Showing posts with label Article for Make yourself good. Show all posts
Showing posts with label Article for Make yourself good. Show all posts

Saturday, April 4, 2009

Every Day Make Yourself Good


အသင် နေ့စဉ် ကောင်းအောင်ကြိုးစားပါ


အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်တိုင်းကို အစဉ် တိုးတက်စေရန်နှင့် ကောင်းသည် ထက်ကောင်းစေရန် လိုလားတော်မူ၏။ ထို့ကြောင့် အသင်သည် မိမိကိုယ်ကို လူကောင်းတစ်ဦး ဖြစ်လာစေခြင်း ဖြင့်၎င်း၊ ကောင်းမွန်စွာ ပြုမှုဆက်ဆံခြင်းဖြင့်၎င်း၊ အစဉ်ကြိုးပမ်းနေသင့်ပါသည်။ အသင့်၏ အတန်းတွင် စည်းကမ်းတကျ ကောင်းစွာထိုင်ခြင်း၊ ဆရာ သင်ကြားပြသသည်များကို ကောင်းစွာနားထောင်ခြင်းဖြင့် မိမိကိုယ်ကို တိုးတက်အောင် ပြုနိုင်ပါသည်။

ဆရာနှင့် မိဘများသည် အသင့်၏ မှားယွင်းသည့် လုပ်ရပ်များအပေါ် မည်မျှပင် သေးငယ်သည် ဖြစ်စေ အသင့်အား အစဉ် သတိပေးနေမည်ဖြစ်ပြီး တစ်နေ့သောအခါ အသင်သည် ၄င်းအမှားများ၊ အပြုအမူများကို ပြင်ဆင်သွားမည်ဖြစ်သည်။ ဥပမာအားဖြင့်။ အသင်သည် အတန်းတွင် မိမိဆရာအား မိမိဖက်သို့ အာရုံစိုက် စေခြင်လျှင် ဆရာထံသို့ လမ်းလျှောက်သွားခြင်းထက်၊ ဆရာ့စကားကို ကြားဖြတ်ပြောခြင်းထက် မိမိလက်ကို မြောက်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ထိုသို့ လွယ်ကူစွာဖြင့် ပြုလုပ်နိုင်သည့် နည်းကို မိမိတို့သည် နားလည်တတ် မြောက်သူ ဆရာမိဘတို့ထံမှ နာခံသင်ယူခြင်းဖြင့်သာ တတ်မြောက်မည်ဖြစ်သည်။ ထိုသို့တတ်မြောက်ခြင်းဖြင့် မိမိသည် လူအလယ်တွင် ပြည့်ဝသူ အောင်မြင်သူ အဆင်ပြေသူ တစ်ဦးဖြစ်လာမည်။ အသင်သည် လူကောင်း တစ်ယောက် ဖြစ်လာစေရန် အစဉ်ကြိုးပမ်းနေလျင် တစ်နေ့တွင် ပြည့်ဝသော လူတစ်ဦးဖြစ်လာမည်။ အလ္လာဟ်အရှင်မြတ်သည် လူတိုင်းအား အကောင်းဆုံးသောသူများ ဖြစ်လာစေရန် လိုးလားတော်မူပါသည်။

ထိုသို့ဖြစ်လာစေရန် တစ်နေ့ကို ကောင်းသည့်အလုပ်တစ်ခု၊ ကောင်းသည့်ပညာရပ်တစ်ခု၊ ကောင်းသည့် သင်ခန်းစာတစ်ခုကို တတ်မြောက်အောင် သင်ကြားလေ့လာရန်လိုအပ်သည်။ ကောင်းသည့် အလုပ်တစ်ခု လုပ်ခြင်းသည် မည်သည့် အရာနည်း၊ မိမိအပေါ် ထိုကောင်းသည့် အလုပ်လုပ်ရန် မည်သို့ တာဝန်ရှိသနည်းဆို သည်ကိုလည်း မိမိအနေဖြင့် နည်းနည်း လေ့လာထားလျှင် မကောင်းပေဘူးလား။ ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ် မိန့်သည်မှာ-

၁။ အသင်မည်သည့် ကောင်းသည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအလုပ်ကို ကောင်းစွာသိတော်မူလေသည်။ (၂း၂၁၅။ ၂း၁၉၇)
၂။ သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အနုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် ထိုကောင်းမှုကို တွေ့မြင်ရပေမည်။ ၀၉၉း ၇။
၃။ မည်သူမဆို ကောင်းမှုပြုခဲ့လျှင် ၎င်း၏အကျိုးငှာ ဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှု ပြုခဲ့သော် ၎င်း၏အပေါ်၌သာသက်ရောက်ပေမည်။ ထို့နောက် အသင်တို့အားလုံးတို့မှာ ထိုအရှင်မြတ်အထံ တော်သို့သာ လျှင် ပြန်သွားကြရမည်။ ၄၅း၁၅

လူကောင်းတစ်ဦးသည် ကောင်းသည့်အလုပ်နှင့် အကျိုးတရားဖြစ်ထွန်းမှုကို စာတွေ့သာမက လက်တွေ့လည်း လုပ်ကိုင်ကာ လူ့ဘောင်ဘ၀ အကျိုးရှိအောင် လူသားကောင်းကျိုးပြုလုပ်ငန်းများကို လုပ်နေရမည်ဖြစ်သည်။ ထိုသူတို့၏ အကျိုးကျေးဇူးသည် လောကီတွင်သာမက လောကုတ္တရာတွင်လည်း အလွန်ကြီးမားကာ ဂျန္နသ် ဥယျဉ်သည် ၄င်းတို့အတွက် အသင့်ရှိနေမည်ဖြစ်သည်။ တမန်တော်မြတ် (ဆွ) မိန့်မှာချက်များကို လေ့လာကြည့် သော်-

၁။ သာဝကကြီး ဂျာဗိရ် (ရ) တင်ပြခဲ့သည်မှာ ကောင်းသည့်အလုပ်ဟူသမျှသည် အလှူဒါနပင်ဖြစ်သည်။ မွတ်စ်လင်ကျမ်း။

၂။ အသင်သည် မည်သည့်အခါမျှ ကောင်းသည့်အလုပ်တစ်ခုကို အထင်မသေးလေနှင့်၊ ထိုအလုပ်သည် အသင့် ညီအကိုတော်သူ မွတ်စ်လင်မ်တစ်ဦးကို ပြုံးပြသည့်အလုပ်ဖြစ်ပေါစေ။ မွတ်စ်လင်ကျမ်း။

၃။ ကောင်းသည့်အကြောင်းကို ပြောပြဆွေးနွေးခြင်းနှင့် မကောင်းသည့် အရာများမှ တားမြစ်ခြင်းသည်လည်း အလှူဒါနပြုလုပ်ခြင်းဖြစ်သည်။ မွတ်စ်လင်ကျမ်း။

၎။ မန်တော်မြတ်အမိန့်ရှိသည်မှာ အာဒမ်၏ သားသမီးတိုင်းတွင် ၃၆၀ သော အရိုးအဆစ်တို့ရှိပေသည်။ မည်သူမ ဆို နံနက်နေထွက်သည်နှင့် မိမိခန္ဓာကိုယ်ရှိအရိုးအဆစ်တစ်ခုခြင်းအတွက် အလှူပေးရန်လို အပ်ပေသည်။ ထိုအလှူဒါနသည် ဆူဗဟာနလ္လာဟ်ဖတ်ခြင်း၊ အလ်ဟမ်ဒုလိလ္လဟ်ဖတ်ခြင်း၊ အလ္လာဟ်အက်ဗရ်ဖတ်ခြင်း၊ အစ်သဂ်ဖိရွလ္လာဟ် ဖတ်ခြင်း၊ စသည်တို့သည် အလှူဒါန စာရင်းတွင်ပါဝင်လေသည်။ လူနှစ်ဦးကြား သင့်မြတ် အောင်လုပ်ခြင်း၊ လူတို့အား အစီးအနင်းအပေါ် အထုပ်အပိုးကူညီသယ်မပေးခြင်း၊ လူတို့အား ကောင်းသော စကားပြောခြင်း၊ ဆွလာသ်တည် ဆောက်ရန် ၀တ်ကျောင်းတော်သို့သွားခြင်း၊ လမ်းပေါ်ရှိ စူးညောင့်ခလုပ်တို့အား ဖယ်ရှားခြင်း စသည်တို့သည် အလှူဒါနမည်ပေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၄င်းအရိုး ၃၆၀ ၏ချီးမြှင့်ထားမှု အတွက် တာဝန်ကျေပြွန်ပြီး ၄င်းတို့ကို ငရဲမီးဒဏ်မှာ ကာကွယ်ပြီးဖြစ်မည်။ ဗူခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

၅။ မွတ်စ်လင်အမျိုးသမီးတို့ အသင်မတို့သည် မိမိ၏ အိမ်နီးချင်းကို မည်သည့် သေးငယ်သည့် အရာကိုမဆို အလှူဒါနပြုသည်ဖြစ်စေ အထင်မသေးကြလေနှင့်၊ အကယ်၍ထိုအရာသည် သိုး၏ ခွါတစ်ခုပင် ဖြစ်ပါစေ။ ဗူခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

၆။ မွတ်စ်လင်တစ်ဦးသည် သစ်ပင်တစ်ပင် စိုက်ပျိုးခဲ့သည်ရှိသော် ၄င်းအပင်မှအသီးကို မည်သူအဆို စားလိုက်သည်ရှိစေ၊ အခိုးခံရသည်ဖြစ်စေ၊ ခုတ်ယူချိုးဖဲ့ခြင်းခံရသည်ဖြစ်စေ ၄င်းတို့သည် အလှူဒါန စာရင်းဝင် ဖြစပေမည်။ မွတ်စ်လင်မ်ကျမ်း။

၇။ အလုပ်သမားများ (သို့) မသန်မစွမ်းဖြစ်နေသူများကို ကူညီစောင်မပါ။ ထို့အပြင် မိမိကိုယ်ကို မကောင်းမှုပြုလုပ် ခြင်းမှကာကွယ်ပါ၊ ထိုသို့ပြုလုပ်ခြင်းသည် အလှူဒါနပြုလုပ်ခြင်းဖြစ်ပြီး ၄င်းလုပ်ရပ်သည် အသင့်ကောင်းကျိုး အတွက်သည်ဖြစ် သည်။ ဗူခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

၈။ မု့မင်န်တစ်ဦးသည် နေထိုင်မကောင်းမှုကြောင့်ဖြစ်စေ၊ ခရီးထွက်ခြင်းကြောင့်ဖြစ်စေ၊ မိမိလုပ်နေကြ ကောင်းမူကို မလုပ်နိုင်သည့်အခါ အလ္လာဟ်အရှင်မြတ်သည် ထိုမု့မင်န်ကို သူလုပ်နေကျအတိုင်း အကျိုးဆွဝါဗ် များပေးနေမည်။ ဘူခါရီကျမ်း။

၉။ တမန်တော်မြတ် မိန့်သည်မှာ လမ်းပေါ်ရှိ ပြတ်ကျနေသော သစ်ပင်ကို အခြားသူများအား လွယ်ကူ မှုဖြစ်စေ ရန်အတွက် ဖယ်ရှားသူတစ်ဦးကို ဂျန္နသ်အတွင်းသို့ ၀င်ရောက်လျှက်ရှိသည်ကို မြင်တွေ့ခဲ့ရသည်။ မွတ်စ်လင်မ်။

၁၀။ ခွေးတစ်ကောင်သည် အလွန်ရေငတ်နေပြီး ရေတွင်းတစ်ခုအနားတွင် ရစ်ဝဲနေသည်ကို ဘနီအစ်ရာအီလ် အမျိုးနွယ်ဝင် ပြည့်တန်စာ အမျိုးသမီးတစ်ဦးက တွေ့သဖြင့် မိမိ၏ ခြေစွပ်ကို ရေတွင်းသို့ ထည့်ကာ စိုနေသော ခြေစွပ်မှ ရေကို ခွေးပါးစပ်အတွင်းသို့ ထည့်သွင်းတိုက်ကျွေးခဲ့သည်။ သူမသည် ထိုလုပ်ရပ်ကြောင့် ကောင်းကျိုး ရလဒ်ကို ရရှိခဲ့သည်။ ဘူခါရီနှင့် မွတ်စ်လင်မ်ကျမ်း။

ပြောပြခဲ့သည့်အကြောင်းများသည် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်များလာ ဆိုဆုံးမစကားများဖြစ်သည်။ အလွန်တန်ဖိုးရှိသော်စကားများဖြစ်သည့်အလျှောက် မည်သူမဆို တန်ဖိုးနားလည်ကာ ရယူအသုံးချတတ်ကြလျှင် ထိုသူအဖို့ အလွန်ကြီးမားသော အကြောင်းတရားများပင်ဖြစ်သည်။

နောက်ဆုံးပြောချင်သည်မှာ- အသင်သည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ကြံရွယ်ပြီးမှ မပြုလုပ်တော့ရန် ဆုံးဖြတ်လိုက်လျှင်ပင် အသင်သည် မိမိကိုယ်ကို ကောင်းအောင် ကြိုးပမ်းခြင်းပင်ဖြစ်သည်။ ထိုသို့ နေ့စဉ် (သို့) အိုမင်းသည့်တိုင် မိမိကိုယ်ကို ကောင်းအောင် အသင် ဆက်လက်ဆောင်ရွက်နေလျင် အသင် စဉ်းစားကြည့်ပါ၊ တစ်နေ့တွင် အသင်သည် မည်ကဲ့သို့သော သူတစ်ဦး ဖြစ်လာမည်နည်း။ အသင်သည် သေချာပေါက် အလ္လာဟ်အရှင်မြတ် နှစ်သက်လိုလားသော သူတစ်ဦး ပြည့်ဝသူ တစ်ဦး ဖြစ်လာလိမ့်မည်။ ၄င်းနောက် အင်ရှာအလ္လာဟ် အသင်သည် တရားစီရင်မည့်နေ့တွင် ဂျန်နသ် ဥယျဉ်သို့ ၀င်ရောက်ခွင့် ရစေမည့် ချီးမြှင့်မှုကိုခံရမည်။ သို့ဖြစ်ကာ အသင်သည် နေ့စဉ် မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် အစဉ် ကြိုးပမ်းနေသင့်သည်ဆိုသော စကားကို သဘောပေါက်လောက်ပြီ ဖြစ်သည်။


ကျွန်ုပ်သည် နေ့စဉ် မိမိကိုယ်ကို တိုးတက်လာစေရန် လူကောင်းတစ်ယောက် ဖြစ်လာစေခြင်းဖြင့်၎င်း၊ ကောင်းစွာပြုမူဆက်ဆံခြင်းဖြင့်၎င်း အထူးကြိုးပမ်းနေရမည်။ ကောင်းမွန်သောမိမိ၏ လုပ်ရပ်သည် မိမိအား အလ္လာဟ် အရှင်မြတ်လိုလားသည့် လူကောင်းတစ်ဦး ဖြစ်လာစေရန် ကူညီလိမ့်မည်။