၀၈၃။ စူရာ မုသဖ်ဖိဖီးန်း လိမ်လည်သူ ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၃၆ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၃း ၁။ အလေး၊ တင်းတောင်း ခွက် စသည်တို့တွင် မတရားချိန်တွယ်သူတို့သည် ပျက်စီးကြရပေမည်။

၀၈၃း ၂။ အကြင်သူတို့သည် သူတပါးထံမှ ခြင်တွယ်ယူရာတွင် အပြည့်ချိန်ယူကြသည်။

၀၈၃း ၃။ သို့ရာတွင် ၄င်းတို့သည် သူတပါးအား ခြင်တွယ်၍၄င်း၊ ချိန်တွယ်၍၄င်းပေးကြသောအခါ လျှော့၍ ပေးကြသည်။

၀၈၃း ၄။ ၄င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြမည့်သူများ ဖြစ်ကြသည်ကို မယံကြည်ကြ လေသလော။

၀၈၃း ၅။ ကြီးကျယ်လှစွာသောနေ့တွင်။

၀၈၃း ၆။ အကြင်နေ့တွင် လူခပ်သိမ်းတိုပသည် စကြာဝလာ ခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်တွင် ရပ်ကြကုန်အံ့သတည်း။

၀၈၃း ၇။ အလျှင်းအမဟုတ် စင်စစ် ဒုစရိုက်ကျူးလွန်သောသူတို့၏ မှတ်တမ်းသည် စစ်ဂ်ျဂျီးန်၌ရှိ၏။

၀၈၃း ၈။ စစ်ဂ်ျဂျီးန်သည် မည်သည့်အရာဖြစ်ကြောင်း အသင်သိပါသလော။

၀၈၃း ၉။ စစ်ဂ်ျဂျီးန်သည် ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ်တစ်အုပ်ပင်ဖြစ်သည်။

၀၈၃း ၁၀။ ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသောသူတို့သည် ပျက်စီးကြရပေမည်။

၀၈၃း ၁၁။ အကြင်သူတို့သည် အစားပေးမည့်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။

၀၈၃း ၁၂ ။စင်စစ် ယင်းအစားပေးမည့်နေ့ကို ကျူးကျော်ငသူ၊ အလွန်ပြစ်မှုထင်ရှားသော သူသည်သာလျှင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရ၊ှိ၏။

၀၈၃း ၁၃ ၄င်းတို့၏ ရှေ့ဝယ် ငါအရှင်မြတ်၏ အာယသ်တော်များ ဖတ်ကြားသောအခါ ဤသည်ရှေးလူဟောင်း တို့၏ ပုံပြင်များသာ ဖြစ်ကြသည်ဟု ၄င်းက ပြောဆိုလေ့ရှိ၏။

၀၈၃း ၁၄။ အလျှင်းအဟုတ်၊ စင်စစ်မှာကား ၄င်းတို့သည် ဆည်းပူးလျှက်ရှိခဲ့ကြသည့် ပြစ်မှုများသည် ၄င်းတို့၏ စိတ်နှလုံးများပေါ်၌ ဖုံးလွန်းခဲ့ပြီးဖြစ်၏။

၀၈၃း ၁၅။ အလျှင်းမဟုတ် ဧကန်မလွဲ ၄င်းတို့သည် ထိုနေ့တွင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ဖူးမျှော်ခြင်းမှ ကာကွယ်ခြင်းကို ခံကြရမည်သူများပင်ဖြစ်ကြပေသည်။

၀၈၃း ၁၆။ ထို့နောက် ဧကန်မလွဲ ၄င်းတို့သည် ဂျဟန္နမ် ငရဲထဲသို့ ၀င်ရောက်ကြရပေမည်။

၀၈၃း ၁၇ ။ထို့နောက် ၄င်းတို့အား ဤသည် အသင်တို့က မဟုတ်မမှန်ဟူ၍ ငြင်းပယ်လေ့ရှိခဲ့သော အရာပင်ဖြစ် သည်ဟုပြောဆိုခြင်းခံရအံ့သတည်း။

၀၈၃း ၁၈။ အလျှင်းမဟုတ် ဧကန်အမှန် သူတော်ကောင်းတို့၏မှတ်တမ်းမှာ အိလ္လီယီးန် ၌ရှိ၏။

၀၈၃း ၁၉။ သို့သော် အိလ္လီယီးန် ဟူသည် အဘယ်အရာ ဖြစ်သည်ကို အသင်မည်သို့ သိမည်နည်း။

၀၈၃း ၂၀။ အိလ္လီယီးန်ဟူသည်ကား ရေးသားပြ၊ီးသော မှတ်တမ်းစာအုပ်ပင်ဖြစ်သည်။

၀၈၃း ၂၁။ ယင်းမှတ်တမ်းစာအုပ်ကို အပါးတော်၌ ရှိကုန်သော ကောင်းကင်တမန်တို့သည် ကြည့်ရှုကြ၏။

၀၈၃း ၂၂။ ဧကန်မလွဲ သူတော်ကောင်းတို့မှာ ထာဝရသုခ၀ယ် ရှိကြပေမည်။

၀၈၃း ၂၃။ ၄င်းတို့သည် သလွန်များ အပေါ်တွင် စံမြန်ကြမည်။

၀၈၃း ၂၄။ အသင်သည် ၄င်းတို့၏မျက်နှာဝယ် ငြိမ်းချမ်းစိုပြေခြင်းကို ခွဲခြားသိနိုင်မည်။

၀၈၃း ၂၅။ ၄င်းတို့သည် တံစိပ်ခပ်ထားသော အရက်အစစ်ကို တိုက်ကျွေးခြင်းခံရမည်။

၀၈၃း ၂၆ ။ထိုအရက်၏တံစိပ်မှာ ကတိုးဖြစ်၏။ ပြိုင်ဆိုင်သူတို့သည် ဤသည်ကိုပင် အပြိုင်အဆိုင် ရယူသင့်၏။

၀၈၃း ၂၇ ။ ၄င်းအရက်၏ ရောစပ်မှုမှာ တက်စ်နီးမ် မှဖြစ်၏။

၀၈၃း ၂၈။ တက်စ်နီးမ် သည် စမ်းတစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် နီးစပ်သောသူတို့သည် ၄င်းတက်စ်နီးမ် မှပင် သောက်သုံးကြသည်။

၀၈၃း ၂၉။ ဧကန်စင်စစ် ပြစ်မှုကြူးလွန်သူတို့သည် မူ့မင်န် တို့အပေါ် ရယ်မောခဲ့ကြသည်။

၀၈၃း ၃၀။ ထို့အပြင် ၄င်း မု့မင်န် တို့ သူတို့အနီးမှ ဖြတ်လျှောက်သွားသည့်အခါ မျက်ရိပ်ပြကာ ကျီစယ်လေ့ရှိ၏။

၀၈၃း ၃၁။ ထို့အပြင် ၄င်းတို့သည် မိမိတို့အိမ်သူအိမ်သားများထံ ပြန်ကြသောအခါ မု့မင်န်တို့အကြောင်း စမြုံ့ပြန်ပြောကာ ရယ်မောကြကုန်၏။

၀၈၃း ၃၂။ ထို့အပြင် ၄င်းတို့သည် မု့မင်န် တို့ကို တွေ့ကြသောအခါ ဧကန်စင်စစ် သူတို့သည် အမှန်ပင် လမ်းလွှဲသူများဖြစ်ကြသည်ဟု ပြောကြ၏။

၀၈၃း ၃၃။ စင်စစ် ၄င်းတို့သည် မု့မင်န်တို့အပေါ် အုပ်ထိန်းသူများအဖြစ် စေလွှတ်ခြင်းခံရသူများမဟုတ်ပေ။

၀၈၃း ၃၄။ သို့ဖြစ်ပေရာ ယနေ့ မု့မင်န်တို့သည် ကာဖိရ်တို့အပေါ် ရယ်မောကြပေမည်။

၀၈၃း ၃၅။ မု့မင်တို့သည် သလွန်များထက်ဝယ် စံမြန်းလျက်ကြည့်ရှုကြပေမည်။

၀၈၃း ၃၆။ ကာဖိရ်တို့သည် မိမိတို့၏ ပြုလုပ်ခဲ့သော အပြုအမူတို့၏ အကျိုးကို ပေးဆပ်ခြင်းခံရပြီးလား။
No comments:
Post a Comment