Wednesday, September 16, 2009

Surah 080 Aabasa : He Frowned


၀၈၀။ စူရာ အဘဆး မျက်မှောင်ကြုတ်သူ ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၄၂ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၀း ၁။ ထိုသူ (နဗီတမန်တော်) မျက်မှောင်ကြုတ်ခဲ့သည့်အပြင် မျက်နှာလည်းလွှဲခဲ့သည်။

၀၈၀း ၂။ မိမိထံ မျက်မမြင်တစ်ဦး ၀င်ေ၇ာက်သောကြောင့်ဖြစ်သည်။

၀၈၀း ၃။ အသင်သိပါသလား စင်စစ် ထိုသူသည် စိတ်နှလုံး စင်ကြယ်သူဖြစ်သည်။

၀၈၀း ၄။ သို့မဟုတ် ထိုသူသည် ဆုံးမသြ၀ါဒပေးလျှင် တရားရ၊ အကျိုးဖြစ်ထွန်းနိုင်သည်။

၀၈၀း ၅။။ မည်သို့ပင်ဖြစ်စေ အကြင်သူသည် အလေးမမူခဲ့ပေ။

၀၈၀း ၆။ သို့သော် အသင်သည် ထိုသူအား ဂရုစိုက်သည်။

၀၈၀း ၇။ စင်စစ် ထိုသူသည် စိတ်ထား မကောင်းသည့်အတွက် အသင့်တွင် မည်သို့မျှ အပြစ်မရှိပါ။

၀၈၀း ၈။ မည်သို့ပင်ဖြစ်စေ အကြင်သူသည် အသင့်ထံ အပြေးရောက်လာခဲ့သည်။

၀၈၀း ၉။ ထိုအပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သူဖြစ်သည်။

၀၈၀း ၁၀။ သို့သော်လည်း အသင်သည် ထိုသူအား အရေးမပေးခဲ့ပေ။

၀၈၀း ၁၁။ အိုတမန်တော် ဤသို့မပြုလုပ်ပါနှင့်။ ဤ(ကျမ်းမြတ်ကုရ်အာန်)သည် ဆုံးမသြ၀ါဒဖြစ်သည်။

၀၈၀း ၁၂။ သို့ဖြစ်၍ အလိုရှိသူသည် ယင်းသြ၀ါဒ ကို ကျက်မှတ်လိမ့်မည်။

၀၈၀း ၁၃။ ယင်းကျမ်းမြတ်ကုရ်အာန်သည် ကျက်သရေနှင့် ပြည့်စုံသော အရွက်များပေါ် မှတ်သားပြီးဖြစ်သည်။

၀၈၀း ၁၄။ ယင်းအရွက်များသည် မြင့်မြတ်လှသလို သန်စင်လွန်းသည်။

၀၈၀း ၁၅။ ယင်းအရွက်များသ်ည ရေးသားသည့် ကောင်းကင်တမန်တို့၏ လက်တွင်းဝယ်ရှိသည်။

၀၈၀း ၁၆။ ထိုကောင်းကင်တမန်တို့သည် ဂုဏ်အင်ထူးကဲသောသူတို့ဖြစ်သည်။

၀၈၀း ၁၇။ လူသားသည် ပျက်စီးပါစေ၊ ၄င်းသည် အလွန်ကျေးဇူးကန်းသူဖြစ်သည်။

၀၈၀း ၁၈။ ထိုအရှင်မြတ်သည် လူသားကို မည်သည့်အရာဖြင့် ဖန်ဆင်းသနည်း။

၀၈၀း ၁၉။ ထိုအရှင်မြတ်သည် လူကို ကလလ ရေကြည်တစ်စက်ဖြင့် ဖန်ဆင်း၏။ ထိုအပြင် အရှင်မြတ်သည် ၄င်းအား နှိုင်းချိန်တိုင်းဆ ခန့်မှန်း၍ ပြုလုပ်ခဲ့သည်။

၀၈၀း ၂၀။ ထို့နောက် ထိုအရှင်မြတ်သည် ၄င်းအဖို့ လမ်းကိုလွယ်ကူစေတော်မူခဲ့သည်။

၀၈၀း ၂၁။ ထို့နောက်၎င်းကို သေဆုံးစေ၏။ တဖန် ၄င်းအား သင်္ချိုင်းတွင်းသို့ မြှုပ်နှံစေ၏။

၀၈၀း ၂၂။ တဖန် အလိုရှိသည့်အခါ ၄င်းအား ပြန်ရှင်သန်သေမည်။

၀၈၀း ၂၃။ ထိုလူသားသည် ၄င်းအား အလ္လာဟ်အမိန့်ရှိသည်များကို ကျေပွန်အောင် ဆောင်ရွက်ခြင်းမရှိပေ။

၀၈၀း ၂၄ ။ထို့နောက် လူသားသည် မိမိ၏ အစားအစာကို ပြန်လည်ကြည့်ရှုသင့်သည်။

၀၈၀း ၂၅။ ဧကန်အမှန် ငါအရှင်မြတ်သည် မိုးရေကို အံ့သြဖွယ် ရွာသွန်းစေသည်။

၀၈၀း ၂၆။ ထိုနောက် ငါအရှင်မြတ်သည် ပထ၀ီမြေကို အံ့သြစွာ ခွဲခဲ့သည်။

၀၈၀း ၂၇။ တဖန် ငါအရှင်မြတ်သည် ၄င်းမြေ၌ ကောက်ပဲသီးနှံကို ပေါက်ရောက်စေခဲ့သည်။

၀၈၀း ၂၈။ စပျစ်ပင်ကိုလည်းကောင်း၊ စိမ်းစိုသော ဟင်းသီးဟင်းရွက်ကိုလည်းကောင်း။

၀၈၀း ၂၉။ သံလွင်ပင်ကိုလည်းကောင်း၊ စွန်ပလွံပင်ကိုလည်းကောင်း

၀၈၀း ၃၀။ သစ်ပင်ပန်းပင်များ ထူထပ်သော ဥယျဉ်များကိုလည်းကောင်း

၀၈၀း ၃၁။ သစ်သီးဝလံများကိုလည်းကောင်း၊ ကျွဲနွှား တိရိစ္ဆာန်အစာကိုလည်းကောင်း ပေါက်ရောက်စေခဲ့သည်။

၀၈၀း ၃၂။ အသင်တို့အတွက်၎င်း၊ အသင်တို့၏ ကျွဲနွားတိရိစ္ဆာန်တိုအကျိုးအတွက်၎င်း။

၀၈၀း ၃၃။တဖန် နားပင်စေသောအသံ ထွက်ပေါ်လာသောအခါ။

၀၈၀း ၃၄။ အကြင်နေ့တွင် လူသည် မိမိညီအကိုထံမှလည်းကောင်း တိမ်ရှောင်လိမ့်မည်။

၀၈၀း ၃၅။ မိမိ အမိထံမှ၎င်း၊ မိမိအဖထံမှ၎င်း၊

၀၈၀း ၃၆။ မိမိဇနီးကြင်ယာထံမှ၎င်း၊ မိမိသားသမီးထံမှ၎င်း။

၀၈၀း ၃၇။ ထိုနေ့တွင် လူတိုင်းသည် မည်သည့် အခြားအရာတွင်မျှ စိတ်မ၀င်စားနိုင်ဘဲ အရေးကြီးသော ကိစ္စတစ်ခုတွင် လုံးပန်းနေမည်။

၀၈၀း ၃၈။ ထိုနေ့တွင် မြောက်များစွာသော မျက်နှာတို့မှာ လင်းဝင်းတောက်ပလျှက်ရှိကြမည်။

၀၈၀း ၃၉ ရယ်မောရွှင်ပြလျှက် ရှိကြပေမည်။

၀၈၀း ၄၀။ ထိုမှတစ်ပါး မြောက်များစွာသော မျက်နှာတို့အပေါ် မြူမှုန်များ ရှိနေမည်။

၀၈၀း ၄၁။ ထိုမျက်နှာများအပါ်၌ အမှောင်သည် ဖုံးလွှမ်းလျှက်ရှိပေမည်။

၀၈၀း ၄၂။ ထိုသူတို့သည်သာလျှင် ကာဖိရ် သွေဖည်ငြင်းပယ်သူများ၊ ဆိုသွမ်းသူများဖြစ်ကြသည်။

No comments: