စကားဦး
သမိုင်းဟူသည်မှာ အတိတ်ကာလနှင့် ပစ္စုပ္ပန်ကာလ၏ လူတို့၏ အခြေအနေအရပ်ရပ်ကို ဖော်ပြသော ပညာရပ်မျိုးကို ခေါ်ပါသည်။ သမိုင်းဘာသာသည် အသိဥာဏ်ရျိသူတိုင်းအား အကျိုးပြုပါသည်။ သမိုင်း၏ ရည်ရွယ်ချက်နှင့်အကျိုးအမြတ်မှာ မျက်မှောက်ကာလ၏ အခြေအနေအရပ်ရပ်နှင့် မျက်ကွယ်လာက၏ အခြေအနေအရပ်ရပ်တို့အား သုံးသပ်လေ့လာ၍ ရရှိသည့်အကျိုးအပေါ် လိုက်နာကျင့်သုံးနိုင်ခြင်းတို့ဖြစ်ပါသည်။
ဥပမာ ခေတ်အခါသမယတစ်ခု၌ ရှင်ဘုရင်တစ်ပါးသည် မိမိတိုင်းသူပြည်သားများအပေါ် မတရားညှင်းပန်းနှိပ် စက်သောကြောင့် ဘုရင်နှင့် တိုင်းသူပြည်သားတို့ မသင့်မမြတ် ဖြစ်လျှက်ရှိ၏။ တိုင်းသူပြည်သားများသည် ၄င်းဘုရင်နှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်လေသည်။ ဘုရင်က မတရား နှိပ်စက်လေ တိုင်းသူပြည်သားတို့သည် အစဉ် ပြန်လည်တိုက်ခိုက်လေဖြစ်သည်။ တိုင်းပြည်သည် တဖြေးဖြေးနှင့် စီးပွားရေး၊ လူမှုရေး၊ လယ်ရာ စိုက်ပျိုးရေးတို့တွင် စိတ်မ၀င်စားနိုင်ဖြစ်ကာ တဖြေးဖြေးနှင့် ချွတ်ချုံကျလာပါသည်။ အခြေခံလူတန်းစားတို့သည် တဖြေးဖြေး စားဝတ်နေရေး ထိခိုက်လာလေလေ မခံမရပ်နိုင်သည့်စိတ်များ ပွားများလာလေလေဖြစ်သည်။ ဘုရင်နှင့် အုပ်ချုပ်သူ လူတန်းစားတို့အဖို့ တိုင်းပြည်စီးပွားရေးထိခိုက်သော်လည်း သူတို့အဖို့ ထိခိုက်မှုမရှိဘဲ စားနေမြဲ သောက်နေမြဲ ဆက်လက်ကာ ပြည်သူတို့အား ဖိစီးနှိပ်စက်လေဖြစ်သည်။ ပြည်သူတို့သည် အဆုံးတွင် မခံနိုင်တော့ဘဲ စုပေါင်းကာ နန်းတော်သို့ ချီတက်ကြလေသည်။
ဘုရင်သည် မိမိ၏စစ်တပ်နှင့် ပြည်သူပြည်သား များကို နန်းတော်သို့ မချီတက်ရန် မိန့်ကြားလေသည်။ ပြည်သူတို့သည် ဘုရင့်အမိန့်ကို မနာခံနိုင်တော့ပါ။ ဆင်းရဲလွန်းသည့် ဒါဏ်ကို မခံနိုင်တော့သဖြင့် ဘုရင့်တပ်များ သတ်ပါကလည်း သေရန် အသင့်ဖြစ်နေလေ သည်။ ဘုရင်သည် စစ်တပ်ကို အမိန့်မနာခံသော ပြည်သူတို့အား သတ်ပစ်ရန် ညွှန်ကြားလေသည်။ ပြည်သူများ စွာကို သတ်ပစ်သော စစ်တပ်သည် အဆုံးတွင် မိမိတို့လည်း ပြည်သူတို့အတွင်းမှ ဖြစ်သည်ကို သိလာလေသည်။ မိမိတို့သည် မိမိတို့၏ ဆွေမျိုးသားချင်းများကို သတ်ပစ်ကြ သည်။ မိမိတို့၏ မိဘသားသမီးများ ကိုသတ်ပစ်ကြသည်ကို သိလာကြလေသည်။ ထိုအခါ စစ်တပ်သည် ပြည်သူတို့ဖက်မှ ရပ်တည်ကာ ဘုရင်ဆိုး နှင့် အုပ်ချုပ်သူများဖက်သို့ပြန်လှည့်ကာ တိုက်ခိုက်ကြပြန်သည်။ ဤတွင် ပြည်သူပြည်သားများသည် မိမိတို့၏ ဘုရင်ဆိုးကို တိုက်ခိုက်တော်လှန်နိုင်ခဲ့ပြီး မိမိတို့ပြည်သူအတွင်းမှ သမာသမတ်ရှိသော အရည်အချင်းရှိသော သူတော်ကောင်းတစ်ဦးကို ခေါင်းဆောင်အဖြစ်သတ်မှတ်ကာ တိုင်င်းပြည်ကို အုပ်ချုပ်စေလေသည်။ တိုင်းပြည် သည်လည်း သာယာဝပြောသော တိုင်းနိုင်ငံအဖြစ် တဖန်ရောက်ရှိသွားလေသည်။ အထက်ပါအကြောင်းအရာ သည် ယနေ့ကမ္ဘာနိုင်ငံအများအပြားတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် အတူတူပင်ဖြစ် ပါသည်။ ၄င်းအကြောင်းအရာကို ကြည့်လျှင် အာရေးဗျတိုင်း၏ အမှောင်ခေတ်အခြေအနေကို မီးမောင်းထိုး သယောင်ဖြစ်နေသည်ကို တွေ့ရမည်။
မက္ကာမြို့မှ ခေါင်းဆောင်များ၊ အုပ်ချုပ်သူလူကြီးများသည် ထိုနည်းအတိုင်းပင် မတရားဖိနှပ်အုပ်ချုပ်ခဲ့ကြသည်။ မတရားသော စနစ်၊ မတရားသောအယူအဆများကို အတင်းအဓမ္မ လုပ်ခိုင်းကြသည်။ မလုပ်ကြသော ပြည်သူ များကို အတင်းညှင်းပန်းနှိပ်စက်ကလူပြုကြသည်။ သတ်ဖြတ်ကြသည်။ ရက်စက်ကြသည်။ ထိုအခါ ပြည်သူလူထု အတွင်းမှပင် လူငယ်တစ်ဦးသည် မိမိ၏ ယုံကြည်မှုနှင့် ကိုးကွယ်မှုတရားအပေါ် မိမိ၏ ဖန်ဆင်းရှင် ကိုသိမြင်ကာ ပြည်သူအပေါင်းတို့ကို မှန်ကန်သော လမ်းကို ပြသကာ လွတ်လပ်မှန်ကန်သော စံနစ်နှင့် နိုင်ငံ တော်ကို တည်ထောင်ကြသည်။ ထိုသို့ တည်ထောင်သော လမ်းကြောင်းတွင် မြောက်များစွာသော ဘုရင်ဆိုးများ၊ အုပ်ချုပ်သူများကို တိုက်ခိုက်ဖယ်ရှားပစ်ပြီး မှန်ကန်သော စစ်မှန်သော ပြည်သူအများစုကို ကိုယ်စားပြုသော ဘာသာ သနာသနာနှင့် နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည့် သမိုင်းမှတ်တမ်းသည် ထင်ထင်ရှားရှား မိမိတို့အရှေ့တွင် တည်ရှိသည်ကို ကောင်းစွာသိရှိနိုင်သည်။
အထက်ပါအကြောင်းမရာများကို လေ့လာသူတိုင်းသည် မိမိတို့ခေတ်တွင် အဆိုအပါ အခက်အခဲများ၊ အရှုပ်အထွေးများ၊ ဘုရင်ဆိုးများ၊ မတရားအုပ်ချုပ်သူများနှင့် မတရားမှုများကို တွေ့ဆုံတိုင်း အဆိုပါ အတွေ့ အကြုံများကို သင်္ခန်းစားယူကာ မိမိတို့ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်သင့်သည့် နည်းလမ်းများကို သမိုင်းအဖြစ်အပျက်များမှ အတုယူကာ ကြိုးပမ်းဆောင်ရွက်ရင်း အောင်မြင်မှုကို ရရှိနိုင်ပါသည်။ မိမိတို့က တဖန် အောင်မြင်သူများ အုပ်ချုပ်သူများ ဘုရင်များဖြစ်လာကလည်း သမိုင်းအတွင်းက ဘုရင်ဆိုးများ မတရားမှု များကို မဖြစ်အောင် ရှောင်ကြဉ်နိုင်သည့် အခြေအနေများကို သိရှိလေ့လာနိုင်ပါသည်။ သို့ဖြင့် သမိုင်းဟူသည် ဖတ်စရာ ပုံတိုပတ်စ အဖြစ်သာ သဘောမထားသင့်ဘဲ မိမိတို့အတွက် အလွန်အဖိုးထိုက်တန်သော စာပေဟင်းလေးအိုးကြီးအဖြစ် ခံယူခြင်း မိမိတို့၏ အလွန်အဖိုးတန်သော ရတနာသိုက်အဖြစ်ခံယူရမည်ဖြစ် ကြောင်း တင်ပြအပ်ပါသည်။
မွတ်စလင် သူတော်ကောင်းများအတွက် အထူးသတင်းကောင်းပါးခြင်သည်မှာ သမိုင်းအဖြစ်အပျက်များစွာကို မိမိတို့လေ့လာနိုင်ပါသည်။ သို့သော် အကောင်းဆုံးလေ့လာထိုက်သော သမိုင်းဖြစ်ရပ်များသည် မိမိတို့၏ တမန် တော်များ၏ ဘ၀ဖြစ်ရပ်များကို လေ့လာသင့်ကြောင်း ဦးစွာ တင်ပြခြင်ပါသည်။ နဗီတမန်တော်များအကြောင်း ကို သိရန်သည် မွတ်စ်လင်မ် တိုင်းအပေါ် ၀ါဂျိဗ်တာဝန်အဖြစ် တာဝန်ရှိပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိ သည်မှာ ရှေးခေတ်လူများ၏ အကြောင်းအရာများသည် နှောင်းခတ်လူသားများအတွက် သင်္ခန်းစာပင်ဖြစ် ပါသည်ဟု မိန့်ထားပါသည်။ ထို့အပြင် နဗီတမန်တော်များသည် အပြစ်ကင်းစင်သည့်သူများ ဖြစ်သည်က တကြောင်း၊ အလ္လာဟ်အရှင်မြတ် အမိန့်တော်များကို တသဝေ မတိမ်း လိုက်နာဆောင်ရွက်သူများဖြစ်ကြ သည်ကတကြောင်း၊ စာရိတ္တအရာတွင် သူမတူအောင် အထူးကောင်းမွန် မွန်မြတ်ကြသည့် သူများဖြစ်သည်က တကြောင်း၊ အထူးအတုယူစရာ စံပြပုဂ္ဂိုလ်များ ဖြစ်သည်ကတကြောင်း ၄င်းတို့၏ အကြောင်းကို လေ့လာလိုက် စားကြရန် အထူးပင်အရေးကြီးသည်ဟု ထင်မြင်ယူဆပါသည်။
အထူးသဖြင့် တမန်တော်ချုပ် မုဟမ္မဒ် (ဆွ) ၏ အထုပ္ပတ္တိကို ကောင်းစွာလေ့လာလိုက်စားရန် အရေးကြီးပါ သည်။ မွတ်စ်လင်မ် အွမ္မသ်သားတိုင်းသည် တမန်တော်မြတ် (ဆွ)၏ အကြောင်းကို လေ့လာလိုက်စားရန်သည် ဖရပ်ဇ်တာဝန်ဖြစ်သည်။ အကြောင်းမှာ တမန်တော်များကို ယုံကြည်ရန်သည် အီမာန်ယုံကြည်ချက်၏ အချက် များတွင် အပါအ၀င်ဖြစ်သည်။ အထူးသဖြင့် တမန်တော်တို့၏ အကြောင်းအရာများကို မသိရှိလျှင် မိမိတို့သည် သူတို့အကြောင်းကို မည်သို့မျှ မသိရှိနိုင်သလို သူတို့ကို ယုံကြည်ရန်လည်း ပို၍အလှမ်းဝေးသွားမည်ဖြစ်သည်။ ထိုအခါ သူတို့ကို ယုံကြည်ရန်သည်လည်း ပို၍ ဝေးကွာသွားလိမ့်မည်။ သူတို့ကို လက်မခံနိုင်လျှင် ၄င်းတို့အပေါ် ကျရောက်သော ကျမ်းများကိုလည်း လက်ခံနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ ကျမ်းမြတ်ကုရ်အာန်တွင် နဗီတမန် တော် ၂၅ ပါးအကြောင်းကို အမိန့်တော်လာရှိထားသည်ကို မိမိတို့အနေဖြင့် ကောင်းစွာလေ့လာရန်အတွက် အတန်ပင် သဘောပေါက်မိပြီဟု ယူဆမိပါသည်။ သို့ဖြင့် မိမိတို့သည် တမန်တော်တို့၏ စွန္နသ်တော်များကို သိရှိနိုင်ကာ လက်တွေ့အကောင်အထည်ဖေါ်နိုင်ပြီး အလ္လာဟ်အရှင်မြတ် နှစ်သက်သူများဖြစ်အောင် ကြိုးပမ်း စေချင်ပါသည်။
တမန်တော်ချုပ်မိုဟမ္မဒ် (စွ) ၏ အထုပ်ပတ္တိအကြောင်း
တမန်တော်မြတ် မိုဟမ္မဒ် (စွလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်) သည်တမန်တော်ပေါင်း (၁၂၄၀၀၀) တစ်သိန်းနှစ်သောင်းလေးထောင်ကျော်တို့အနက် နောက်ဆုံးစေလွှတ်တော်မူခြင်းခံရသော အလ္လာဟ်အရှင်မြတ် ၏အမြင့်မြတ်ဆုံးသော တမန်တော်ချုပ်ပင်ဖြစ်တော်မူသည်။ လောကီလောကုတ္တရာနှစ်ဋ္ဌာနစလုံးတွင် လူသားတို့၏ အောင်မြင်မူအတွက် လမ်းညွှန် သွန်သင်ရှေ့ ဆောင်ခဲ့သည့် စံပြခေါင်းဆောင်ကြီးလည်းဖြစ် တော်မူသည်။ တမန်တော်မြတ်ကို ကမ္ဘာ၏ဗဟိုဒေသဖြစ်သော အာရပ်နိုင်ငံ မက္ကာမြို့တော်တွင် အမြင့်မြတ်ဆုံး သော “ကုရိုက်ရှ်” မျိုးနွယ်ဝင်အဖ - အဗ်ဒွလ္လာဟ်၊ အမိ-အာမိနာဟ်တို့မှ ခရစ်သက္ကရာဇ် - ၅၇၁ ခု၊ ဧပြီလ (၂၂) ရက်၊ တနင်္လာနေ့နံနက်အရုဏ်ဦးအချိန်၌ဖွားမြင်တော်မူခဲ့ပေသည်။
တမန်တော်မြတ် မိုဟမ္မဒ် (စွလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်) သည်တမန်တော်ပေါင်း (၁၂၄၀၀၀) တစ်သိန်းနှစ်သောင်းလေးထောင်ကျော်တို့အနက် နောက်ဆုံးစေလွှတ်တော်မူခြင်းခံရသော အလ္လာဟ်အရှင်မြတ် ၏အမြင့်မြတ်ဆုံးသော တမန်တော်ချုပ်ပင်ဖြစ်တော်မူသည်။ လောကီလောကုတ္တရာနှစ်ဋ္ဌာနစလုံးတွင် လူသားတို့၏ အောင်မြင်မူအတွက် လမ်းညွှန် သွန်သင်ရှေ့ ဆောင်ခဲ့သည့် စံပြခေါင်းဆောင်ကြီးလည်းဖြစ် တော်မူသည်။ တမန်တော်မြတ်ကို ကမ္ဘာ၏ဗဟိုဒေသဖြစ်သော အာရပ်နိုင်ငံ မက္ကာမြို့တော်တွင် အမြင့်မြတ်ဆုံး သော “ကုရိုက်ရှ်” မျိုးနွယ်ဝင်အဖ - အဗ်ဒွလ္လာဟ်၊ အမိ-အာမိနာဟ်တို့မှ ခရစ်သက္ကရာဇ် - ၅၇၁ ခု၊ ဧပြီလ (၂၂) ရက်၊ တနင်္လာနေ့နံနက်အရုဏ်ဦးအချိန်၌ဖွားမြင်တော်မူခဲ့ပေသည်။
အာရဗ်ကမ္ဘာနိုင်င်၏ အခြေအနေ
တမန်တော်မြတ် (စွ) မပွင့်မီ အရဗ်နိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ အဆိုးသွမ်းဆုံးဖြစ်နေခဲ့ပေသည်။ တမန်တော် အီစာ (အ) သခင်၏နောက်နှစ်ပေါင်း (၅၇၁) ခုနှစ် ကျော်တိုင်မည်သည့်တမန်တော်မှ စေလွှတ်ခြင်းမရှိခဲ့သဖြင့် အရဗ်နိုင်ငံနှင့် ကမ္ဘာတစ်ဝှန်းလုံးရှိလူသားတို့သည် တရားလက်လွတ်ဖြစ်ကာ ဒုစရိုက်မူဟူသမျှကို ခုံမင်နှစ်သက်စွာ ကျူးလွန် နေခဲ့ကြပြီး၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ ကျောက်တုံး၊ ကျောက်ခဲ၊ ရုပ်တုစသည်များကို မိမိတို့၏ ကိုးကွယ်ရာအရှင်အဖြစ်မှတ်ယူးကိုးကွယ်နေကြသည်။ ထိုအရာများကသား မိမိတို့သားကောင်းကျိုးဆိုးကျိုးပေးနိုင်သည်ဟု ထင်မှတ်ကာ ဆည်းကပ်ကိုးကွယ်နေခဲ့ကြပေသည်။ကလေးဘဝ
တမန်တော်လောင်းအား မမွေးဖွားမှီကပင် ဖခင်ကြီးအဗ်ဒုလ္လ်ကွယ်လွန်ခဲ့သည်။ တမန်တော်လောင်းအား ဖွားမြင်သောအခါ ဘိုးတော်အဗ်ဒွလ်မွတ်တွာလစ်ဗ်သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် မြေးတော်ကို “မိုဟမ္မဒ်” ဟူ၍ မှည့်ခေါ်လေသည်။ မိခင်ဖြစ်သူက ချစ်စနိုးဖြင့် အဟ်မဒ် ဟူ၍ မှည့်ခေါ်လေသည်။ မွေးဖွားပြီးနောက် မိခင်သည် ရက် အနည်းငယ်သာ ပြုစု စောင့်ရှောက်ပြီး နို့ထိန်းသည် “ဟာလီမာ” သခင်မထံ ဆက်လက်ပြုစု စောင့်ရှောက်ရန် အပ်နှင်းလိုက်လေသည်။
တမန်တော်လောင်းသည် အခြားကလေးငယ်များကဲ့သို့ ငိုယိုစူပူခြင်း ခိုက်ရန်ဒေါသဖြစ်ခြင်း၊ စသော အပြုအမူ များ မပြုခဲ့သည်သာမက၊ ထူးခြားယဉ်ကျေးသော အပြုအမူများသာ ပြသခဲ့ပါသည်။ ဖသက်ဆိုးဖြစ်ခဲ့သော် တမန်တော်လောင်း သက်တော် ခြောက်နှစ် (၆) နှစ်တိတိတွင် မိခင်ကွယ်လွန်သွားပြန်သဖြင့် မိသက်ဆိုး အဖြစ်နှင့်ပင် ဘိုးတော်နှင့် ဘထွေးတော်တို့၏ အုပ်ထိန်းစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရရှာ၏။ တမန်တော်လောင်းသည် မည်သည့် ဆရာတစ်ဦးတစ်ယောက်ထံမှ စာပေပညာ၊ အရေးအဖတ် မသင်ခဲ့ရသူ (အွမ္မီ) ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား ကမ္ဘာစကြာဝဋ္ဌာ တ၀န်းလုံးရှိ ပညာရှင် အားလုံးတို့ထက် သာလွန်ထူးကဲသော အသိဥာဏ်နှင့် ပညာရပ်များကို ပေးသနားတော်မူကာ တတ်မြောက်စေ လေသည်။
ဘ၀သင်တန်းပေးခံရခြင်း
အလ္လာဟ်အရှင်မြတ်သည် မိမိ၏အချစ်တော် တမန်တော်လောင်းအား နောက်တစ်ချိန်တွင် တမန်တော်ဖြစ်ကာ လူထုအား ဦးဆောင်ထိန်းသိမ်းရာတွင် လိုအပ်မည့်အရေအချင်းများ ရှိလာစေရန်အတွက် သည်းခံစိတ်၊ အလုပ် တာဝန်ကို မခိုမကပ်ဆောင်ရွက်တတ်သော အကျင့်များကို ရရှိစေနိုင်သည့် ဆိတ်ကျောင်း လုပ်ငန်းကို ကိုယ်တော်မြတ်၏ နို့စို့ဖက်ညီနောက်များနှင့်အတူ လုပ်စေတော်မူလေသည်။ ထိုသို့ဆိတ်ကျောင်းနေစဉ် တစ်နေ့တွင် ကောင်းကင်တမန်နှစ်ပါးသည် လူသားအသွင်ဆောင်လျှက် လာရောက်ကာ တမန်တော်လောင်း၏ ရင်ကိုခွဲလျှက် နှလုံးသားကို ဆေးကြောသန့်စင်ပေးလေသည်။
တမန်တော်မြတ် (ဆွ) လူငယ်ဘ၀အကြောင်း
တမန်တော်လောင်းသည် သက်တော် (၁၂) နှစ်အရွယ်တွင် ဘထွေးတော် အဘူသွာလိဗ်နှင့်အတူ ဆီးရီးယား နိုင်ငံသို့ ကူးသန်းရောင်းဝယ်ရေး ခရီးစဉ်တွင် လိုက်ပါသွားရာ လမ်းခရီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဗဟုသုတများသာမက ထူးခြားသော အဖြစ်အပျက် တစ်ရပ်ကိုပါ တွေ့ရှိခဲ့ရလေသည်။ ၄င်းအဖြစ်အပျက်က လမ်းခရီးရှိ ဘွတ်စ်ရာ ဟူသောအရပ်တွင် စခန်းချနားနေစဉ် ထိုစခန်းအနီးရှိ ကျောင်းခန်းတွင် နေထိုင်သော ခရိယာန် ပညာရှင်များက ရှေးကျမ်းစာများလာ တမန်တော်အချုပ်အဖြစ် နောက်ဆုံးပွင့်ရောက်လာလတ္တံ့တော် တမန်တော်၏ အချင်းလက္ခဏာနှင့် အဆင်းလက္ခဏာ အင်္ဂါများသည် ဤသူငယ်တွင် ပါရှိပါသည်ဟူ၍ ပြောဆိုခဲ့လေသည်။
ထို့ကြောင့် သင်သည် ဆီးရီးယားနိုင်ငံသို့ ခေါ်ဆောင် မသွားသင့်ပါ။ ထိုနိုင်ငံရှိ ရဟူဒီများသည် ဤသူငယ်အား ဧကံမောက်ချ ရန်မူကြမည်ဖြစ်သည်ဟု အဘူသွာလိဗ်အား ပြောကြားသဖြင့် အဘူသွာလိဗ်သည် တူတော် မောင်အား မက္ကာမြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့လေသည်။ တမန်တော် သက်တော် ၈ နှစ် ၂ လ ၁၀ ရက် ပြည့်သည့်နှစ်တွင် ဘိုးတော် အဗ်ဒွလ် မွတ္တလိဗ် ကွယ်လွန်ပြီး ဘထွေးတော် အဘူသွာလိဗ်က အုပ်ထိန်းသူ အဖြစ် တာဝန်ယူခဲ့ပါသည်။
တွေးတော်မြော်မြင်စဉ်ခြင် သုံးသပ်ခြင်း
စဉ်းစားတတ်သည့်အရွယ်သို့ရောက်ပြီဖြစ်သော် တမန်တော်လောင်းသည် ပတ်ဝန်းကျင်နှင့် ကမ္ဘာလောကကြီး ၏ အကြောင်းများကို ဆက်စပ်တွေးတော်စ ပြုတော်မူလာပါသည်။ လူသားအချင်းချင်း ညှာတာထောက်ထားမှု ကင်းမဲ့ကာ ကြီးနိုင်ငယ်ညှင်း စနစ်များ လွှမ်းမိုးလျှက် မငြိမ်းချမ်းဖြစ်နေသော မိမိပတ်ဝန်းကျင်၏ အခြေအနေ များကို တွေ့ရပြီး မနှစ်မြို့တော်မူယုံသာမက ထိုအပြုအမူအခြေအနေဆိုးများကို ပြုပြင်ပြောင်းလဲပစ်လိုသော စိတ်ဓါတ်များ တဖွားဖွား ပေါ်တော်မူလာလေသည်။ ထို့ကြောင့် လူငယ်လူရွယ်များကို စည်းရုံးဖိတ်ခေါ်၍ အောက်ပါသဘောတူညီချက်များကို ဆုံးဖြတ်ရယူခဲ့ပေသည်။
(၁) ငါတို့သည် ပြည်တွင်းငြိမ်းချမ်းမှုကို တည်ဆောက်ကြမည်။
(၂) ငါတို့သည် ခရီးသည်များကို ပြုစုစောင့်ရှောက်ကြမည်။
(၃) ငါတို့သည် ဆင်းရဲသားများကို ကူညီကြမည်။
(၄) ငါတို့သည် ကျူးကျော်သူများ၏ ကျူးကျော်မှုများကို တားဆီးပိတ်ပင်ကြမည်။
(၅) ငါတို့သည် မက္ကာမြို့ကို ကျူးကျော်သူများအား ရပ်တည်ခွင့်မရအောင် တွန်းလှန်ကြမည်။
ဤသို့ အမှန်တရားကို ရှေ့ရှုဆောင်ရွက်တော်မူသဖြင့် မက္ကာမြို့သားတိုင်းက တမန်တော်လောင်းအား နံမည်ကို မခေါ်ကြဘဲ ဆွာဒိက် အမှန်တရားရှင် အမီးန် သစ္စာရှင် ဟူ၍ပင် ကြည်ညိုလေးစားစွာ ခေါ်ခဲ့ကြလေသည်။
ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ချက်
တမန်တော်လောင်း၏ ငြိမ်းချမ်းေ၇းအတွက် ဆောင်ရွက်မှုလုပ်ငန်းများအနက် ထင်ရှားသောဆောင်ရွက်မှု တစ်ရပ်မှာ ကအ်ဗဟ် ကျောင်းတော်ကြီး ပြန်လည်ပြုပြင်ရေးနှင့် ဆက်လျှဉ်းသော ပြသာနာကြီးကို ပြေလည် အောင်ဖြေရှင်းပေးနိုင်ခဲ့မှုပင်ဖြစ်သည်။ ဖြေရှင်းပေးပုံမှာ ကမ္ဘာဦးဝတ်ကျောင်းတော်ကြီးဖြစ်သော ကအ်ဗဟ် ကျောင်တော်ကြီးတွင် ပျက်စီးယိုယွင်းမှုများ ဖြစ်လာသဖြင့် ပြုပြင်ကြရာ ဟဂ်ျရိအစ်ဝဒ် ကျောက်တုံးကို မူလနေ ရာသို့ ပြန်လည် တပ်ဆင်ရေးကိစ္စတွင် အမျိုးသားအုပ်စု ခေါင်းဆောင်အချင်းချင်း သူတတ်ဆင်မည် ငါတတ်ဆင်မည် စသဖြင့် ၄ ရက်တိုင်တိုင် အငြင်းပွားကာ သွေးချောင်းစီးလုနီးပါး ဖြစ်ခဲ့သည်။
ထိုပြသာနာကြီး ကို ကိုရိုင်ရှ် မျိုးနွယ်ဝင်ကြီးဖြစ်သူ တစ်ဦး၏ အကြံပေးချက်အရ နောက်တစ်နေ့နံနက်တွင် ကအ်ဗဟ် ကျောင်းတော်အတွင်းသို့ ရှေးဦးစွာ ၀င်ရောက်လာသူအား ဆုံးဖြတ်ပေးသူအဖြစ် တင်မြှောက်ပြီး ၄င်း၏ စီစဉ်မှု အတိုင်း ပြသာနာ ကို ဖြေရှင်းရန် အားလုံးက သဘောတူကြလေသည်။ နောက်တစ်နေ့ နံနက်တွက် ကိုယ်တော် မြတ် (ဆွ) သည် ကအ်ဗဟ်ကျောင်းတော်တွင်းသို့ ပထဦးဆုံး ၀င်ရောက်လာနေသည်ကို တွေ့မြင်ကြရသည်နှင့် တစ်ပြိုင်နက်အားလုံးက သစ္စာရှင်လာပြီး၊ သူ၏ အဆုံးအဖြတ်ကိုနာခံကြမည် ဟု ကြွေးကြော်ကြကာ ပြသာနာ ကြီးကို ဖြေရှင်းပေးပါရန် ၀ိုင်းဝန်းကာ ပန်ကြားကြသဖြင့် ကိုယ်တော်မြတ်က စောင်ပိုင်းတစ်ခုကို ယူစေ၍ ခင်းစေပြီး ကိုယ်တော်တိုင် မိမိလက်တော်ဖြင့် ဟဂ်ျရိအစ်ဝဒ် ကျောက်ကို မယူတော်မူကာ စောင်၏ အလယ် တွင်ထား၍ စောင်၏ အစွန်းပိုင်းများကို အမျိုးသားအုပ်စု ခေါင်းဆောင် အသီးသီး တို့အား သယ်ယူစေတော်မူပြီး ကျောင်းတော်အနီးသို့ ရောက်လျှင် ကိုယ်တော်မြတ်ကိုယ်တိုင် ကျောက်တုံးကို မယူတော်မူကာ မူလနေရာတွင် တပ်ဆင်ပေးတော်မူလိုက်လေသည်။ ထိုသို့သွေးချောင်းစီး လုနီးပါးဖြစ်နေသည့် ပြသာနာကြီးကို အားလုံးသော အမျိုးသားအုပ်စုများ ကျေနပ်မှုရရှိစေသည့်အထိ ဖြေရှင်းနိုင်ခဲ့ပေသည်။
တမန်တော်မြတ် (ဆွ) ထိမ်မြားတော်မူခြင်းအကြောင်း
ဤသို့သော် အရည်အချင်းကောင်းများဖြင့် ပြည့်စုံနေတော်မူသည့် ကိုယ်တော်မြတ်၏ သတင်းကို ကြားသိနေသူ များအနက် ကိုရိုင်းရှ်မျိုးနွယ်ဝင် ဂုဏ်သရေရှိ ကြွယ်ဝချမ်းသာလှသည့် ကုန်သည်တစ်ဦးဖြစ်သူ ခတီဂျာ သခင်မ က ကိုယ်တော်အားဖိတ်ခေါ်ကာ မိမိ၏ကုန်ပစ္စည်းများကို ဆီးရီးယားနိုင်ငံသို့ သွားရောက်ရောင်းချပေးပါရန် အပ်နှံလေသည်။ ကိုယ်တော်မြတ်သည် ဆီးရီးယားနိုင်ငံမှ ကုန်ရောင်းပြီးပြန်လာသောအခါ အမြတ်အစွန်း မြောက်များစွာ ရရှိခဲ့ကြောင်းနှင့် ကိုယ်တော်မြတ်၏ ထူးခြားသော စိတ်နေသဘောထား လုပ်ရည်ကိုင်ရည် စသည့် အရည်အချင်းကောင်းများကိုပါ ထပ်မံသိရှိရသဖြင့် သခင်မကြီးသည် ကိုယ်တော်မြတ်အား လေးစားယုံ သာမက ချစ်ခင်စုံမက်မှုပါ ဖြစ်လာသောကြောင့် မိမိနှင့် ထိမ်းမြားရန် သခင်မကပင် စကားကြောင်းလှမ်းခဲ့လေ သည်။
ထိုအခါ ကိုယ်တော်မြတ်သည် ထိုမင်္ဂလာကြောင်းလမ်းမှုကို မိမိ၏ ဘကြီးတော် အဘူတွာလိဗ်အား တင်ပြရာ ဘကြီးတော်ကလည်း သဘောတူတော်မူလိုက်ကာ တူတော်မောင်အား ကောင်းမွန်ခမ်းနားစွာ ထိမ်းမြားပေး လိုက်လေသည်။ ထိုအချိန်တွင် ကိုယ်တော်၏ အသက်မှာ ၂၅ နှစ်သာရှိပြီး ခတီဂျာ် သခင်မ၏ အသက်မှာ ၄၀ ရှိပြီးဖြစ်ပါသည်။ သခင်မသည် စိတ်နေသဘောထား ဖြူစင်ကောင်းမြတ်ပြီး တမန်တော် လောင်းအား ဇနီးကောင်းတစ်ဦးပီသစွာ ပြုစုခဲ့လသည်။ သခင်မသည် ကိုယ်တော်မြတ်အား လွန်စွာ ချစ်ခင် မြတ်နိုးလေး စားခဲ့လေသည်။ ကိုယ်တော်မြတ်သည်လည်း လွန်စွာပင် ချစ်ကြည်မြတ်နိုးတော်မူခဲ့ကာ သခင် မအသက် ထင်ရှားရှိနေစဉ် အခြားအိမ်ထောင်သစ် ထူထောင်ခြင် လုံးဝပြုတော်မမူခဲ့ပေ။ ကိုယ်တော်မြတ်နှင့် သခင်မတို့၌ သားတော် နှစ်ပါးနှင့် သမီးတော် ၄ ပါး ထွန်းကားခဲ့ကြ၏။ ခတီဂျာ သခင်မ ကွယ်လွန်စဉ် တမန် တော်မြတ်သည် အလွန်ပင် ကြေကွဲဝမ်းနည်းတော်မူကာ ယူကြုံးမရဖြစ်ပြီး နှမြောတသနေခဲ့၏။ ခတီဂျာ သခင်မနှင့် ပတ်သက်ပြီ တမန်တော်မြတ်က ကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်ခဲ့သည်။ ခတီဂျာသည် ကျွန်ုပ်နှင့် ထိမ်းမြား၍ ကျွန်ုပ်အား ပြည့်စုံကြွယ်ဝစေခဲ့သည်။ အစပထမတွင် ကျွန်ုပ်အား ထောက်ခံခဲ့သည်။
အာရပ်တစ်မျိုးသားလုံးတို့က ကျွန်ုပ်အား ရန်ပြုနေခဲ့ကြစဉ် ခတီဂျာ သခင်မသည် ကျွန်ုပ်အား မိတ်ဆွေကောင်း တစ်ဦးအဖြစ် ကူညီပန့်ပိုးအားပေးခဲ့သည်ဟု ပြောပြတော်မူလေ့ရှိပါသည်။ ခတီဂျာ သခင်မသည် တမန်တော် မြတ်၏ အလိုဆန္ဒနှင့်အညီ မိမိဥစ္စာပစ္စည်းများကို အလ္လာဟ် လမ်းတော်တွင် ယက်ယောစွာ လူဒါန်းပေးကမ်း စွန့်ကြဲလေ့ရှိ၏။ ကိုယ်တော်တွင် တစ်စုံတစ်ရာ သုံးစွဲရန် ဆန္ဒတော်ရှိတိုင်း သခင်မသည် ကြည်ဖြူရက်ရောစွာ သုံးစွဲစေခဲ့သည်သာဖြစ်သည်။ သခင်မသည် မိမိအသက်ထက်ဆုံး ကိုယ်တော်အား ဇနီးကောင်းပီပီ ကိုယ်စွမ်းရှိ သ၍ ညာဏ်စွမ်းရှိသ၍ ကူညီခဲ့ပါသည်။ စံမတူအောင် ပြုစုခဲ့ပါသည်။ ကိုယ်တော်မြတ်နှင့် သခင်မတို့သည် အချင်းချင်း ကူညီစောင်မ ထောက်ထားစာနာ ချစ်ကြည်စွာဖြင့် ရိုးမြေကျအောင် ပေါင်းသင်းနေထိုင်ခဲ့ကြပေ သည်။
တမန်တော်အဖြစ်ချီးမြှောက်ခံရတော်မူခြင်းအကြောင်း
ဤသို့ကိုယ်တော်မြတ်သည် သခင်မကြီးနှင့်အတူ နေထိုင်လာပြီးနောက် ကိုယ်တော်မြတ်တွင် တွေးခေါ် မြော်မြင်မှုဆင်ခြင်တုံတရားတိုးပွားလာကာ အမှန်တရားရှာဖွေမှုကို ယခင် ချိန်များထက်ပိုမိုပြုတော်မူလေသည်။ အသက်တော်(၄၀) နှစ်အရွယ်သို့ ရောက်သောအခါ (မက္ကာ) မြို့မှ (၉) မိုင်ကွာရှိ (ဟီရာ) “လိုဏ်ဂူ” တွင်ဝင်၍ စကြာဝဋ္ဌာ၏ အဖြစ်အပျက်များကို တွေးခေါ် မြော်မြင်ကာ ဆင်ခြင်တုံတရားကို ထိုထက်ကျင့်သုံးနေသည့် တစ်နေ့တွင် ကောင်းကင်တမန် (ဂျီဗရာအီးလ်(အ)) ရောက်လာပြီး အလ္လာဟ်အရှင်မြတ် ထံမှ မုက္ခပါဌ်တော် (စူရာဟ်အလတ်က်အစမှ အာယသ် ၅ ထိ) ကို ရွတ်ဖတ်သရဇျွယ်တော် မူပါမည့် အကြောင်း ကိုယ်တော်အား လျှောက်ထားပန်ကြားလေတော့သည်။
ထိုသို့ဖြင့် ကိုယ်တော်မြတ်သည် နောက်ဆုံးတမန်တော် (နဗီချုပ်) ဟူသော “နဗူဝါ့သ်” ဘွဲ့တံဆိပ်နှင့် ကမ္ဘာ့လူသားတစ်ရက်လုံးအား အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖြန့်ချီသွန်သင်ဟောကြားရန် တာဝန်ပေးတော်မူခြင်း ခန်ရလေတော့သည်။ ကောင်းကင်တမန် ဂျီဗရာအီးလ်(အ) သည် အလ္လာဟ်အမိန့်တော်များကို ပြောာကြား၍ ပြန်သွား တော်မူပြီးနောက် ကိုယ်တော်မြတ်သည် စိုးရိမ်ကြီးစွာဖြစ်ကာ “ဟိရာ” လိုဏ်ဂူမှ ပြန်သွား တော်မူပြီး၊ ကြင်ယာတော် ခတီဂျာ သခင်မအား ဖြစ်ကြောင်းကုန်စင်ကို ပြောပြတော်မူ၏။
ထိုအခါ ခတီဂျာ သခင်မက ကိုယ်တော် စိုးရိမ်တော်မမူပါနှင့်၊ သခင်သည် သားချင်းများနှင့် ကောင်းမွန်စွာ ဆက်ဆံတော်မူပါသည်၊ မရှိဆင်းရဲသားကိုလည်း ကောင်းမွန်စွာ ကူညီပါသည်၊ ဧည့်သည်များအားလည်း ကောင်းမွန်စွာ ပြုစုတော် မူပါသည်၊ သူငှာအများ အကျိုးကိုလည်း ကောင်းမွန်စွာ သယ်ပိုးတော်မူပသည်။ အလ္လာဟ်အရှင်မြတ်သည် သခင့်အား သေးသိမ်စေတော်မူမည်မဟုတ်ပါဟု ပြောဆိုနှစ်သိမ့်ခဲ့ပါသည်။
ထို့နောက် သခင်မကြီးသည် တမန်တော်မြတ်အား မိမိ၏ဦးရီး၏သား (၀ရကဗင် နော်ဖဲလ်) ထံသို့သွားကာ အကျိုးအကြောင်းကို ပြောပြပါသည်။ ၀ရကသည် ကောင်းကင်ကျကျမ်းများကို ဖတ်ဖူးထားသော ပုဂ္ဂိုလ် ဖြစ်သည့်အလျှောက် ခတီဂျာ သခင်မ ပြောပြသော စကားကို သေချာကျနစွာ နားထောင်ပြီး “ အကယ်၍ ဤအတိုင်းသာဖြစ်ပါက အသင်မ၏ ခင်ပွန်းထံသို့ ရောက်ရှိလာသေ ကောင်းကင်တမန်တော်သည် ဂျီဗရာအိလ် (အ) ဖြစ်သည်။ အသင်မ၏ခင်ပွန်းသည်လည်း တမန်တော်ချုပ်ဖြစ်တော်မူမည်ဟု” ပြောပြလေသည်။
အစ္စလာမ်သာသနာတော်ကို တင်ပြဟောကြားခြင်း
ယင်းသို့တာဝန်ပေးအပ်ခြင်းခံရသည့်အတိုင်း ကိုယ်တော်မြတ်သည် အစ္စလာမ်သာသနာတော်ဖက်သို့ ဖိတ်ခေါ် ဟောကြားရာ အမျိုးသမီးများတွင် ကြင်ယာတော် ခတီဂျာ သခင်မသည် အစ္စလာမ်သာသနာကို ဦးစွာပထမ သက်ဝင်ယုံကြည်ခဲ့သော် ပထမ မွတ်စ်လင်မ် အမျိုးသမီးဖြစ်သည်။ လူငယ်များတွင် ညီဝမ်းကွဲတော်စပ်သူ အခိုင်းအစေများတွင် ဇိုင်ဒ် သခင်၊ မက္ကာမြို့ရှိ မြို့မျက်နှာဖုံးလူကြီးများတွင် သာဝကကြီး အဘူဘကရ်တို့သည် အစ္စလာမ်သာသနာတော်တွင်းသို့ လက်ခံဝင်ရောက်ကြလေသည်။
မိစ္ဆာ၀ါဒီ အဖျက်သမားတို့နှင့် ရင်ဆိုင်ရခြင်း
ထို့နောက် ဆက်လက်၍ ကိုယ်တော်မြတ်သည် လူထုအား ကိုးကွယခြင်းခံထိုက်သော် အရှင်သည် အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းသာ ရှိတော်မူကြောင်း မိမိမှာ ထိုအရှင်မြတ်က စေလွှတ်တော်မူသော တမန်တော်ချုပ် ဖြစ်ကြောင်း၊ လူတို့သည် အရှင်မြတ် ပေးအပ်မည့် ပြစ်ဒါဏ်များကို ကြောက်ရွံ့ကြရမည့်ဖြစ်ကြောင်း စသည်တို့ ကို ရှင်းလင် ပြတ်သားရဲဝန့်စွာ တင်ပြဟောပြတော်မူသောအခါ ကိုယ်တော်မြတ်အား ယခင်က သစ္စာဝါဒီ မှန်ကန်သူဟု လေးစားယုံကြည်လိုက်နာခဲ့ကြသော ပုဂ္ဂိုလ်များက ထိုအစ္စလာမ်တရားတော်များကို လက်မခံ ငြင်းဆန်ကြယုံသာမက တမန်တော်မြတ်နှင့် တမန်တော်မြတ်အား ထောက်ခံလိုက်နာသူ မွတ်စ်လင်မ်များကိုပါ ဒုက္ခမျိုးစုံပေး၍ အန္တရယ်မျိုးစုံပြုကာ ၀ိုင်းပယ်ကြလေတော့သည်။
၎င်းတို့သည် တမန်တော်မြတ်အား ဘာသာမဲ့သူ၊ သူရူး၊ ပယောဂ … စသည်ဖြင့် သွားပုပ်လေလွင့် ရှုတ်ချပြောဆိုကြရုံသာမက တရားဟောနေစဉ်တွင်လည်း ဆူညံစွာ ဟစ်အော်လှောင်ပြောင်သရော်ကြသည်။
တမန်တော်ချုပ်သည် အနှောက်အယှက်အဟန့်အတားမျိုးစုံနှင့် ရင်ဆိုင်တော်မူခဲ့ရသော်လည်း၊ မိမိ၏ နောက်လိုက်များနှင့် အတူ ထိုအနှောက်အယှက်၊ ထိုဒုက္ခဆိုးများကိုဇွဲ၊ လုံ့လကြံခိုင်စွာ ရင်ဆိုင်ကာ တရားဟောပြောပို့ချ၍ ဖိတ်ခေါ်ကာ မိမိတာဝန်ကို ဆက်လက်ထမ်းရွက်ရင်း နေတော်မူသည်။
ထိုအခါ မိစ္ဆာယဝါဒီအဖျက်သမားများသည် တမန်တော်မြတ်၏ အုပ်ထိန်းသူဖြစ်သည့် ဘထွေးတော် (အဗူတွာလစ်ဗ်) ထံသို့သွားရောက်ကြ၍ “သင့်တူတော်မောင်သည် အယူဝါဒသစ်၊ သာသနာသစ်ကို ဖြန့်ချီဟောပြောနေသည်၊ ကျွန်ုပ်တို့၏ ဘိုးစဉ်ဘောင်ဆက်မှ အစဉ်အလာဝါဒဟောင်းများကိုပါ ဖျက်ဆီးနေပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နေခြင်းမှ ရပ်စဲမည်ဆိုပါက ၄င်းအား ဤနိုင်ငံမှ အချောအလှဆုံး သမီးပျိုများကို ပေးပါမည်၊ သို့တည်းမဟုတ် နိုင်ငံ၏ အာဏာပိုင်ဘုရင်အဖြစ် တင်မြှောက်ပါမည်” စသည်ဖြင့်တိုင်တန်းလျှက် သွေးဆောင်ဟန့်တားကြလေသည်။
ဘထွေးတော် (အဗူတွာလစ်ဗ်) သည်တမန်တော်မြတ်အား ထိုအကြာင်းများကို ရှင်းပြ၍ အစ္စလာမ် သာသနာတော်ဖြန့်ချီဟောကြားခြင်းများကို ရပ်တန့် ရန် တိုက်တွန်းသောအခါ “အို… ဘထွေးတော် ၄င်းတို့ပြောဆိုသောအရာများသာမက ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ပေးထားသော တာဝန်များကို ဆောင်ရွက်နေခြင်းမှ အနည်းငယ်မျှပင် ရပ်စဲမည် မဟုတ်ပါ။ ဤတာဝန်ကို ဆောင်ရွက်ရာ၌ အကယ်၍ အသက်ကိုစွန့်လှူသွားပါမည်။ ဤကြိုးပမ်းဆောင်ရွက်မှုကိုမူ ရပ်စဲမည်မဟုတ်ပါ” ဟူ၍ ရဲဝန့်စွာပြတ်သားစွာ ပြန်ကြားပြောဆိုလေသည်။ ဘထွေးတော် (အဗူတွာလစ်ဗ်) သည် တမန်တော်မြတ်၏ နှလုံးသားအတွင်းမှ ထွက်ပေါ်လာသော ထိုစကားများကို ကြားရသည့်အခါ “အို.. တူတော်မောင်၊ အသင်အားအသက်ထက်ဆုံး ကူညီပါမည်ဟု” အားပေးစကား ပြောခဲ့ရှာလေသည်။ ထိုအချိန်မှစ၍ တမန်တော်မြတ်သည် အစ္စလာမ့် တရားတော်များကို ယခင်ကျထက်ပိုမို၍ ပွင့်လင်းစွာ ဟောကြားတော်မူလေတော့သည်။
မွတ်စ်လင်မ်အချို့ အီသီယိုးပီးယားနိုင်ငံသို့ရွေ့ပြောင်းခြင်းအကြောင်း
အစ္စလာမ်သာသနာတော်ကို ချေမှုန်းရန်အတွက် ဆန့်ကျင်ရေးသမားများသည် တမန်တော်မြတ်ကို အမျိုးမျိုးအနှောက်အယှက်ပေးခဲ့ကြရာမှ တမန်တော်မြတ်အား လုပ်ကြံရန်ပင် ကြိုးစားနေခဲ့ကြ၏။ သို့တစေလည်း တမန်တောမြတ်သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် မည်သည့်အချိန်တွင်မျှ စိုးရိမ်တော်မူခဲ့၏။ တမန်တော်မြတ်သည် မိမိ ကိုယ်ရေးကိုယ်တာအတွက် ပူပန်ကြောင့်ကြမူမရှိခဲ့သော်လည်း မွတ်စ်လင်မ်တို့ ခံစားနေရသော ဒုက္ခများအတွက် ပူပင်သောကရောက်ရှိနေရတော်မူ၏။ မွတ်စ်လင်မ်တို့အား နှိပ်စက်ညှင်းပမ်းမှုများမှ လွတ်မြောက်ရေးကိုသာ တွေးတောကြံဆနေတော်မူခဲ့၏။
မွတ်စလင်မ်တို့အပေါ်၌ ကာဖရ်များ၏ နှိပ်စက်ညှင်းပန်းမှုများ တစ်တနေ့တခြားကြီးမား များပြားလာသောအခါ တမန်တော်မြတ်က အချို့သောမွတ်စ်လင်မ်များအား “အသင်တို့သည် အီသီရိုးပြီးရား နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ကြကုန်၊ အီသီရိုးပြီးရား နိုင်ငံ၏ ဘုရင်သည် ခရစ်ရာန် ဘာသဝင်ပင် ဖြစ်တော်လည်း တစ်ဖတ်သားကို အလွန်သနားကြင်နာတရားမျှတသည်။ မည်သူကိုမျှ နှိပ်စက်ခြင်းမရှိ၊ တိုင်းသူပြည်သားအားလုံးတို့သည် ငြိမ်းခြမ်းသာရာစွာရှိကြသည်” ဟုမိန့်ကြားတော်မူလေသည်။
ထိုအချိန်တွင် အီတီရိုးပြီးရားနိုင်ငံ၌ မင်းလုပ်အုပ်ချုပ်လျှက်ရှိသော ဘုရင်၏ အမြင်မှာ “နဂျာရှီ” ဟူ၍ဖြစ်သည်။ တမန်တော်မြတ်က ယင်းသို့မိန့်ကြားတော်မူလိုက်အခါ ဦးစွာပထမ မွတ်စ်လင်မ် (၁၁) ဦးတို့သည် မိမိတို့၏ အမိတိုင်းပြည်ကိုစွန့်၍ အီတီရိုးပြီးရားနိုင်ငံသို့ “ဟိဂျတ်သ်” ရွှေ့ပြောင်းသွားကြောင်းကိုကာဖရ်များ သိသွားသောအခါ ကာဖရ်များသည်ယင်းသို့ ရွှေ့ပြောင်းသွားကြသော မွတ်စလင်မ် များကိုပင် ထက်မန်နှိတ်စက်ရန် အတွက် အီတီရိုးပြီးရား ဘုရင်ထံသို့ ကိုယ်စလယ် နှစ်ဦးအား စေလွှတ်ခဲ့ကြ၏။ ဘုရင်နှင့် သက်စိုင်ရာ မူမတ်တို့အား လက်ဆောင်ပေးရန်အတွက် အဖိုးထိုက်တန်သော ပစ္စည်းများကိုလည်း ထည့်ပေးလိုက်ကြ၏။
အဆိုပါကိုယ်စားလှယ်နှစ်ဦးတို့သည် အီသီယိုးပီးယားနိုင်ငံသို့ ရောက်ရှိလာကြသည့်အခါ ဦးစွာပထမ သက်ဆိုင် ရာ အာဏာပိုင်များနှင့် တွေ့ဆုံကြ၏။ လက်ဆောင်များပေးကြ၏။ မိတ်ဆွေဖွဲ့ကြ၏။ မွတ်စ်လင်မ်များနှင့် ပတ်သက်၍ အထင်မှားအမြင်မှားဖြစ်စေရန် ၀ါဒဖြန့်ကြ၏။ ထို့နောက်ဘုရင်နှင့် တွေ့ဆုံကြ၏။ လက်ဆောင် ပစ္စည်းများဆက်သကြပြီးနောက် “ဘုရင်မင်းမြတ်” … ဤမွတ်စ်လင်မ်များသည် ကျွန်တော်မျိုးတို့အား ပုန်ကန် သောသူများဖြစ်ကြ၏။ ဤသူများသည် ကျွန်တော်မျိုးတို့၏ ကိုးကွယ်ရာများကို ရှုတ်ချပြောဆိုကြပါသည်။ ဤသူများသည် ဘာသာသစ်ကို တည်ထွင်နေကြပါသည်။ ၄င်းတို့၏ဘာသာသည် ဘုရင်မင်းမြတ်၏ ခရစ်ယန် ဘာသာနှင့်လည်း ဆန့်ကျင်ပါသည်ဟု” ဘုရင်မင်းမြတ်အား လျှောက်ထားကြလေသည်။
နဂျာရှီဘုရင်သည် မွတ်စ်လင်မ်တို့အား ခေါ်ယူမေးမြန်းကြရာ သာဝကကြီး အလီသခင်၏ ညီတော်ဖြစ်သော ဂျာဖရ်သခင်က “ဘုရင်မင်းမြတ် ….ကျွန်တော်မျိုးတို့သည် ယခင်က အမှိုက်အမှောင်များတွင်သာ နှစ်မွန်းနေ ကြပါသည်။ ဆိုးမိုက်နေကြပါသည်။ မိမိတို့လက်ဖြင့် ပြုလုပ်ထားသောအရာကိုပင် ဆည်းကပ်ကိုးကွယ်ကြခဲ့ပါ သည်။ သားချင်းများကို စော်ကားခဲ့ကြပါသည်။ အသေသားများကို စားနေခဲ့ကြပါသည်။ သေရည်သေရက် သောက်သုံးနေခဲ့ကြပါသည်။ အလောင်းအစားပြုလုပ်နေခဲ့ကြပါသည်။ မိန်းခလေးများကို မွေးလျှင်မွေးခြင်း သတ်ပစ်ကြပါသည်။ အိမ်နီးနားချင်းများကို ဒုက္ခပေးကြပါသည်။ ထို့အပြင်မြောက်များစွာသော ဆိုးသွမ်း မိုက်မဲ မှုများကိုလည်း ကျူးလွန်ခဲ့ကြပါသည်။
ထိုသို့သော် အချိန်မှာပင် ကျွန်တော်မျိုးတို့တွင် အလ္လာဟ်အရှင်မြတ်၏ ဂရုဏာတော်ဖြင့် တမန်တော်တစ်ပါး ပွင့်လာတော်မူခဲ့ပါသည်။ တမန်တော်အမည်မှာ မုဟမ္မဒ် (ဆွ) ဟူ၍ ဖြစ်ပါသည်။ ထိုတမန်တော်မြတ်သည် စိတ်နေသဘောထား အလွန်ဖြူစင်ပါသည်။ ကိုယ်ကျင့်တရား အလွန်ပင် ကောင်းမြတ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံးကို ဖန်ဆင်းမွေးမြူတော်မူသော၊ တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးကွယ်ရမည့်အကြောင်း၊ မိမိသည် ထိုအရှင်မြတ်၏ အစေတော် တမန်တော်ဖြစ်သည့်အကြောင်း၊ မကောင်းမှုဟူသမျှကို ဝေးစွာရှောင်ကျဉ်မည့်အကြောင်းများကို ဟောကြား တော မူပါသည်။
ကျွန်တော်မျိုးတို့သည် တမန်တော်မြတ် ဟော်ကြားတော်မူသည့်အတိုင်း အလ္လာဟ်အရှင်မြတ်နှင့် တမန်တော် မြတ်အား ယုံကြည်ကြပါသည်။ ယခင်ကမိုက်မားကျူးလွန်ခဲ့ကြသော မကောင်းမှုများကို စွန့်လွှတ်ကြပါသည်။ ကျွန်တော်မျိုးသို့ ဤသို့ပြုမူခြင်းကို ဤသူမျာသည် မနှစ်သက်ကြသည့်အတွက် ကျွန်တော်မျိုးတို့အား အမျိုးမျိုး နှိပ်စက်ခဲ့ကြပါသည်။ ၄င်းတို့၏နှိပ်စက်မှုများကို မခံမရပ်နိုင်ကြသည့် အဆုံးတွင် တမန်တော်မြတ်၏ ညွှန်ကြားချက်အရ ကျွန်တော်မျိုးတို့သည် မိမိတို့၏ တိုင်းပြည်ကိုစွန့်၍ ဘုရင်မင်းမြတ်၏ အရိပ်တော်တွင် လာရောက်ခိုလှုံခြင်းဖြစ်ပါသည်ဟု ရဲဝန့်မှန်ကန်တည်ကြည်စွာ လျှောက်ထားခဲ့ကြလေသည်။
ဘုရင်မင်းမြတ် သည် ဂျာဖရ်သခင်လျှောက်ထားသည့် စကားများကို ကြားနာရသည့်အခါ လွန်စွာနှစ်သက်သဖြင့် ကိုရိုင်းရှ် မျိုးနွယ်၏ ကိုယ်စားလှယ်များကို ပြန်သွားကြရန် မိန့်တော်မူလိုက်လေသည်။ ၄င်းတို့ပေးဆပ်သော လက်ဆော်ပဏာပစ္စည်းများကိုလည် ပြန်ပေးတော်မူလိုက်လေသည်။ မွတ်စ်လင်မ်များကိုမူ ယခင်အတိုင်း မိမိတိုင်းပြည်တွင် အေးချမ်းသာယာစွာ နေထိုင်ခွင့်ပေးတော်မူ၍ အမျိုးမျိုးမြောက်စားတော်မူလေသည်။
မွတ်စ်လင်မ်များသည်လည်း ဘုရင်မင်းမြတ်နှင့် တိုင်းပြည်အပေါ်တွင် သစ္စာရှိခဲ့ကြသည်။ ကိုယ်စွမ်းရှိသမျှ ဥါဏ်စွမ်းရှိသမျှ ဘုရင်မင်းမြတ်အား ကူညီခဲ့ကြလေသည်။ တိုင်းပြည်အကျိုးသယ်ပိုးခဲ့ကြသည်။ ဘုရင်မင်း မြတ်နှင့် တိုင်းပြည်အတွက် အမြဲဆုမွန်ကောင်းတောင်းပေးခဲ့ကြလေသည်။
ဤဖြစ်ရပ်တွင် မွတ်စ်လင်မ်များသည် မိမိတို့၏ ကျေးဇူးရှင်များအား ကောင်းမွန်စွာ ကျေးဇူးတုံ့ပြန်ခဲ့ကြောင်း အထင်အရှားတွေ့မြင်နိုင်ပေသည်။ တမန်တော်မြတ်ကလည်း ဤအတိုင်းပင် သွန်သင်ပေးခဲ့တော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်ကလည်း ကျမ်းမြတ်ကုရ်အာန်တွင် ဤအတိုင်းပင် မိန့်ကြားတော်မူလေသည်။ (ကျေးဇူးအစားမှ ကျေးဇူးတုံ့ပြန်ခြင်းမှတစ်ပါး အခြားမရှိတော့ပြီ။)
(ဆက်လက်တင်ပြဦးမည်။)
1 comment:
I have read some in English. This is written in Burmese and is easy to read. I just found this web site today. I guess you did not continue writing about our prophet (peace be upon him) in Burmese. Anyway thanks for the post...
A Muslim from US
Post a Comment