Friday, September 25, 2009

Surah 070 Al-Ma'arij : The Heights


၀၇၀။ စူရာ မအာရိဂ်ျး အဆင့်အတန်းများ ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၄၄ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၇၀း ၁။ တောင်းဆိုသူတစ်ဦး ကျရောက်အံ့သော ပြစ်ဒါဏ်ကို တောင်းဆို၏။

၀၇၀း ၂။ ကာဖိရ်တို့အပေါ်ဝယ် ယင်းပြစ်ဒါဏ်ကို တွန်းလှန်ဖယ်ရှားနိုင်သူ တစ်ဦးတစ်ယောက်မျှမရှ်ပါ။

၀၇၀း ၃။ လှေကား အဆင့်အတန်းကို ပိုင်ဆိုင်သော အလ္လာဟ်အရှင်မြတ်ထံမှ (ကျရောက်မည်) ဖြစ်သော။

၀၇၀း ၄။ ကောင်းကင်တမန်များနှင့် ၀ိဥါည် အသက်ဇီဝိန်များသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ တက်ရောက်သွားကြသည်။ ယင်းနေ့၏အတိုင်းအတာသည် လက်ရှိအချိန်၏ နှစ်ပေါင်း ၅ သောင်းနှင့်ညီမျှ၏။

၀၇၀း ၅။ သို့ဖြစ်၍ အို နဗီတမန်တော် အသင်သည် ကောင်းမွန်သော ခန္တိးတရားကို ထားပါလေ။

၀၇၀း ၆။ ဧကန်မလွဲ ၄င်းတို့သည် ယင်းပြစ်ဒဏ်နေ့ကို ဝေးသည်ဟု မြင်ကြ၏။

၀၇၀း ၇။ ငါအရှင်မြတ်သည် ယင်းပြစ်ဒါဏ်နေ့ကို အနီးဝယ် မြင်တွေ့နေရပေသည်။

၀၇၀း ၈။ အကြင်နေ့တွင် မိုးကောင်းကင်သည် ဆီအနည်ရည်ကို ကျိုထားသော(ကြေးနီ၊ ကြေးဝါ၊ ငွေ) စသည့် တွင်းထွက်သတ္တုများကဲ့သို့ ဖြစ်သွားမည်။

၀၇၀း ၉။ ၄င်းအပြင်တောင်များမှ အရောင်ဆိုးထားသော သိုးများကဲ့သို့ ဖြစ်သွာပေမည်။

၀၇၀း ၁၀။ ၄င်းအပြင် အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကမျှပင် မည်သည့် အဆွေခင်းပွန်းကိုမျှပင် မေးမြန်းမည် မဟုတ်ပေ။

၀၇၀း ၁၁။ ထို့အပြင် ၄င်းတို့သည် အချင်းချင်း ပြသခြင်းကိုလည်း ခံကြရမည်။ ထိုနေ့တွင် အပြစ်ရှိသော သူသည် မိမိအပြစ်မှ လွတ်မြောက်ရန် မိမိသားများကို၎င်း။

၀၇၀း ၁၂။ မိမိ၏ ကြင်ဖော်အား၎င်း၊ မိမိ၏ ညီအကိုများအား၎င်း။

၀၇၀း ၁၃။ မိမိအား ခိုလှုံနေထိုင်စရာ ပေးသော် ဆွေမျိုးသားချင်းများအား၎င်း။

၀၇၀း ၁၄။ ပထ၀ီမြေ၀ယ် ရှိသူအားလုံးတို့အား၎င်း၊ အစားထိုးလျှော်ကြေးပေးပြီး၊ ထိုလျှော်ကြေးသည် မိမိအား လွတ်မြောက်စေလျှင် ကောင်းစွဟု ဆန္ဒ ရှိပေမည်။

၀၇၀း ၁၅။ ထိုသို့ အလျှင်းမဖြစ်နိုင်ပါ။ စင်စစ် ယင်း ငရဲမီးသည် ဟုန်းဟုန်း တောက်လောင်လျှက်ရှိသော

၀၇၀း ၁၆။ အရည်ကို ခွာပစ်အံ့သော မီးတောက်မီးတောက်လျှံပင်ဖြစ်ပေသည်။

၀၇၀း ၁၇။ ယင်းမီးသည် အီမာန် မယူသည့် ကျောခိုင်းထွက်သွားခဲ့သော။


၀၇၀း ၁၈။ (ပစ္စည်းဥစ္စာ) စုဆောင်း သိုမှီးခဲ့သူများအား ခေါ်ယူပေမည်။


၀၇၀း ၁၉။ စင်စစ် လူသားမှာ လွန်စွာ စိတ်စောသူ၊ သည်းမခံနိုငသောသူအဖြစ် ဖန်ဆင်းခြင်းကို ခံခဲ့ရလေ၏။

၀၇၀း ၂၀။ ၄င်းသည် ဘေးဒုက္ခရောက်သောအခါ လွန်စွာ ညည်းညူတတ်သူ ဖြစ်၏။

၀၇၀း ၂၁။ သို့သော် ၄င်းသည် ချောင်လည်ကောင်းစားသောအခါ လွန်စွာ တွန့်တိုတတ်သူဖြစ်သည်။

၀၇၀း ၂၂။ သို့သော် ဆွလာသ် ၀တ်ပြုသူတို့သည် ထိုသို့မဟုတ်ပါ။

၀၇၀း ၂၃။ ထိုသူတို့သည် မိမိဆွလာသ်ဝတ်ပြုမှုတွင် စွဲမမြဲလျှက်ရှိကုန်၏။

၀၇၀း ၂၄။ ထို့အပြင် ထိုသူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းဝယ် (ဆင်းရဲသားများအတွက်) သတ်မှတ်သည့် အခွင့်အရေး ရှိသည်ကို သိကြ၏။

၀၇၀း ၂၅။ တောင်းရမ်းသူတို့အဖို့၎င်း၊ တောင်းရမ်းခြင်းမပြုသောသူ (သူဆင်းရဲ) တို့အဖို့၎င်း။

၀၇၀း ၂၆။ ထိုသူတို့သည် အစားပေးမည့်နေ့ကို အမှန်ဟု ယုံကြည်ကြ၏။

၀၇၀း ၂၇။ ထိုသူတို့သည် မိမိဖန်ဆင်းရှင်၏ အပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်လျက်ရှိကြကုန်၏။


၀၇၀း ၂၉။ ထို့အပြင် သူတို့သည် မိမိတို့၏ အရှက်အင်္ဂါကို ထိန်းသိမ်းကြကုန်၏။


၀၇၀း ၃၀။ သို့သော် မိမိတို့၏ တရားဝင်ဇနီးမယားများနှင့် ကျွန်မိန်းမများအားသာ ကိုယ်လက်နှီးနှောခြင်းသည် အပြစ်မဆိုထိုက်ပေ။

၀၇၀း ၃၁။ သို့သော် မည်သူမဆို အဆိုပါ သူတို့မှအပ အခြားသူများ တောင်းတခြင်းသည် စည်းကမ်းဖေါက်ဖျက်ခြင်းဖြစ်သည်။

၀၇၀း ၃၂။ ထို့အပြင် ထိုသူတို့သည် မိမိတို့ ယုံကြည်မှုကို၎င်း၊ ဂတိခံဝန်ချက်များကိုလည်း ထိန်းသိမ်းကြသူများ ဖြစ်၏။

၀၇၀း ၃၃။ ထိုသူတို့သည် မိမိတို့၏ သက်သေခံချက်များကို တိကျစွာ သက်သေထွက်ဆိုကြ၏။

၀၇၀း ၃၄။ ထိုသူတို့သည် မိမိတို့၏ ဆွလာသ်ကို အမြဲပြုမူကြ၏။


၀၇၀း ၃၅။ ထိုသူတို့သည် ဂျန္နသ် ဥယျဉ်ဘံများဝယ် ဂုဏ်အသေရေရှိစွာ ခံစားကြကုန်အံ့။

၀၇၀း ၃၆။ အို (မုဟမ္မဒ်) သို့ဖြစ်လျှင် ကာဖိရ်တို့သည် အသင့်ထံသို့ အဘယ်ကြောင့် လျှင်မြန်စွာ ပြေးလာကြ သနည်း။

၀၇၀း ၃၇။ လက်ယာဘက်မှ၎င်း၊ လက်ဝဲဖက်မှ၎င်း။ အဖွဲ့လိုက် အဖွဲ့လိုက်။

၀၇၀း ၃၈။ ၄င်းတို့အနက် လူတိုင်းသည် စည်းစိမ်ချမ်းပြည့်စုံသော ဂျန္နသ်ဘုံသို့ ၀င်ရောက်ရန် ဆန္ဒ ရှိသလော။

၀၇၀း ၃၉။ အလျှင်မဟုတ်၊ စင်စစ် ငါအရှင်မြတ်သည် ၄င်းတို့ကို ၄င်းတို့သိသော အရာဖြင့်ပင် ဖန်ဆင်းခဲ့၏။

၀၇၀း ၄၀။ ငါအရှင်မြတ်သည် နေထွက်ရာနှင့် နေ၀င်ရာအရပ်များကို ကျိန်ဆို၍ မိန့်လိုသည်မှာ ငါအရှင်မြတ်သည် တတ်နိုင်စွမ်းသောအရှင်ဖြစ်၏။

၀၇၀း ၄၁။ ငါအရှင်မြတ်သည် သူတို့ကို ၄င်းတို့ထက်သာလွန်သော သူများနှင့် လဲလှယ်ရန် မစွမ်းဆောင်နိုင်သော အရှင်မြတ် မဟုတ်ပေ။

၀၇၀း ၄၂။ အို နဗီတမန်တော် သူတို့ကို ဂတိပြုထားသည့် ချိန်းဆိုထားသောနေ့တိုင် အချီနှီး စကားပြော နေခြင်းဖြင့်၎င်း၊ ကစားခုန်စားခြင်းဖြင့်၎င်း လွတ်ထားလိုက်ပါ။

၀၇၀း ၄၃။ သင်္ချိုင်းများမှ ထွက်၍ လျှင်မြန်စွာ ပြေးကြအံ့သောနေ့တွင် သူတို့သည် မိမိတို့၏ ပူဇော်ပသသည့် ရုပ်ထုများဘက် ပြေးကြသကဲ့သို့ ပြေးကြလိမ့်မည်။

၀၇၀း ၄၄။ ၄င်းတို့၏ မျက်စိများ အောက်စိုက်နေမည်။ ဂုဏ်ရည်သိမ်ငယ်မှု ဖုံလွမ်းနေလိမ့်မည်။ ထိုနေ့သည်ကား ချိန်းဆိုခြင်းခံရသော နေ့ပင်ဖြစ်သည်။

No comments: