(မက္ကာမြို့တော်ကျ- အစောင် ၁၊ ကဏ္ဍ ၂၊ ၂၈၆ အာယသ်တော်၊ ၄၀ ရကူ)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။



























၀၀၂း ၂၇။ ထို(သူယုတ်မာ)တို့သည် အလ္လာဟ်အရှင်မြတ်နှင့် သစ္စာထားခဲ့ပြီးမှ သစ္စာကို ဖောက်ဖျက်ကြ၏။ အချင်းချင်း ရင်းနှီးစွာဆက်ဆံရန် အမိန့်ရှိသည်ကိုလည်း ဖောက်ဖျက်ကာ အဆက်အသွယ်ဖျက်ကြ၏။ မြေကမ္ဘာတွင်လည်း ပြဿနာများဖန်တီးကြ၏။ စင်စစ် ထိုသူတို့သည် ပျက်စီးဆုံးရှုံးမည့်သူများဖြစ်ကြ၏။














၀၀၂း ၄၁။ အိုအိစ်ရာအိလ်တို့၊ အသင်တို့သည် အသင်တို့ထံရှိ မှန်ကန်သော ကုရ်အာန်ကျမ်းမြတ်ကို လက်ခံကြကုန်၊ အသင်တို့သည် ထိုကျမ်းမြတ်ကို ပထမဦးဆုံး ငြင်းဆိုသူများ မဖြစ်စေနှင့်၊ ၄င်းကျမ်းမြတ်ကို အနည်းငယ်မျှသော ငွေဖြင့် မရောင်းချကုန်လင့်၊ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြကုန်လော့။










၀၀၂း ၅၁။ တစ်နေ့သောအခါ ငါအရှင်သည် မူစာ (အ) အား ရက်လေးဆယ်လွန်လျှင် (ကျမ်းချပေးရန်) ဂတိထားတော်မူ၏။ ထိုသို့ မူစာ(အ) သိနတောင်ပေါ်သတင်းသုံးနေခိုက် အသင်တို့သည် နွားရုပ်ကို ဘုရား အဖြစ် ရုပ်ထုလုပ်ကာ ကိုးကွယ်ကြကုန်၏။ စင်စစ် အသင်တို့သည် ကျူးလွန်သူများဖြစ်ကုန်၏။






















































၀၀၂း ၁၀၃။ (ယဟူဒီဘာသာဝင်တို့၏ အဖြစ်သည် ၀မ်းနည်းကြေကွဲစရာပင်၊) အကြောင်းမှာအကယ်၍သာ ထိုသူတို့သည်(အလ္လာဟ် အရှင်မြတ်၏ တရား ဒေသနာတော်များကို စိတ်စေတနာဖြူစင်စွာဖြင့်) ယုံကြည်မြတ်နိုး၍ ပြစ်မှုဒုစရိုက်များမှဝေးစွာကြဉ် ရှောင်ပါမူ ယင်းသူတို့သည် (အလွန်ချစ်ကြင်သနားတော်မူသော) အလ’ဟ်အရှင်မြတ်အထံတော်မှ ထူး ကဲမြင့်မြတ်လှစွာသော ဆုလာဘ်ပဏ္ဏာများကို ဧကန် မုချ ရကြကုန်ရာသည်။ ယင်းသူတို့သည် (ဤမျှပင်) သိရှိနားလည်ကြပါမူတော်လေစွတကား။


၀၀၂း ၁၀၅။ အထက်ကျော်ကာလများက ကျမ်းရခဲ့ပြီးဖြစ်သောလူတို့ အနက်မှသော်လည်းကောင်း၊ တစ်ဆူတည်းသောအလ္လာဟ် အရှင်မြတ်နှင့် တွဲဘက်ယှဉ်တွဲ၍ အခြားအရာများကိုပါ ကိုးကွယ်ကြသောသူများအနက်မှသော်လည်းကောင်း၊(အလ္လာဟ် အရှင်မြတ်ကို) မယုံမကြည် သွေဖည်ငြင်းဆန်သောသူတို့သည် အသင်တို့အား ပြုစုပျိုးထောင် မွေးမြူ တော်မူသောအလ္လာဟ် အရှင်မြတ်၏ အထံတော်မှ အသင်တို့အထံဝယ် မည်သည့်ကောင်းကျိုးချမ်းသာ (ကြီးပွားရာကြီးပွားကြောင်း နှင့်အမိန့်ဗျာဒိတ်တော်များ)ပို့ချပေးသနားတော်မူခြင်းကို(လုံးဝ) မနှစ်သက်ကြချေ။ သို့ရာတွင် (ယင်းသူတို့၏ မနာလိုဝန်တို ဣဿာမစ္ဆရိ ယစိတ်စေတနာ ထားခြင်းသည် အချည်းနှီးပင်တည်း)။အဘယ်ကြောင့်ဟူမူ အလ္လာဟ် အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများကို (သာလျှင်) မိမိကရုဏာ တော်မြတ် (သက်ရောက်စေတော်မူရန်) သီးသန့် ခြားနားရွေးကောက်တော်မူလေသည်။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် မြင့်မြတ်သောကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်တည်း။












၀၀၂း ၁၁၇။ (ထိုအလ္လာဟ် အရှင်မြတ်သည်) မိုဃ်းကောင်းကင်များနှင့်တကွ ပထ၀ီမြေပြင်ကို စတင်ပြုပြင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည်၊ (ထိုမျှမကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ် သည် တစ်စုံတစ်ခုသော အမှုကိစ္စကိုဆုံးဖြတ်စီရင် ပြဋ္ဌာန်းတော်မူလိုပါလျှင် (နတ္ထိတ မရှိရာဘ၀မှအတ္ထိတ ရှိရာဘ၀သို့) ဖြစ်စေ(ဟူသောအမိန့်တော်) ပေးရုံမျှဖြင့်ထိုအမှုကိစ္စအ၀၀တို့သည် (ပြကတေ့ အလိုရှိတော်သူသည့်အတိုင်း တခဏချင်းတွင်ပင်) ဖြစ်ပေါ်လာလေသတည်း။



၀၀၂း ၁၂၀။ အမှန်သော်ကား (အို-ချစ်တမန်တော် အသင်သည် နဗီတမန်တော်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ မည်မျှလောက်ပင် ထောက်ခံချက် သက်သေလက္ခဏာ တော်များကိုဟောပြငြားပါလည်း အချည်းနှီးအကျိုး မဲ့သာဖြစ်အံ့) ယဟူဒီနှင့်ခရစ်ယာန်တို့သည် ၎င်းတို့၏ ဘာသာအယူဝါဒကို အသင်မလိုက်နာသမျှ ကာလ ပတ်လုံး အသင့်အား မည်သည့်အခါမျှနှစ်သိမ့်ကျေနပ်ကြမည်မဟုတ်ပေ၊ (သို့ဖြစ်လေရာ အသင်သည် ယင်းသူတို့အား) အလ္လာဟ် အရှင်မြတ် ညွှန်ကြားပြသတော်မူသော တရားလမ်းသည်သာလျှင် မုချဧကန် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်တည်းဟု(ပွင့်လင်းစွာတုံ့ပြန်)ပြောဆိုပါလေ။ ထိုမှတစ်ပါးတုံ (အလ္လာဟ် အရှင်မြတ်အထံ တော်မှ)အသင်၏ထံသို့ (ယုံကြည်စိတ်ချဘွယ်ရာသော) အသိတရားရောက်ရှိလာ ပြီးသည့် နောက် အကယ်၍သာ အသင်သည် ယင်းသူတို့၏ ယုတ်ညံ့သိမ်ဖျင်းသောအလိုဆန္ဒ များကို လိုက်နာခဲ့အံ့၊(ထိုသို့ သောအခါဝယ်)မည်သူ တစ်ဦးတစ်ယောက်မျှ အလ္လာဟ် အရှင်မြတ်(ပေးတော်မူမည့် အပြစ်ဒဏ်များ)မှ အသင့်အားစောင့်ရှောက်သူ မိတ်သဟာဟူ၍ လည်းကောင်း၊ ကူညီအားပေး စောင်မမည့်သူဟူ၍ လည်း ကောင်း၊ မရှိတော့ပြီ။





၀၀၂း ၁၂၅။ ၎င်းပြင် အသင်တို့သည် ပြန်လည်အောက်မေ့သတိရကြကုန်လော့၊ အခါတပါး၌ ငါအရှင်မြတ်သည် (ကအ်ဗဟ်)ကျောင်းတော်မြတ် ကို လူခပ်သိမ်း တို့အဘို့ သွားရောက်စုဝေးရာ ဗဟိုဌာနအဖြစ်ဖြင့်လည်းကောင်း၊ အဘယဒါယီဘေးရန် ခပ်သိမ်း ကင်းငြိမ်းရာ ဌာန အဖြစ်ဖြင့်လည်းကောင်း၊ပြုလုပ်သတ်မှတ်တော်မူခဲ့လေပြီ။ ထို့ပြင်တ၀ နဗီတမန်တော်အစ်ဗ်ရာဟီမ်(အ) ရပ်တည် ရာနေရာကို ဆွလာတ်ဝတ်ပြုရန်နေရာအဖြစ် သတ်မှတ်ကြကုန်ဟူ၍ အသင်တို့ကို ငါမိန့်တော်မူခဲ့ လေသည်။ ထိုမှတပါး ငါအရှင်မြတ်သည် နဗီတမန်တော်အစ်ဗ်ရာဟီမ်(အ)နှင့် နဗီတမန်တော် အစ္စမာအီလ်(အ)တို့အားအသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လှည့်ပတ်ဖူးမျှော်ကြသူတို့ အဘို့အရာလည်းကောင်း၊ တရားကိုနှစ်သက်၍ ထိုကျောင်းတော်၌ တစ်ကိုယ်တစ်ကာယတည်း အိအ်တိကာဖ် ပြုလုပ်သီတင်းသုံး နေထိုင်ကြသူတို့ အဘို့အရာ လည်းကောင်း၊ ဦးညွတ်ရိုကျိုးသော သူအပေါင်းတို့ အဖို့အရာလည်းကောင်း၊ ပျပ်ဝပ်ဦးချသောသူအပေါင်းတို့အဘို့အရာလည်းကောင်း ဤငါ၏အိမ် တော်ကို(ရုပ်ပွားဆင်းတု၊ အညစ်အကြေး၊ အစရှိသည်တို့မှ) ရှင်းလင်းထားကြရမည်ဟု အမိန့်တော်ကို ချမှတ်တော်မူခဲ့ လေသတည်း။







၀၀၂း ၁၃၂။ ထို့ပြင် နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)နှင့်နဗီတမန် တော် ယအ်ကူဗ်(အ)တို့သည် ထိုအကြောင်း ကိစ္စနှင့်စပ်လျဉ်း၍ မိမိတို့၏သားများကို အို-ငါ၏ သားအပေါင်းတို့မုချဧကန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဘို့ရာ(အစ္စလာမ်) သာသနာ တော်ကို ရွေးချယ်တော်မူပြီးဖြစ်ရာအသင်တို့သည် အမိန့်တော်ကိုနာခံသော မွတ်စ်လင်မ်များ အဖြစ်နှင့် သာလျှင် သေဆုံးကြလေလော့ဟု နောက်ဆုံး စကားမှာကြားခဲ့လေသည်။





၀၀၂း ၁၃၇။ ထို့ကြောင့် အကယ်စင်စစ် (ယဟူဒီနှင့် ခရစ်ယာန် ဘာသာဝင်တို့သည်) အသင်တို့ယုံကြည်ကြသကဲ့သို့ယုံကြည်ကြပါမူ ဧကန်အမှန်ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြကုန်အံ့။ သို့ရာတွင် အကယ်၍သာ လွှဲဖယ်ရှောင်ရှားကျော ခိုင်းသွားကြပါမူ ယင်းသူတို့သည် ငြင်းခုံကွဲပြားဆန့်ကျင်ဘက်ပြုကြသူများသာ ဖြစ်ကြလတ္တံ့။ သို့ဖြစ်လေရာအကယ်၍ ယင်းသူတို့နှင့် ယှဉ်ပြိုင်ဖို့ရာ အကြောင်းကိစ္စပေါ်ပေါက်လာပါက အသင်သည် မစိုးရိမ်လင့်။ စင်စစ်သော်ကား ထို(အလ္လာဟ်) အရှင်မြတ်သည် အလုံးစုံတို့ကို အကြွင်းမရှိ ကြားတော်မူထသော အရှင်၊ အရာပ်သိမ်းကို အကြွင်းမရှိ သိစွမ်းတော်မူသောအရှင်ပေတည်း။

၀၀၂း ၁၃၈။ (အို-မွတ်စ်လင်မ် အပေါင်းတို့၊ အသင်တို့သည်ယဟူဒီနှင့်ခရစ်ယာန် ဘာသာဝင်တို့ကို ဟယ်-အချင်းတို့အကျွန်ုပ်တို့ကို) အလ္လာဟ် အရှင်မြတ်သည် (အစ္စလာမ်သာသနာတော်၏) ဆေးရောင်ဖြင့် ချယ်ထားတော်မူလေပြီ။ ထိုအလ္လာဟ် အရှင်မြတ် ထက်ပင် သာ၍ကောင်းမွန်စွာ ဆေးရောင်ချယ်နိုင်သူ မည်သူရှိပါသေးသနည်း။ ထို့ကြောင့် အကျွန်ုပ်တို့သည် ထိုအလ္လာဟ် အသျှင်မြတ်ကို သာလျှင် ခ၀ပ် ကိုးကွယ်ကြသူများဖြစ်ကြသည် (ဟု ပြောဆိုကြ ကုန်လော့)။

၀၀၂း ၁၃၉။ [အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)၊ အသင် သည်ယင်းယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့ကို] ဟယ်-အချင်းတို့အသင်တို့သည် အလ္လာဟ် အရှင် မြတ်နှင့် ပတ်သက်၍ ငါတို့နှင့်အခြေအတင် ပြောဆိုငြင်းခုံကြလေသလော၊ စင်စစ်တမူကားထိုအရှင်မြတ်သည်သာလျှင် ငါတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ မွေးမြူတော်မူသော အသျှင်တည်း။ ထို့ပြင်တ၀ ငါတို့၏ ကိုယ်ကျင့်သီလ များသည် ငါတို့အဖို့အရာသာဖြစ်သည်၊ ထိုနည်းတူစွာ အသင်တို့၏ ကိုယ်ကျင့်သီလ များသည်လည်း အသင်တို့အဘို့အရာသာဖြစ်သည်။ ငါတို့သည် ထိုအရှင်မြတ်ကိုသာလျှင် စိတ်စေတနာ ဖြူစင်စွာဖြင့် ကိုးကွယ်ဆည်းကပ်သူများ ဖြစ်ကြလေသည် ဟု ပြောကြားပါလေ။

စူရာ အလ် ဘကရာ အပိုင်း (၂) ကိုဆက်လက်ရှု့စားပါ။
No comments:
Post a Comment