၀၇၉။ စူရာ နာဇီယာသ်း ဆွဲငင်ထုတ်နုတ်ယူသော ကောင်းကင်တမန်များ ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၄၆ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၇၉း ၁။ ကာဖိရ်တို့၏ အသက်ကို ပြင်းထန်စွာ ဆွဲငင်နုတ်ယူကြသော ကောင်းကင်တမန်တို့အား သက်သေထူတော်မူ၏။

၀၇၉း ၂။ မွတ်စ်လင်မ် တို့၏ အသက်ကို ဖြေးညှင်းစွာ နုတ်ယူကြသော ကောင်းကင်တမန်တို့အား သက်သေထူတော်မူ၏။

၀၇၉း ၃။ ရေကူးသကဲ့သို့ လျှင်မြန်စွာ ကူး၍သွားကြသော ကောင်းကင်တမန်တို့အား သက်သေထူတော်မူ၏။

၀၇၉း ၄။ တဖန်လျှင်မြန်စွာ ပြေးကြသော နုတ်ယူကြသော ကောင်းကင်တမန်တို့အား သက်သေထူတော်မူ၏။

၀၇၉း ၅။ တဖန် အရေးကိစ္စများကို စံနစ်တကျ စီမံကြသော ကောင်းကင်တမန်တို့အား သက်သေထူတော်မူ၏။

၀၇၉း ၆။ ထိုနေ့တွင် ပထမအကြိမ် တံပိုးမှုတ်ခြင်းသည် တုန်လှုပ်စေမည်။

၀၇၉း ၇ ။ ဒုတိယအကြိမ်တံပိုးမှုတ်ခြင်းသည် ပထမအကြိမ်၏ နောက်တွက်လိုက်ပါမည်။

၀၇၉း ၈။ ထိုနေ့တွင် မြောက်များစွာသော စိတ်နှလုံးတို့သည် ခြောက်ခြားလျှက်ရှိကြမည်။

၀၇၉း ၉။ ထိုစိတ်နှလုံးရှင်တို့၏ မျက်စိများကား အောက်သို့စိုက်လျှက်ရှိကြမည်။

၀၇၉း ၁၀။ ၄င်းတို့က မိမိတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်မီလောဟု ပြောဆိုကြသည်။

၀၇၉း ၁၁။ ကျွန်ုပ်သည် ဆွေးမြေ့သည့်အရိုးဖြစ်သည့်တိုင် ပြန်လည်ရှင်ကြရဦးမည်လော။

၀၇၉း ၁၂။ သို့ဖြစ်လျှင် မိမိတို့၏ ပြန်လည်ရှင်သန်ခြင်းသည် ဆုံးရှုံးဖွယ်ရှင်သန်ခြင်းပင်ဖြစ်မည်။

၀၇၉း ၁၃။ စင်စစ် ထိုအရာကား ပြင်းထန်သော အသံတစ်ခုဖြစ်သည်။

၀၇၉း ၁၄။ ထိုအခါ လူုသားအားလုံးသည် မြေပြင်သို့ ရောက်ရှိလာကြအံ့။

၀၇၉း ၁၅။ အိုနဗီတမန်တော် အသင့်ထံ နဗီတမန်တော် မူစာ၏ အတ္တပ္ပတ္တိသည် ရောက်ခဲ့ပြီ။

၀၇၉း ၁၆။။ တစ်ခါက မူစာ၏အရှင်သည် မူစာအား တူဝါ တောင်ကြားအရပ်၌ ဟစ်ခေါ်ခဲ့၏။

၀၇၉း ၁၇။ အသင်သည် ဖိရ်အောန်ထံသွားပါ။ ဧကန်မလွဲ ဖိရ်အောန်သည် လွန်စွာ ရက်စက်ကြမ်းကြုတ်၏။

၀၇၉း ၁၈။ သင်သည် ၄င်းကို မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်ရန် ပြောကြားပါလေ။

၀၇၉း ၁၉။ အသင့်အား အသင်၏ အရှင်ထံသို့ လမ်းညွှန်ခွင့်ပြုလော့သို့ဖြင့် အသင်သည် ကြောက်ရွံ့ရိုသေသူဖြစ်လာအံ့။

၀၇၉း ၂၀။ တမန်တော်သည် ၄င်းအား အကြီးဆုံးသော လက္ခဏာကို ပြသခဲ့သည်။

၀၇၉း ၂၁။ သို့သော်လည်း ဖိရ်အောင်န်သည် နဗီတမန်တော်မူစာ၏ဆုံးမစကားကို ငြင်းပယ်ခဲ့သည့်ပြင် ဖီဆန်ခဲ့လေသည်။

၀၇၉း ၂၂။ ထို့နောက်ဖိရ်အောန်သည် ကျော်ခိုင်း၍ ဆူပူသောင်းကျန်းရန် ကြိုးပမ်းလေသည်။

၀၇၉း ၂၃။ ထို့နောက် ဖိရ်အောန်သည် မိမိဘက်သားများကို စုရုံးပြီးလျှင် အသံကျယ်စွာ ဟစ်အော်ခဲ့လေသည်။

၀၇၉း ၂၄။ ထိုနောက်ဖိရ်အောန်က ကျွန်ုပ်သည်ပင် အသင်တို့၏ အမြင့်မြတ်ဆုံးသော အရှင်သခင်ပင်ဖြစ်သည်ဟု ပြောဆိုကြေညာခဲ့သည်။

၀၇၉း ၂၅။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ဖိရ်အောန်အား လောကီ လောကုတ္တရာ ပြစ်ဒါဏ် များတွင် ကွပ်မျက်တော်မူခဲ့သည်။

၀၇၉း ၂၆။ ဧကန်မလွဲ ဤအကြောင်းတွင် ကြောက်ရွံ့သောသူတို့အဖို့ သတိပေး နိုးဆော်ချက်သည် အမှန်ပင်ရှိသည်။

၀၇၉း ၂၇။ သို့ဖြစ်၍ အသင်တိုအား ဖန်ဆင်းခြင်းသည် ခဲယဉ်းသလော၊ သို့ မိုးကောင်းကင်ကို ဖန်ဆင်းခြင်းသည် ခဲယဉ်းသလော။ အရှင်သည် မိုးကောင်းကင်ကို ဖန်ဆင်းခဲ့၏။

၀၇၉း ၂၈။ ထို့နောက် မိုးကောင်းကင်၏ အမိုးကို မြင့်မားစွာပြုလုပ်ခဲ့သည်။ ထို့နောက် မိုးကောင်းကင်ကို အပြစ်အနာအဆာ ကင်းရှင်းစွာ ဖန်ဆင်းခဲ့သည်။

၀၇၉း ၂၉။ ထို့နောက်အရှင်မြတ်သည် မိုးကောင်းကင်၏ ညကို မှောင်မိုက်စေခဲ့သည်။ နေ့ကို လင်းဝင်းထင်ရှားစေတော်မူခဲ့သည်။

၀၇၉း ၃၀။ ထို့နောက် အရှင်မြတ်သည် ပထ၀ိမြေကို ဖြန့်ခင်းတော်မူခဲ့သည်။

၀၇၉း ၃၁။ ထိုအရှင်မြတ်သည် ထိုပထ၀ီမြေမှ ရေကို၎င်း၊ သစ်ပင်နှင့် ကောက်ပဲသီးနှံများကို၎င်း ထွက်စေတော်မူခဲ့သည်။

၀၇၉း ၃၂။ ၄င်းအပြင် ထိုအရှင်မြတ်သည် တောင်များကို ကျောက်ဆူး အဖြစ် စိုက်ချထားတော်မူ၏။

၀၇၉း ၃၃။ ၄င်း ရေနှင့် သစ်ပင်သစ်ရွက်တို့သည် အသင်တို့အတွက်၎င်း၊ အသင်တို့၏ ကျွဲနွားများ အတွက်၎င်း ဖန်ဆင်းခဲ့သည်။

၀၇၉း ၃၄။ အကြင်းအခါ ကြီးကျယ်သော ဘေးဒုက္ခကြီး ဆိုက်ရောက်မည်။

၀၇၉း ၃၅။ ထိုနေ့တွင် လူတို့သည် မိမိတို့ ကြိုးပမ်းခဲ့သမျှကို သတိရလိမ့်မည်။

၀၇၉း ၃၆။ ၄င်းအပြင် ဂျဟန္နမ်ငရဲသည် ကြည့်ရှုသော သူတို့ရှေ့ဝယ် ထင်ရှားစွာ ပေါ်လာစေမည်။

၀၇၉း ၃၇ မည်သူမဆို လွန်စွာ သောင်းကျန်းခဲ့သည်။

၀၇၉း ၃၈။ လောကီဘ၀ကို ဦးစားပေးခဲ့သည်။

၀၇၉း ၃၉။ ဧကန်မလွဲ ထိုသူအဖို့ ဂျဟန္နငရဲသာလျှင် ခိုကိုးရာ ဖြစ်လိမ့်မည်။

၀၇၉း ၄၀။ ထိုသူသည် အလ္လာဟ်ရှေ့မှောက်ဝယ် မတ်တပ်ရပ်ရမည်ကို စိုးရိမ်ခဲ့လေသည်။ ထို့အပြင် စိတ်ကိုလည်း မကောင်းသော အလိုဆန္ဒမှ တားမြစ်ခဲ့သည်။

၀၇၉း ၄၁။ ဧကန်မလွဲ ထိုသူအဖို့ ဂျန္နသ်ဘုံနန်းသည် ခိုကိုးရာဖြစ်အံ့။

၀၇၉း ၄၂။ အိုတမန်တော် အသင့်အား ၄င်းတို့သည် ကိယာမသ်နေ့နှင့် စပ်လျှင်း၍ မည်သည့် အချိန်ဆိုက်ရောက်အံ့နည်းဟု မေးကြမည်။

၀၇၉း ၄၃။ ၄င်းကိယာမသ် နေ့ကို ထုတ်ဖေါ်ပြောရန် အသင်နှင့် မည်သို့ ပတ်သက်ပါသနည်း။

၀၇၉း ၄၄။ ၄င်းကိယာမတ်နေ့၏ အသိသည် အသင်၏ အရှင်မြတ်ထံတော်တွင်ရှိပေသည်။

၀၇၉း ၄၅။ အသင်သည် ကိယာမသ်နေ့ကို စိုးရိမ်သောသူတို့အား သတိပေးနိုးဆော်ရန်သာဖြစ်သည်။
၀၇၉း ၄၆။ ၄င်းတို့သည် ကိယာမသ်နေ့ကို မမြင်တွေ့သည့်အခါ မိမိတို့သည် လောကကမ္ဘာတွင် သို့ တစ်ညနေချမ်းသာ သို့ ၄င်း၏ တမနက်သာ နေထိုင်ခဲ့ကြသကဲ့သို့ ထင်မှတ်ကြမည်။
No comments:
Post a Comment