Wednesday, October 7, 2009

Surah 065 At Talaq : Divorce


၀၆၅။ စူရာ တွလာက်း လင်မယားပြတ်စဲခြင်း ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၁၂ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၆၅း ၁။ အိုနဗီတမန်တော်- (လူသားတို့အားပြောကြားလိုက်ပါ)။ အသင်တို့ သည် ဇနီးမိန်းမများအား တွလာက် ပေးသည့်အခါ အစ်ဒ္ဒက် ရက်များတွင်သာ တွလာက်ပေးပါ။ ထို့အပြင် အသင်တို့သည် ၄င်း အစ်ဒ္ဒက် များကို ရည်တွက်ထားပါ။ ထို့အပြင် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြပါ။ ထင်ရှား ရွံရှာ သည့်လုပ်ရပ်ကို ထိုဇနီးသည် ကျူးလွန်သည်မှအပ် ၄င်းတို့ကို နေအိမ်မှ မနှင်ထုတ်ရန်နှင့် ၄င်းတို့ကိုယ် တိုင်လည်း အိမ်မှ မထွက်ခွာရန် လိုအပ်သည်။ ထိုအချက်များသည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းများဖြစ်ပြီး မည်သူမဆို ၄င်းစည်းကမ်းများကို ကျူးလွန်ဖျောက်ဖျက်က ဧကန်အမှန် ထိုသူ သည် မိမိကိုယ်ကို နှိပ်စက်ခဲ့ပြီဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အခြားအကြောင်း အရာ (ဥပဒေ) အသစ်ကို တဖန် ဖန်တီးပေးတန်ရာသည်ကို အသင် မသိနိုင်ပါ။

၀၆၅း ၂။ အစ်ဒ္ဒက် ရက် ကုန်ဆုံးသည့်အချိန်တွင် အသင်တို့သည် ဇနီးသည်တို့ကို စည်းကမ်းနှင့်အညီ ပြန်လည်သိမ်းပိုက်လိုက်ပါ (သို့) ခွဲခွာလိုက်ကြပါ။ ထို့အပြင် သမာဓိ ရှိသူ နှစ်ဦးကို သက်သေအဖြစ် ထားကြပါ။ ထို့အပြင် အလ္လာဟ်အရှင်မြတ်ကို ရည်စူး၍ သက်သေထွက်ဆိုကြပါ။ ထိုအချက်သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ ကိယာမသ်နေ့ကို၎င်း၊ ယုံကြည်သူတို့အတွက် ဆုံးမသြ၀ါဒပင် ဖြစ်သည်။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်ရှိသော် ထိုသူအတွက် အလ္လာဟ်အရှင်သည် ထွက်မြောက်ရာလမ်းကို ပြုလုပ်ပေးမည်ဖြစ်သည်။


၀၆၅း ၃။ ထိုအပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူမမြင်သော နေရာမှ စာနပ်ရိက္ခာကို ပေးသနား မည်ဖြစ်သည်။ ထို့အပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို အားထားလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသအတွက် လုံလောက်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအရေးကိစ္စ ကိုပြီးအောင် လုပ်ပေးတော် အရှင်မြတ်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာရာအတွက် အတိုင်းအတာတစ်ခု ပြုလုပ်ထားရှိပါသည်။


၀၆၅း ၄။ ကွာရှင်းပြီးသော ဇနီးမိန်းမများအနက် ၄င်းတို့၏ အစ်ဒ္ဒက်နှင့်ပတ်သက်၍ အသင်တို့သည် သံသယရှိလျှင် ရာသီလာလေ့မရှိသော မိန်းမများ၏ အစ်ဒ္ဒက် သည် သုံးလဖြစ်သည်။ ထိုနည်းအတိုင်း ရာသီမလာဖူးသေးသော် သူတို့အတွက်လည် သုံးလတိတိ ပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင် မိန်းမများ အတွက်မူ မီးဖွားခြင်းပင်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်ရှိသော် အလ္လာဟ်အရှင်မြတ်သည် ၄င်း၏ အရေးကစ္စကို လွယ်ကူအောင် ပြလုပ်ပေးပါသည်။


၀၆၅း ၅။ ဤသည်ကာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်ဖြစ်သည်။ ၄င်းအမိန့်တော်များကို အသင်တို့အပေါ် ချပေးခဲ့သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သည်ရှိသော် ထိုအရှင်သည် သူ၏ ပြစ်မှုများကို ပပျောက်စေပြီး အကျိုးဆွဝါဗ်ကို ကြီးမားစေပါသည်။


၀၆၅း ၆။ ကွာရှင်ပြီး ဇနီးမယားကို အသင်တို့၏ ကြွယ်ဝမှုနှင့်အညီ နေထိုင်စရာအိမ် ပေးကြရမည်။ ၄င်းတို့အဖို့ ကြပ်တည်းစေရန် ဒုက္ခမပေးကြရန်လိုအပ်သည်။ ထိုအပြင် ဇနီးသည် ကိုယ်ဝန်ရှိသော် ၄င်းတို့အတွက် မီးဖွားသည့်အထိ ကုန်ကျခံရမည်ဖြစ်သည်။ အကယ်၍ ၄င်းတို့သည် အသင်တို့၏ ကလေးကို နို့တိုက်ကျွေးသည်ရှိသော် သုံးစွဲမှု အခကျေးငွေကို ပေးဆပ်ကြရမည်။ ထို့အပြင် အသင်တို့ သည် အချင်းချင်း ညှီနှိုင်း တိုင်ပင်ကြရမည်။ အကယ်၍ မပြေလည်ခဲ့လျှင် ဖခင်၏ အကျိုးအတွက် အခြားမိန်းမ တစ်ဦးမှ နို့တိုက်ကျွေးရမည်။


၀၆၅း ၇။ ကြွယ်ဝချမ်းသာသူသည် မိမိ၏ ကြွယ်ဝမှုအတိုင်း သုံးစွဲရမည်။ သို့သော် ကျပ်တည်းသူသည် မိမိရှိသမျှအနက်မှ သုံးစွဲရမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူကိုမျှ မိမိပေးထားသည့်ထက် ပို၍ တာဝန်မပေးပါ။ အလ္လာဟ်အရှင်မြတ်သည် ကျပ်တည်းမှု၏နောက်ဝယ် ချောင်လည်မှုကို ဖန်တီးပေးမည်ဖြစ်သည်။


၀၆၅း ၈။ စင်စစ် မြောက်မြားစွာသော မြို့ရွာများတွင် နေထိုင်ကြသူတို့သည် မိမိတို့ ဖန်ဆင်းရှင်၏ အမိန့်များကို၎င်း ထိုအရှင်၏ တမန်တော်တို့၏ အမိန့်များကို၎င်း၊ ဖီဆန်ခဲ့ကြသည်။ ငါအရှင်မြတ်သည် ၄င်းတို့အား ပြင်းထန်စွာ စစ်ဆေးပြီး ဆိုးရွားသောအပြစ်ဒဏ်ကို စီရင်ခဲ့သည်။


၀၆၅း ၉။ မည်သို့ပင်ဖြစ်စေ ၄င်းတို့သည် မိမိတို့၏ လုပ်ရပ်နှင့် ပတ်သက်၍ အပြစ်ဒဏ်ကို မြည်းစမ်းခဲ့ ကြ၏။ စင်စစ် ၄င်းတို့၏ နောက်ဆုံးအကျိုးမှာ ဆုံးရှုံးမှုပင်ဖြစ်သည်။

၀၆၅း ၁၀။ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့အတွက် ပြင်းထန်သော ပြစ်ဒဏ်ကို အဆင့်သင့် ပြုလုပ်ထားပေသည်။ သို့ဖြစ်၍ အီမာန်ရှိသော ပညာတတ်သူတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့ကြပါ၊ ထိုအရှင်မြတ်သည် အသင်တို့အတွက် ဆုံးမစာ (ကျမ်းမြတ်ကုရ်အာန်)ကိုချပေးခဲ့၏။


၀၆၅း ၁၁။ ထို့ အပြင် ရစူလ်တမန်တော်တစ်ပါးစေလွှတ်ကာ အသင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ဖတ်ကြားကြ၏။ အကြောင်းမှ အီမာန်ယုံကြည်ပြီး ကောင်းမှုတည်ဆောက်သူတို့အား အမှောင်ထုမှ အလင်းသို့ ရောက်ရှိစေရန်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အား အီမာန်ယုံကြည်ပြီး ကောင်းမှုတည်ဆောင်သူတို့ကို ထိုအရှင်သည် အောက်မှ ချောင်းများ တသွင်သွင်စီးလျှက်ရှိသော ဂျန္နသ် ဥယျသ်အတွင်းသို့ ထာဝရ နေထိုင်သူအဖြစ် ၀င်ရောက်စေမည်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့အတွက် မွန်မြတ်သော စားနပ်ရိက္ခာများကို ချီးမြှင့်ခြင်းပင်ဖြစ်သည်။

၀၆၅း ၁၂။ အလ္လာဟ်အရှင်မြတ်သည် မိုးခုနှစ်ထပ်ဖန်ဆင်းသည့်အရှင်ဖြစ်သလို၊ မြေကိုလည်း ထိုအတိုင်းပင် ဖန်ဆင်းတော်မူခဲ့သည်။ ယင်းမိုးနှင့်မြေအကြားဝယ် အမိန့်တော်တို့သည် ဆင်းသက် လာကြပြီး၊ အကြောင်းမှ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူကြောင်း၊ အရာခပ်သိမ်းကို အသိပညာဖြင့် ၀န်းခြုံလျှက်ရှိကြောင်းကို အသင်တို့အား သိရှိစေလိုသည့်အတွက်ပင် ဖြစ်ပါသည်။


No comments: