Saturday, September 12, 2009

Surah 105 Al Fil : The Elephant


၁၀၅။ ဆင်ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၅ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၅း ၁။ အိုနဗီ တမန်တော် အသင်၏ မွေးမြူဖန်ဆင်းရှင်သည် ဆင်ပိုင်ရှင်တို့အား မည်သို့ မည်ပုံ ပြုလုပ်ခဲ့သည်ကို အသင် မသိမမြင်ခဲ့ပါ လေသလော။

၁၀၅း ၂။ ထိုအရှင်မြတ်သည် ၄င်းတို့၏ လျှို့ဝှက်ကြံစည်မှုကို ပျက်ပြားစေတော်မူခဲ့သည် မဟုတ်ပါလား။

၁၀၅း ၃။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ၄င်းတို့အပေါ်၌ ငှက်များကို အုပ်စုလိုက် စေလွှတ်တော်မူသည် မဟုတ်လော။

၁၀၅း ၄။ ထိုငှက်များသည် ၄င်းတို့အား ရွံ့စေးဖြင့် ပြုလုပ်ထားသော ကျောက်ခဲများဖြင့် ပစ်ခတ်လျှက်ရှိကြ၏။

၁၀၅း ၅။ ၄င်းနောက် ထိုအရှင်မြတ်သည် ၄င်းတို့အား စားထားပြီးဖြစ်သော ကောက်ရိုးဖတ်များကဲ့သို့ ပြုလုပ်ခဲ့ပေသတည်း။

No comments: