၁၁၀။ စူရာ နွစရ်း ကူညီခြင်းကဏ္ဍ
(မက္ကာမြို့တော်ကျ-၃ အာယသ်တော်)
(မက္ကာမြို့တော်ကျ-၃ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
၁၁၀ ။ ၁ အိုနဗီ တမန်တော် အလ္လာဟ်အရှင်မြတ်၏ အကူအညီသည်၎င်း၊ အောင်နိုင်မှုသည်၎င်း၊ ရောက်ရှိခဲ့ သည့်အခါ။
၁၁၀ ။ ၂ ၄င်းအပြင် အသင်သည် လူတို့အား အလ္လာဟအရှင်မြတ်၏ ဒီးန်သာသနာတော်၌ အသင်းလိုက် အဖွဲ့လိုက် ၀င်ရောက်လျှက် ရှိကြသည်ကို တွေ့မြင်သောအခါ။
၁၁၀ ။ ၃ ထိုအခါ အသင်သည် မိမိအား ဖန်ဆင်းရှင်ကို ချီးမွမ်းထောပနာ ပြုခြင်းဖြင့် ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။ ထိုအပြင် ထိုအရှင်မြတ် ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံပါ။ ဧကံမုချ ထိုအရှင်မြတ်သည် ခွင့်လွှတ်တော်မူသောအရှင်မြတ်ဖြစ်၏။
No comments:
Post a Comment