Thursday, July 29, 2010

Glory of Ramadan

ရမ်ဇမ်လနှင့် ရိုဇာစောင့်ထိန်းခြင်း ဆောင်ပါးများ စုပေါင်းတင်ပြခြင်း
الحمد لله نحمده ونستعينه ونستغفره، ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا، من يهده الله فلا مضل له، ومن
يضلل فلا هادي له، وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمداً عبده ورسوله.

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့

ချီးမွမ်းခြင်း အပေါင်းတို့သည် အလ္လာဟ်အရှင် မြတ် အတွက်သာတည်း။ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ထံတော်မှသာ အကူအညီတောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကို လည်းတောင်းခံပါသည်။ ထိုအပြင် ကျွန်ုပ်တို့ စိတ်အတွင်းရှိ မကောင်းမှုကို အားပေး သည့်လှုံဆော်မှုနှင့် ပြင်ပမှ ပြစ်မှုကျူးလွန် အောင်ပြု လုပ်သည့် လှုံဆော်မှုများမှ ကာကွယ်မှုရရန် အလ္လာဟ် အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ်(ဆွ) နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံး အပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော်များ ကျရောက်စေသားဟုလည်း ဆုမွန်ကောင်း တောင်း ခံအပ်ပါသည်။ အာမီးန် ကျမ်းမြတ်ကုရ်အာန်မှာ အမိန့်တော်လာရှိပါတယ်။

အို အီမာန် ယုံကြည်သူအပေါင်းတို့ အသင်တို့အရင်အမျိုးသားများအပေါ် ရိုဇာဥပုဒ် စောင့်ထိန်းခြင်းသည် ဖရဇ် တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ခဲ့သလို အသင်တို့အပေါ်၌ လည်း ရိုဇာစောင့်ထိန်းခြင်းကို ဖရဇ်တာဝန်အဖြစ် သတ်မှတ်လိုက်သည်။ ၁၈၃

အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူရန် အီမာန်အပြည့်အ၀ဖြင့် ရိုဇာစောင့်ထိန်း ခဲ့လျှင် ထိုသူ၏ လုပ်သမျှသော အပြစ်များ ခွင့်လွှတ်ခြင်း ခံရမည်ဖ်ြစသည်။ (ဘိုခါရီနှင့် မွတ်စ်လင်မ်ကျမ်း)

ချစ်ခင်လေးစားရသော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ် အမျိုးသား အမျိုးသမီး အပေါင်း တို့

ချီးမွမ်းထောပဏာပြုခြင်းအပေါင်းတို့သည် မိုးမြေအဆုံး စကြ၀ဠာ တစ်ခွင်လုံးကို ပိုင်စိုးတော်မူသော မဟာဂရုဏာ တော်ရှင် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပါ တယ်။ မကြာခင်ရောက်လာတော့မဲ့ မြင့်မြတ်လှတဲ့ လမြတ်ရမ်ဇာမ် ကို ကျွန်တော်တို့ အားလုံး မျှော်လင့်ချက်ကြီးမားစွနဲ့ စောင့်မျှော်ခဲ့ကြ တာ အခုလက်တွေ့ရောက်လာပြီ ဆိုတော့ ၀မ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ ဟာ အလ္လာဟ်အရှင်မြတ်ကို အထူး ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့က ရဂျဗ်လကတည်းက အလ္လာဟ်ထံပါးမှာ ကျွန်တော်တို့ ကို ရဂျဗ်လနှင့် ရှဗာန်လများမှာ ဗရ်ကသ်တွေပေးပါ၊ ရမ်ဇာမ်လမြတ်ရောက်သည့်တိုင်အောင် နေထိုင် ခွင့်ပေးပါဆို ပြီး ဆုတောင်းနေကြတယ်လေ။ ဒါကြောင့် အခုရမ်ဇာမ်လ ရောက်လာ တော့် အလ္လာဟ်အရှင် မြတ်ကို ကျေးဇူးတင် ရမယ်လို့ပြောတာပါ။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်ဆိုတာဟာ အလ္လာဟ် အရှင်ကိုယ်တိုင် ကျွန်တော် တို့ကို မိန့်ကြားထားပါတယ်။

အသင်တို့သည် ငါအရှင်အား ကျေးဇူးသိတတ်လျှင် ငါအရှင်သည် အသင်တို့အား ငါ၏နေမသ်များကို ပိုမိုပေး အပ်မည်ဖြစ်သလို အသင်တို့အနေဖြင့် ကျေးဇူးမသိတတ် လျှင် ငါအရှင်၏ အပြစ်ဒါဏ်သည် အလွန်ပြင်းထန် ပေသည်။ ဒါကြောင့် အခု ရမ်ဇာမ် လမြတ်ကို လက်တွေ့မြင်ရသိရပြီဖြစ်လို ရူကရီယာ နဖိလ် နမာဇ် ရကအသ် ဖတ်ပြီးတော့ ကျေးဇူးတင်ကြောင်း ပြသရရမယ်။ တကယ်တော့ ကျေးဇူးသိ တတ်ခြင်း ဟာ ယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀န်းရဲ့ ပြယုဂ်လက္ခဏာတွေဘဲဖြစ်ပါတယ်။ ဒါမှလည်း ကျေးဇူးဆပ်တဲ့အခါ အသိတရားအပြည့်နဲ့ ကျေးဇူးဆပ်ခြင်း မည်မှာဖြစ်ပါတယ်။ အဲ့ဒီလို ကျေးဇူးဆပ် ခြင်းဟာ အလွန်မြင့်မြတ်တဲ့ သဘောဆောင်ပါတယ်။ မြင့်မြတ်တဲ့ သဘေ တရားတွေဟာ အစဉ်အမြင့် ဆုံးနေရာတွေမှာ ရှိနေတတ်ပါတယ်။

ဟုတ်ပါတယ်။ ကျောက်မြတ်ရတနာအပေါင်းတို့အထဲမှာ ဟဂ်ျရိအဆ်ဝဒ်ရဲ့ တန်ဖိုးဟာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးအမြင့်ဆုံးဖြစ်သလို ဗလီဝတ်ကျောင်းတော်တို့အနက် ကအ်ဗဟ်ကျောင်းတော်ကြီးရဲ့ တန်ဖိုးဟာ အလွန်ကြီးမားမြင့်မြတ်လှပါတယ်။ အဲ့ဒီ အတိုင်းဘဲ ညတကာအပေါင်းတို့အနက် လိုင်လသွလ်ကဒရ်ညဟာ အလွန်မြင့် မြတ်တဲ့ညဖြစ်သလို လတကာအပေါင်းတို့အနက် ရမ်ဇာမ်လဟာ မြင့်မြတ်တဲ့လမြတ် ရမ်ဇာမ်ဖြစ် တယ်ဆိုတာ ကို သတိပေးစမ်းပါရစေခင်ဗျား။

ချစ်ခင်လေးစားရသော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ် အမျိုးသားအမျိုးသမီး အပေါင်းတို့

ရိုဇာကို အရဗီလို ဆောမ် လို့ခေါ်ပြီး အများကိန်းအနေဖြင့် ဆွေယာမ်လို့ခေါ်ပါတယ်။ ဆောမ်ရဲ့ အဓိပါယ်က ရပ်ဆိုင်းခြင်း၊ ရပ်တန့်ခြင်းလို့ဆိုလိုပါတယ်။ ဒါကြောင့် ဆောမ်လို့ ဆိုလိုက်ရင် မိမိကိုယ်ကို စားသောက်ခြင်း မေထုံမီဝဲခြင်း စသည်တို့ကနေ ရပ်ဆိုင်းခြင်းဘဲဖြစ်ပါတယ်။သဘောကတော့ မိမိတို့ ခန္ဒာကိုယ်အတွင်းကို မည်သည့် အရာဝတ္ထုကိုမျှ မထည့်သွင်းဘဲ ထိန်းချုပ်တဲ့သဘောဘဲဖြစ်ပါတယ်။ အစာအိမ် အတွင်း အစာမရှိတဲ့အခါ လူဟာ ဆာလောင်မွတ်သိပ်ပြီး ပူးဆွေးသောက ရောက်ရ လေ့ရှိပါ တယ်။ ရမ်ဇာမ်ရဲ့ သဘောက အရဗီစကားမှာ ပူလောင်တဲ့ကျောက်တုံးလို့ သဘောရပါတယ်။ နေပြင်းတဲ့ ကန္တာရမှာ ကုလားအုပ်ရဲ့ခွာဟာ သဲပူများကြောင့် ပူ လောင်နေကြောင်းကို ဆိုလိုတယ်။

ဒါပေမဲ့ အဲ့ဒီပူလောင်ခြင်း ပူဆွေးခြင်းတို့ရဲ့နောက်မှာ ခွင့်လွှတ်မှုနှင့် အေးချမ်း မှုကို ရရိနိုင်ပါတယ်။ သဘောကတော့ ရမ်ဇာမ်လကို အချို့ပညာရှင်များက ဆောင်းတွင်း မှာ ရွာတဲ့မိုးလို့ဆိုလိုပြီး အဲ့ဒီမိုးနှင့် ထိလိုက်တဲ့ သီးနှံများဟာ အောင်မြင်ဖြစ်ထွန်း တတ်ကြောင်းဆိုကြပါတယ်။ ဒါကြောင့် ရမ်ဇာမ်ရဲ့ အဖြစ် က ပူလောင်ခြင်းလို့ဆိုကြ သလို ပူလောင်မှုဖြစ်ခြင်းနဲ့အတူ အေးချမ်းမှုလည်း အတူတွဲရှိနေတာကို ဖေါ်ကျူးကြတဲ့အတွက် အပူနှင့်အတူ အအေးရှိ သလို ပူဆွေးခြင်း ဆာလောင်ခြင်း ဒေါသဖြစ် ခြင်းများနှင့်အတူ အေးချမ်းခြင်း လွတ်မြောက်ခြင်း စိတ်အေးချမ်းမှုကို ရခြင်းများလည်း ပြိုင်တူဖြစ်ပေါ် လာတတ်ပါတယ်။

နောက်ပြီး အကျိုးဆက်အနေနဲ့ အပြစ်များမှ ခွင့်လွှတ်မှုကို ရရှိခံစားနိုင်ပါတယ်။ တနည်းအားဖြင့် ကြည့်လိုက်ရင် ရမ်ဇာမ်ဟာ ပူပြင်းခြင်းနှင့်လွတ်မြောက်ခြင်း သဘော ဆောင်ပြီး မိမိတို့ရဲ့ ဂိုနာများကို မြင်ယောင်တဲ့အခါ ခွတ်လွှတ်မှု ရနိုင်မလားဆိုတာ သောကရောက်နေရတတ်တယ်။ ဒါပေမဲ့ စိတ်သော ကရောက်နေချိန် စိတ်ရောကိုယ်ပါ ၀န်ချတောင်းပန်လိုက်ရင် ခွင့်လွှတ်မှုကို အမှန်တကယ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရမ်ဇာမ်လဆိုတာ ခက်ခဲခြင်းရှိသလို တစ်ဆက်တည်း အပြစ်များမှ ခွင့်လွှတ် မှုနှင့် အကျိုးဆွဝါဗ်များဖြင့် အောင်မြင်နိုင်တဲ့လလည်းဖြစ်တယ်။

ချစ်ခင်လေးစားရသော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ် အမျိုးသားအမျိုးသမီး အပေါင်းတို့

နောက်တစ်ခု ထူးခြားတဲ့အကြောင်းကတော့ အထက်ပါအာယသ်တော်အရ ရမ်ဇာမ် လမှာ အလ္လာဟ် အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ကို ချပေးခဲ့တဲ့အကြောင်းပါဘဲ။ အလ္လာဟ်အရှင်မြတ်က မိုးကောင်းကင်ရဲ့ ပထမအထပ်မှာရှိတဲ့ လောဟိမဟ်ဖူးဇ်လို့ ခေါ်တဲ့ ကျောက်ဖျာပေါ်မှာ ရမ်ဇာမ်လ အတွင်း ချပေးလိုက်ပြီးနောက်တော့ တမန် တော်မြတ် (ဆွ)အပေါ် ၂၃ နှစ်တာအတွင်း လိုအပ်သည့် အလျှောက် တဖြေးဖြေးချင်း ချပေးလိုက်တာဖြစ်ပါတယ်။ လူသားတွေအပေါ်မှာလည်း ကျမ်းမြတ် ကုရ်အာန်ကို တဖြေးတဖြေးသာ နားလည်သဘောပေါက်အောင် ဖတ်စေဖို့လည်း သဘောရှိပါတယ်။ ရဟူဒီတွေက ကျမ်းမြတ်ကုရ်အာန်ကို ဘာကြောင့် တဘရိတ်ထည်း မချပေး တာလည်းလို့ မေးကြ တယ်။ အဖြေကတော့ အထက်မှာပြောခဲ့တဲ့ လောဟိမဟ်ဖူးဇ်မှာ လိုင်လသွလ်ကဒရ်ညမှာ တကြိမ် တည်းနဲ့ အလ္လာဟ်အရှင်မြတ်က ချပေးလိုက်တာပါ။ နောက်ပြီး ဂျီဘရာအီးလ် ()ဟာ ရမ်ဇာမ်လမှာ တမန်တော်မြတ်(ဆွ)ထံ လာရောက် ပြီး သုံးရက်အတွင်း ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးကို ဖတ်ပြလေ့ရှိပါ တယ်။

မိရှ်ကာသ်ကျမ်းအကျယ်ဖွင့်ထဲ့မှာ တင်ပြတာက အလ္လာဟ်အရှင်မြတ်ဟာ တမန်တော် အီဗရာဟင် () ထံ ရမ်ဇာမ်လ သုံးရက်အတွင်း ကျမ်းတစ်စောင်ချပေးသလို၊ တမန်တော် မူစာ() ထံသို့လည်း ရမ်ဇာမ်လ ရက်အတွင်း ကျမ်းတစ်စောင့်ချပေးခဲ့ ပါတယ်။ ဒီအတိုင်းဘဲ တမန်တော် ဒါဝူးဒ် () ထံ ရမ်ဇာမ် ၁၈ ရက် အတွင်း ဇဗူးရ်ကျမ်းကို ချပေးခဲ့သလို၊ တမန်တော် အီစာ ()ထံသို့လည်း အီန်ဂျီးလ်ကျမ်းကို ၁၃ ရက်အတွင်း ချပေးခဲ့ပါတယ်။

ဘယ်သို့ပင်ရှိပါစေ၊ အလ္လာဟ်အရှင်မြတ်မိန့်တော်မူတာက ကျမ်းမြတ်ကုရ်အာန်ဟာ အားမန် တစ်ခုကို ဖော်ကျူးနေတာက ကုရ်အာန်ကျမ်းမြတ်သည် ဟရာမ်နှင့် ဟလာလ်ကို ခွဲခြားဖေါ်ပြထားသည့်အတွက် ဆုံးရှုံးနေတဲ့လမ်းကြောင်းမှ အောင်မြင် ရေးလမ်းကြောင်းပေါ်ကို ခေါ်ဆောင်ပေးတတ်ပြီး ရှရီအသ် ဥပဒေများကို လည်းဖေါ်ပြ ထားသည့်အတွက် အမှားမြင် အမှန်ပြင်တတ်အောင် ပုံဖေါ်ပေးနိုင်တဲ့ကျမ်းလည်းဖြစ်ပါတယ်။

နောက်ပြီး မြင့်မြတ်တဲ့ ကျမ်းမြတ်ကုရ်အာန်ကို ရမ်ဇာမ်လမှာ ချပေးသနားတဲ့အတွက် ရမ်ဇာမ်လမြတ် ဟာလည်း မြင့်မြတ်တဲ့ လမြတ်ရမ်ဇာမ်အဖြစ်ကို ရောက်ရှိလာပါတယ်။ ထိုလိုမြင့်မြတ်တဲ့ ရမ်ဇာမ်လမှာ စောင့်ထိန်းရတဲ့ ရိုဇာဥပုဒ်ဟာလည်း အတော့်ကို မြင့်မြတ်တဲ့ အကျိုးဆွဝါဗ်တွေ ရှိနေမယ်ဆိုတာကို ကျွန်တော်တို့ သံသယတွေ ထားစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ အင်ရှာအလ္လာဟ် အလ္လာဟ် အရှင် မြတ် နောက်ထပ် သောင်ဖီးက်ပေးရင် ဆက်လက်ပြီး ရမ်ဇာမ်လရဲ့ ဖဇီးလသ်တွေကို ဆက်လက် တင်ပြသွားအုံးမယ်။


بَارَكَ الله لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالِّذكْرِ الْحَكِيمِ ، وَتَقَبَّلَ مِنِّي وَمِنْكُمْ تِلاوَتَهُ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ، أَقُولُ قَوْلِي هذَا وَأَسْتَغْفِرُ الله الْعَظِيمَ لِي وَلَكُمْ، وَلِسَائِرِ الْمُسْلِمِينَ وَالْمُسْلِمَاتِ ، وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ ، فَاسْتَغْفِرُوهُ فَيَا فَوْزَ الْمُسْتَغْفِرِينَ وَيَا نَجَاةَ التَّائِبِينَ


ရိုဇာဥပုတ်ဆောက်တည်ခြင်းနှင့် ပတ်သက်သော အခြားအကြောင်းအရာများကို ဆက်လက်ရှု့စားလိုပါက .................

၁။ ရိုဇာနှင့် ရမ်ဇာမ်လမြတ်အကြောင်း

ရမ်ဇာမ်လ၏ ဖရပ်ဇ် ရိုဇာစောင့်ထိန်းရန် တာဝန်ရှိသူများမှာ

ရိုဇာဟ်စောင့်ထိန်းခြင်းနှင့် နိယသ်ပြုခြင်း

ရိုဇာဟ်ဥပုဒ်ဆိုသည်မှာ

ရိုဇာဟ်ပျက်စေသောအချက်များ

ရိုဇာဟ်ပျက်သဖြင့် အစားဖြည့်ခြင်း

ရိုဇာဟ်မပျက်စေသောအကြောင်းများ

ရိုဇာဟ်ပျက်၍ ကဖ်ဖါရာဟ်ထိုက်စေသော အချက်များ

ရိုဇာဟ်၏ မွတ်စ်တဟဗ်အချက်များ

ရိုဇာတွင် မကရူဖြစ်စေသော အကြောင်းများ။

ရိုဇာဟ်မကရူမဖြစ်သောအချက်များ

အထက်ပါအကြောင်းအရာများကို မိတ်ဆွေသိချင်လိုပါက click here......ရိုဇာနှင့် ရမ်ဇာမ်လမြတ်အကြောင်း

၂။ ရိုဇဟ်နှင့်စိတ်ရောကိုယ်ပါကျန်းမာရေး

အစ္စလာမ်သာသနာတွင် ရိုဇဟ် ဥပုဒ် စောင့်ထိန်းခြင်းသည် အိဗါဒသ် တစ်ခုအဖြစ်ယူဆပါသည်။ ရိုဇဟ် စောင့်ထိန်းခြင်းသည် တစ်နည်းအားဖြင့် ကျန်မာရေးအတွက် အကျိုးပြုစေသော်လည်း စင်စစ် ရိုဇဟ်သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူရန် ရည်ရွယ်ချက်ဖြင့်သာ စောင့်ထိန်းရခြင်းဖြစ်ပါသည်။ ရိုဇဟ် စောင့်ထိန်းခြင်းသည် လောကုတ္တရာအတွက် အကျိုးကျေးဇူးများစွာရှိသလို လောကီအကျိုးကျေးဇူးများ လည်းရှိပါသည်။ အထူးသဖြင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုအတွက် အကျိုးများစွာရှိသည်ကို သုသေသန လုပ်ငန်း များ အရသိရပါသည်။

ဆက်လက်ဖတ်ရှုရန် click here......ရိုဇာနှင့် စိတ်ရောကိုယ်ပါကျန်းမာရေး

၃။ ရမ်ဇမ်လတွင် လုပ်ထိုက်သော လုပ်ငန်းကြီးလေးရပ်


အို မွတ်စ်လင် အမျိုးသား အမျိုးသမီးအပေါင်းတို့၊ လမြတ်ရမ်ဇမ်တွင် အရေးကြီးသော လုပ်ငန်းကြီး လေးရပ်ကို အစဉ် လုပ်ကိုင်သင့်ပါသည်။ ၄င်း လုပ်ငန်းလေးခုဟာ သိပ်ပြီး ပင်ပန်းမှု မရှိသလို နေထိုင်သွားလာစားသောက်ရင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ ထိုသို့ လုပ်ကိုင် ဆောင်ရွက်ရင်း လူသားဟာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူနိုင်ပြီး မိမိရဲ့ မီဇာန် အလေးချိန်ကိုလည်း အလေးစီးစေနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန် click here......ရမ်ဇမ်နှင့်လုပ်ငန်းကြီးလေးရပ်

၎။ ကဇွာရိုဇာဟ်နှင့် ကဖ္ဖာရဟ်ရိုဇာဟ်များအကြောင်း


(၁) ရမ်ဇာမ်လမြတ်တွင် ဖရဇ်အဖြစ်စောင့်ထိန်းသင့်သည့် ရိုဇာဟ်များကို အကြောင်း အမျိုးမျိုးကြောင့် မထားနိုင်လျှင်၎င်း၊ (၂) ရက်လသတ်မှတ်ပြီး ကိုးထားသော ရိုဇာဟ် များကို သတ်မှန်အချိန်အတွင်း မထားနိုင်ခဲ့သော်၎င်း၊ (၃) နဖိလ်ရိုဇာကို စောင့်ထိန်း နေပြီးမှ ဖျက်လိုက်လျှင်၎င်း၊ ထိုရိုဇာဟ်များကို ပြန်လည်ဖြည့်စွက်ရမည်။ ကဇွာဖြည့် စွက်ခြင်းကို မြန်နိုင်သမျှမြန်အောင် ပြုလုပ်သင့်သည်။ ၄င်းရိုဇာဟ်များကို ရက်ဆက်၍ ၄င်း၊ ရက်ခြား၍၄င်းဖြည့်စွက်နိုင်သည်။

ဆက်လက်ဖတ်ရှုရန် click here...... ကဇွာရိုဇာဟ်နှင့် ကဖာရဟ်

၅။ ဇကာသ်

ဇကာသ် ဟူသည် မိမိတွင်ရှိသော ပစ္စည်းဥစ္စာများအနက်မှ ရှရီသ်တရားတော် သတ်မှတ် ထားသော အစိတ်အပိုင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညာတ်တော်အတိုင်း ဆင်းရဲသား များအား အပိုင်ပေးအပ်လှုဒါန်းခြင်းဖြစ်သည်။ ဆွလာသ်နှင့် ရိုဇာသည် ကိုယ်ကာယအားဖြင့် လုပ်ကိုင်ရသော အိဗါဒသ်ဖြစ်ပြီး ဇကာသ်သည် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်အပ်သော အိဗါဒသ်ဖြစ် သည်။ ဇကာသ်ပေးခြင်းနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ( ၂း၂၇၇၊ ၆း၁၄၁၊ ၉း၅၊ ၄၁း၇၊ ၇၀း၂၄-၂၅၊ ၇၃း၂၀၊ ၉၈း၅) တွင်လာရှိပါသည်။ ဇကာသ်ပေးခြင်းသည် အစ္စလာမ်မဏ္ဍိုင်ကြီး ၅ ခုတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့ မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။ ဇကာသ်ပေးခြင်းကို ငြင်းဆန်သူသည် ကာဖိရ်ဖြစ်သည်။ ဇကာသ်ပေးဆောင်ရန်တာဝန် ရှိသောသူတို့မှာ- ဆက်လက်ဖတ်ရှုရန် click here......Zakat - ဇကာသ်

၆။ ဖိသ်ရဟ်အကြောင်း

ဖိသ်ရဟ်ဟူသောစကားသည် အာရဗီစကားဖြစ်သည်။ ဝါဖြေချိန် (သို့) ရိုဇာဟ်မစောင့် ဘဲနေခြင်းဟု အဓိပ္ပါယ် ရ၏။ ရမ်ဇာမ်လကုန်သည့်အခါ ဝါကျွတ်သဖြင့် ဝမ်းသာအားရ ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် သောအားဖြင့် ပေးဆောင်ရသော အလှု ဒါနဖြစ်သည်။ ဆက်လက်ဖတ်ရှုရန် click here......ဖိသ်ရဟ်ပေးခြင်း

၇။ အိသိကာဖ်

တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ ရမ်ဇာန် လမြတ်၏ ပထမ ၁၀ ရက်သည် ရဟ်မသ်တော်များဖြင့် ပြည့်နက်နေပြီး ဒုတိယ ၁၀ရက်သည် ဘရ်ကသ် များဖြင့် ပြည့်ဝနေကာ နောက်ဆုံး ၁၀ ရက်သည် မဂ်ဖိရသ် ခွင့်လွှတ်ခြင်း ဖြင့် ပြည့်ဝနေသည်ဟူ၍ ဖြစ်သည်။ အထူးသဖြင့် တမန်တော်မြတ် (ဆွ) သည် နောက်ဆုံး ၁၀ ရက်ကို နှစ်စဉ် ဗလီဝတ်ကျောင်းတော်တွင် လုံးဝ အပြင်မထွက်ဘဲ အီဗါဒသ်တွင် နစ်မွန်းနေလေ့ရှိပါသည်။ ထိုနည်းအတူ မိမိ၏ အဆ်ဟာဗ် တော်များကိုလည်း ထိုသို့ အိဗါဒသ် လုပ်ရန်အတွက် တိုက်တွန်း ပြောဆိုလေ့ ရှိခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန် click here......I'tikaf- အိသိကာဖ်


No comments: