၁၁၁။ စူရာ လဟဗ်း မီးတောက်မီးလျှံ ကဏ္ဍ
(မက္ကာမြို့တော်ကျ-အစောင် ၃၀၊ ၅ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၁၀း ၁ အဗူလဟဗ်၏ လက်နှစ်ဘက်သည် ကျိုးပဲ့ပျက်စီးစေသား၊ ထို့အပြင် ၄င်းကိုယ်တိုင်လည်း ပျက်စီးစေသား။

၁၁၀း ၂ ၄င်း၏ ပစ္စည်းဥစ္စာသည်လည်း ၄င်းအဖို့အသုံးမ၀င်ပေ။ ထိုနည်းတူစွာ ၄င်းရှာဖွေ စည်းပူးခဲ့သော (အမြတ်အစွန်း၊ သားသမီး) သည်လည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။

၁၁၀း ၃ မကြာမြင့်မီပင် ၄င်းကိုယ်တိုင်သည်လည်း ဟုန်းဟုန်းတောက်လောင်လျှက်ရှိသော မီးထဲသို့ ၀င်ရောက်ရပေမည်။

၁၁၀း ၄ မီးဆိုက်ရန် ထင်းစည်း သို့ ဆူးခက်ကိုထမ်းရွက်လျှက်ရှိသော ကုန်းချောသူ ဇနီးသည်လည်းကောင်း

၁၁၀း ၅ ထိုဇနီးဖြစ်သူ၏ လည်ဂုတ်တွင် စွန်ပုလွန်လျှော်ကို ကောင်းစွာကျစ်ထားသော ကြိုးတစ်ချောင်းလည်း ရှိချေအံ့သတည်း။
No comments:
Post a Comment