Monday, January 10, 2011

ဒေါက်တာဂျဖရီလဲန်ဒ်

Dr. Jeffrey Lang

ဒေါက်တာဂျဖရီလဲန်ဒ်သည် အမေရိကန်နိုင်ငံ အကြီးဆုံး တက္ကသိုလ်တစ်ခုဖြစ်သော ကဲန်စဲစ်ပြည်နယ် တက္ကသိုလ်၏ သင်္ချာဋ္ဌာနမှ အဆိုဆီရိပ် ပရောဖက်ဆာဖြစ်သည်။ သူသည် ၁၉၅၄ ဇန္န၀ါရီလ ၃၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ ကောင်နက်တီကတ် ပြည်နယ် ဘရီဂ်ျပို့တ် မြို့ရှိ ရိုမန် ကတ်လိတ် ခရိယာန် မိသားစုတွင် မွေး ဖွားလာသူတစ်ဦးဖြစ်သည်။ သူ၏ ပထမ ၁၈ နှစ်တာ ခရီးသည် ခရိယာန်ကသ်လိပ် ကျောင်းတွင် စာသင်ကြား ရင်း အချိန်ကုန်ခဲ့ရပြီး သူ့အနေနှင့် ၄င်းကျောင်းတွင်နေစဉ်အတွင် များစွာသော ဘာသာတရားနှင့် ပတ်သက်၍ ၄င်း၊ ဘုရားသခင်နှင့် ပတ်သက်၍၄င်း၊ မေးစရာများစွာ ဖြစ်ပေါ်ခဲ့ပြီး မည်သူမျှ သူ့ကို မှန်ကန်သည့် အဖြေပေး ခြင်းမရှိကြောင်း ပြန်ပြောင်းပြောပြပါသည်။ လဲန်ဒ် ပြောပြသည်မှာ များစွာသော အမေရိကန်မွတ်စ်လင်မ်တို့ ပြောပြသကဲ့သို သူ၏ အစ္စလာမ်ဖြစ်လာစဉ် အဖြစ်ကို ပြောပြခဲ့သည်။ သူက မိမိသည် ခရိယာန်ဘာသာနှင့် ပတ်သက်၍၄င်း၊ စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုရေး ဗေဒများနှင့် ဆိုင်သော များစွာသော မေးခွန်းများကို မေးမြန်း ခဲ့သည်။ သို့သော် သူသည် မည်သည့်အခါမျှ မှန်ကန်သော အဖြေကို ရရှိခြင်း မရှိဟုဆိုပါသည်။ သူသည် ကတ်လိပ် ဘုရားကျောင်းတာဝန်ခံများကိုလည်း များစွာသော မေးခွန်းများကို မေးမြန်းခဲ့သည် သူတို့သည် သူ့ကို မှန်ကန်သည့်အဖြေ ပေးနိုင်ခြင်းမရှိဟုဆိုပါသည်။

အသက် ၁၈ နှစ်သို့ရောက်သောအခါ သူသည် ခရိယာန်ဘာသာကိုပင် စွန့်လွှတ်လိုက်ပြီး ဘာသာမဲ့သူ တစ်ဦး ဖြစ်လာခဲ့သည်။ သူဆိုသည်မှာ အကယ်၍ လောကကြီးတွင် ဘုရားသခင်ရှိလျှင်၎င်း၊ ထိုဘုရားသခင်သည် အလွန်တရားမျှတသူ သနားကြင်နာသူတစ်ဦးဖြစ်လျှင် အဘယ်ကြောင့်များ လောကကြီးတွင် မတရားမှုများ ခံစားမှုများကို ဖန်တီးဖြစ်ပေါ်နေရသနည်းဟု ဆိုပါသည်။ အဘယ်ကြောင့်များ ဘုရားသခင်ဆိုသူသည် မိမိတို့ကို နိဗါန်ဘုံနန်းသို့ မခေါ်ဆောင်သွားရသနည်းဟု မေးပါသည်။ အဘယ်ကြောင့်များ လူများကို ဖန်ဆင်းစေခဲ့ပြီ မိမိ တို့ကို ပြဿနာအစုံဝယ် ခံစားစေရသနည်းဟု မေးပါသည်။ လဲန်ဒ် က ပြောသည်မှာ မိမိသည် ဤတက္ကသိုလ် ကြီးကို မမေ့နိုင်သည်မှာ မိမိသည် အစ္စလာမ်သာသနာကို ဤနေရာတွင်ပင် တွေ့ရှိခဲ့သည်။ မိမိကို ဤ တက္ကသိုလ်ကြီးမှ ကျောင်းသားတစ်ဦးက အစ္စလာမ်သာသနာနှင့် ပတ်သက်ပြီး စံနစ်တကျ ဖြေရှင်းပြောပြခဲ့ သည်ဟုဆိုပါသည်။ မိမိက အစ္စလာမ်အကြောင်းကို အလွန်အမေးအမြမ်းထူထူဖြစ် မေးမြန်းခဲ့သည်။ အစ္စလာမ်သာသနာသည်သာလျှင် အမှန်တရားတရားဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ် သည်သာလျှင် အမှန်တရားဖြစ်ကြောင်း သူလက်ခံလာမိပါသည်။

တစ်ရက် ဒေါက်တာလဲန်းဒ်သည် မုဟမ်မဒ်ကာဒီလ်ဆိုသည့် ဆော်ဒီမွတ်စလင်မ် ကျောင်းသားတစ်ယောက်နှင့် တက္ကသိုလ် တစ်နေရာတွင် တွေ့ဆုံရာ လဲန်းဒ်က ထိုကျောင်းသားအား အစ္စလာမ်ဘာသာဆိုင်ရာ ဆေးဘက်ဆိုင်ရာ မေးခွန်းများ၊ ကျမ်းမြတ်ကုရ်အာန်ဆိုင်ရာမေးခွန်းများနှင့် ပတ်သက်ပြီးမေးမြန်းရာ ကာဒီလ်က သက်ဆိုင်ရာအဖြေများကို တိကျသေခြာစွာ ပေးနိုင်သဖြင့် ဒေါက်တာလဲန်းသည် အလွန်အံ့အော်ခဲ့သည်။ ကာဒီလ်က အင်္ဂလိပ်စကားကို ကောင်းစွာ ပြောနိုင်သည့်အပြင် သူသည် အစ္စလာမ်သာသနာကိုကောင်းစွာ နားလည်သဘောပေါက်သူတစ်ဦးဖြစ်သည်။ ထို့အပြင်ကာဒီးလ်က ဒေါက်တာလဲန်းဒ်အား ကျမ်းမြတ်ကုရ်အာန် နှင့် တခြား အစ္စလာမ်ဘာသာဆိုင်ရာ စာအုပ်များကို ပေးအပ်ခဲ့သည်။ ဒေါက်တာလဲန်းသည် ကျမ်းမြတ်ကုရ်အာန် ပထမအပိုင်းနှင့် ဒုတိရအပိုင်းကို လေ့လာပြီးနောက် သူသိလိုသော် မေးခွန်းများ၏ အဖြေအားလုံးကို ရရှိလိုက်ပြီဖြစ်သည်ဟုဆိုပါသည်။ သို့ဖြင့် ဒေါက်တာလဲန်း၏ အစ္စလာမ်သာသနာ ဆိုင်ရာ ခရီးစဉ်သည် ချောမွေ့စွာဖြင့် ဆက်လက် ရှောက်လှန်းနိုင်ခွင့် ရရှိသွားပြီဖြစ်သည်။

လဲန်းဒ်၏ ရှင်းပြချက်သည် သဘောတရားဆန်သည်ဟုဆိုရမည်။ သူကရှင်းပြသည်မှာ ပန်းချီဆရာ သည် မိမိပန်းချီကားချပ်အား ကြည့်နေသူ၏ ခံစားချက်ကို သိနေသည့်အလား ပန်းချီကားကို သက်ဝင်အောင် ရေးဆွဲထားပါသည်။ မိမိသည်လည်း ညအခါ သိလိုသောမေးခွန်းများ မကြေနပ်ချက်များကို တွေးမိမေးမိတိုင်း နောက်တရက် ကျမ်းမြတ်ကုရ်အာန်အား ဖတ်ကြည့်သည့်အခါတွင် စာအုပ်ပိုင်ရှင်သည် မိမိမေးခွန်းများကို သိနေသည့်အလား အဖြေများကို မိမိမျက်စိအရှေ့ဝယ် ပြပေးသနားတော်မူလေသည်။

ဒေါက်တာလဲန်းဒ်သည် တစ်နေ့လျှင် ငါးချိန်ဆွလာသ် ဖတ်လာပြီး တဖြေးဖြေးဖြင့် သူ၏စိတ်ဓတ်များသည် ကြံ့ခိုင်လာပြီး အစ္စလာမ်သာသနာအပေါ်လည်း ပိုမိုယုံကြည်လာပါသည်။ လဲန်းဒ်ကပြောသည်မှာ ဖဂျရ်စွလာသ် ဖတ်ပြီးတိုင်း သူ၏ စိတ်ဓါတ်များပိုမို ခိုင်မာလာကြောင်းပြောပါသည်။ ကျမ်းမြတ်ကုရ်အာန်ဖတ်ရာတွင်လည်း အာရဗ်စာပေသည် သူ့အတွက် အလွန်တစိမ်းဆန်လွန်းသည်ဆိုသော်လည်း ကလေးသူငယ်အနေဖြင့် မိခင်နို့ကို ဆို့ပြီးနောက် စိတ်သက်သာမှု ခံစားရသလို သူသည် ကျမ်းမြတ်ကုရ် အာန်ဖတ်ပြီးတိုင်း စိတ်သက်သာမှုကိုခံစား ရကြောင်းပြောပါသည်။

သင်္ချာပညာရှင် ဒေါက်တာလဲန်းဒ်က မိမိသည် သင်္ချာပညာရပ်ကို နှစ်သက်ရခြင်းသည် သင်္ချာပညာသည် စိတ် ကူးယဉ် မဆန်ကြောင်း၊ တိကျကြောင်း၊ သဘာဝကျကြောင်းကို ပြောပြပါသည်။ သူသည် အခြားသော အကြောင်းအရာများကို လေ့လာသည့်အခါတိုင်းတွင်လည်း သဘာဝ မကျလျှင် အလွန်စိတ်ပျက်မိကြောင်း၊ အစ္စလာမ်သာသနာတွင် စိတ်ကူးယဉ်မဆန်ကြောင်း၊ တိကျသော မှန်ကန်သော သဘောဆောင်မှုများရှိကြောင်း အစ္စလာမ်သာသနာသည် ယုံကြည်မှုကို ဖြစ်စေတတ်ကြောင်း၊ ယုံကြည်မှုသည် လူသားစိတ်၏ သဘာဝကျမှုကို ဖြစ်ပေါ်စေကြောင်းပြောပါသည်။

ဒေါက်တာလဲန်ဒ်သည် မွတ်စ်လင်မ် တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားအဖွဲ့အစည်း၏ အကြံပေးသူလည်း ဖြစ်ပြီး သူကပြောသည်မှာ သူသည် မွတ်စ်လင်ကျောင်းသားများနှင့် တက္ကသိုလ် တာဝန်ခံတို့၏အကြားတွင် ဆက်သွယ်ဆောင်ရွက်ပေးသူအဖြစ်လည်း တာဝန်ယူထားပြီး တက္ကသိုလ် တာဝန်ခံတို့ကလည်း သူ့အား အစ္စလာမ်သာသနာနှင့် ပတ်သက်သော အစည်းအဝေး ဆွေးနွေးချက်များကို တာဝန်ယူလုပ်ကိုင်ရန် ခွင့်ပြုထား ပါသည်။ ဒေါက်တာလဲန်ဒ် ကြောင့်လည်း မွတ်စ်လင်မ်ကျောင်းသူကျောင်းသားတို့သည် တက္ကသိုလ်နှင့် ပတ်သက်သော အခက်အခဲများ ပြဿနာများကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့ပြီး၊ ကျောင်းတာဝန်ခံတို့ကလည်း ဒေါက်တာလဲန်ဒ်ကို အလွန်ပင်ကျေးဇူးတင်မဆုံးရှိသည်ဟု ဆိုပါသည်။

ဒေါက်တာ လဲန်ဒ် သည် ဆော်ဒီလူမျိုး မွတ်စ်လင်မ် အမျိုးသမီး ရိုင်ခါ ဆိုသူနှင့် ၁၂ အရင်ခန့်က မင်္ဂလာ ဆောင်နှင်းခဲသည်။ ဒေါက်တာလဲန်ဒ်သည် အစ္စလာမ်နှင့် ပတ်သက်သော စာအုပ်များလည်းရေးသားသူဖြစ်ပြီး ၄င်းစာအုပ်များသည် အမေရိကန်တခွင်တွင် အလွန်ပင် အရောင်းရ အသွက်ဆုံးသောစာအုပ်များဖြစ်သည်။ ၄င်း တို့အနက် (Even Angels ask) ကောင်းကင်တမန်များကပင်မေးရသည် နှင့် (A Journey to Islam in America) အမေရိကန်မှ အစ္စလာမ်သာသနာသို့ ခရီးထွက်ခြင်း စာအုပ်များသည် အထင်ရှားဆုံးသော စာအုပ် များဖြစ်သည်။ ဤစာအုပ်တွင် ဒေါက်တာလဲန်ဒ် သည် မိမိ အစ္စလာမ်သာသနာသို့ ၀င်ရောက်စဉ် တွေ့ကြုံရ သော အကြောင်းအရာများ၊ ထူးဆန်းဖွယ် ဖြစ်ရပ်များကို ထုတ်ဖေါ်ရေးသားထားသည်ကို တွေ့ရသည်။

No comments: