Friday, September 4, 2009

Sura- 001 AL Fatihah: The Opening

၁။ စူရာဖာသိဟး အဖွင့်ကဏ္ဍ(မက္ကာမြို့တော်ကျ-၈ အာယသ်တော်)

၀၀၁း ၁ မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၀၁း ၂ ချီးမွမ်း ထောပနာပြုခြင်း ဟူသမျှသည် စကြာဝဠာ အပေါင်းတို့၏ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ် အတွက်သာတည်း။

၀၀၁း ၃ အလ္လာဟ်အရှင်မြတ်သည် မပြတ်မစဲ သနားကြင်နာသောမူသော အနန္တ ကရုဏာ တော်ရှင်ဖြစ်တော်မူ၏။

၀၀၁း ၄ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့ကို ပိုင်စိုးတော်မူသော အရှင်ဖြစ်သည်။

၀၀၁း ၅ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ရှစ်ခိုးဆည်းကပ်ပါ၏။ ထို့အပြင် ကျွန်တော်မျိုးတို့အား ကူညီပါရန် အရှင်မြတ်ထံတော်၌သာလျှင် တောင်းဆုပြုပါ၏။

၀၀၁း ၆ ကျွန်တော်မျိုးတို့အား အစစအရာရာတွင် ဖြောင့်မတ်သော လမ်းကို ပြသတော်မူပါ။

၀၀၁း ၇ အိုအရှင်မြတ် ကျွန်တော်မျိုးအား အရှင်မြတ် သုခချမ်းသာပြုခဲ့သည့် ထိုသူမွန် သူမြတ်တို့၏ တရားလမ်းကို ညွှန်ကြားပြသတော်မူပါ။ အမြတ်တော်စူးရှခြင်းခံရသော လမ်းမှားသူများ၏ လမ်းကို ပြသတော်မမူပါနှင့်အရှင်။

No comments: