Saturday, September 12, 2009

Surah 106 Al Quraish : The Quraish


၁၀၆ ။ စူရာကိုရိုက်ရှ်း ကိုရိုက်ရှ်မျိုးနွယ်ကဏ္ဍ
(မက္ကာမြို့တော်ကျ-အစောင် ၃၀၊ ၄ အာယသ်တော်
)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၆း ၁။ ကိုရိုက်ရှ် အမျိုးသားတို့၌ အလေ့အထရှိကြသောကြောင့်။

၁၀၆း ၂။ ထိုကိုရိုက်ရှ် အမျိုးသားတို့သည် ဆောင်းဥတု၌၄င်း၊ နွေဥတု၌၄င်း၊ ခရီးထွက်လေ့ရှိသောကြောင့်။

၁၀၆း ၃။ သို့ဖြစ်ရာ ၄င်းတို့သည် ဤအိမ်တော် (ကအ်ဗဟ်) ၏ အရှင်မြတ်အား ကိုးကွယ်ကြကုန်၏။

၁၀၆း ၄။ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့အား ဆာလောင်မွတ်သိပ်သောအခါ အဟာရ ကျွေးမွေးတော်မူခဲ့၏။ ထိုမှတစ်ပါး ၄င်းတို့အား စိုးရိမ်သောအခါ ဘေးရန်ကင်းစေတော်မူခဲ့၏။

No comments: