၀၆၀။ စူရာ မွမ်သဟီနား စစ်ဆေးခြင်း ကဏ္ဍ
( မဒီနာမြို့တော်ကျ- ၁၃ အာယသ်တော်)
( မဒီနာမြို့တော်ကျ- ၁၃ အာယသ်တော်)


၀၆၀း ၁။ အိုမုမင်န် အပေါင်းတို့ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏ လမ်းတော်၌ သက်စွန့် ကြိုးပမ်း ဆောင်ရွက်ရန်၎င်း၊ ငါအရှင်၏ ကျေနပ်မှုကို ရယူရန်၎င်း ငါအရှင်မြတ်၏ လမ်းသို့ထွက်လာကြသည်ရှိသော် ငါအရှင်မြတ်၏ ရန်သူကို၎င်း၊ အသင်တို့၏ ရန်သူကို အဆွေခင်ပွန်း မပြုလုပ်ကြပါနှင့်။
အသင်တို့သည် ထိုခင်မင်မှုကြောင့် ၄င်းတို့ထံ (လျှို့ဝှက်သတင်းကို) ပို့ကြ၏။ အမှန်စင်စစ် ၄င်းတို့သည် အသင်တို့ထံ ရောက်ရှိသည့် အမှန်တရားကို ငြင်းပယ်ခဲ့ကြ၏။ ထိုသူတို့သည် တမန်တော်အား နှင့်ထုတ်ခဲ့ကြ၏။ အသင်တို့ကိုလည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်သည့်အတွက် နှင်ထုတ်ခဲ့ကြ၏။ အသင်တို့သည် ခင်မင်မှု ကြောင့် ၄င်းတို့ထံ လျှို့ဝှက်သတင်းကို ပို့ဆောင်ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ လျှို့ဝှက်မှုမှန်သမျှကို၎င်း၊ ထင်ရှားသည့်အရာမှန်သမျှကို၎င်း အသိဆုံးဖြစ်သည်။ စင်စစ် အသင်တို့အနက် မည်သူမဆို ယင်းလျှို့ဝှက်သတင်း ပို့ဆောင်ခြင်းကို ကျူးပွန်ပါမူ ထိုသူတို့ဥည် ဧကန် ဖြောင့်မတ်သော လမ်းစဉ်မှ တိမ်းပါး လွဲချော် သွားခဲ့လေပြီ။




၀၆၀း ၅။ အို ကျွန်ုပ်တို့၏ အရှင်မြတ် ကျွန်ုပ်တို့အား ကာဖိရ်တို့၏ ဖိဆီးနှိပ်စက်မှုခံရသောသူများ အဖြစ် မပြုလုပ်တော်မူပါနှင့်၊ ထို့အပြင် ကျွန်ုပ်တို့အား ပြစ်မှုဒုစရိုက်မှ ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ အိုကျွန်ုပ်တို့၏ အရှင်မြတ်- အရှင်မြတ်သည်သာ အလွန်တရား ခန့်ညားတော်မူသော သိမ်မွေ့ကာ ဆင်ခြင်တုံတရားနှင့်ပြည်စုံ တော်မူသော အရှင်ဖြစ်တော်မူပါ၏။








No comments:
Post a Comment