၁၀၉။ စူရာ ကာဖီရူးန်း မယုံကြည်ကြသူများကဏ္ဍ
(မက္ကာမြို့တော်ကျ-အစောင် ၃၀၊ ၆ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၉း ၁ အိုနဗီတမန်တော် ဤသို့ အသင်သည် ပြောကြားပါလေ။ အို ကာဖိရ် ငြင်းပယ်သူအပေါင်းတို့။
၁၀၉း ၂ ငါသည် အသင်တို့ ကိုးကွယ်လျှက်ရှိသော ကိုးကွယ်များကို ကိုးကွယ်သည်မဟုတ်ပေ။

၁၀၉း ၃ ၄င်းအပြင် အသင်တို့သည်လည်း ငါ ကိုးကွယ်လျှက်ရှိသော ကိုးကွယ်ရာကို ကိုးကွယ်ကြသည် မဟုတ်ပေ။

၁၀၉း ၄ ထို့အပြင် ငါသည် အသင်တို့ ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ်သူမဟုတ်ပေ။
၁၀၉း ၅ ထိုနည်းတူစွာ အသင်တို့သည်လည်း ငါကိုးကွယ်သော ကိုးကွယ်ရာကို ကိုးကွယ်သူမဟုတ်ပေ။

၁၀၉း ၆ စင်စစ် အသင်တို့အဖို့ အသင်တို့၏ အကျိုး လမ်းစဉ် သာသနာဖြစ်၍ ငါအဖို့ ငါ၏ အကျိုး လမ်းစဉ် သာသနာပင်ဖြစ်ပေသည်။
No comments:
Post a Comment