်နေပါသည်။ သူမ၏ ကြိုးပမ်းမှုများတွင် အမေရိကန် စာတိုက်လုပ်ငန်းအနေဖြင့် မွတ်စ်လင်မ်တို့အတွက် အိဒ်နေ့ဆိုင်ရာ တံစိတ်ခေါင်းကို တရားဝင် ထုတ်ပေးနိုင်ခြင်းပင်ဖြစ်ပါသည်။ သူမသည် အမေရိကန်အစိုးရကို မွတ်စ်လင်မ်တို့အတွက် အိဒ်နေ့ ရုံးပိတ်ရက် ရရှိရေးအတွက်လည်း တိုက်ပွဲဝင်လုံ့ဆော်နေသူတစ်ဦးဖြစ်ပါသည်။
သူမသည် အစ္စလာမ်ဘာသာရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နေသော်လည်း ကျန်းမာရေးက တော့ အကောင်းချည်း ရှိလှသည်တော့မဟုတ်ပါ။ သူမသည် ကင်ဆာရောဂါကိုလည်း ခံစားနေရသူဖြစ်သည်။ သို့သော် သူမရောဂါသည် နှစ်ကာလာ၂၀ ကျော်ရှိလှပြီဖြစ်သော်လည်း အလ္လာဟ်အရှင်မြတ် အလိုတော်ဖြင့် သူမသည် ယနေ့တိုင် ဆက်လက် အစ္စလာမ်သာသနာအတွက် ဆက်လက်လှုပ်ရှားဆောင်ရွက်လျှက်ရှိနေတုံးဖြစ်ပါသည်။ သူမသည် ငွေကြေး ဥစ္စာအနေဖြင့်လည်း ချမ်းသာလှသူတစ်ယောက်မဟုတ်ပါ။ အလုပ်လုပ်ရင်း အစ္စလာမ်သာသနာအတွက် မိမိတတ်နိုင်သ လောက် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။ သူမ၏ အမေရိကန်နိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်သည် အထူးသဖြင့် အမျိုးများအတွက် အခွင့်အရေး ရယူဆောင်ရွက်ပေးနေပြီး အစ္စလာမ်သာသနာ ပြန့်ပွားရေး ဒအ်ဝဟ် အလုပ်ကို ဇောက်ချ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။ အမေရိကန်တွင် ၄င်းအဖွဲ့၏ ဆောင်ရွက်မှုအောက်တွင် များစွာသော ကာဖိရ်တို့ သည် အစ္စလာမ်သာသနာဝင်များ ဖြစ်လာပါသည်။

1 comment:
အီမာန်ရှင် အမျိုးသမီးအမီနာ အစ်လမရဲ့အကြောင်းကိုရေးသားတင်ပြ
ပေးတာကျေးဇူးတင်ပါတယ်။
အခုလို အစ္စလာမ်ဆိုင်ရာဗဟုသုတတွေ
ကိုတိုးပွားအောင် ပြုလုပ်ပေးနေတဲ့
Da'wah အဖွဲ့ သားများအား
အလ္လာဟ်ထံမှ ကောင်းချီးအဖြာဖြာ
ကြရောက်ပါစေ။
Post a Comment