Saturday, September 12, 2009

Surah 103 Al Asr : By Time


၁၀၃။ စူရာ အစရ်း ခေတ်ကာလ ကဏ္ဍ
(မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၃ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၃း ၁။ ငါအရှင်မြတ်သည် ခေတ်ကာလ အချိန်ကို သက်သေထူတော်မူ၏။

၁၀၃း ၂။ ဧကန်စင်စစ် လူသားသည် အမှန်ပင် ဆုံးရှုံးမှု၌ရှိ၏။

၁၀၃း ၃။ အကြင်သူတို့မှတစ်ပါး ထိုသူတို့သည် (အီမန်) သက်ဝင်ယုံကြည်ခဲ့ကြသည်။ ၄င်းအပြင် ကောင်းမြတ်သော အကျင်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့၏။ ထို့အပြင် အချင်းချင်း မှန်ကန်သော (သာသနာပေါ်၌ ကြံ့ခိုင်စွာ) တည်ရှိကြရန်လည်း ဆုံးမကြကုန်၏။ ထိုမှတပါး ၄င်းတို့သည် သည်းခံကြရန်လည်း အချင်းချင်း ဆုံးမကြကုန်သတည်း။

No comments: