Wednesday, October 7, 2009

Surah 064 At Taghabun : Mutaul Blaiming


၀၆၄။ စူရာ တဃာဗွန်း အရှုံးအမြတ်ပေါ်လွင်မည့်နေ့ ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၁၈ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၆၅း ၁။ မိုးကောင်းကင်ရှိအရာမှန်သမျှတို့သည်၎င်း၊ မြေပြင်ရှိအရာမှန်သမျှတို့သည်၎င်း အလ္လာဟ်အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို မြွက်ဆိုလျှက်ရှိကြသည်။ စိုးမိုးအုပ်ချုပ်မှု ဟူသည်၎င်း၊ ချီးမွန်းထောပနာ ဟူသမျှသည်၎င်း ထိုအရှင်မြတ်ထံ၌သာရှိပေသည်။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်သော အရှင်မြတ်ဖြစ်ပေသည်။

၀၆၅း ၂။ ထိုအရှင်မြတ်သည်သာ အသင်တို့ကို ဖန်ဆင်းခဲ့ပြီး၊ အသင်တို့အနက် အချို့သည် ကာဖိရ် ဖြစ်ပြီး၊ အချို့မှာ အီမာန်ရှင်များဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမှုမှန်သမျှကို အကြွင်းမဲ့မြင့်တော်မူသော အရှင်မြတ်ဖြစ်သည်။

၀၆၅း ၃။ ထိုအရှင်မြတ်သည် မိုးနှင့်မြေကို ဆင်ခြင်ထုံတရားဖြင့် ဖန်ဆင်းခဲ့၏။ ၄င်းအပြင် ထိုအရှင်မြတ်သည် ၄င်းတို့၏ ပုပန်းသဏ္ဍန်ကို ကောင်းစွာပြလုပ်ခဲ့၏။ ထိုမှတစ်ပါး အသင်တို့၏ နောက်ဆုံးပြန်ရာစခန်းသည်လည်း ထိုအရှင်မြတ်ထံတော်သို့ပင်ဖြစ်သည်။

၀၆၅း ၄။ ထိုအရှင်သည် မိုးနှင့်မြေရှိအရာအားလုံးကို သိရှိတော်မူ၏။ ထို့အပြင် ထိုအရှင်သည် အသင်တို့၏ လျှို့ဝှက်သည့် အမှုကိစ္စကိုတို့ကို၎င်း၊ ထင်ရှားသည့် အမှုကိစ္စတို့ကို၎င်း သိရှိတော်မူ၏။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်းရှိသမျှတို့ကို အကြွင်းမဲ့ သိရှိတော်မူသော အရှင်မြတ်ဖြစ်ပေသည်။

၀၆၅း ၅။ အသင်တို့ထံ သွေဖည်ငြင်းပယ်သူတို့၏ သတင်းမရောက်ခဲ့လေသလော။ သူတို့သည် မိမိတို့၏ အပြုအမူနှင့် ပတ်သက်၍ အပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြလေပြီ။ ထို့အပြင် အာခိရသ်တွင် လည်း နာကျင်စဖွယ် ပြစ်ဒဏ်သည် ရှိချေဦးမည်။

၀၆၅း ၆။ ထိုသို့ဖြစ်ခြင်းသည် ၄င်းတို့ထံ ၄င်းတို့၏ တမန်တော်များ ထင်ရှားသည့် သက်သေသာဓက များဖြင့် ရောက်လာသည့်အခါ၊ ၄င်းတို့က လူသားသည် မိမိတို့ကို တရားလမ်းမှန်ပြသမည်လောဟု ပြောဆိုခဲ့ကြ၏။ ထို့နောက် ၄င်းတို့သည် သွေဖည်ကြ၏။ ကျော်ခိုင်းကြ၏။ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ကို ဂရုစိုက်ခြင်းမရှိပါ။ အကြောင်းကား အလ္လာဟ်အရှင်မြတ်သည် လိုလာမှုကင်းသော၊ ချီးမွမ်းမှု ဂုဏ်နှင့်ပြည့်ဝသော အရှင်ဖြစ်ပေသည်။

၀၆၅း ၇။ ကာဖိရ်သူတို့က ပြန်လည်ရှင်သန်ထကြရမည်မဟုတ်ဟု ထင်မြင်ကြ၏။ အိုတမန်တော် အသင်ပြောကြားကြပါလေ၊ အဘယ်ကြောင်မဟုတ်သနည်း၊ ငါ့အားဖန်ဆင်းသည့်အရှင်အား တိုင်တည်၍ ပြောအံ့၊ ဧကန်စင်စစ် အသင်တို့သည် ရှင်ပြန်ထကြပေမည်။ ထို့နောက် အသင်တို့ လုပ်ခဲ့သမျှကို သိစေဦးမည်။ ထိုအလုပ်သည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူလှ၏။

၀၆၅း ၈။ သို့ဖြစ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား၎င်း၊ ထိုအရှင်၏ တမန်တော်အား၎င်း၊ ငါအရှင်ချပေးသည့် အလင်းရောင်အား၎င်း အီမာန်ယုံကြည်ကြလေကုန်။ စင်စစ် အလ္လာဟ်အရှင်မြတ် သည် အသင်တို့၏ လုပ်ရပ်မှန်သမျှကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်ဖြစ် တော်မူသည်။

၀၆၅း ၉။ ထိုနေ့တွင် အရှင်မြတ်သည် အသင်တို့အား စုရုံးမည့်နေရာတွင် စုရုံးတော်မူမည်။ ထို့နေ့သည် အနိုင်အရှုံးကို အမှန်အတိုင်း သိရမည့်နေ့ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အား အီမာန်ထားလျှက် ကောင်းမှုကျင့်ကြံလျှင် ထိုအရှင်မြတ်သည် ၄င်း၏ မကောင်းသည့်စရိုက်ကို ပပျောက်စေမည့်အပြင် စမ်းချောင်းများ တသွင်သွင်စီးတွေနေသည့် ဥယျဉ်သို့လည်း ၀င်ရောက်စေမည်။ ဤသည်ကာ ကြီးမာသော အောင်မြင်မှုပင်ဖြစ်သည်။

၀၆၅း ၁၀။ သို့သော်လည်း အကြင်သူသည် ငြင်းပယ်ခဲ့သည်။ ငါအရှင်မြတ်၏ အာယသ်တော်များကို ငြင်းပယ်ခဲ့၏။ ထိုသူတို့သည် ငရဲမီးဝယ် အစဉ်နေထိုင်ကြရမည့်သူများဖြစ်သည်။ စင်စစ် ထိုငရဲသည် အလွန်နိမ့်ကျသော စခန်းဖြစ်သည်။

၀၆၅း ၁၁။ ဘေးဒုက္ခဟူသမျှသည် အလ္လာဟ်အရှင်မြတ် အမိန့်ကြောင့်သာ သက်ရောက်၏။ ထို့အပြင် မည်သူမဆို အလ္လာဟ်ကို အီမာန်ထားလျှင် သူအား လမ်းမှန်ကိုပြသပေမည်။ အလ္လာဟ်ရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့သိရှိတော်မူသောအရှင်ဖြစ်သည်။


၀၆၅း ၁၂။ ထို့အပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ ရစူလ်တမန်တော်မြတ်ကို၎င်း၊ အမိန့်နာခံကြပါ။ အကယ်၍ အသင်တို့သည် အမိန့်တော်များကို မျက်နှာလွဲသွားလျှင် ငါအရှင်မြတ်သည် မိမိ၏ တမန်တော်အပါ် ပြတ်သားသော အမိန့်များကို ပို့ဆောင်ရန်သာ ရှိပေသည်။

၀၆၅း ၁၃။ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားဆည်းကပ်ကိုးကွယ်ရာအရှင်မရှိပါ။ သို့ဖြစ်၍ အီမာန်ရှင်တို့ဥည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ အားထားသင့်ပေသည်။

၀၆၅း ၁၄။ အို အီမာန်ယုံကြည်သူအပေါင်းတို့ အသင်တို့၏ ဇနီးမယားတွင်၎င်း၊ သားသမီးများတွင်၎င်း၊ ရန်သူရှိသည်။ သို့ဖြစ်၍ ၄င်းတို့ကို သတိပြုကြပါ။ သို့ဖြစ်၍ အသင်တို့သည် သူတို့အား ခွင့်လွှတ်ကြလျှင်၎င်း၊ လျစ်လျူရှုကြလျှင်၎င်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးလျင်၎င်း၊ အလ္လာဟ်အရှင်မြတ်သည် အလွန် ခွင့်လွှတ်တော်မူသော၊ သနားကြင်နာတော်မူသော အရှင်ဖြစ်သည်။

၀၆၅း ၁၅။ အသင်တို့၏ ဥစ္စပစ္စည်းများသည်၎င်း၊ သားသမီးများသည်၎င်း၊ စမ်းသပ်မှုသာလျှင်ဖြစ် ကုန်၏။ ထို့အပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ကြီးမားသော အကျိုးကျေးဇူးရှိပေသည်။

၀၆၅း ၁၆။ သို့ဖြစ်၍ အသင်တို့သည် တတ်နိုင်သလောက် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ နာခံကြပါ။ မိမိတို့အကျိုးအတွက် လှူဒါန်းကြကုန်။ စင်စစ် မည်သူမဆို လောဘမှလွတ်ကင်းပါက အောက်မြင်သူများဖြစ်ပေလိမ့်မည်။

၀၆၅း ၁၇။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ ကောင်းစွာ ချေးငှားမိလျှင် ထိုအရှင်မြတ်သည် ထိုချေးငှားမှုကို ဆထက်တိုးပွားစေပြီး အသင့်တို့အားလည်း ခွင့်လွှတ်ချမ်းသာပေးမည်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန် ရက်ရောသော၊ ကျေးဇူးတုံ့ပြန်သော၊ သည်းခံခြင်းတရားနှင့် ပြည့်စုံသော အရှင်ဖြစ်တော်မူ၏။

၀၆၅း ၁၈။ လျှို့ဝှက်စွာရှိသည်တို့ကို၎င်း၊ ထင်ရှားစွာ ရှိသည်တို့ကို၎င်း၊ သိရှိတော်မူသောအရှင်၊ အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ လွန်စွာ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားးနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသည်။


No comments: