Saturday, July 3, 2010

Sirah17-Lessons from Al isra & Al miraj..The trip from Al aqsa to Macca/...

တမန်တော်မြတ် (ဆွ) ၏ အံ့ဖွယ် မေ့ရာဂ်ျ ခရီး
ရဂျဗ်လ ၂၇ ည၊ ဇူလိုင်လ ၉ ရက် ည သည် မေ့ရာဂ်ျ ည ဖြစ်သည်။ ၄င်း ညမြတ်၏ ထူးမြတ်ခြင်း အကြောင်းနှင့် အရေးကြီးသော အိဗါဒသ်များကို အသင် သိပါသလား၊ မွတ်စ်လင် တစ်ယောက်အနေဖြင့် ၄င်းတို့ကို သိရန် အရေးကြီးသလို အခြားမွတ်စ်လင်များကိုလည်း ပြန်လည်သင်ကြားပြောကြားပေးရန် အသင့်တာဝန်ဖြစ်သည်။ မေ့ရာဂ်ျ ဆောင်းပါး မကြာခင်တင်ဆက် မည်။ အောက်ပါ ဗီဒီယိုကို နားထောင်ကြည့်ပါ။ ၄င်နောက် ကိုယ်တိုင်လည်း အမလ်လုပ်ပါ။



မေ့ရာဂ်ျ ခရီးဟု ကြားသည်နှင့် တမန်တော်မြတ် (ဆွ) မိုးကောင်းကင်သို့ ခရီးထွက်သည့်အကြောင်းကို မိမိတို့ သတိရမိပါသည်။ သို့သော် မြောက်များစွာသော မွတ်စ်လင်တို့သည် ၄င်းအဖြစ်အပျက် အကြောင်းကို တိတိကျကျ မသိရှိကြသည့်အတွက် သံသယရှိသူများစွာ ရှိသလို လုံးဝမယုံကြည်သူများလည်း ရှိကြသည် ကို တွေ့ရသည်။ အမှန်မှာ မေ့ရာဂ်ျ ခရီးအကြောင်း စူရာ ၁၇း ၁ တွင် လေ့လာနိုင်သလို ၄င်းအဖြစ်အပျက် ကို မွတ်စ်လင်မ်တိုင်း ကုရ်အာန်အပေါ်သံသယမရှိသူတိုင်း ယုံကြည်ကြပါကြောင်း ပြောစရာမလိုပါ။ သို့သော် ဒအ်ဝဟ် လုပ်ငန်းတစ်ရပ် လုပ်ကိုင်နေကြသူများ ပညာရှာဖွေနေကြသူများအတွက် ပညာသင်ပေး လိုချင်သူများအတွက် မှန်ကန်သော ဒီးန်သာသနာကို လိုက်စားလိုကြသူများအတွက် ဤအကြောင်းအရာသည် မဖြစ်မနေ ဂဂနန သိရှိနားလည် ထိုက်သော အကြောင်းအရာ တစ်ရပ်ဖြစ်သည် ဟု ယုံကြည်သဖြင့် မေ့ရာဂ်ျခရီးစဉ်အကြောင်းကို ရေးသားတင်ပြလိုက်ပါသည်။

အိဗ်နိကသီးရ်၏ “အန်နီဟာယ ၀လ်ဗီဒါယ စာအုပ် စာမျက်နှာ ၁၀၈” တွင် မိရာဂ်ျ ခရီးစဉ်၏ အချိန်ကာလကို ပညာရှင် အသီးသီးက အမျိုးမျိုး
ကွဲခြားကာဖေါ်ပြခဲ့ကြောင်းတင်ပြခဲ့သည်။ တစ်ချို့က ဟိဂ်ျရသ်ပြုလုပ်ပြီး ၁၃ လအကြာ၊ အချို့က ၁၆ လအကြာ၊ အချို့က ၁၇ လအကြာဟု ဖေါ်ပြခဲ့ကြ ကြောင်း ရေးသားတင်ပြခဲ့သည်။ ထို့အပြင် ၄င်း မိရာဂ်ျ ခရီးစဉ်ကို ဆွာဟာဘာပေါင်း ၅၄ ဦးက တင်ပြ ခဲ့ကြောင်း သိရပြီး ၄င်းတို့အတွင်း မုဟာဂျိရ် ဆွဟာဘာများအနက် အဓိက တင်ပြခဲ့သည့် ဆွဟာဘာ သည် အဘူဇရ် ဂဖ်ဖါရီ (ရ) ဖြစ်ပြီး အခြားတင်ပြသူ ဆွဟာဘီများအနက် အနက်စ်၊ အဘူဟူရိုင်ရာ၊ အဗ်ဒွလ္လာ အိဗ်နိ မစ်အူးဒ်၊ အဗ်ဒွလ္လာဟ်အိဗ်နိ အဗ်ဗါစ်နှင့် ဂျာဗိရ်ဆင် အဗ်ဒွလ္လာဟ် (ရ) တို့ဖြစ်ပြီး အန်ဆွာရ် ဆွဟာဘာများအနက် မလိက်အိဗိနိ ဆာဆ (ရ) နှင့် အခြားဆွဟာဘာများဖြစ်ပါသည်။ အသေးစိပ်ကို ဆဟာဆိသ်သာ ကျမ်းကြီး ၆ ကျမ်းလုံးတွင် လေ့လာနိုင်ပြီး အထူးသဖြင့် ဘူခါရီကျမ်းနှင့် မွတ်စ်လင်မ် ကျမ်းကို ကိုးကားကာ ရေးသားဖေါ်ပြပါမည်။

(1) Narrated Ibn Abbas: Regarding: 'And We granted the vision (Ascension to the Heaven "Miraj") which We showed you (O Muhammad as an actual eye witness) but as a trial for mankind.' (17.60) It was an actual eye-witness which was shown to Allah's Apostle during the night he was taken on a journey (through the heavens). And the cursed tree is the tree of Az-Zaqqum (a bitter pungent tree which grows at the bottom of Hell). (Book #60, Hadith #240)

(2) Narrated Abu Huraira: On the night Allah's Apostle was taken on a night journey (Miraj) two cups, one containing wine and the other milk, were presented to him at Jerusalem. He looked at it and took the cup of milk. Gabriel said, "Praise be to Allah Who guided you to Al-Fitra (the right path); if you had taken (the cup of) wine, your nation would have gone astray." (Book #69, Hadith #482)

(3) Narrated Ibn 'Abbas: (regarding the Verse) "And We granted the vision (Ascension to the heavens "Miraj") which We showed you (O Muhammad as an actual eye witness) but as a trial for mankind.' (17.60): Allah's Apostle actually saw with his own eyes the vision (all the things which were shown to him) on the night of his Night Journey to Jerusalem (and then to the heavens). The cursed tree which is mentioned in the Qur'an is the tree of Az-Zaqqum. (Book #77, Hadith #610)

မိရာဂ်ျ ခရီးစဉ်တွင် အနေအထား နှစ်ခု တွေ့ရသည် မြေပြင်ခရီး (horizontal အဖြစ် မက္ကာမြို့မှနေကာ ဂျေရုစလင်မြို့သို့၎င်း၊ vertical ခရီးစဉ်အဖြစ် မြေပြင်မှ မိုးကောင်းကင်ခရီး) တို့ဖြစ်သည်။

ု့အပြင် ယနေ့ သိပ္ပံ ပညာရှင်တို့၏ တွက်ချက်မှုအရ စကြာဝဋ္ဌ ကြီး၏ အချင်းမှာ အလင်းနှင့် ၃ ဘီလီယံ အလင်းနှစ် ရှိကြောင်း၊ ၄င်းကျယ်ပြောသည့် စကြာဝဋ္ဌ အတွင်း သို့ ခရီးနှင်ရန်အတွက် ဂျိုတုများ အာကာသယဉ်များ မပါဘဲ ဘိုရာက် မြင်းဖြင့် (၄င်း၏ ခရီးဆန့်မှု အလျှင်နှုန်းသည် အလင်းအလျှင်ထက် မြန်သည့်နှုန်းဖြစ် သည်။) ခရီးစန့်ခဲ့သည့် တမန်တော်မြတ် (ဆွ) အတွက် အလွန်ပင် အံ့သြဆန်း ကျယ်လွန်းလှသည်မှာ မေးစရာ မလိုတော့ပါ။ သို့သော် တစ်နာရီ မိုင် ၁ သောင်းနှုန်းသာသာ မောင်းနှင်းနိုင်သည့် ဂြိုလ်တုများသာ ရှိသေးသော ယနေ့ခေတ်၏ လူသားတို့သည် အံ့သြဖွယ် မယုံကြည်သည့်သဘောဖြင့် မေ့ရာဂ်ျခရီးစဉ်ကို ဟုတ်ပါ့မလားဟု မေးခွန်းထုတ်လေ့ရှိကြပါသည်။ ကျမ်းမြတ်ကုရ်အာန်ကို စကာလေ့လာကြည့်ကြစို့။

မျပတ္မစဲ သနားၾကင္နာ ညွာတာေ
တ်ာမူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင် မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။ စူရာ အိစ်ရအ် အာယသ်တော် ၁ တွင် အလ္လာဟ်အရှင်မြတ် မိန့်တော်မူ သည်မှာ-

အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည် တစ်ညဥ့်၌ မိမိကျွန် (နဗီ တမန်တော် မုဟမ်္မဒ်)အား““မတ်စ်ဂျစ်ဒ်ဒေဟရာမ်”” ထူးမြတ်သော ဗလီဝတ်ကျောင်းတော်မှ ထိုကျွန် (နဗီ တမန်တော် မုဟမ္မဒ်)အား မိမိ၏ အချို့သက်သေ လက္ခဏာတော်များကို ပြသတော်မူအံ့သောငှာ အကြင် ““မတ်စ်ဂျစ်ဒ်ဒေ အတ်က်ဆွာ”(အလွန်ဝေးလံလှသော) ဗလီဝတ်ကျောင်းတော်သို့ ခေါ်ဆောင်၍ သွားခဲ့ တော်မူ၏။ ငါအရှင်မြတ် သည် ထိုဗလီဝတ်ကျောင်းတော်၏ ပတ်ဝန်းကျင်ကို ဗရ်ကတ်သုခ ချမ်းသာ မင်္ဂလာ နှင့် ပြည့်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင်လျှင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်း မဲ့ ခွဲခြားသိမြင်တော်မူသော အရှင်၊ ဖြစ်တော်မူပေသတည်း။ (၀၁၇း ၀၁)

အထက်ပါအာယသ်တော် ကျရောက်သည့် အချိန်အခါနှင့် အခြေအနေကို လေ့လာကြည့်ကြပါစို့။

မက္ကာမြို့တော်တွင် ကိုရိုင်ရှ် ကာဖိရ် တို့၏ လက်လွန်ဖွယ် ရက်စက်မှုများသည် ပြင်းသည်ထက် ပြင်းထန် နေချိန်တွင် အကြီးမားဆုံးသော ဆုံးရှုံးမှုမျာကို တမန်တော်မြတ်သည် ခါးစီးခဲ့ပါသည်။ ၀မ်းနည်းကြေကွဲဖွယ် ကောင်းသော ရက်များကို ခက်ခဲကြီးစွာ ဖြတ်သန်းရင်း အချိန်အတော်ကြီး ရှိခဲ့လေပြီး။ မကြာခင်သော ကာလများအတွင်း ဇနီးတော် ခတီဂျာ သခင်မနှင့် ဦးရီးတော် အဘူသွာလိဗ် တို့ကွယ်လွန်ခဲ့သည်။ သူတို့နှစ်ဦးသည် တမန်တော်မြတ် (ဆွ)
အတွက် အလွန်အရေးပါသော ပုဂ္ဂိုလ် နှစ်ဦးဖြစ်သည်။ တမန်တော်မြတ်ကို အဖက်ဖက်မှ ကာကွယ်စောင့်ရှောက်သူ ပန့်ပိုးသူများဖြစ်သည်။ သွာအိဖ်မြို့ ခရီးစဉ် သည်လည်း တမန်တော်မြတ်အတွက် အလွန်ပင် စိတ်ပင်ပန်းနွမ်းနယ်မှု ရရှိခဲ့သည် မဟုတ်ပါလား။

အချိန်ကိုကြည့်လျှင် နဗူဝသ် သက် ၁၀ ကျော်ရနေပြီး တမန်တော်မြတ် (ဆွ)၏ သက်တော်မှာလည်း ၅၀ ခန့်ရှိပြီ၊ တမန်တော်အဖြစ် ၁၀ နှစ် တိုင်တိုင် ဒအ်ဝဟ် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နေဆဲဖြစ်သည်။ ဟိဂ်ျရသ် ခရီး မစတင်မီ ၃ နှစ်အလို ရဂျဗ်လ ၂၇ ရက်နေ့ ညဖက် အချိန်တွင် ကောင်းကင်တမန် ဂျီဗရာ အိလ် (အ) က ရုတ်တရက် ကအ်ဗဟ် ကျောင်းတော်တွင် အိပ်ပျော်နေသော တမန်တော်မြတ် (ဆွ) ထံရောက်လာကာ နှိုးလိုက်ပြီး သွဝါဖ်ပြုရန်ပြောလေသည်။ ဆက်လက်ပြောသည်မှာ ““ အလ္လာဟ်အရှင် မြတ်၏ အမိန့်တော်ရှိသည်၊ အသင်သည် ဒီညတွင် မစ်ဂျိဒ် အက်စ်စွဟ် သို့သွားရောက်ရမည်၊ ထို့နောက် မိုးကောင်းကင်ခရီး တက် ရောက်ရန် အတွက် ပြင်ဆင်ပေတော့”” ဟူ၍ဖြစ်သည်။


ဂျိဗ်ရာအီလ် (အ) သည် တမန်တော်မြတ် (ဆွ) အား ပြောပြောဆိုဆို ဇမ်ဇမ် ရေတွင်းသို့ ခေါ်ဆောင် သွားကာ ရင်ကိုခွဲ၍ နှလုံးသားကို ဆေးကြောသန့်စင်စေကာ ကောင်းကင်ခရီးအတွက် လိုအပ်သော (Physical and spiritual power ) ကာယနှင့် ၀ိဥါည် စွမ်းအား ရရှိစေလေသည်။ ထိုနောက် တမန်တော် မြတ်(ဆွ) အား “ဘိုရာက်” မြင်းတော်ကို ပေးအပ်လေသည်။ “ဘိုရာက်” မြင်းသည် လားထက်လည်းကြီး သလို မြင်းလောက်လည်း မကြီး အနေတော်ဖြစ်သည်။ သို့သော် ၄င်း “ဘိုရာက်” မြင်း၏ စွမ်းအားသည် အလွန်ကြီးမားလှပေသည်။ အပြေးစွမ်းအားသည် အလင်းအလျှင် ထက်ပင် မြန်လွန်းလှသည်။ တမန်တော်မြတ် (ဆွ) သည် “ဘိုရာက်” ပေါ်သို့တက်ရောက်ြ
ပီးနောက် ဂျီဗရာအိလ် (အ) ကို မိမိ အနောက်တွင် ထိုင်လျှင်တွေ့ရသည်။ ဂျီဗရာအီလ် ကောင်းကင်တမန်သည် အဘယ်ကြောင့် တမန်တော်မြတ်အပါးတွင် ထိုင် လိုက်ရသနည်း။ အဖေါ်မွန်ဆိုသည်မှာ ဤသို့ဖြစ်သည်။ မိမိအဖေါ်အား မည်မျှ ထူးဆန်းသည့် ခရီး မည်မျှမြန်ဆန်သည့် ခရီးကို သွားနေခိုက် လူ့သားဟူသည် သဘာဝအရ ထိတ်လန့်မိမည်ဖြစ်သည်။ သို့သော် မိတ်ဆွေကောင်း ဂျီဗရာအီလ်သည် တမန်တော်မြတ် (ဆွ) ကို ထိုသို့ အဖြစ်မခံဘဲ အနားမှ အတူအားပေးစောင့်ရှောက်နေကာ ခရီးအစမှ အဆုံးတိုင် လိုက်လံစောင့်ရှောက် နေသည်ကိုတွေ့ရမည်။ မိတ်ဆွေဆိုသည်မှာ ဤသို့ဖြစ်ကြောင်း မိမိတို့အား သိစေလိုရင်းဖြစ်သည်။

ဂျီဗရာအီလ် (အ) ကောင်းကင်တမန်နှင့် တမန်တော်မြတ်(ဆွ) တို့သည် “ဘိုရာက်” ကို စီးနင်းကြရင်း ပါလက်စ်တိုင်းတို့ဋ္ဌာနေ ဂျေရုစလင်မြို့ရှိ မစ်ဂျိဒ် အက်စ်စာ ၀တ်ကျောင်းတော်သို့ သွားနေကြပေသည်။ လမ်းရီးတွင် ခရီးသွားတစ်စုသည် လမ်းပျောက်နေရင်း သောက်စရာရေပင်မရှိ ဒုက္ခရောက်နေသည်ကို တွေ့ရသည့် တမန်တော်မြတ်(ဆွ) သည် ၎
င်းတို့ကို လမ်းညွှန်ပြသပြီး သောက်စရာရေပင် ပေးအပ်ခဲ့သည်။ မစ်ဂျိဒ် အက်စ်စာ၏ ဒုတိယ ပရ၀ုန်တွင် ရောက်ရှိလာသည့် တမန်တော်မြတ်နှင့် ဂျီဗရီလ် (အ) သည် ၀တ်ကျောင်းတော်တွင် ခြေချစရာ မရှိအောင် များပြားလွန်းသည့် လူအုပ်စုကြီးကို တွေ့ရလေသည်။ သူတို့သည် တမန်တော်မြတ် (ဆွ) အားစောင့်မျှော် နေကြသည့်သူတို့ဖြစ်ပေသည်။ ဂျိဗရာအိလ် (အ) က ““၄င်းတို့သည် အသင့်ခေတ်အရင် ရှေးရှေးက ပွင့်လေပြီးသမျှသော တမန်တော် အပေါင်းဖြစ်သည်၊ အသင့်အား ခရီးဦးကြိုရန်အတွက် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်၊ အသင် သည် ၄င်းတို့အား ဦးဆောင်ကာ ဆွလာသ် ၂ ရကအသ် ဖတ်ရန် ပြင်ဆင်ပါ”” ဟုပြောလေသည်။ တမန်တော် မြတ်သည် အလွန်ပင် ၀မ်းသာပြီး အားလုံးနှင့်တွေ့ဆုံနုတ်ဆက်ကာ ဆွလာသ် ၂ ရကအသ်ကို အီမာမ်အဖြစ် ဦးဆောင်ကာ ဖတ်လေသည်။

ရှားဝလီယွလ္လာဟ် သခင်ကြီး ရေးသားခဲ့သည့် “စီရသွန်နဗီ ဟိဂ်ျဂျသွလ္လာဟိ ဗလာဂ် စာမျက်နှာ ၄၅၁” တွင် ရေးသားသည်မှာ၊ ဆွလာသ်အပြီး ဂျီဗရာအီလ် (အ) သည် တမန်တော်မြတ် (ဆွ) အား နို့ တစ်ခွက် နှင့် ၀ိုင်အရက် တစ်ခွက်ကို ဆက်သလိုက်သည်။ တမန်တော်မြတ်သည် နို့ကို ရွေးချယ်ကာ သောက်သုံးလိုက်သည်။ ထိုအခါ ဂျီဗရီလ် (အ) က မိန့်သည်မှာ “အိုတမန်တော် အသင်၏ နို့ကိုရွေး ချယ်မှုသည် အမှန်ပင်ဖြစ်သည်၊ နို့ခွက်ကိုရွေးချယ်မှုသည် အသင်၏ အွမ္မသ်အတွက် ဟိဒါယသ်၏ သဘော ရရှိမှုကို ဖေါ်ပြခြင်းပင်ဖြစ်သည်၊ ၀ိုင်အရက်ခွက်ကို မသုံးစွဲခြင်းသည် အသင်၏ အွမ္မသ် အတွက် အပယ်လမ်းသို့ ရောက်ရှိခြင်းမှ ကာကွယ်မှုကို ရရှိသွားခြင်း”” ဟု ရှင်းပြပါသည်။


ထို့နောက် တမန်တော်မြတ် (ဆွ) သည် မိုးကောင်းကင်ခရီးကို ဆက်လက်ကြွမြန်းခဲ့သည်။ ကောင်းကင်ဘုံ ၏အထပ်တိုင်းတွင် အစောင့်ကောင်းကင်တမန်များကို တွေ့ရလေသည်။ ထိုတမန်များ သည် မိမိတို့၏ အဆင့်သို့ရောက်လာသည့် ဂျီဗရာအီးလ် (အ) အား မေးခွန်းမေးလေ့ရှိသည်မှာ ““ အိုလာရောက်သူသည် မည်သူနည်း၊ ဂျီဗရာအီးလ် ဟု ဖြေလျှင် အသင်နှင့်အတူ လာသူမှာ မည်သူနည်းဟု မေးလေသည်၊ မုဟမ္မဒ် ဟုဖြေလျှင်၊ ၄င်းကို အထက်မှ ခေါ်ဆောင်လာရန် အမိန့်တော်ရှိပါသလားဟု ထပ်မေးပါသည်၊ ရှိပါသည်ဟု အဖြေရရှိမှသာ ကောင်းကင်တံခါးသည် ပွင့်လေသည်။ ဤ အဖြစ်အပျက်သည် ကောင်းကင်အထပ်တိုင်း တွင် ကြုံတွေ့ရလေသည်။

တမန်တော်မြတ် (ဆွ) နှင့်အတူ ဂျီဗရာ
အီလ် (အ) သည် ဘေးမှထပ်ချပ်မကွာ ဆက်လက်လိုက်ပါ လျှက်ရှိပြီး မိုးကောင်းကင်၏ ပထမ အထပ်သို့ ရောက်တွင် တမန်တော် အာဒမ် (အ) နှင့် တွေ့ဆုံပါသည်။ အာဒမ် (အ) သည် တမန်တော်မြတ်အား ““အို သန့်ရှင်းသော မှန်ကန်သော ချစ်သားတော် ”” ဟု နုတ်ဆက်ခဲ့ပါသည်။

တမန်တော် အာဒမ် (အ) ကို တမန်တော်မြတ် (ဆွ) ကတွေ့မြင်သောအခါ အာဒမ်သခင်သည် ညာဖက်ကို ကြည့်လိုက်လျှင် ပြုံးရယ်လျှက် ဘယ်ဘက်ကို ကြည့်လျှင် ငိုလျှက် ရှိသည်ကို တွေ့သည်အခါ တမန်တော်မြတ် (ဆွ) က ဂျီဘရီးလ် (အ) အား ဤအဖြစ်ကိုမေးကြည့်ရာ ဂျီဘရီးလ် (အ) ကမိန့်သည်မှာ ““အာဒမ် (အ) သည် ညာဖက်နှင့် ဘယ်ဘက်တွင် မိမိ၏ သားသမီးများကို မြင်တွေ့နေရခြင်းဖြစ်သည်။ ညာဖက်တွင် ရှိသူတို့ သည် ဂျန္နသ် ဥယျဉ် သို့ ၀င်ရောက်မည့်သူများဖြစ်သဖြင့် သူတို့ကို မြင်လျှင် အာဒမ် (အ) ပျော်ရွှင်နေခြင်း ဖြစ်ပြီး ဘယ်ဘက်မှသူတို့ သည် ဂျဟန္နမ် ငရဲစခန်းသို့ ၀င်ရောက်မည့်သူများဖြစ် သည်။ ထို့ကြောင့် သူတို့ကို မြင်လျှင် အာဒမ် (အ) သည် စိတ်မကောင်းသဖြင့် ငိုကျွေးခြင်းဖြစ်သ
ည်။ ဒီတော့ မိမိတို့သည် မည်သည့်ဖက်တွင် ရောက်မည်ကို မည်သူ သိနိုင်မည်နည်း။ အမှန်တော့ မိမိတို့သည် ညာဖက် နေသူများ၏ စာရင်းတွင် ပါဝင်ရန်အတွက် ကြိုးပမ်းရမည်။

ကောင်းကင်ဘုံ၏ ဒုတိယအဆင့်သို့ရောက်သည့်အခါ တမန်တော်မြတ် (ဆွ) သည် တမန်တော် အီစာ (အ) နှင့် တမန်တော် ယဟ်ယာ (အ) တို့ကို တွေ့မြင်ရပြီး သူတို့က တမန်တော်မြတ်အား ခရီးဦးကြိုကြကာ တမန်တော် မြတ် (ဆွ) ၏ ကောင်းကျိုးအဖြာဖြာအတွက် ဆုမွန်တောင်းကြလေသည်။

ကောင်းကင်ဘုံ၏ တတိယအဆင့်သို့ရောက်သည့်အခါ တမန်တော်မြတ် (ဆွ) သည် တမန်တော် ယူစွဖ် (အ) ကို တွေ့မြင်ရပြီး သူက တမန်တော်မြတ်အား ခရီးဦးကြိုကြကာ တမန်တော် မြတ် (ဆွ) ၏ ကောင်းကျိုးအဖြာဖြာ အတွက် ဆုမွန်တောင်းလေသည်။

ကောင်းကင်ဘုံ၏ စတုထ္ထအဆင့်သို့ရောက်သည့်အခါ တမန်တော်မြတ် (ဆွ) သည် တမန်တော် အီဒရစ် (အ) ကို တွေ့မြင်ရပြီး သူက တမန်တော်မြတ်အား ခရီးဦးကြိုကြကာ တမန်တော် မြတ် (ဆွ) ၏ ကောင်းကျိုးအဖြာဖြာ အတွက် ဆုမွန်တောင်းလေသည်။

ကောင်းကင်ဘုံ၏ ဥပ္စမဆင့်သို့ရောက်သည့်အခါ တမန်တော်မြတ် (ဆွ) သည် တမန်တော် ဟာရွန်း (အ) ကို တွေ့မြင်ရပြီး သူက တမန်တော်မြတ်အား ခရီးဦးကြိုကြကာ တမန်တော် မြတ် (ဆွ) ၏ ကောင်းကျိုးအဖြာဖြာ အတွက် ဆုမွန်တောင်းလေသည်။


ကောင်းကင်ဘုံ၏ စဋ္ဌမအဆင့်သို့ရောက်သည့်အခါ တမန်တော်မြတ် (ဆွ) သည် တမန်တော် မူစာ (အ) ကို တွေ့မြင်ရပြီး သူက တမန်တော်မြတ်အား ခရီးဦးကြိုကြကာ တမန်တော် မြတ် (ဆွ) ၏ ကောင်းကျိုးအဖြာဖြာ အတွက် ဆုမွန်တောင်းလေသည်။

ကောင်းကင်ဘုံ၏ သတ္တမအဆင့်သို့ရောက်သည့်အခါ တမန်တော်မြတ် (ဆွ) သည် တမန်တော် အီဗရာဟင်မ် (အ) ကို တွေ့မြင်ရပြီး သူက တမန်တော်မြတ်အား ခရီးဦးကြိုကြကာ တမန်တော် မြတ် (ဆွ) ၏ ကောင်းကျိုးအဖြာဖြာ အတွက် ဆုမွန်တောင်းလေသည်။ တမန်တော် အီဗရာဟင်မ် (အ) ကမူ ဘိုင်သွလ် မာမူးရ် ခေါ် မိုးကောင်းကင် ခုနှစ်ထပ်ရှိ ကအ်ဗဟ် ကျောင်းတော်ကို မှီလျှက် အနားယူတော
် မူနေသည်ကိုတွေ့ရလေသည်။ တမန်တော်မြတ် (ဆွ) က ဂျီဘရီးလ် (အ) အား အဖြစ်ကိုမေးကြည့်ရာ ဂျီဘရီးလ် (အ) ကပြောပြသည်မှာ တမန်တော် အီဗရာဟင်မ် (အ) ၏ ထူးမြတ်မှုနှင့် ကြိုးပမ်းမှုများတွင် မြေပြင်ပေါ်ရှိ ကအ်ဗဟ် ကျောင်းတော်သည် သက်သေခံဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် ၄င်းကြိုးပမ်း မှုကို လက်ခံတော်မူသည့်အတွက် မိုးကောင်းကင်၏ ကောင်းကင်တမန်များ သွဝါဖ် ပြုလုပ်သည့် ဘိုင်သွလ် မာမူးရ်တွင် နေထိုင်ခွင့်ကို ပေးအပ်ချီးမြင့်ခဲ့ခြင်းဖြစ်သည်။ ၄င်း ဘိုင်သွလ် မာမူးရ်တွင် တစ်နေ့လျှင် ကောင်းကင်တမန် ၇ သောင်း သွဝါဖ်ပြုလုပ်လေ့ရှိပြီး တစ်သက်တာတွင် သူတို့သည် တစ်ခေါက်သာ သွဝါဖ် လုပ်ခွင့်ရပြီး၊ အကြောင်းမှာ နောက်ရောက်ရောက်လာမည့် ကောင်းကင်တမန်များကြောင့် သွဝါဖ် လုပ်ပြီးသူ ကောင်းကင်တမန်တို့သည် နောက်ကို မည်သည့်အခါမျှ သွဝါဖ်လုပ်ရန် အခွင့်အရေး မရနိုင်တော့ခြင်းဖြစ်ပါ သည်ဟု ဂျီဗရာအီးလ် (အ) က ရှင်းပြပါသည်။

တမန်တော်ပေါင်း ၁၂၄၀၀၀ ကျော်ရှိသည့်အနက် အဆိုပါ တမန်တော် ရ ပါးကို ရွေးချယ်ကာ မိုးကောင်းကင် အထပ်ထပ်တိုင်းတွင် တမန်တော်မြတ် (ဆွ) နှင့် တွေ့ဆုံခွင့်ပေးအပ်ခြင်းသည် လည်း အိက်မသ် ခေါ် တွေးတော်စရာနှင့် ဝေးမည့်သဘော မရှိပါ။ အကြောင်းရင်းခံရှိပေသည်။ သဘောမှာ တမန်တော် အာဒမ်နှင့် တွေ့ဆုံခွင့်ရခြင်းသည် သူ၏ သားသမီးများကို မြင်တွေ့ခွင့်ရခြင်းသည် တမန်တော်မြတ်အား လူသားထုတစ်ရပ်လုံးနှင့် တွေ့ဆုံခွင့်ရခြင်း တနည်းအားဖြင့် လူသားထု၏ စုစည်းမှု၊ ထို့အပြင် အကောင်းနှင့် အဆိုး၊ ဒွန်တွဲနေမှု၊ ကောင်းမှုနှင့် မကောင်းမှု၏ သဘောတရား၊ ၄င်း ကောင်းမှုနှင့် မကောင်းမှု လုပ်ကြသူတို့၏ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများအပါအ၀င် ကမ္ဘာ့တရားခွင့်နောက်ပိုင်း ရင်ဆိုင် ကြုံတွေ့ရမည့် အပယ်ငရဲစခန်းအကြောင်းနှင့် ကောင်းကင်ဘုံ သုခဥယျဉ် တို့အကြောင်းကို သိခွင့်ရခြင်း ဖြစ်ပါသည်။ ထို့အပြင် လူသားတို့၏ ဖခင်ကြီး အာဒမ် (အ) ၏ မေတ္တာတရားရှိပုံ သားသမီးအားလုံးကို မည်မျှ ချစ်ခင်နှစ်သက်ပုံ ဖခင်တစ်ဦး၏ စေတနာ မေတ္တာတရားထားတတ်ပုံကို သိခွင့်ရရှိပါသည်။

ထို့အပြင် အခြားတမန်တော်အပေါင်းတို့အနက် တမန်တော် အီဗရာဟင်မ် (အ)၊ တမန်တော် မူစာ (အ)၊ တမန်တော် ဟာရွန်း (အ)၊ တမန်တော် ယူစွဖ် (အ)၊ တမန်တော် အီစာ (အ) နှင့် တမန်တော် ယဟ်ယာ (အ) တို့ကို ရွေးချယ်ပေးတွေ့ခဲ့သည်မှာလည်း အလွန် တရားရးစရာကောင်းပါသည်။ သဘောမှာ တမန်တော်မြတ် အနေဖြင့် အဆိုပါ တမန်တော်အပါင်းတို့၏ အတွေ့အကြုံများကို လေ့လာပြီး ၄င်းတို့ ဘ၀တွင် ဖြစ်ပျက်ခဲ့သမျှကို သင်္ခန်းစာယူကာ မိမိဘ၀နှင့် မိမိအွမ္မသ်အတွက် ပြင်ဆင်လုပ်ကိုင် ဆောင်ရွက်ဖို့အတွက် သတိပေးခြင်းလည်း ဖြစ်သည်ဟု ပညာရှင်များက တင်ပြကြသည်ကိုလည်း လေ့လာ သိရှိနိုင်ပါသည
်။

ထို့နောက် တမန်တော်မြတ်(ဆွ) အား ဂျီဗရာအီးလ် (အ) က မိုးကောင်းကင် ခုနှစ်ထပ်မှ ဆက်လက် ခေါ်ဆောင်သွားရာ (ဆိဒ်ရသွလ် မွန်သဟာဟ်) ဇီးပင်များ ပေါက်ရောက်နေသည့်နေရာ တစ်နေရာ အရောက်တွင် ရပ်ပစ်လိုက်ပြီး ဂျီဗရာအီးလ် (အ) က အို တမန်တော် မိမိသည် ဤနေရာမှ ရှေ့သို့ ဆက်လက်သွားရန် အမိန့်တော် မရှိတော့ပြီး အသင်တစ်ယောက်တည်းသာ ဆက်လက်သွားရောက်ရ မည်ဟု ဆိုပါသည်။ တမန်တော်မြတ် (ဆွ) ဆက်လက်သွားရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ အရရှ် ပုလ္လင်တော်တွင် အလ္လာဟ်အရှင်မြတ် ကို ဖူးမြော်တော်မူခွင့် ရရှိပါသည်။

တမန်တော်မြတ်(ဆွ) သည် အလ္လာဟ်အရှင်မြတ်ကို တွေ့သည့်အခါ “ အို ကြီးကျယ်မြင့်မြတ်ခြင်း ကျက်သရေ မင်္ဂလာအပေါင်းဖြင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ ပြလုပ်သမျှ အမလ်အိဗါဒသ်အားလုံးသည် အရှင်မြတ်၏ နှစ်သက်မှုအတွက် ဖြစ်ပါသည်။ Attahiyatu Lillahi Wassalawatu Wattayibatu။


အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား နုတ်ခွန်းဆက်တော်မူပြီး မိန့်သည်မှာ အိုမုဟမ္မဒ် “အသင့်အပေါ် ကောင်းချီးမင်္ဂလာကျရောက်ပါစေသား” ဟု မိန့်ပါသည်။ Assalamu Alika Aayuhan Warah Matullahi WabarakatuhuNabiyee။

တမန်တော်မြတ်(ဆွ) ထိုအခါ မိမိ၏ အွမ္မသ်ကို မမေ့ဘဲ “ အိုအလ္လာဟ်အရှင်မြတ် ၄င်း မင်္ဂလာ ကောင်းချီးသည် ကျွန်ုပ်၏ အွမ္မသ်သား လူသူတော်ကောင်းများအတွက်လည်း ကျရောက်စေခွင့် ပြုတော်မူပါ အရှင်မြတ်” ဟု ပြန်လည်ပြောကြားလေသည်။ Assalamualaina Waala Ibadullahi Assaliheen ။

ထိုအခါ တမန်တော်မြတ် (ဆွ) ပြောကြားသည်မှာ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး သက်သေခံသည် မှာ အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြား ခ၀တ်ကိုးကွယ်ထိုက်သော အရှင်မရှိဟူ၍ ဖြစ်ပါသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား လက်ဆောင်အဖြစ် ဆွလာသ် ပေါင်း တစ်နေ့လျှင် အကြိမ် ၅၀ ဖတ်ရန် မိန့်မှာလေသည်။ တမန်တော်မြတ်လည်း ၀မ်းသာအားရလွန်းကာ ပြန်လည်ထွက်ခွာလေသည်။

သို့သော် အိမ်အပြန် မိုးကောင်းကင် အဆင့်ဆင့်ကို ဖြတ်သန်းသည့်အခါ အလာတွင် တွေ့ဆုံခဲ့သော တမန်တော်များနှင့် ပြန်လည်နုတ်ဆက်ကာ ပြန်မည်လုပ်တိုင်း တမန်တော်တိုင်းက “ အိုမုဟမ္မဒ် အသင့် အွမ္မသ်အတွက် အလ္လာဟ်အရှင်မြတ် ပေးအပ်သည့် ဆွလာသ် ၅၀ သည် အလွန်ပင် ကြီးမားလွန်းသည် သူတို့ လုပ်ငန်းတာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု မိမိတို့မထင်ကြောင်း အလ္လာဟ်အရှင်မြတ် ထံတော်သို့ပြန်လည် သွားရောက်ကာ အမိန့်တော်ကို လျှော့ပေါ့ ပေးရန် တောင်းဆိုသင့်ကြောင်း ပြောပြကြ လေသည်။ တမန်တော်မြတ်သည် ညီနောင် တမန်တော်တို့၏ စကားအပေါ် အလ္လာဟ်အရှင်မြတ်အား ပြန် လည်တင်ပြသဖြင့် အလ္လာဟ်အရှင်မြတ်သည် ဂရုဏာ တော်ထားတော်မူကာ ၅၀ သော ဆွလာသ် ဖတ်ခြင်း ဟူသော တာဝန်ဝတ္တရားမှ ၅ ကြိမ်သော ဆွလာသ် တစ်ရက် ဖတ်ရန်ဟူသော ပညတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ် တာဝန်ပေးအပ်လိုက်ပါသည်။


သို့ဖြစ်၍ မိမိတို့သည် ဆွလာသ်တာဝန်ကို ပေါ့ ပေါ့ တန်တန် တာဝန်ဟူ၍ သဘောမထားသင့်ဘဲ အလ္လာဟ် အရှင်မြတ် ကိုယ်တော်တိုင်း တမန်တော်မြတ် (ဆွ) အား မိုးကောင်းကင် အထက်တွင် အရရှ် ပုလ္လင်ရှေ့ဝယ် ပေးအပ်ခဲ့သည့် တာဝန်ဟူ၍ သဘောပေါက်ခဲ့လျှင် မိမိတို့ ၄င်းတာဝန်ကို မည်သည့်အခါမျှ မေ့လျှော့တော့ မည်မဟုတ်ကြောင်း ယုံကြည်ပါသည်။

အိမ်အပြန်တွင် ဂျဗ် ရီးလ် (အ) က တမန်တော်မြတ် (ဆွ) အား ဘိုရာက် မြင်းဖြင့်ပင် မစ်ဂျိဒိ အက်စာ အထက်မှ မြေပြင်သို့ ခေါ်ဆောင်ကာ နောက်ဆုံးတွင် တမန်တော်မြတ်အား မက္ကာမြို့ရှိ ကအ်ဗဟ် ကျောင်းတော်သို့ ခေါ်ဆောင်ပြီး နုတ်ဆက်ထွက်ခွါသွားလေတော့သည်။

ဤသည်ကား မေ့ရာဂ်ျ အကြောင်းပင်ဖြစ်ပါသည်။


မေ့ရာဂ်ျ ကဏ္ဍက ဒီလောက်ဘဲဖြစ်သော်လည်း ဒီလောက်နဲ့ဘဲ မပြီးပါ။ တမန်တော်မြတ် (ဆွ) က မိမိ၏ ဆွဟာဘာများကို အလ္လာဟ်အရှင်မြတ် ပေးအပ်လိုက်သော တာဝန်များအနက် ဆွလာသ် တာဝန်ကို တင်ပြလိုက် ပါတယ်။ သို့ဖြစ်၍ တစ်ယောက်ကနေတစ်ဆင့် တမန်တော်မြတ် မေ့ရာဂ်ျ ခရီးထွက်သည့်သတင်းဟာ အပြင်ကို တောမီးလောင်သလို ပြန့်နှံ့ကုန်တော့သည်။ ကာဖိရ် ကိုရိုင်းရှ်တို့သည် တမန်တော်မြတ် (ဆွ) အနေဖြင့် လိမ်လည်ပြောဆိုခြင်းဖြစ်သည်။ တစ်ည အတွင်း မက္ကာမြို့မှ ဂျေရုစလင် မြို့သို့ ခရီးထွက်ရန်သည် လုံးဝ မဖြစ် နိုင်ကြောင်း ပြောဆိုကာ တမန်တော်မြတ်ကို အပြစ်ဖို့ကြလေသည်။ မကောင်းပြောဆိုကြလေသည်။ အချို့သော မွတ်စ်လင်မ်တို့သည်လည်း တမန်တော်မြတ်၏ မေ့ရာဂ်ျ ခရီးစဉ်ကို ယုံရတစ်ဝက် မယုံရတစ်ဝက် ဖြစ်နေကြချိန် တွင် အချို့သော မွတ်စ်လင် တို့သည် အဘူဘကရ် သခင်ထံသို့ သွားရောက်ကာ မေ့ရာဂ်ျ အကြောင်းကို ပြေပြ လေသည်။ အဘူ ဘကရ်သခင်သည် ၄င်းသတင်းကို ကြားသောအခါ လာပြောပြသူတို့ကို ပြောပြသည်မှာ အကယ်၍ မုဟမ္မဒ် (ဆွ) သည် ထိုသို့ ပြောဆိုခဲ့ပါက အမှန်ပင်ဖြစ်မည်။ အကြောင်းမှာ သူသည် မည်သည့်အခါမျှ လိမ်လည် ပြောတတ်သူမဟုတ်ဟုဆိုပါသည်။ အဘူဘကရ်သခင်သည် တစ်ပြိုင်နက်တည်းမှာပင် တမန်တော် မြတ် (ဆွ) လာရောက်ကာ မေးလေသည်။ ““အိုမုဟမ္မဒ် (ဆွ) အသင်သည် မေ့ရာဂ်ျ ခရီးနှင့် ပတ်သက်၍ ပြောပြခဲ့ ပါသလား”” ဟု မေးလေသည်။ တမန်တော်မြတ်က အိုအဘူဘကရ် ငါသည် အမှန်ပင် ၄င်းခရီးကို ထွက်ခဲ့ပြီး အဖြစ်အပျက်များသည် အမှန်ပင်ဖြစ်သည်”” ဟု ပြောဆိုပါသည်။ ထိုါအခါ အဘူဘကရ် သခင်က အို မုဟမ္မဒ် အသင်ပြောဆိုသမျှသည် အမှန်တွေချည်း ဖြစ်ပါသည်”” ဟု ပြန်ပြောပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွ) က အို အဘူဘကရ် အသင်သည် အမှန်ကိုပြောသူဖြစ်သဖြင့် အသင့်ကို မှန်ကန်သူ ““အဆ်ဆွိဒ်ဒိက်”” ဟု ခေါ်ဆိုထိုက်ပေသည်ဟု ဆိုပါသည်။ သို့ဖြစ်၍ အဘူဘကရ် သခင်၏ နံမည်တွင် ““ဆွိဒ်ဒိက်”” ဂုဏ်ရည်ကို ထိုနေ့မှစကာ လူတို့သည် ခေါ်ဝေါ် သုံးဆွဲကြလေသည်။

နောက်ရက်အနည်းငယ်တွင် လမ်းပျောက်နေသည့် ကုန်သည် အုပ်စုသည် မက္ကာမြို့သို့ ရောက်ရှိလာပါသည်။ သူတို့သည် လမ်းခရီးတွင် လမ်းပျောက်နေခဲ့ကြောင်း၊ သောက်စရာရေပင် မရှိဖြစ်နေခဲ့ကြောင်း၊ လမ်းခရီးတွင် လူတစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့ခဲ့ရကြောင်း ထိုသူသည် မိုဟမ္မဒ် (ဆွ) ပင်ဖြစ်ကြောင်း သူတို့ကို လမ်းပြ သည့်အပြင် သောက်စရာရေကိုလည်း ပေးအပ်ခဲ့ကြောင်းြေူပာပြကြလေသည်။ ထိုသတင်းသည် မက္ကာမြို့တွင် တမဟုတ်ချင်းပြန့်နှံ့သွားရာ ကာဖိရ်တို့သည်လည်း ကြားကြလေသည်။ လူအများသည် တမန်တော်မြတ်၏ မေ့ရာဂ်ျခရီးကို ယုံကြည်လာကြလေသည်။

ကာဖိရ်တို့၏ ယုံကြည်မှုထက် မွတ်စ်လင်မ်တို့၏ ယုံကြည်မှုသည် ပိုမိုခိုင်မာလာပြီး အီမာန်ယုံကြည်သူများလည်း များသည်ထက်များ လာလေသည်။ အထူးသဖြင့် ဆွလာသ်နှင့် ပတ်သက်ပြီး လူတို့သည့် ပိုမိုကာ အာရုံစိုက်လာ ကြလေသည်။ မွတ်စ်လင်မ်တို့၏ အိဗါဒသ်များတွင် ယနေ့တိုင်း တစ်ရက်တွင် ဆွလာသ် ၅ ကြိမ် ဖတ်ခြင်းသည် ဖရဇ် မဖြစ်မနေ လုပ်ရမည့် တာဝန်တစ်ရပ်ဖြစ်လာခဲ့ပါသည်။

အထူးသဖြင့် မွတ်စ်လင်မ်တို့သည် ၄င်းမေ့ရာဂ်ျနေ့ကို အလွန်ထူးမြတ်သည့်နေ့အဖြင့် သွင်တ်မှန်ကြပြီး ၄င်းနေ့တွင့် အလူအတန်းများ လုပ်ကြ၊ ဇကိရ်များ တတ်အားသ၍ လုပ်ကြ၊ ရိုဇာဥပုဒ် စောင့်တည်ကြရင်း ၄င်းနေ့၏ ဖဇီလသ် အကျိုးကျေးဇူးကို ရယူလေ့ရှိကြပါသည်။ သို့ဖြစ်၍ မိမိတို့သည် ၄င်းနေ့တွင် ရိုဇာ နဖိလ် စောင့်ထိန်းကြကာ ဖရဇ် ဆွလာသ်များကို မပြတ်တမ်း ဖတ်ကြရင်း အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတရားကို တုံ့ပြန်ကြရန် တိုက်တွန်းလိုက်ပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

1 comment:

မေလေးညို said...

ဒီပို့စ်ကြောင့် မေ့ရာဂ်ျညရဲ့ ထူးမြတ်ပုံကို အသေးစိတ်သိရပြီး အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် လက်ဆောင်ကျင့်စဉ်အဖြစ်ချမှတ်ပေးခဲ့တဲ့ ဆွလာသ်ရဲ့ လေးနက်မှူကိုလည်း ပိုနားလည်သွားရပါတယ်..တင်ပြပေးလို့ ကျေးဇူးအထူးပါ။ စာရေးသူအပေါ် အလ္လာအရှင်မြတ်ရဲ့ ချစ်ခင်နှစ်လိုမှူနဲ့ ကောင်းခြင်းမင်္ဂလာများ ကျရောက်ပါစေ။