၀၈၉။ စူရာ ဖဂျရ်း မိုးသောက်ချိန် ကဏ္ဍ
(မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၃၀ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၈း ၁။ ငါအရှင်မြတ်သည် နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူ၏။

၀၈၈း ၂။ ၄င်းအပြင် ငါအရှင်မြတ်သည် ဆယ်ခုသောညဥ့်ကို သက်သေထူတော်မူ၏။

၀၈၈း ၃။ ထို့အပြင် ငါအရှင်မြတ်သည် စုံဖြစ်သောအရာကို၎င်း၊ မဖြစ်သောအရာကို၎င်း သက်သေထူတော်မူ၏။

၀၈၈း ၄။ ထိုအပြင် ငါအရှင်မြတ်သည် ညဉ်ကိုသက်သေထူတော်မူ၏။ ၄င်းညဥ့်သည် သွားလေသည်။

၀၈၈း ၅။ ၄င်းတို့အတွင်း ဥာဏ်အမြော်အမြင် ပြည့စုံသောသူတို့အဖို့ ခိုင်လုံသော ကျိန်ဆိုချက်ရှိသည်။

၀၈၈း ၆။ အိုနဗီတမန်တော် အသင့်အား ဖန်ဆင်းသောအရှင်မြတ်သည် အာဒ် အမျိုးသားတို့အား မည်သို့ ပြုလုပ်ခဲ့သည်ကို အသင်သိမြင်ခဲ့ပြီး မဟုတ်လော။

၀၈၈း ၇။ အရပ်အမောင်း ထွားကျိုင်းသော (တိုင်ရှည်ကြီးများ၏ ပိုင်ရှင်ဖြစ်ကြသော) အိရာမ်၏ အဆက်အနွယ်အား။

၀၈၈း ၈။ ကမ္ဘာပေါ်ရှိ မြို့ရွာတို့တွင် မည်သူမျှ ထိုကဲ့သို့ ဖန်ဆင်းခြင်းခံခဲ့ရသည် မဟုတ်ပေ။

၀၈၈း ၉။ ကျောက်ဆောင်များကို ထွင်းခဲ့ကြသော ဆမူဒ် အမျိုးသားတို့အား မည်သို့ ပြုလုပ်ခဲ့သည်ကို၎င်း။

၀၈၈း ၁၀။ ငုတ်များ၏ပိုင်ရှင်ဖြစ်သော ဖိရ်အောန်အား မည်သို့ပြုလုပ်ခဲ့သည့်ကို၎င်း။

၀၈၈း ၁၁။ အကြင်သူတို့သည် တိုင်းပြည်တွင် စိုးသွမ်းခဲ့ကြသည်။

၀၈၈း ၁၂။ ထို့နောက် ၄င်းတို့သည် ထိုတိုင်းပြည်တွင် ပျက်စီးရာများကို လုပ်ဆောင်ခဲ့ကြသည်။

၀၈၈း ၁၃။ ထို့ကြောင့် အသင်၏ အရှင်သည် ၄င်းတို့အပေါ် ပြစ်ဒါဏ်ကို သွန်းချတော်မူခဲ့၏။


၀၈၈း ၁၄။ အသင်၏ ဖန်ဆင်းရှင်သည် ၄င်းတို့အပေါ် အစဉ် စောင့်ကြပ်ကြည့်ရှုလျက်ရှိ၏။

၀၈၈း ၁၅။ သို့ဖြစ်၍ ၄င်း၏အရှင်သည် ၄င်းအား စမ်းသပ်ရန်အတွက် ဂုဏ်ပေးတော်မူ၏။ ကျေးဇူးပြုတော်မူ၏။ ထိုအခါသူက ငါအရှင်သည် ငါ့အား ချီးမြှင့်သည်ဟု ပြောဆို၏။

၀၈၈း ၁၆။ ထိုအရှင်သည် ၄င်းအား တစ်မျိုးစမ်းသပ်တော်မူသည်။ ၄င်း၏ စာနပ်ရိက္ခာကို ကျပ်တည်း စေ၏။ ထိုအခါ ထိုသူက အရှင်မြတ်သည် ငါ၏ဂုဏ်သရေကို ဖျက်တော်မူ၏။

၀၈၈း ၁၇။ အလျှင်းမဟုတ် အသင်တို့သည် မိဘမဲ့ကလေးများအား ဂုဏ်ပေးကြသည်မဟုတ်ပေ။

၀၈၈း ၁၈။ သူဆင်းရဲတို့အား ကျွေးမွေးရန် တိုက်တွန်းနိုးဆော်သည်လည်း မဟုတ်ပေ။

၀၈၈း ၁၉။ ၄င်းအပြင် အသင်တို့သည် အမွေပစ္စည်းများကို စုရုံးလျှက် စားသုံးကြကုန်၏။

၀၈၈း ၂၀။ ထို့အပြင် အသင်တို့သည် ဥစ္စာပစ္စည်းများကို ချစ်ခင်စုံမက် ကြကုန်၏။

၀၈၈း ၂၁။ အလျှင်းမဟုတ် စင်စစ် ပထ၀ီမြေကို ထုထောင်းလျက် တပြေးတည်းဖြစ်အောင် (သို့) ညက်ညက်ကြေအောင် ပြုလုပ်ခံရသောအခါ။

၀၈၈း ၂၂။ ထို့အပြင် အသင်၏ ဖန်ဆင်းရှင် ကြွမြန်းလာသောအခါ၊ ကောင်းကင်တမန်များ တန်းဆီလျှက် လာကြသောအခါ။

၀၈၈း ၂၃။ ထို့အပြင် ထိုနေ့တွင် ဂျဟန္နငရဲကို လူတို့ရှေ့မောက်ဝယ် ယူဆောင်လာခြင်းကို ခံရသော အခါ။ ထိုနေ့တွင် လူသားသည် အသိတရားရလာမည်။ သို့သော် အသိရခြင်းသည် ၄င်းတို့ကို အကျိုးမရှိစေနိုင်တော့ပါ။

၀၈၈း ၂၄။ ထိုအခါ လူသားသည် ညည်းညူပေမည်။ သြော် ငါသည် မိမိသက်တမ်း၌ ကောင်းမှု တစ်စုံတစ်ရာကို ကြိုတင်ဆည်းပူးခဲ့လျှင် ကောင်းလေစွတကား။

၀၈၈း ၂၅။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒါဏ်စီရင်မှုမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှပင် ပြစ်ဒါဏ် စီရင်လိမ့်မည် မဟုတ်ပေ။

၀၈၈း ၂၆။ ထိုနည်းတူစွာ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်၏ ဖမ်းဆီးချုပ်နှောင်မှုမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှပင် ဖမ်းဆီးချုပ်နှောင်လိမ့်မည် မဟုတ်ပေ။

၀၈၈း ၂၇။ အိုသောကကင်း၍ ငြိမ်ဆိမ်သော အသက်ဇီဝိန်။

၀၈၈း ၂၈။ အသင်သည် မိမိအရှင်မြတ်ထံတော်သို့ ကျေနပ်လျက် ကျေနပ်မှုကို ခံယူလျက် ပြန်သွားလေလော့။

၀၈၈း ၂၉။ ထို့နောက် အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့တွင် ပါဝင်လေလော့။

၀၈၈း ၃၀။ ၄င်းအပြင် ငါအရှင်၏ ဂျန္နသုခဘုံသို့ ၀င်ရောက် စံမြန်းလေလော့။
No comments:
Post a Comment