Wednesday, August 14, 2013

Fasting 6 Days in the Month of Shawal





တစ်ချို့ကလည်း မေးကြတာရှိပါတယ်။ ရှောင်ဝလ်လ ခြောက်လုံးရိုဇာ စောင့်ထိန်း လျှင် တစ်နှစ်ပတ်လုံး ရိုဇာစောင့်ထိန်းတဲ့ အကျိုးကျေးဇူးရရှိနိုင်ပါသလားတဲ့။ ရှောင်ဝလ်လ ရိုဇာ သုံးလုံး စောင့်ထိန်းလျှင် နှစ်ဝက် ရိုဇာစောင့်ထိန်းတဲ့ အကျိုးကျေး ဇူးတော့ ရရှိနိုင်ပါသလားတဲ့။

တကယ်တော့ အဲ့ဒီလို ဟဒီးဆ်မျိုးတော့ မရှိပါဘူး။ ရှိတာကတော့ တမန်တော်မြတ် (ဆွ) မိန့်တာက မည်သူမဆို ရမဇမ် တစ်လလုံး ရိုးဇာစောင့်ထိန်းပြီးနောက် နောက်ထက် ရှောင်ဝလ်လမှာ ရိုဇာ ခြောက်လုံး ဆက်လက်ပြီး စောင့်ထိန်းခဲ့လျှင် ထိုသူအဖို့ တနှစ်ပတ်လုံး ရိုဇာ စောင့်ထိန်းသည့် အကျိုးအကျေးဇူး ရရှိမှာ ဖြစ်ပါတယ်ဆိုပြီး လာရှိထားတဲ့အတွက် အထူးသတိထားသင့်တာက ရှောင်ဝလ်လ ရိုဇာ ခြောက်လုံးစောင့် ထိန်းခြင်းသည် ရမ်ဇမ်လ ရိုဇာ အားလုံး စောင့်ထိန်းတဲ့သူတွေနဲ့ ပတ်သက်နေတာဘဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘူခါရီ၊ မွတ်စ်လင်မ်၊ အဘူဒါဝူးဒ်၊ အိဗ်နိမာဂျာ ကျမ်းတွေမှာ အဘူအိုင်ယူဘ် (ရသွေ့) ဆင့်ပြန်တဲ့ ဟဒီးဆ်ရှိပါတယ်။ 

Abu Ayyub Al-Ansari (May Allah be pleased with him) related the Messenger of Allah, (p.b.u.h.), said: "Whoever observes the Ramadan fast and follows it with six days of fast in Shawwal, it is as if he has fasted Dahr (the whole year or possibly forever)." (Bukhari)

The Prophet s said, “Whoever fasts Ramadan and follows it with six days from Shawwal it is as if they fasted the entire year.” (Sahih Muslim Abu Dawud, Tirmidhi, and Ibn Majah

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် စူရာ အနာမ် အာယသ်တော ၁၆၀ မှာ လာရှိတာက ကောင်းမှု တစ်ခုလုပ်တိုင်း ဆယ်ခုသော အကျိုးကျေးဇူးရရှိနိုင်၏ ဟုဆိုပါသည်။ Surah Al Anam 6:160 

အိမာမ် န၀၀ီက မိမိရဲ့ ရီယာဒွလ် ဆွာလီဟီးန်မှာ ရေးထားတာကတော့ ရိုဇာတစ်လုံး စောင့်ထိန်းခြင်းအကျိုးက ရိုဇာ တစ်ဆယ်လုံး စောင့်ထိန်းတဲ့ အကျိုးကျေးဇူး ရရှိနိုင်လျှင် ရမ်ဇာမ်လ တစ်လလုံး ရိုဇာ အလုံး သုံးဆယ် ဆိုတာ လပေါင်း ဆယ်လ ရိုဇာ စောင့်ထိန်းတဲ့ အကျိုးကျေးဇူးနဲ့ အတူတူးဖြစ်ပါတယ်တဲ့။ ဒီ့အပြင် ရှောင်ဝလ်လ ခြောက်လုံးကတော့ ရိုဇာ အလုံး ခြောက်ဆယ်၊ နှစ်လနဲ့တူတဲ့ အတွက် စုစုပေါင်း ရိုဇာပေါင်း တနှစ်ထားတဲ့ အကျိုးကျေးဇုး အတူတကွ ဖြစ်သွားတာဘဲ ဖြစ်ပါတယ်။

The Jurists correctly said: "A good deed (Hasanah) is rewarded a minimum of ten times its equivalent.

ရှောင်ဝလ်လ ရိုဇာစောင့်ထိန်းခြင်းကို မဖြစ်မနေ စောင့်ထိန်းရမယ်ဆိုတာ မှန်သလား ဆိုတော့ မမှန်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ရမ်ဇမ် ပြင်ပက ရိုဇာတွေဟာ ဖရဇ် မဖြစ်မနေလုပ်ရမဲ့တာဝန်မဟုတ်ပါဘူး။ စွန္နသ် ရိုဇာစောင့်ထန်းခြင်းသာဖြစ်ပြီး အဆင်မပြေလျှင် မထားဖြစ်တာတော့ အပြစ်မထိုက်ပါဘူး။ ထားနိုင်မယ် ဆိုရင်တော့ အလွန်အကျိုးကျေးဇူးဖြစ်မှာပါ။

အချို့ကလည်း ခြောက်လုံး ရိုဇာကို တဆက်တည်း ထားသင့်သလား သို့ ရက်ခြား ထားနိုင်သလား၊ သို့ ရှောင်ဝလ် တစ်လလုံး မိမိကြိုက်တဲ့ ရက်ကို ထားနိုင်သလားတဲ့။ တကယ်တော့ ကြိုက်တဲ့ ရက်ကို ထားနိုင်ပါတယ်။ ရက်ခြားဘဲဖြစ်ဖြစ်၊ အဆင်ပြေတဲ့ရက်ကိုဘဲဖြစ်ဖြစ်ပါစေ၊ တကယ်တော့ မြန်မြန်လုပ်နိုင်လျှင် အကောင်း ဆုံးနဲ့ အလ္လာဟ် အရှင်မြတ်ရဲ့ ခွင့်လွှတ်မှု၊ လက်ခံမှု တွေကို အမြန်ရနိုင်လေ ဘဲဖြစ်ပါလိမ့်မယ်။

အဲ့ဒါနဲ့ ပတ်သက် ပြီး အမိန့်တော်တွေရှိတာက၊ (ကောင်းမွန်တဲ့ အလုပ်တွေကို ပြည့်ဝအောင် လုပ်ဆောင်ကြပေလော့၊ So compete in good deeds." [Al-Qur'an 5:48] အသင်တို့သည် မိမိတို့၏ အရှင်မြတ် ထံတော်မှဖြစ်သောအပြစ်မှ ချမ်းသာ ပေးသနားတော်မူရာသို့လည်းကောင်း၊ သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးလာကြကုန်လော့။

"And march forth in the way (which leads to) forgiveness from your Lord." [Al-Qur'an 3:133] မူစာ (အ) က လျှောက်ထားခဲ့ လေသည်။ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်သို့ အရှင်မြတ် ခွင့်လွှတ်ကျေနပ်မှုရရန် အလျင် လာခဲ့ခြင်းဖြစ်သည်။ Musa - peace be upon him - said:] … and I hastened to You, O my Lord, that You might be pleased." [Al-Qur'an 20:84]

အိမာမ်ကြီးလေးပါးလုံးကလည်း ရှောင်ဝလ်လ ရိုဇာခြောက်လုံးကို အမြန်ထားနိုင်လေ အကောင်းဆုံးဖြစ်တယ်လို့ ဆိုကြပါတယ်။ ဟနဖီ မဇ်ဟဘ် ရဲ့ သဘောကတော့ ဆက်တိုက်ထားထား ရက်ခြားထားထား ဘာမှ ပြဿနာ မရှိပါဘူးလို့ ဆိုသလို၊ ရှာဖအီ မဇ်ဟဘ် ၀င်တွေကတော့ အမြန်ထားနိုင်လေ ကောင်းလေဖြစ်သော်လည်း နောင့် နှေးနေခြင်းကို မဖြစ်စေသင့်ဘူးလို့ ဆိုကြပါတယ်။ သဘောက ကောင်းတဲ့အလုပ်ကို မြန်မြန်လုပ်လေ ကောင်းလေ ဖြစ်ပြီး နှောင့်နှေးနေခြင်းဖြင့် မဖြစ်သင့်သောာ အခက်အခဲများ ပေါ်ပေါက်နိုင်တဲ့အတွက်ကြောင့်ဘဲ ဖြစ်တယ်လို့ဆိုပါတယ်။ 

Shafi`is and hanbalis state that it is superior to make the six fasts consecutive [minhaj, ghayat al-muntaha]. khatib al-shirbini explains the reasoning as being, “in order to hasten to do the good, and because of the problems inevitable in delaying,”

A Muslim of Myanmar



No comments: