၀၉၄။ စူရာ နရှ်ရဟ်း အသိဥါဏ် ပွင့်လင်းခြင်း ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၈ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
၀၉၄း ၁။ (အိုနဗီ တမန်တော်) ငါအရှင်မြတ်သည် အသင်၏ ရင်ကို ဖွင့်ပေးတော်မူခဲ့သည် မဟုတ်လော။
၀၉၄း ၂။ ၄င်းအပြင် ထိုအရှင်မြတ်သည် အသင်၏အပေါ်မှ အသင်၏၀န်ထုပ်ကို ချပေးတော်မူခဲ့သည်။
၀၉၄း ၃။ ထိုဝန်ထုပ်သည် အသင်၏ကျောကို ကိုင်းညွှတ်စေခဲ့၏။ (ချိုးထားခဲ့၏)/
၀၉၄း ၄။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်၏ ဂုဏ်သတင်းကို ကျော်ကြားစေတော်မူခဲ့သည်။
၀၉၄း ၅။ သို့ဖြစ်ပေရာ ဧကန်မလွဲ ခက်ခဲမှုနှင့် အတူလွယ်ကူမှုသည် (ဒွန်တွဲလျှက်ပင်) ရှိ၏။
၀၉၄း ၆။ ခက်ခဲမှုနှင့်အတူ လွယ်ကူမှုသည် ဧကန်အမှန် (ဒွန်တွဲလျှက်ပင်) ရှိ၏။

၀၉၄း ၇။ သို့ဖြစ်ပေရာ အသင်သည် အားလပ်သောအခါ (၀တ်ပြုမှု၌) ကြိုးပမ်းအားထုပ်ပါလေ။
၀၉၄း ၈။ ၄င်းအပြင် မိမိဖန်ဆင်းရှင်ဖက်သို့ အာရုံစူးစိုက်ထားပါလေ။
(မက္ကာမြို့တော်ကျ- ၈ အာယသ်တော်)










No comments:
Post a Comment