Thursday, September 17, 2009

Surah 077 Al Mursalat : The Emissaries



၀၇၇။ စူရာ မုရ်စလာသ်း စေလွှတ်ခြင်းခံရသော လေများ ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၅၀ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၇၇း ၁။ (ငါအရှင်မြတ်သည်) အကျိုးဖြစ်မည့် ဆက်တိုက် စေလွှတ်ခြင်းခံရသော လေများကို သက်သေထူတော်မူ၏။

၀၇၇း ၂။ (ငါအရှင်မြတ်သည်) ပြင်းထန်စွာတိုက်ခတ်သော လေများကို သက်သေထူတော်မူ၏။

၀၇၇း ၃။ (ငါအရှင်မြတ်သည်) တိမ်များကို ပြန့်နှံ့စေသော လေများကို သက်သေထူတော်မူ၏။

၀၇၇း ၄။ (ငါအရှင်မြတ်သည်) ယင်းတိမ်များကို ကစင့်ကလျှားဖြစ်စေသော လေများကို သက်သေထူတော်မူ၏။

၀၇၇း ၅။ (ငါအရှင်မြတ်သည်) ငါအရှင်အား သတိရမှုကိုထည့်ပေးသော လေများကို သက်သေထူတော်မူ၏။

၀၇၇း ၆။ တောင်းပန်ရန်၎င်း၊ သတိပေး နိုးဆော်ရန်၎င်း။

၀၇၇း ၇။ဧကန်မုချ အသင်၏ ချိန်ဆိုထားခြင်းသည် အမှန်ပင် ဆိုက်ရောက်လာမည်။

၀၇၇း ၈။ စင်စစ် အကြင်အခါဝယ် ကြယ်နက္ခတ်တို့သည် ကွယ်ပျောက်သွားပေမည်။

၀၇၇း ၉ ။၎င်းအပြင် အကြင်အခါ မိုးကောင်းကင်သည် အက်ကွဲသွားမည်။

၀၇၇း ၁၀ ။ထို့အပြင် အကြင်အခါ တောင်များသည် အစိတ်စိတ်ဖြစ်ကာ လေထဲလွင့်နေပေမည်။

၀၇၇း ၁၁။ ထို့အပြင် ရစူလ် တမန်တော်များသည် သတ်မှတ်ချိန်၌ လာရောက်စုရုံးကြပေမည်။

၀၇၇း ၁၂ ။၎င်း ကိစ္စတို့သည် မည်သည့်နေ့ရက်သို့ ရွေ့ဆိုင်းခြင်းခံရသနည်း။

၀၇၇း ၁၃။ စီရင်ဆုံးဖြတ်မည့်နေ့သို့ ရွေ့ဆိုင်းခြင်းခံရလေသည်။

၀၇၇း ၁၄။ စင်စစ် (အိုနဗီတမန်တော်) စီရင်ဆုံးဖြတ်မည့်နေ့သည် မည်သည့်နေ့ဟူသည်ကို အသင်သိပါသလား။

၀၇၇း ၁၅။ ထိုနေ့တွင် ငြင်းပယ်သူတို့အတွက် အကြီးအကျယ် ပျက်စီးရှိပေမည်။

၀၇၇း ၁၆။ ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့အား ပျက်စီးစေခဲ့သည်။

၀၇၇း ၁၇ ။ထို့နောက် ငါအရှင်သည် နောင်လာနောက်သားတို့အား အရင်လူတို့နောက်သို့ လိုက်စေမည်။

၀၇၇း ၁၈။ ငါအရှင်သည် အပြစ်ကျူးလွန်သူတို့အား ဤအတိုင်း ပြုလုပ်လေ့ရှိ၏။

၀၇၇း ၁၉ ။ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

၀၇၇း ၂၀ ။ငါအရှင်သည် ၄င်းတို့အား နိမ့်ကျသော အရည်ဖြင့် ဖန်ဆင်းခဲ့သည် မဟုတ်ပါလား။

၀၇၇း ၂၁။ တဖန် ငါအရှင်သည် ၄င်းအရည်ကို လုံခြုံသောနေရာ၌ ထားရှိခဲ့သည်။

၀၇၇း ၂၂။ သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင်။

၀၇၇း ၂၃ ။ ထို့အပြင် ငါအရှင်သည် ချိန်ဆခန့်မှန်းခဲ့ရာ ငါအရှင်သည် အဘယ်မျှ အကောင်းဆုံး ချိန်ဆခန့်မှန်းနိုင်သူ ဖြစ်သနည်း။

၀၇၇း ၂၄။ ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

၀၇၇း ၂၅။ ငါအရှင်မြတ်သည် ပထ၀ီမြေကို စုရုံးပေါင်းစပ်သည့်နေရာအဖြစ် ပြုလုပ်ခဲ့သည် မဟုတ်ပါလား။

၀၇၇း ၂၆။ အသက်ရှင်တို့သည်၎င်း၊ သေသူတို့သည်၎င်း။

၀၇၇း ၂၇ ။ ထို့အပြင် ငါအရှင်သည် ၄င်းပထ၀ီမြေတွင် မြင့်မားသောတောင်များကို စိုက်ထူပြီး အသင်တိုအား ချိုမြသောရေကို တိုက်ကျွေးတော်မူသည်။

၀၇၇း ၂၈။ ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

၀၇၇း ၂၉။ အသင်တို့သည် မိမိတို့ ငြင်းပယ်ခဲ့သည့် အရာများဆီသို့ သွားကြလေကုန်။

၀၇၇း ၃၀။ အသင်တို့သည် သုံးဖြာသော အရိပ်ရှိရာသို့ သွားကြလေကုန်။

၀၇၇း ၃၁။ (ယင်းအရိပ်တွင်) သက်သာမှုလည်းမရှိ၊ မီးလျှံ၏အရိပ်မှာလည်း ကာကွယ်မှု ရမည်မဟုတ်ပေ။

၀၇၇း ၃၂ ။စင်စစ် ၄င်းမီးသည် ရဲတိုက်ပမာ ကြီးမားသည် မီးပွင့်မီးပွားများကို ပေါက်ထွက်စေသည်။

၀၇၇း ၃၃။ ယင်းမီးပွားများသည် အ၀ါရောင် ကုလားအုပ်များကဲ့သို့ ရှိပေမည်။

၀၇၇း ၃၄။ ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

၀၇၇း ၃၅ ။ဤနေ့သည် ၄င်းတို့ စကားမပြောနိုင်သည့် နေ့ပင်ဖြစ်သည်။

၀၇၇း ၃၆ ။၎င်းတို့အဖို့ အကြောင်းပြရန် ဆင်ခြေပေးခွင့်လည်း ပြုမည်မဟုတ်ပေ။

၀၇၇း ၃၇ ။ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

၀၇၇း ၃၈။ ဤနေ့သည် တရား စီရင်မည့်နေ့ဖြစ်သည်။ ငါအရှင်သည် အသင်တို့ကို၎င်း ရှေးသူဟောင်းတို့၎င်း စုရုံးလိုက်လေပြီ။

၀၇၇း ၃၉ ။အကယ်၍ အသင်တို့ထံ အကြံအစည်ရှိက ငါအရှင်နှင့် ယှဉ်ပြိုင်ကြံစည်ကြလေကုန်။

၀၇၇း ၄၀။ ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

၀၇၇း ၄၁။ စင်စစ် မွတ္တကီ တို့အဖို့ အရိပ်အ၀ါသများ၊ စမ်းချောင်းများ၌၄င်း။

၀၇၇း ၄၂။ နှစ်သက်ဖွယ် သစ်သီးဝလံများ၌လည်း ရှိပေမည်။

၀၇၇း ၄၃။ အသင်သည် မိမိကောင်းမှု့ကြောင့် မြိန်ယှက်စွာ စားသုံးကြကုန် သောက်သုံးကြလေကုန်။

၀၇၇း ၄၄။ ငါအရှင်မြတ်သည် ကောင်းမှုပြုသူများအား ဤသို့ပင် အစားပေးလေ့ရှိသည်။

၀၇၇း ၄၅။ ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

၀၇၇း ၄၆။ ဤလောက၀ယ် အသင်တို့သည် အနည်းငယ်မျှ စားသုံးခြင်းကို၎င်း အကျိုးခံစားခြင်းကို၎င်း ပြုလုပ်ကြလေကုန်။ စင်စစ် အသင်တို့သည် အပြစ်ရှိသူများ ဖြစ်ကြ၏။

၀၇၇း ၄၇။ ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

၀၇၇း ၄၈။ စင်စစ် ၄င်းတို့အား ရုကူပြုကြကုန်ဟု အမိန့်ပေးသော်အခါ သူတို့သည် ရုကူမပြုကြပေ။

၀၇၇း ၄၉။ ထိုနေ့တွင် ငြင်းပယ်သူတို့အဖို့ ကြီးမားသော ပျက်စီးမှု ရှိပေမည်။

No comments: