Saturday, September 12, 2009

Surah 097 Al Qadr : The Night of Decree


၀၉၇။ စူရာ ကဒ်ရ်း မြင့်မြတ်ခြင်း ကဏ္ဍ
(မဒီနာမြို့တော်ကျ- အစောင် ၃၀၊ ၅ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၉း ၁။ ဧကန်မလွဲ ယင်းကုရ်အာန် ကျမ်းတော်မြတ်ကို လိုင်လသွလ်ကဒရ် မြင့်မြတ်သာည၌ ချပေးသနားတော်မူခဲ့၏။

၀၉၉း ၂။ စင်စစ် လိုင်လသွလ် ကဒရ် မြင့်မြတ်သောညသည် အဘယ်နည်းဟု သင်သိပါသလော။

၀၉၉း ၃။ စင်စစ် လိုင်လသွလ်ကဒရ် မြင့်မြတ်သောညကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။

၀၉၉း ၄။ ထိုည၌ ကောင်းကင်တမန်တော်များသည်၎င်း၊ ဂျဗရီလ်သည်၎င်း၊ မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသော အရှင်မြတ်သည်အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စအသီးသီးကို ယူဆောင်၍ ဆင်းသက် လာကြကုန်၏။

၀၉၉း ၅။ ထိုညကား နံနက်မိုးလင်းချိန်တိုင် ငြိမ်းချမ်သောညဖြစ်ချေသနည်း။ (ငြိမ်ချမ်းမှုချည်သာတည်း)။

No comments: