မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
၀၆၃း ၁။ မုနာဖိက် တို့သည် အသင့်ထံရောက်လာကြသောအခါ မုချ အသင်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ် တမန်တော်ဖြစ်ကြောင်းကို မိမိတို့ သက်သေခံကြပါသည်ဟု ပြောဆိုကြ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်သည် ထိုအရှင်၏ ရစူလ်ဖြစ်ကြောင်းကို ကောင်းစွာသိရှိ၏။ သို့သော် အလ္လာဟ်အရှင်သည် မုနာဖိက်များ မုသာဝါဒီများဖြစ်ကြောင်း သက်သေခံတော်မူ၏။
၀၆၃း ၂။ ၄င်းတို့သည် မိမိတို့၏ ကြိမ်ဆိုချက်ကို အကာအကွယ်လုပ်ကာ (အခြားသူတို့အား) အလ္လာဟ်လမ်းမှ တာဆီးပိတ်ပင်ခဲ့ကြ၏။ စင်စစ် ၄င်းတို့၏ ပြုမှုချက်များသည် ဆိုးရွားလှ၏။



၀၆၃း ၅။ ၄င်းအပြင် သူတို့အား အသင်တို့လာကြ၊ အလ္လာဟ်တမန်တော်သည် အသင်တို့ကို လွတ်ငြိမ်းချမ်းသာ ခွင့် ပန်ကြားပေးမည်ဟု ပြောသည့်အခါ သူတို့သည် ဦးခေါင်းများကို ခါရမ်းကြသည်။ အိုတမန်တော် အသင်သည် ၄င်းတို့အား မာနထောင်လျှက် ပြန်လှည့်သွားသည်ကို တွေ့မြင်ရမည်။
၀၆၃း ၆။ အသင်တို့ ၄င်းတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသည်ဖြစ်စေ၊ မပန်ကြားသည်ဖြစ်စေ၊ ၄င်းတို့အတွက် အကြောင်းမထူးပါ။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖေါက်သူများကို တရားလမ်းမှန် ပြမည်မဟုတ်ပေ။




၀၆၃း ၁၀။ ထို့အပြင် အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ “မရဏ” သေခြင်းတရား ဆိုက်ရောက် မလာမီပင် အသင်တို့သည် မိမိတို့အား ငါအရှင်မြတ်ချီးမြှင့် ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲ(လှူဒါန်း)ကြလေကုန်။ ထို (“မရဏ” သေခြင်းတရားရောက်လာသော)အခါ ထိုသူသည် “အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူသောအရှင်မြတ်၊ အရှင်မြတ် အဘယ်ကြောင့် ကျွန်တော်မျိုးအား အချိန်ကာလ အနည်းငယ် ရွှေ့ဆိုင်းခွင့်ပေးတော်မမူပါသနည်း။ သို့ပေးတော် မူခဲ့ပါလျှင် ကျွန်တော်မျိုးသည် အလှူဒါနပြုသည့်ပြင် သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါမည်” ဟုလျှောက်ထားပေမည်။
၀၆၃း ၁၁။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ၄င်း (သေခြင်းတရား) နှင့်ပတ်သက်၍ သတ်မှတ်ပြဠာန်းပြီးဖြစ်သော အချိန်ကာလ ဆိုက်ရောက်လာခဲ့လျှင် ရွှေ့ဆိုင်းခွင့် အလျှင်း ပြုတော်မူသည် မဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
No comments:
Post a Comment