၀၆၂။ စူရာ ဂျူမုအဟ်း သောကြာနေ့ ကဏ္ဍ
( မဒီနာမြို့တော်ကျ- ၁၁ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၆၂း ၁။ မိုးကောင်ကင်ရှိအရာမှန်သမျှတို့သည်၎င်း၊ မြေပထ၀ီရှိ အရာမှန်သမျှတို့သည်၎င်း၊ စိုးမိုးအုပ်ချုပ် သော၊ စင်ကြယ်သော၊ အလွန်ခန့်ညားသော၊ ဆင်ခြင်ထံတရားနှင့်ပြည့်စုံသော အလ္လာဟ်အရှင်မြတ်အား သန့်ရှင်းစင်ကြယ်ကြောင်း မြွက်ဆိုလျှက်ရှိကြ၏။

၀၆၂း ၂။ ထိုအရှင်မြတ်သည် စာပေမတတ်သူတို့ထံ ၄င်းတို့အနက်မှ တမန်တော်တစ်ပါးကို စေလွှတ်ခဲ့၏။ ထိုတမန်တော်သည် ၄င်းတို့ရှေ့ဝယ် ထိုအရှင်၏ အာယသ်တော်များကို ဖတ်ကြားခဲ့၏။ ထို့အပြင် ၄င်းတို့ကို စင်ကြယ်အောင်ပြုလုပ်ခဲ့၏။ ထို့အပြင် ၄င်းတို့အား ကျမ်းကို၎င်း၊ ဥါဏ်ပညာကို၎င်း သင်ကြားပို့ချခဲ့၏။ စင်စစ် ထိုသူတို့သည် ထင်ရှားသော လမ်းမှား၌ ရှိနေခဲ့၏။

၀၆၂း ၃။ ထို့အပြင် ထိုအရှင်မြတ်သည် ၄င်းတို့အနက်မှ ၄င်းတို့နှင့် ပူးပေါင်းခြင်းမရှိသေးတို့အတွက်လည်း တမန်တော်ကို စေလွှတ်ခဲ့၏။ စင်စစ် ထိုအရှင်မြတ်သည် အလွန်ခန့်ညားသော၊ ဆင်ခြင်ထံတရားနှင့်ပြည့်စုံ သော အရှင်မြတ်ပင်ဖြစ်သည်။

၀၆၂း ၄။ ဤသည်ကာ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်ဖြစ်သည်။ မိမိအလိုရှိသောသူကို ၄င်းကျေးဇူး တော်ကို ပေးသနားတော်မူလေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်သော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်သည်။

၀၆၂း ၅။ တောင်ရာသ် ကျမ်းနှင့် ပတ်သက်၍ တာဝန်ရှိသူတို့၊ ၄င်းတို့၏ တာဝန်မကျေပွန်မှုနှင့် ဆက်လျှဉ်း သည့် ဥပမာကား၊ ကျမ်းစာအုပ်များ တင်ဆောင်ထာသည့် မြည်းသတ္တ၀ါကဲ့သို့ဖြစ်၏။ စင်စစ် အလ္လာဟ် အရှင်မြတ်၏ အာယသ်တော်များကို ငြင်းဆိုခဲ့ကြသူတို့၏ သဘောကား အလွန်ယုတ်ညံ့လှ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားသူတို့ကို လမ်းမှန်သို့ ပို့ပေးမည် မဟုတ်ပါ။

၀၆၂း ၆။ အို တမန်တော် ပြေကြားပါ။ အို ရဟူဒီတို့ အသင်တို့သည်ချည်းသာ အခြားသူများမပါဘဲ အလ္လာဟ် အချစ်တော်များဖြစ်သည်ဟု ထင်မြင်လျှင် အသင်တို့သည် သေခြင်းတရားကို တောင့်တကြပါ။

၀၆၂း ၇။ သို့သော် ၄င်းတို့သည် မိမိတို့ လက်ဖြင့် ကြိုတင်ပို့ထားသော လုပ်ရပ်များကြောင့် မည်သည့်အခါမျှ သေခြင်းတရားကို တောင့်တမည်မဟုတ်ပါ။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားသောသူတို့အား ကောင်းစွာ သိရှိတောမူသော အရှင်မြတ်ဖြစ်သည်။

၀၆၂း ၈။ အိုတမန်တော် အသင်ပြောကြားပါ။ အသင်တို့ ထွက်ပြေးတိမ်းရှေုာင်သော သေခြင်းတရားသည် ဧကန်မလွဲ အသင်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက်အသင်တို့သည် လျှို့ဝှက်သမျှကို၎င်း၊ ထင်ရှားသမျှ ကို၎င်း သိရှိတော်မူသော အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိစေမည်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသတို့အား အသင်တို့ပြုမူချက်မှန်သမျှကို သိစေတော်မူမည်ဖြစ်သည်။

၀၆၂း ၉။ အို မု့မင်န် အပေါင်းတို့ သောကြာနေ့ ဆွလာသ် ၀တ်ပြုရန် အာဇာန်ပေးလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန် အဆောတလျင် သွားကြပါ။ ထို့အပြင် အရောင်းအ၀ယ်ကိစ္စများကို စွန့်လွှတ်ကြပါ။ ထိုသို့ပြုမှုခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးဖြစ်သည်ကို အသင်တို့ သိရှိကြလျှင် အကောင်းဆုံးဖြစ်၏။

၀၆၂း ၁၀။ ဆွလာသ်ဝတ်ပြုမှု ပြီးဆုံးလျင် အသင်တို့သည် မြေကမ္ဘာ၀ယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် ဖြစ်သည့် ရိက္ခာကို ဖွေရှာကြပါ။ ထို့အပြင် အလ္လာဟ်အရှင်မြတ်အား များစွာ သတိရလျှက်ရှိနေပါ။ သို့ဖြင့် အသင်တို့သည် အောင်မြင်သူများ ဖြစ်ပေလိမ့်မည်။

၀၆၂း ၁၁။ စင်စစ် သူတို့သည် အရောင်းအ၀ယ်၊ ရောင်းကုန်ဝယ်ကုန်၊ ပျော်ရွှင်စရာများကို မြင်သည့်အခါ အသင့်အား မတ်တတ် ထားရစ်ခဲ့ပြီး၊ ရောင်းကုန်များဘက်သို့ အပြေးသွားခဲ့ကြသည်။ အသင်ပြောကြားပါ။ အလ္လာဟ်ထံပါး၌ရှိသော အရာသည် ရောင်းကုန်ဝယ်ကုန်များ၊ ပျော်ပွဲရွှင်ပွဲများထက် သာလွန်ကောင်းမွန်သည်။ ထိုအပြင် အလ္လာဟ်အရှင်မြတ်သည် ရိက္ခာချီးမြှင့်သူတို့အနက် အကောင်းဆုံး ရိက္ခာချီးမြှင့်သူ အရှင်မြတ်ပင် ဖြစ်ပါသည်။
No comments:
Post a Comment