၀၉၀။ စူရာ ဗလဒ်း မြို့တော် ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၂၀ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၀း ၁ ငါအရှင်မြတ်သည် မက္ကာမြို့တော်ကို သက်သေထူတော်မူ၏။

၀၉၀း ၂ စင်စစ် အသင်သည် ဤမြို့တော်၌ ၀င်ခွင့်ပြုခြင်း ခံရပေမည်။

၀၉၀း ၃ ၄င်းအပြင် ငါအရှင်သည် ဖခင်ကို၎င်း၊ ၄င်းဖခင်ကမွေးသော သားသမီးကို၎င်း သက်သေထူတော်မူ၏။

၀၉၀း ၄ ဧကန်မုချ ငါအရှင်သည် လူကို (ကြီးကျယ်သော) ပင်ပန်းသည့်ဘ၀တွင် ဖန်ဆင်းခဲ့၏။

၀၉၀း ၅ ထိုလူသည် မိမိအပေါ်၌ တတ်နိုင်စွမ်းသူ တစ်ဦးမှ ရှိမည်မဟုတ်ဟု ယူဆလေသလော။

၀၉၀း ၆ ၄င်းက မိမိသည် မြောက်မြားစွာသော ပစ္စည်းများကို သုံးဖြုန်းခဲ့သည်ဟု ပြောဆို၏။

၀၉၀း ၇ ၄င်းသည် မိမိအား မည်သူတစ်ဦးမျှ မြင်ခဲ့သည်မဟုတ်ဟု ယူဆလေသလော။

၀၉၀း ၈ ငါအရှင်သည် ၄င်းအား မျက်စီနှလုံးကို ပြုလုပ်ပေးသနားတော်မူခဲ့သည် မဟုတ်ပါလား။

၀၉၀း ၉ ထို့အပြင် လျှာတစ်ခုကို၎င်း၊ နုတ်ခမ်းနှစ်ခုကို၎င်း ပေးခဲ့သည် မဟုတ်ပါလော။


၀၉၀း ၁၀ ၄င်းအပြင် ငါအရှင်မြတ်သည် ၄င်းအား လမ်းနှစ်သွယ်ကို ပြသတော်မူခဲ့သည်။

၀၉၀း ၁၁ သို့ပါလျှက် ထိုလူသားသည် တောင်ကြားလမ်းကို ဖြတ်ကူးခဲ့သည် မဟုတ်ပေ။

၀၉၀း ၁၂ စင်စစ် တောင်ကြားလမ်းသည် အဘယ်နည်း။ အသင်သိပါသလား။

၀၉၀း ၁၃ ကျွန်တစ်ဦးအား လွတ်မြောက်စေခြင်းပင်ဖြစ်သည်။

၀၉၀း ၁၄ သို့မဟုတ် ငတ်မွတ်သောနေ့တွင် ကျွေးမွေးခြင်းပင်ဖြစ်သည်။၀၉၀း ၁၅ ဆွေးမျိုးနီးစပ်ဖြစ်သော မိဘမဲ့ကလေးငယ်သူတစ်ယောက်အား ကျွေးမွေးခြင်းပင်။

၀၉၀း ၁၅ ဆွေးမျိုးနီးစပ်ဖြစ်သော မိဘမဲ့ကလေးငယ်သူတစ်ယောက်အား ကျွေးမွေးခြင်းပင်။

၀၉၀း ၁၆ မြေ၀ယ် လူးနေသော ဒုက္ခိတစ်ဦးအားကို၎င်း။

၀၉၀း ၁၇ ထို့နောက် အီမာန် ယုံကြည်သူတို့အတွင်းပါဝင်ခြင်းဖြစ်ပြိး၊ ထိုသူတို့သည် တစ်ဥိးကိုတစ်ဦး သည်းခံကြရန်၎င်း၊ ကရုဏာတရားထားရန်၎င်း၊ လေးနက်စွာ ဆုံးမကြကုန်၏။

၀၉၀း ၁၈ ထိုသူတို့ကား လက်ယာဘက်သားများပငဖြစ်ကြကုန်၏။

၀၉၀း ၁၉ ငါအရှင်မြတ်၏ အာယသ်တော်များကို သွေဖည်ကြသူတို့သည် လက်ဝဲဖက်သားများပင်ဖြစ်ကြ၏။

၀၉၀း ၂၀ ၄င်းတို့အပေါ်၌ ဖုံးအုပ်ထားသော မီးသည် လွှမ်းလျှက်ရှိချေအံ့သတည်း။
No comments:
Post a Comment