၁။ စူရာ အိခ်လားစ်း သန့်ရှင်းခြင်းကဏ္ဍ
(မက္ကာမြို့တော်ကျ-၄ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၁၂း ၁။ အိုနဗီ တမန်တော် အသင်ပြောကြားပါ၊ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။

၁၁၂း ၂။ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်တော်မူသောအရှင်၊ သူတပါးတို့၏ မှီခိုအားထားရာအရှင်၊ ထာဝရအရှင် ဖြစ်တော်မူ၏။

၁၁၂း ၃။ ထိုအရှင်မြတ်သည် မည်သူတစ်ဦးကိုမျှ မွေးဖွားတော်မူခဲ့သည်မဟုတ်ပေ။ မည်သူတစ်ဦး၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည်မဟုတ်ပေ။

၁၁၂း ၄။ ထိုအပြင် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူ ဟူ၌ တစ်ဦးမျှပင်မရှိပါ။
No comments:
Post a Comment