၁၀၇။ စူရာ မာအူးန်း အသေးအဖွဲ့ကဏ္ဍ
(မက္ကာမြို့တော်ကျ-အစောင် ၃၀၊ ၇ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၈း ၁။ အသင်သည် ကိယာမသ်နေ့ကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူအား မမြင်ခဲ့လေသလော။

၁၀၈း ၂။ ထိုအပြင် မိဘမဲ့ ကလေးသူငယ်အား တွန်းထုတ်သောသူဖြစ်၏။

၁၀၈း ၃။ ၄င်းအပြင် ထိုသူတို့သည် သူဆင်းရဲတို့အား အအစာကျွေးမွေးရန် နိုးဆော်ခြင်းလည်း မပြုပေ။

၁၀၈း ၄။ သို့ဖြစ်၍ ထိုသို့သော် ဆွလာသ် ၀တ်ပြုသူတို့၌ ကြီးမားသော ပျက်စိးခြင်းရှိ၏။

၁၀၈း ၅။ ထိုသို့သောသူတို့သည် မိမိတို့၏ ဆွလာသ်ကိုပင် မေ့လျှော့ထားကြ၏။

၁၀၈း ၆။ ထိုသူတို့သည် ဆွလာသ်ဝတ်ပြုခြင်း စသည့် ကောင်းမှုများကို ပြစားမှုအဖြစ်ပြုလုပ်ကြ၏။


၁၀၈း ၇။ ထို့အပြင် ၄င်းတို့သည် အသေးအဖွဲ့ပစ္စည်းများကိုပင် ငှားရမ်းခြင်းမှ တားမြစ်ကြကုန်၏။
No comments:
Post a Comment