နဗီတမန်တော်ဇကရီယာ (အ) အကြောင်း
တမန်တော်ဇကရီယာ (အ) သည် တမန်တော်စိုလိုင်မန် (အ) ၏ သားစဉ်မြေးဆက်မှ ဖြစ်သည်။ တမန်တော်၏ ဖခင်အမည်မှာ ဗရ်ခိယာဖြစ်သည်။ တမန်တော်ဇကရီယာ (အ) သည် အသက်တမ်းအစကပင် “ဗိုင်တွလ်မိုကာဒတ်ဆ်” ကျောင်းတော်အား နေ့ရောညပါစောင့်ရှောက်ခဲ့သည်။

ဘီဘီမရ်ယမ်သခင်မ၏ ဖခင်အင်မ်ရာန်သည် ဂျေရုဆလင်မြို့၏ ခေါင်းဆောင် တစ်ဦးဖြစ်သည်။ သို့ဖြစ်ရာ ခေါင်းဆောင်၏ သမီးတော်အား အုပ်ထိန်းသူအဖြစ် တာဝန်ယူရန် ဗိုင်တွလ်မိုကာဒတ်ဆ် ကျောင်းတော်ကြီး၏ တာဝန်ခံအသီးသီးတို့က ဆန္ဒထားခဲ့ကြသည်။ အကြောင်းသော်ကာ၊ ခေါင်းဆောင်တစ်ဦး၏ သမီးတော်အား အုပ်ထိန်းသူအဖြစ် တာဝန်ရရှိခြင်းသည် ဂုဏ်ရှိခြင်းပင်ဖြစ်သည်။
ဘီဘီမရ်ယမ်သခင်မအား အုပ်ထိန်းလိုသော ဗိုင်တွလ်မိုကာဒတ်ဆ် ကျောင်းတော်တာဝန်ရှိ အသီးသီးတို့သည် မဲစနစ်ဖြင့် ရွေးချယ်ရန် ဤသို့သဘောတူညီခဲ့ကြသည်။ “တောင်ရားသ်” ကျမ်းတော်အား ရေးသားသည့်မင်တံများအား ဂျော်ဒန်မြစ်အတွင်းသို့ ကိုယ်စီကိုယ်စီ ပစ်ချကြရမည်။ အကြင်သူ၏ မင်တံသည် မြစ်အတွင်းမျောပါသွားခြင်းမရှိဘဲ ရေအောက်သို့ နစ်မြုပ်သွားပါက ၄င်းအားဘီဘီမရ်ယမ်သခင်မကို အုပ်ထိန်းသူအဖြစ် သတ်မှတ်ထားပါသည်။ ထိုသို့သဘောတူညီခဲ့ပြီး ပြုလုပ်ခဲ့ကြရာ တမန်တော်ဇကရီယာ (အ) ၏ မင်တံသည် မျောမသွားဘဲ နစ်မြုပ်သွားလေသည်။ ထို့ကြောင့် ဘီဘီမရ်ယမ်သခင်မအား အုပ်ထိန်းသူအဖြစ် တာဝန်ပေးကြလေသည်။ တမန်တော်ဇကရီယာ (အ) ၏ ဇနီးအီရှားအ်သည် ဘီဘီမရ်ယမ်သခင်မ၏ အဒေါ်ဖြစ်သည်။
တမန်တော်ဇကရီယာ (အ) သည် သားတော်ထွန်းကားပြီး နှစ်အတန်ကြာ အုပ်ထိန်းစောင့်ရှောက်ခဲ့သော တူမတော်မှ အရှင်မြတ်၏ တန်ခိုးတော်အရ ဖခင်မဲ့ တမန်တော်အီစာ (အ) ကို ဖွားမြင်ခဲ့လေသည်။ ထိုကိစ္စကို အကြောင်းပြု၍ အချို့သော သူယုတ်မာတို့သည် တမန်တော်ဇကရီယာ (အ) အားတူမတော်နှင့် ကျူးလွန်ခဲ့သည်ဟု မတရားစွပ်စွဲပြောဆိုခဲ့လေသည်။ ထိုသို့မဟုတ်မမှန်စွပ်စွဲပြောဆိုမှုကြောင့် ထောင်ပေါင်းများစွာသော လူတို့သည် တမန်တော် ဇကရီယာ (အ) အား ရွံရှာမုန်းတီးကြကာ သတ်ဖြတ်ရန်စီစဉ်ကြလေသည်။ ထိုစဉ်အချိန်က တောင်ရားသ်ကျမ်း၏ ပညတ်ချက်တစ်ခုဖြစ်သော တူမအရင်းနှင့် ထိမ်းမြားနိုင်သည်ဟူသော ပညတ်ချက်သည် ပြန်လည်ရုတ်တစ်ခုဖြစ်သော တူမအရင်းနှင့် ထိန်းမြားနိုင်သည် ဟူသောပညတ်ချက်သည် ပြန်လည်ရုတ်သိမ်းခံလိုက်ရသော အချိန်ဖြစ်သည်။
တမန်တော်ဇကရီယာ (အ) သည် သားတော်ထွန်းကားပြီး နှစ်အတန်ကြာ အုပ်ထိန်းစောင့် ရှောက်ခဲ့သော တူမတော်မှ အရှင်မြတ်၏ တန်ခိုးတော်အရ ဖခင်မဲ့တမန်တော်အီစာ (အ) ကို ဖွားမြင်ခဲ့လေသည်။ ထိုကိစ္စကို အကြောင်းပြု၍အချို့သော သူယုတ်မာတို့သည် တမန်တော်ဇကရီယာ (အ) အားတူမတော်နှင့် ကျူးလွန်ခဲ့သည်ဟု မတရားစွပ်စွဲပြောဆိုမှုကြောင့် ထောင်ပေါင်းများစွာသော လူတို့သည် တမန်တော်ဇကရီယာ (အ) အား ရွံရှာမုန်းတီးကြကာ သတ်ဖြတ်ရန်စီစဉ်ကြလေသည်။ ထိုစဉ်အချိန်က တောင်ရားသ်ကျမ်း၏ ပညတ်ချက်တစ်ခုဖြစ်သော တူမအရင်းနှင့် ထိမ်းမြားနိုင်သည်ဟူသော ပညတ်ချက်သည် ပြန်လည်ရုတ်သိမ်းခံလိုက်ရသော အချိန်ဖြစ်သည်။
တမန်တော်ဇကရီယာ (အ) သည် မိမိအသက်ဘေးကို စိုးရိမ်သဖြင့် မြို့ကို စွန့်ခွာ၍ တောတွင်းသို့ဦး တည်သွားလေသည်။ တမန်တော်ဇကရီယာ (အ) ၏ရန်သူများသည် အလ္လာဟ်အရှင်မြတ်၏ ရန်သူပင်ဖြစ်သည်။ ၄င်းတို့သည် အမြဲတစေ တမန်တော်အား သတ်ဖြတ်ရန် စီစဉ်တွေးတောလျက်ရှိခဲ့ကြသည်။ သို့ရှိရာ ရန်သူများသည် တမန်တော်ဇကရီယာ (အ) ထွက်ခွာရာနောက်သို့ လိုက်ကြလေသည်။
တမန်တော်ဇကရီယာ (အ) သည် တောတွင်းသို့ရောက်သည့်အခါပူဆွေးသောကရောက်လျက် ရန်သူများမမြင်နိုင်စေရန် ခိုလှုံမည့်နေရာကို ရှာဖွေနေလေသည်။ ထိုအချိန်တွင် အနီးရှိသစ်ပင်ကြီးတစ်ပင်က “ကြွတော်မူပါ ကျွန်ုပ်သည် ကိုယ်တော်အားကာကွယ်ပေးပါမည်” ဟု ပြောသံကြားပြီး လှည့်ကြည့်ရာသစ်ပင်ကြီးသည် အက်ကွဲ၍သွားလေသည်။ ထိုအချိန်တွင် လူသားဖြစ်သည့် တမန်တော်ဇကရီယာ (အ)သည် စိုးရိမ်မှုလွန်ကဲကာ မဆင်မခြင် သစ်ပင်အတွင်း ဝင်ရောက်နေထိုင်လေသည်။ တမန်တော်ဇကရီယာ (အ) ၏ အဝတ်စတစ်စသည်လည်း အပြင်သို့ ထွက်၍ နေလေသည်။
တမန်တော်ဇကရီယာ (အ) အားသတ်ဖြတ်လိုကြသော ရန်သူတို့သည် တမန်တော်ဇကရီယာ (အ) ၏ ခြုံထည်စကြောင့် သစ်ပင်တွင် ဝင်ရောက်ပုန်းအောင်းနေသည်ကို သိရှိသွားကြရာ တမန်တော်အား သတ်ဖြတ်ရန် စီစဉ်ကြလေသည်။ သတ်ဖြတ်ရာ၌ သစ်ပင်ကို ခါးလည်မှ မဖြတ်ဘဲ ထိပ်မှ စတင်၍ နှစ်ခြမ်းခွဲစနစ်ဖြင့် သတ်ဖြတ်ကြလေသည်။ ထိုသို့ဖြတ်ကြရင်း လွှ၏အစွယ်သွားသည် တမန်တော်ဇကရီယာ (အ) ၏ ဦးခေါင်းတော်ကိုထိရာ တမန်တော်သည် နှုတ်မှ နာကျည်းသော အသံထွက်သွားလေသည်။ ထိုနာကျည်းသံကြောင့် ကောင်းကင်ဘုံအထက်ရှိ ကောင်းကင်တမန်များသည် တုန်လှုပ်သွားကြလေသည်။ ချက်ချင်းပင် ဂျီဗရာအီးလ် ကောင်းကင်တမန်က အရှင်မြတ်၏ ဝဟီ ဗျာဒိတ်တော်ယူဆောင်လာသည်။ အရှင်မြတ်၏ အမိန့်တော်မှာ “အို…ဇကရီယာ အကယ်၍ အသင်သည် နောက်တစ်ကြိမ်နာကျည်းသံကို ထုတ်ဖော်ပါက နဗီတမန်တော်များ၏ အမည်စာရင်းမှတ်တမ်းမှ အသင်၏အမည်ကိုဖျက်သိမ်းမည်” ထိုဗျာဒိတ်တော်ကျရောက်ပြီးနောက် တမန်တော်ဇကရီယာ (အ) သည် မိမိနှုတ်ခမ်းများအား သွားများဖြင့် ဖိကိုက်ထား၍ ခန္တာကိုယ်အား လွှဖြင့် နှစ်ခြမ်းအခွဲခံကာ “ရှဟီးဒ်” ဖြစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်ခံယူသွားလေသည်။ တမန်တော်ဇကရီယာ (အ) ကို ဂျေရုဆလင်မြို့ရှိ ဗိုင်တွလ်မိုကာဒတ်ဆ်ကျောင်းတော်ကြီး၏ ဂွဗ္ဗတွဆ္ဆခ်ရာဟ် အမည်ရှိ (ဆခ်ရဟ်အမိုးလုံ) အောင်တွင် မြုပ်နှံခဲ့ကြလေသည်။ ထိုစဉ်က သက်တော် (၁၀၀၀) နှစ်ဟုဆိုကြသည်။
No comments:
Post a Comment