၀၉၅။ စူရာ သီးန်း သဖန်းပင် ကဏ္ဍ
(မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၈ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၆း ၁။ ငါအရှင်မြတ်သည် သဖန်သီးပင်ကို၎င်း၊ သံလွင်သီးပင်ကို၎င်း၊ သက်သေထူတော်မူ၏။

၀၉၆း ၂။ ထို့အပြင် ငါအရှင်မြတ်သည် သိနတောင်ကိုလည်း သက်သေထူတော်မူ၏။

၀၉၆း ၃။ ထိုမှတပါး အရှင်မြတ်သည် ဘေးရန်ကင်းသောမြို့တော်ကို သက်သေထူတော်မူ၏။

၀၉၆း ၄။ ဧကန်မလွဲ အရှင်မြတ်သည် လူကိုအကောင်းဆုံးသော အချိုးအစား အရပ်အမောင်း ပုံပန်းသဏ္ဍန်၌ ဖန်ဆင်းတော်မူ၏။

၀၉၆း ၅။ ထိုအရှင်မြတ်သည် လူသားတို့အား ၄င်းတို့မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ပေ သတည်း။

၀၉၅း ၆။ သို့သော် အီမာန်သက်ဝင်ယုံကြည်သူများအဖို့ မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးရှိလေသည်။

၀၉၅း ၇။ သို့ပါလျှက် ဤသည်တို့ကို သိရှိပြီးနောက် အစားပေးခြင်းခံရမည့်နေ့ကို မဟုတ်မမှန်ဟု မည်သည့် အရာက အသင့်ကို လှုံ့ဆော်သနည်း။

၀၉၅း ၈။ အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့တွင် အကောင်းဆုံး တရားစီရင်နိုင်သူဖြစ်သည်။
No comments:
Post a Comment