Saturday, October 10, 2009

Surah 061 As Saff : The Column


၀၆၁။ စူရာ ဆွဖ်း အစီအတန်းများ ကဏ္ဍ
( မဒီနာမြို့တော်ကျ- ၁၄ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၆၁း ၁။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌သမျှတို့ သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်းမြွက်ဆိုလျက်ရှိကြကုန်၏ ။ အမှန်သော်ကား ထိုအရှင်မြတ်သည် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏ ။

၀၆၁း ၂။ အို- ”မုအ်မင်န်” သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မည်သည့်အတွက်ကြောင့် မိမိတို့မပြုလုပ်ကြသောကိစ္စကို (ပြုလုပ်လေဟန်) ပြောဆိုကြသနည်း။

၀၆၁း ၃။ အလ္လာဟ်အရှင်ညမြတ် ထံတော်တွင် အသင်တို့မပြုကြသောအမူကိစ္စကို (ပြုလုပ်လေဟန်) ပြောဆိုခြင်းသည် လွန်စွာမုန်းတီးစက်ဆုပ်ဖွယ်ကောင်းလှ၏ ။

၀၆၁း ၄။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်၏ လမ်းတော်၌ စီတန်းလျက် လွန်စွာ သိပ်သည်း ခိုင်ခံ့လှစွာသော အဆောက်အအုံကဲ့သို့ပင် (မဆုတ်မနစ်၊ စိတ်ဓာတ် တည်ကြည်ကြံ့ခိုင်စွာ) တိုက်ခိုက်ကြကုန်သောသူတို့အား နှစ်မြို့တော်မူပေသတည်း။

၀၆၁း ၅ ။ ၄င်းပြင်၊ ပြန်လည် သတိရရှိကြလေကုန်။ တစ်ရံရောအခါဝယ် (နဗီတမန်တော်) ”မူစာ” သည်မိမိ အမျိုးသားတို့အား ”အို-ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ် အရှင်မြတ် ၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်ကြောင်း ဧကန်မလွဲ အသင်တို့ သိရှိပြီးဖြစ်ကြပါလျက် မည်သည့် အတွက်ကြောင့် အသင်တို့သည် ငါ့အားဒုက္ခပေးကြသနည်း”ဟုပြောကြားခဲ့လေ၏၊ သို့ပါလျက် ၄င်းတို့သည် လွဲချော်မှောက်မှားခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ် ၄င်းတို့၏ စိတ်နှလုံးကို လွဲချော် မှောက်မှားစေခဲ့၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သွေဖည်သူတို့အား လမ်းမှန်သို့ ရောက်စေသည် မဟုတ်ပါ။

၀၆၁း ၆ ။ ထို့အပြင် ပြန်၍ သတိရကြပါ။ တစ်ခါ မရ်ယမ်၏ သား တမန်တော် အီစာ သည် ဤသို့ပြောခဲ့၏။ အို အစ္စရာအီလ် တို့ ငါသည် အသင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ် အရှင်မြတ် ၏ ရစူလ်တမန်တော် မုချအမှန်ဖြစ်သည်။ မိမိအလျှင်ရှိနေသော တောင်ရာသ်ကျမ်းကိုလည်း ထောက်ခံသူ ဖြစ်သည်။ မိမိနောက်တွင် အဟ်မဒ် အမည်ရှိနံမည်ဖြင့် ပွင့်အံ့သော ရစူလ် တမန်တော်နှင့်ပတ်သက်၍ သတင်းကောင်းပြောသူလည်းဖြစ်ပါသည်။ အကြင်အချိန် ထိုတမန်တော်သည် လက္ခဏာများဖြင့် ရောက်လာသည့်အခါ ၄င်းတို့က ဤသည်တို့သည် ထင်ရှားသော ပဉ္စလက်အတတ်ပင်ဖြစ်သည်ဟု ပြောကြ လေသည်။

၀၆၁း ၇။ စင်စစ် မိမိတို့သည် အစ္စလာမ်သာသနာတော်သို့ ဖိတ်ဖေါ်ခံရလျှက် မိမိတို့သည် အလ္လာဟ် အရှင်မြတ်ကို မုသားပြောသူထက် မတရားသောသူသည် အဘယ်သူဖြစ်အံ့မည်နည်း။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သွေဖည်သူတို့အား လမ်းမှန်သို့ ရောက်စေသည် မဟုတ်ပါ။

၀၆၁း ၈။ ၄င်းတို့သည် အလ္လာဟ်ရောက်ခြည်ကို မိမိတို့ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြ၏ ကာဖိရ်တို့ မနှစ်မြို့သည့် တိုင် အလ္လာဟ်အရှင်မြတ်သည် မိမိရောင်ခြည်ကို ပြည့်စုံအောင်လုပ်မည် အရှင်မြတ်ဖြစ်သည်။

၀၆၁း ၉။ မုရှ်ရိက်တို့ မနှစ်မြို့သည်တိုင် ထိုအရှင်မြတ်သည် မိမိတမန်တော်အား တရားလမ်းမှန်ဖြင့်၎င်း၊ ဘာသာအပေါင်းထက်ဝယ် မှန်ကန်သော ဘာသာသာသနာဖြင့်၎င်း၊ စေလွှတ်တော်မူခဲ့သည်။

၀၆၁း ၁၀။ အိုမု့မင်န်အပေါင်းတို့ အသင်တို့အား အလွန်နာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်မှ လွတ်မြောက်စေသော ဖောက်ကားမှုကို ငါအရှင်မြတ် ညွှန်ပြတော်မူရမည်လော။

၀၆၁း ၁၁။ အသင်တို့သည် ထိုအရှင်မြတ်အား၎င်း၊ ထိုအရှင်မြတ်၏ ရစူလ်အား၎င်း၊ အီမာန်ယူလာရမည်။ ထို့နောက် အသင်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းဖြင့်၎င်း၊ အသက်ဇီဝိန်ဖြင့်၎င်း၊ အလ္လာဟ်လမ်းဝယ် သက်စွန့်ကြိုးပမ်းရမည်။ ဤသည်မှာ အသင်တို့အဖို့ အကောင်းဆုံးဖြစ်သည်ကို အသင်တို့သိလျှင် အကောင်း ဆုံးပင်ဖြစ်သည်။

၀၆၁း ၁၂။ ထိုအပြင် အသင်တို့၏ အပြစ်များကို ခွင့်လွှတ်ပြီး အောက်မှ တသွင်သွင်စီးတွေလျက်ရှိသော ချောင်းများရှိသည့် ဥယျဉ် (အေဒင်န်) အတွင်းသို့ ၀င်ရောက်ခွင့်ပြုမည်။ ထိုနေအိမ်များဝယ် အမြဲ ထာဝစဉ် နေထိုင်ရမည်ဖြစ်ပြီး ၄င်းသည် ကြီးကျယ်သော အောင်မြင်မှုပင် ဖြစ်သည်။

၀၆၁း ၁၃။ ထို့အပြင် အသင်တို့နှစ်သက်မည့် အခြားကျေးဇူးတစ်ပါးကိုလည်း ချီးမြှင့်တော်မူမည်။ ၄င်သည် အလ္လာဟ်ထံတော်မှ ကူညီစောင့်မမှုနှင့် နီးကပ်နေသည့် အောင်မြင်မှုပင်ဖြစ်သည်။ အိတမန်တော် မုမင်န်တို့ အားသတင်းကောင်းကို ပြောကြားပါလေ။

၀၆၁း ၁၄။ အိုအီမာန်ယုံကြည်သူတို့ မရ်ယမ်၏သား အီစာတမန်တော်က ဟ၀ါရီ တို့အားပြောသကဲ့သို့ မည်သူသည် အလ္လာဟ်အရှင်မြတ်၏ သာသနာကို ကူညီသူများ ဖြစ်ကြမည်နည်း။ ထိုအခါ ဟ၀ါရီတို့က ကျွန်ုပ်တို့သည် ကူညီမည့်သူများဖြစ်သည်ဟု ပြောကြပါသည်။ သို့ဖြင့် အစ္စရာအီလီမျိုးနွယ်တို့အနက် အချို့ သည် အီမာန်ရှင်များဖြစ်ကြလျှင် အချို့မှာ သွေဖည်သူများဖြစ်ကြ၏။ ငါအရှင်မြတ်သည် အီမာန်ရှင်တို့ကို ကူညီသဖြင့် ၄င်းတို့သည် ရန်သူများအပေါ် အောင်မြင်သူများဖြစ်ကြကုန်၏။


No comments: