











































ကြလတ်္တံ့။

၎င်းပြင် ထိုသူတို့သည် (ဤသို့)ပြောဆို (ချီးကျူး)ကြလတ်္တံ့။ ချီးမွမ်း ထောမနာအပေါင်းတို့ ကို ကျွန်ုပ်တို့အား ဤသည့်(နေရာ)သို့ ပို့တော်မူသော အလ္လာဟ်အသျှင်မြတ်သည်သာလျှင် ဆိုင် တော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အသျှင်မြတ် သာလျှင် ကျွန်ုပ်တို့အား ပို့တော်မမူပါလျှင်ကျွန်ုပ် တို့သည် (ဤနေရာသို့ အလျင်း) ရောက်ရှိကြမည် မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူ တော်မူသော အသျှင်မြတ်၏ ရစူလ်တမန်တော်များ သည် အမှန်တရားကိုပင် ယူဆောင်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (ဤသို့)အသံပေးခြင်းကို ကြားကြရလတ်္တံ့၊ ““ဤသည် အကြင်ဂျန္နတ် အမတ သုခဘုံတည်း””။ ထိုဂျန္နတ်အမတ သုခဘုံကို အသင်တို့သည် မိမိတို့ ပြုခဲ့ကြသည့် (ကောင်းမှု)များကြောင့် အမွေ ရရှိခဲ့ကြချေပြီ။










သို့ပြန်လွှတ်ခြင်းကို ခံကြရပါလျှင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ခဲ့ကြသည့်အရာ (မကောင်းမှု)တို့နှင့် ဆန့်ကျင်၍ (ကောင်းမှုများကိုသာ)ပြုလုပ်ကြကုန်အံ့”” ဟု (ညည်းညူ) ပြောဆိုကြလတ်္တံ့။ ထိုသူတို့သည် ဧကန်မလွဲ မိမိတို့ကိုယ်ကို နစ်နာဆုံးရှုံးအောင် ပြုလုပ်ခဲ့ချေပြီ။ ၎င်းပြင် ထိုသူတို့ ကြံဖန်လီဆယ်၍ ပြောဆိုခဲ့ကြသည်များလည်း ထိုသူ တို့ထံမှ ပျောက်ကွယ်သွားကြချေပြီတကား။

ဖုံးအုပ်တော်မူလေသည်။ ထိုညဥ့်သည် ၎င်းနေ့၏နောက်မှ လျင်မြန်စွာရောက်ရှိ လာလေသည်။ ၎င်းပြင် (ထိုအသျှင်မြတ်သည်ပင်လျှင်)နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ကြယ် နက္ခတ်တို့ကိုလည်းကောင်း၊ မိမိ သြဇာခံများအဖြစ် (ဖန်ဆင်းတော်မူခဲ့လေသည်။) ဖန်ဆင်းမှုသည်လည်းကောင်း အမိန့်အာဏာ တော်သည်လည်းကောင်း၊ ထိုအသျှင်မြတ်၌သာလျှင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်။ စကြာဝဠာ ခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ် အသျှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော် မူချေသတည်း။





အလွန် ကြီးကျယ်သောနေ့၏ ပြစ်ဒဏ် (သက်ရောက်မည်) ကို မလွဲဧကန် စိုးရိမ်မိသည်ဟု ပြောကြားခဲ့လေသည်။






အလျင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် မကြောက်ရွံ့ကြပါ သလော”” ဟု ဟောကြားခဲ့လေသတည်း။


ပြုစုပျိုးထောင်တော်မူသော အသျှင်မြတ် အထံတော်မှ စေလွှတ်တော်မူခြင်းခံရသော ရစူလ် တမန်တော်ပင် ဖြစ်ချေသည်””ဟု ဖြေကြားခဲ့လေသည်။


အသင်တို့သည် မိမိတို့အား ထိုအသျှင်မြတ်က (နဗီတမန်တော်)နူဟ်၏ အမျိုးသားများ မရှိသည့် နောက်တွင်နေရာချပေးတော်မူခဲ့သည်ကိုလည်း ကောင်း၊ အသင်တို့အား အရပ်အမောင်းအားဖြင့် ပိုမို ထွားကြိုင်း ကြီးမားစေတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ တဖန်အသင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည် သတိရကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြလတ်္တံ့။











တယောက်မျှ ကျူးလွန်ခဲ့သည် မရှိခဲ့ပေ။







စီရင်ဆုံးဖြတ်ပေးတော်မူသောအသျှင် မြတ်ပင် ဖြစ်တော်မူပေသတည်း။






အမျိုးသားတို့နှင့်ပက်သက်၍ အသို့လျှင် ၀မ်းနည်း ပူဆွေးရပါမည်နည်း”” ဟု ပြောကြားခဲ့လေသတည်း။



(နဗီတမန်တော် အသီး သီးတို့အား) မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြကုန် ၏။ သို့ဖြစ်ပေရာ ငါအသျှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ရှာဖွေဆည်းပူးခဲ့ကြသည့် (ပြစ်မှုဒုစရိုက် များ)ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသတည်း။




(မှန် ကန်သောတရားဒေသနာတော်များကို) နားဆင်နိုင် ကြမည် မဟုတ်ချေ။

သို့ရာတွင် ၎င်းတို့သည် ယခင်က(တကြိမ်) မိမိတို့ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောအရာများ ကို ယုံကြည်မည့်သူများမဟုတ်ခဲ့ကြချေ။ ဤနည်း အတိုင်းပင် အလ္လာဟ်အသျှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့၏စိတ်နှလုံးများပေါ်၌တံဆိပ်ခတ်နှိပ်တော်မူလေသတည်း။






















ပူးပေါင်း၍) ကြံစည်ခဲ့ကြကုန်သည်။ သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်တို့သည် (အကြောင်း) သိရှိကြ(ရပေလိမ့်) မည်ဟု ပြောဆိုကြိမ်းဝါးခဲ့လေသတည်း။








လာဘ်ပိတ်မှု(အကြောင်း)သည် အလ္လာဟ် အသျှင်မြတ်၏ထံတော်၌ရှိသည်။ သို့ရာတွင် ၎င်းတို့ အနက် များစွာသောသူတို့သည် (ဤမျှလောက်ထင်ရှား လှစွာသောအကြောင်းကိုပင်) မသိနားမလည်ကြပေ။







(ထိုအခါ) ၎င်း (ဣစ်ရာအီလီ အမျိုးသား) တို့က အို-(နဗီတမန်တော်)မူစာ၊ အသင်သည် ကျွန်ုပ်တို့အဖို့လည်း ၎င်းတို့၌ရှိကုန်သော ကိုးကွယ်ရာများကဲ့သို့ ကိုးကွယ်ရာတဆူကို ပြုလုပ်၍ ပေးပါလော့ဟု ပြောဆိုကြလေသည်။ (ထိုအခါ နဗီတမန်တော်)မူစာက (၎င်းတို့ အား) ““အချင်းတို့””၊ အသင်တို့သည် ဧကန်စင်စစ် (အလွန်တရာမျှ) အသိတရားကင်းမဲ့ကြကုန်သော သူမိုက်များပင် ဖြစ်ကြကုန်သည်ဟု ပြောဆိုခဲ့လေ၏။






ငါအသျှင်မြတ် ချီးမြှင့်ပေးသနားတော်မူသည်(များ)ကို ယူပါလေ။ ၎င်းပြင် အသင်သည် ကျေးဇူးတော်ကိုသိတတ်သူ တို့တွင်အပါအ၀င်ဖြစ်ပါလေ။


(မိမိတို့သွားရာ)လမ်းအဖြစ် ပြုလုပ်ကြပေမည်။ ဤ(သို့ လမ်းလွဲခြင်း)မှာကား ၊ယင်းသူတို့သည် ငါအသျှင်မြတ် ၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်ခဲ့ကြသောကြောင့်၎င်း၊ သက်သေ လက္ခဏာတော်များကို အလေးမမူဂရုမစိုက်လျစ်လျူရှု ခဲ့သောကြောင့်၎င်းင်း၊ ဖြစ်ချေသတည်း။




ထို(နဗီတမန်တော်) မူစာသည် သင်ပုန်းများကို (တဖက်တွင်)ချထားခဲ့လေ သည်။ ထို့နောက် မိမိနောင်တော် (နဗီတမန်တော် ဟာရူန်၏)ဦးခေါင်းကိုဆွဲကိုင်၍ ယင်းနောင်တော်ကို မိမိဘက်သို့ ဆွဲယူလေသည်။
(ထိုအခါ) ထိုနောင်တော် (နဗီတမန်တော် ဟာရူန်)က အို-ငါ၏မိခင်၏သား၊ (ညီတော်မောင်) ဧကန်စင်စစ် အမျိုးသားတို့သည် ငါ့အားအားနည်း သောသူဟူ၍ ယူဆခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့ သည် ငါ့အား သတ်အံ့ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ် ပေရာ အသင်သည်ငါ့အပေါ်၌ ရန်သူများ ၀မ်းသာ အားရဖြစ်အောင် မပြုပါလေနှင့်။ ၎င်းပြင် အသင်သည် ငါ့အား မတရားကျူးလွန်သောသူတို့၏ ဘောင်အတွင်း
သို့ မသွင်းပါလေနှင့် ဟု ပြောကြားလေသတည်း။

ကရုဏာတော်အတွင်း သွင်းတော်မူပါ။ အမှန်စင်စစ် သော်ကား အသျှင်မြတ်သည် သနားကြင်နာသူ အပေါင်းတို့တွင် အကြင်နာဆုံးသောအသျှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။


သဒ်္ဓါတရားထားရှိကြ ပြီး)နောက် (၎င်းတို့အား) မုချ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည့်အသျှင်၊ သနားကြင်နာ ညှာတာတော်မူသည့်အသျှင် ဖြစ်တော်မူပေသတည်း။


မွေးမြူတော်မူသော အသျှင်၊ အသျှင်မြတ်သည် (ဤအတိုင်းသာ) အလိုရှိ တော်မူခဲ့ပါမူ ထိုသူတို့အားလည်းကောင်း၊ ကျွန်တော်မျိုးအားလည်းကောင်း၊ ယခင်မူလကပင် ပျက်စီးစေ တော်မူပြီးဖြစ်အံ့။
အသျှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့အနက်မှ အသိတရားကင်းမဲ့သော အချို့လူ့ဗာလတို့၏ ပြုမူချက်ကြောင့် သေကြေပျက်စီးစေတော်မူပါမည်လော။ ဤသည်ကား အသျှင်မြတ်၏စမ်းသပ်မှုတရပ်သာလျှင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုဖြင့် အသျှင်မြတ်သည်မိမိအလိုရှိသူအား လမ်းမှားစေတော်မူ၏။ ထိုနည်းတူစွာ အသျှင်မြတ်သည် (ထိုစမ်းသပ်မှုဖြင့်) မိမိအလိုရှိသူအား လမ်းမှန်သို့ရောက်စေတော်မူ၏။ အသျှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးတို့၏ကိစ္စ(အ၀၀တို့)ကို (ပြီးစီးအောင်) ဆောင်ရွက်ပေးတော်မူသောအသျှင်ဖြစ်တော်မူပေ သည်။ သို့ဖြစ်ပါ၍ အသျှင်မြတ်သည် ကျွန်တော်မျိုးတို့ အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူပါ။ ၎င်းပြင် အသျှင်မြတ်သည် ကျွန်တော်မျိုး တို့အားသနားညှာတာတော်မူပါ။ အမှန်စင်စစ်သော် ကား အသျှင်မြတ်သည် အကောင်းဆုံးလွတ်ငြိမ်းချမ်း သာခွင့် ပေးသနားတော်မူသောအသျှင်မြတ်ပင်တည်း။


ကောင်းမှု သုစရိုက်များကို(ပြုလုပ်ကြရန်) ညွှန်ကြားသည့်အပြင် မကောင်းမှု ဒုစရိုက်များမှ ကြဉ်ရှောင်ကြရန် မြစ်တား လေသည်။၎င်းပြင် ထိုသူတို့အဖို့ စင်ကြယ်သောအရာများ ကို (စားသုံး)ခွင့်ပြုကာ မသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌(စားသုံးခြင်းမပြုကြရန်) တားမြစ် လေသည်။ ထိုမှတပါး ထိုသူတို့အပေါ်၌(ယခု တိုင်အောင်) တည်ရှိနေသော ၀န်နှင့်လည်ကွင်းများ(အတုပ်အနှောင်များ)ကိုလည်း ၎င်းတို့အပေါ်မှ ချ၍ ပေးလေသည်။ သို့ဖြစ်ပေရာ အကြင်သူတို့သည် ထိုရစူလ် နဗီတမန်တော်မြတ်အား ယုံကြည်ခဲ့ကြလေသည်။ ၎င်းပြင် ထိုရစူလ်နဗီတမန်တော်မြတ်အားကာကွယ် စောင့်ရှောက်ခဲ့ကြလေသည်။ ထိုမှတပါး ထိုရစူလ် နဗီတမန်တော်မြတ်အား ကူညီရိုင်းပင်းခဲ့ကြလေသည်။ ထို့ပြင် ထိုရစူလ်နဗီတမန်တော်မြတ်နှင့်အတူ ကျ ရောက်လာသော (ကုရ်အာန်ကျမ်းတော်မြတ်တည်း ဟူသော) လင်းရောင်ခြည်ကိုလည်း လိုက်နာခဲ့ကြလေသည်။ ထိုသူတို့သည်သာလျှင် အောင်မြင်သော သူများ ဖြစ်ကြကုန်သတည်း။

ရှိချေသည်။ ထိုအသျှင်မြတ်မှတပါး ခ၀ပ်ကိုးကွယ်ရာ အသျှင်ဟူ၍ အလျင်းမရှိပြီ။ ထိုအသျှင်မြတ်သည် ပင်လျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာထိုအသျှင်မြတ်သည်သာလျှင် အသက်သေစေတော် မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ် အသျှင်မြတ်အားလည်းကောင်း၊ထိုအသျှင်မြတ်၏ အကြင်စာပေမသင်ကြားဖူးသော ရစူလ်နဗီတမန်တော် အားလည်းကောင်း၊ ယုံကြည်ကြလေကုန်။
ထိုရစူလ် နဗီတမန်တော်မြတ်သည် (မိမိ ကိုယ်တိုင်လည်း) အလ္လာဟ်အသျှင်မြတ်ကိုလည်း ကောင်း၊ ထိုအသျှင်မြတ်၏ မုက်္ခပါဌ်တော်များကိုလည်းကောင်း၊ ယုံကြည်လေသည်။ ၎င်းင်းပြင် အသင် တို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏အမိန့် တော်များ)ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိတန်ကြရာသည်။


သို့(အမိန့်တော်နှင့်အညီ နဗီတမန်တော် မူစာသည် ကျောက်တုံးကို) ရိုက်ခတ်လေသည်။ ထိုကျောက်တုံးမှ စမ်းရေချောင်းဆယ့်နှစ်သွယ်တို့သည်ပန်း၍ ထွက်လာလေသည်။ (ထိုအခါ ယင်းမျိုးနွယ်တို့သည် မိမိတို့ သောက်သုံးရာဌာနကို အသီးသီး (ကောင်းမွန်စွာ) မှတ်သား၍ထားခဲ့ကြလေသည်။ ထိုမှတပါး ငါအသျှင်မြတ်သည် ယင်းအမျိုးသားတို့အပေါ်၌ မိုးတိမ်များကို အရိပ်အာဝါသပြု၍ ပေးတော်မူခဲ့၏။ ထို့ပြင် ငါ အသျှင်မြတ်သည် (မွတ်သိပ်ဆာလောင်ခြင်းမှ ကင်းစိမ့်သောငှာ) ““မန်္န”” (ဟူသော စားဖွယ်)ကို လည်းကောင်း၊ ““စလ်ဝါ”” (ခေါ် ငုံးသတ္တ၀ါ)ကိုလည်း ကောင်း၊ထိုသူတို့အပေါ်၌ ချပေးသနားတော်မူခဲ့၏။
အသင်တို့သည် ငါအသျှင်မြတ် ပေးသနား တော်မူသည့် ကောင်းမြတ်သန့်စင်သော စားသုံးဖွယ် များကိုစားသုံးကြလေကုန်။ အမှန်သော်ကား ၎င်းတို့ သည် ငါအသျှင်မြတ်အား ညှဉ်းပန်း နှိပ်စက်ခဲ့ကြ သည် မဟုတ်ပေ။ စင်စစ်သော်ကား ၎င်းတို့သည် မိမိတို့ကိုယ်ကိုမိမိတို့သာလျှင် နှိပ်စက်ညှဉ်းပန်း ခဲ့ကြလေသတည်း။







အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အသျှင်မြတ်သည် အလွန် လျင်မြန်စွာ အပြစ်ပေးတော်မူသောအသျှင်ဖြစ်တော် မူပေသည်။ ၎င်းပြင်ထိုအသျှင်မြတ်သည် မုချစင်စစ် အလွန်ချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်သနားကြင်နာညှာတာတော်မူသောအသျှင်မြတ်ဖြစ်တော်မူသတည်း။

ကစဥ့်ကလျား ဖြစ်နေကြသည်မှာ အထင်အရှားပင် ဖြစ်ပေသည်။ ထို့ပြင် ၎င်းတို့တွင် ထို(သူတော်စင်များ)မှ တပါးသောသူများလည်း ရှိခဲ့ကြ၏။ ၎င်းပြင် ငါ အသျှင်မြတ်သည် သုခချမ်းသာများ(ကို
ချီးမြှင့်ပေးသ နားတော်မူခြင်းအား)ဖြင့်လည်းကောင်း၊ ဆင်းရဲဒုက္ခများ (သက်ရောက်စေခြင်းအား)ဖြင့်လည်းကောင်း၊ စမ်းသပ် တော်မူခဲ့လေသည်။သို့မှသာလျှင် ၎င်းတို့သည် (မိမိတို့ ၏သွေဖည်မှုများမှ) ပြန်လှည့်လာကြတန်ရာသည်။











သည် ယင်းသောတာရုံများဖြင့် မကြားကြချေ။ ထိုသူများသည် တိရိစ္ဆာန်များနှင့် တူကြသည် သာမက တိရစ္ဆာန်များထက်ပင် လွန်စွာ မိုက်မဲ လမ်းလွဲသူများဖြစ်ကြ၏။ စင်စစ်ထိုသူများသည် (မိမိတို့၏ တာဝန်ဝတ္တရားများကို) မေ့လျော့သူများ သာ ဖြစ်ကြကုန်သတည်း။

၎င်းတို့သည် မကြာမြင့်မီကာလတွင် မိမိတို့၏ အပြု အမူများနှင့်စပ်လျဉ်း၍ အစားပေးခြင်းကိုခံကြရလတ်္တံ။ တနည်း။ ၎င်းပြင် ကောင်းမွန်မြင့်မြတ်သော(သီးသန့်) နာမံတော်များသည် အလ္လာဟ်အသျှင်မြတ်၌ (သီးခြား) ရှိသည်။ သို့ဖြစ်ရာ အသင်တို့သည်ထိုနာမံတော်များ နှင့် ထိုအသျှင်မြတ်ကိုသာလျှင် တသကြကုန်။ (ထို နာမံတော်များဖြင့် သူတစ်ပါးတို့ကို မခေါ်ဝေါ်ကြ ကုန်လင့်။) ၎င်းပြင်အသင်တို့သည် ထိုအသျှင်မြတ်၏ နာမံတော်များနှင့်ပတ်သက်၍ တိမ်းစောင်း ရွေ့ပါး ပြစ်မှားသူတို့ကို စွန့်ပယ်ထားကြကုန်။ ၎င်းတို့သည်မကြာမီအတွင်း မိမိတို့၏ အပြုအမူများနှင့်စပ်လျဉ်း ၍ အပြစ်ဒဏ်ပေးခြင်း ခံကြရလိမ့်မည်။








အမှန်ပင်ရယူခဲ့ပြီး ဖြစ်အံ့။ ၎င်းပြင် ငါ၌ (မိမိ အသက်တမ်းတလျှောက်လုံးတွင်) မည်သည့် ဆင်းရဲ ဒုက္ခမျှ သက်ရောက်မည်လည်းမဟုတ်ပေ။ငါသည် သက်ဝင် ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော် သူနှင့် ၀မ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသတည်း။

ထမ်း၍ ထိုကိုယ်ဝန်နှင့်တကွ (လွယ်ကူစွာ) သွားလာခြင်းကို ပြုလေသည်။ တဖန် ထိုကိုယ်ဝန်သည် ရင့်လေး၍လာသောအခါ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး သည် မိမိတို့အရှင်ဖြစ်တော်မူသော အလ္လာဟ်အသျှင် မြတ် အထံတော်တွင် ““အကယ်၍ အသျှင်မြတ်သည်ကျွန်တော်မျိုးတို့အား ကောင်းမွန်သော(သားသမီးကို) ချီးမြှင့်ပေးသနားတော်မူပါလျှင် ကျွန်တော်မျိုးတို့သည် (အသျှင်မြတ်၏) ကျေးဇူးတော်ကို
မုချ သိတတ်ကြ ပါမည်””ဟု ပတ္ထနာပြုကြကုန်၏။

မြင့်မြတ်လှတော်မူပေသတည်း။




ပြန်၍ထူးကြပါစေ။









တော်မှ မိမိထံ ပေးပို့တော်မူသော ““၀ဟ်ယ်”” အမိန့် တော်ကို လိုက်နာသူသာလျှင် ဖြစ်ပေသည်။ ဤ (ကုရ်အာန်ကျမ်းတော်မြတ်) သည်ပင်လျှင်အသင်တို့ အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ်အထံ တော်မှ (ထုတ်ပြန်ချမှတ် ပေးသနားတော်မူအပ်သော) အထင်အရှားသိမြင်နိုင်သော (တန်ခိုးပြာဋိဟာ) သက်သေသာဓကများလည်းဖြစ်သည်။ ထိုမှတပါး သက်ဝင် ယုံကြည်သော သူတို့ အဖို့ မှန်ကန်သော တရားလမ်းညွှန်ဖြစ်သည့်ပြင် ကရုဏာတရားလည်း ဖြစ်ချေသတည်း။


မဖြစ်ပါလင့်။

No comments:
Post a Comment