၁၀၈။ စူရာ ကောစရ်း ဂျန္နသ်အတွင်းမှမြစ်တစ်စင်းကဏ္ဍ
(မက္ကာမြို့တော်ကျ-အစောင် ၃၀၊ ၃ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။


၁၀၈း ၁ အိုနဗီ တမန်တော် စင်စစ် ငါအရှင်သည် အသင့်အား များစွာသော ကောင်းခြင်းများကို ချီးမြှင့်ပေးသနားခဲ့၏။
၁၀၈း ၂ သို့ဖြစ်၍ အသင်သည် အသင့် ဖန်ဆင်းရှင်အား ရည်သန်၍ ဆွလာသ် ၀တ်ပြုပါ။ ထို့အပြင် အသင်သည် ထိုအရှင်အား ရည်ရွယ်၍ သားကောင်ကို ကုရ်ဗာနီပြုပါလေ။

၁၀၈း ၃ ဧကန်မလွဲ အသင်၏ ရန်သူသည်သာလျှင် အညွန့်တုံးသူဖြစ်ချေသတည်း။
No comments:
Post a Comment